04/08/2026
ခုနောက်ပိုင်း သိပ်မတွေ့ရတော့ဘူး
ငါတို့ငယ်ငယ်ကဆို နိုင်ငံခြားသွားတာမပြောနဲ့၊ ရန်ကုန်ကနေ မန်းလေးသွားရင်တောင် “Bye bye Yangon” တို့ “Hello Mandalay” တို့ဆိုပြီး Post လေးတင်လိုက်ရမှ
ဟောနိုင်ငံခြားသွားခါစဆိုရင်လည်း လေယာဉ်လတ်မှတ်ရယ်၊ Passport စာအုပ်ရယ်၊ လေဆိပ်ရယ်က ရိုက်တင်ရမှ
အဲ့လိုမဟုတ်ရင် လေယာဉ်ပေါ်တက်ခါနီး လေယာဉ်နဲ့ပုံ၊ လေယာဉ်ပေါ်ရောက်ရင် ထိုင်ခုံနဲ့ Selfie ပုံ၊ ပြတင်းပေါက်က မြင်သမျှရိုက်ထားတာတွေ၊ ပြတင်းဖက်ခုံမရရင် လှမ်းလှမ်းပြီး မှီသလောက်ရိုက်တဲ့ပုံ
လေယာဉ်ပေါ်ကဆင်းရင်လည်း ရောက်တဲ့နေရာက အဝင်ဆိုင်းဘုတ်ဖြစ်ဖြစ်၊ မြို့နာမည်ဖြစ်ဖြစ်ပါတာလေးလဲ တင်ချင်သေးတာ
ဘာပဲပြောပြော တောသားဖြစ်ရတာ လွတ်လပ်တယ်
တောသားလေးပဲ ဖြစ်ချင်တယ်