15/03/2026
- အားလုံးပဲ မင်္ဂလာပါရှင်! (Mingalarpar!) 🙏✨
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအားလုံးကို ဒီ Page လေးကနေ ကြိုဆိုပါတယ်ရှင်။
အားလုံးသိကြတဲ့အတိုင်း ကိုယ့် နာမည်က “Hnin Sat Pwint Oo” ပါ အလုပ်မှာတော့ “Hnin” or “Snow” ဆိုပီးခေါ်ကြပါတယ် ။❄️
UAE စရောက်ကတည်းက အလုပ်အတူတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက နာမည်ကို ဘယ်သူမှသိပ်ပီး မှန်အောင်မထွက်တတ်ကြဘူး။
Arabic Colleagues နဲ့ Arabic Client တွေတော်တော်များများ ကိုယ့်ကို 'Hanin (حنين)' ဆိုပီး ခေါ်ကြတယ် အစကတော့ အသံထွက်လိုက်ပြင်ပေးတယ် နောက်ပိုင်းကျတော့ အယောက်တိုင်းကို လိုက်မပြင်ပေးချင်လို သူတို့ခေါ်ပါစေဆိုပီး ပေးခေါ်လိုက်တယ်။
တရက်ကျတော့ Client တယောက်က 'Hanin (حنين)' ရဲ့ အဓိပ္ပာယ်ကိုသိလားတဲ့။ မသိဘူးဆိုတော့ 'Hanin (حنين)' ဆိုတာ လွမ်းဆွတ်တမ်းတခြင်း' (Nostalgia/Longing) တဲ့။
ဒီ Page လေးဖွင့်ထားတာ ၆ လလောက်ရှိပီ။ အခုရုတ်တရက် Middle East မှာစစ်ဖစ်ပီး အလုပ်က နားနေရတာနဲ့ အရင်တုန်းက တကိုယ်တော် ခရီးထွက်ထားတာလေးတွေပြန်တင်ဖို့စဉ်းစားရင် ဒီနာမည်လေး ပြောင်းပီတင်ဖို့ဆုံဖြတ်မိသွားလို့။
ဘာလို့လဲဆိုတော့ ကိုယ်က အမြဲတမ်း ခရီးသွားခဲ့တဲ့ နေရာဟောင်းလေးတွေကို ပြန်ပြန်ကြည့်ပီး လွမ်းနေတတ်လို့။ 🌍🤍
ဒါကြောင့်မို့ ဒီ Hanin’s Travel Chapter မှာ ကိုယ့်ရဲ့ မှတ်တမ်းဟောင်းလေးတွေကို ပြန်လည် ‘တမ်းတ’ ရင်း တစ်ခန်းချင်းစီ ပြန်တင်ပေးသွားမှာမို့ အားပေးကြပါဦးလို့ တောင်းဆိုပါတယ် ✈️
——————————
- English Version 🌍 :
Hello everyone! (Mingalarpar!) 🙏✨
As everyone knows, my full name is Hnin Sat Pwint Oo aka Snow but at work, people usually call me Hnin or Snow ❄️.
Since coming to the UAE, most of my colleagues never got my name quite right. Many Arabic friends and clients call me Hanin (حنين). At first, I corrected them, but eventually I just let it be as Hanin (حنين).
One day, a client asked me if I knew what Hanin (حنين) meant. I didn’t… and they told me it means “nostalgia” or “longing”. Somehow, it felt perfect.
I’ve had this page for about six months, and now that I have some free time while work is paused because of the Middle East Situation, I realized it was the perfect moment to rename it Hanin’s Travel Chapter and start sharing my travel stories.
Why? Because I’m the kind of person who loves looking back at old travel memories and feeling that little tug of nostalgia 🌍🤍.
So here on Hanin’s Travel Chapter, I’ll be sharing my old adventures, one chapter at a time 📖✈️.
Follow along to relive these memories with me, and I’ll be sharing some tips and tricks 🌍✨