Do The Best By MAY PHOO- JNotes

Do The Best By MAY PHOO- JNotes Even the longest journey begins with the first step

ခေါက်ဆွဲကြော်စားရမလား ပေါင်မုန့်စားရမလား တွေဝေနေရင် ဒါပဲစားရတော့မလို…ဂျပန်မှာပဲ ထူးဖူးဆန်းဆန်းအရသာတွေနော် 😅🥸
25/08/2026

ခေါက်ဆွဲကြော်စားရမလား ပေါင်မုန့်စားရမလား တွေဝေနေရင် ဒါပဲစားရတော့မလို…

ဂျပန်မှာပဲ ထူးဖူးဆန်းဆန်းအရသာတွေနော် 😅🥸

🇯🇵 Teamworkနဲ့ပတ်သက်ပြီး အသုံးများတဲ့စကားစု🇯🇵力を合わせる(ちからを あわせる)Chikara o awaseru“အင်အားတွေကို ပေါင်းစည်းပြီး အတူတကွ ကြိုး...
25/08/2026

🇯🇵 Teamworkနဲ့ပတ်သက်ပြီး အသုံးများတဲ့စကားစု🇯🇵

力を合わせる

(ちからを あわせる)
Chikara o awaseru

“အင်အားတွေကို ပေါင်းစည်းပြီး အတူတကွ ကြိုးစားကြမယ်”

ဂျပန်မှာ မကြာခဏသုံးတဲ့ စကားအသုံးအနှုန်း ဖြစ်ပါတယ်။

🤝 တစ်ယောက်တည်းရဲ့ အင်အားက သေးငယ်နိုင်ပေမယ့်
လူတိုင်းရဲ့ အင်အားကို ပေါင်းစည်းလိုက်တဲ့အခါ
မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေတောင် ဖြစ်လာနိုင်ပါတယ်။

✨ အဖွဲ့တစ်ဖွဲ့ရဲ့ အင်အားဆိုတာ လူတစ်ယောက်တည်းရဲ့ အရည်အချင်းမဟုတ်ဘဲ၊ တစ်ယောက်နဲ့တစ်ယောက် အားဖြည့်ပေးနိုင်ခြင်းပါ။

「力を合わせる」
— အင်အားတွေကို ပေါင်းစည်းပြီး တစ်လမ်းတည်း အတူတူလျှောက်ကြမယ်။ 🤝🇯🇵🌸



24/08/2026

🇯🇵 Japan မှာ အလုပ်လုပ်နေသူတိုင်း သိထားသင့်တဲ့「給与明細」လစာစာရွက်ထဲက ဂျပန်စကားလုံးများ

Part -2

⏰ ② အလုပ်ချိန်နဲ့ အလုပ်တက်/ပျက်ရက်

* 勤怠(きんたい)— အလုပ်တက်/ပျက်မှု မှတ်တမ်း
* 出勤日数(しゅっきんにっすう)— အလုပ်ဆင်းသည့်ရက်အရေအတွက်
* 欠勤日数(けっきんにっすう)— အလုပ်ပျက်သည့်ရက်အရေအတွက်
* 残業時間(ざんぎょうじかん)— အချိန်ပိုလုပ်သည့်နာရီ
* 有給日数(ゆうきゅうにっすう)— လစာရ ခွင့်ရက်အရေအတွက်


#残業代

🇯🇵သစ်တပင်ကောင်းရင် ငှက်တသောင်းနားရ နဲ့ဆင်တူတဲ့ ဂျပန်စကားရိုး 「一人はみんなのために、みんなは一人のために」(ひとりは みんなの ために、みんなは ひとりの ために)Hitori ...
24/08/2026

🇯🇵သစ်တပင်ကောင်းရင် ငှက်တသောင်းနားရ နဲ့ဆင်တူတဲ့ ဂျပန်စကားရိုး

「一人はみんなのために、みんなは一人のために」

(ひとりは みんなの ために、みんなは ひとりの ために)
Hitori wa minna no tame ni, minna wa hitori no tame ni
“တစ်ယောက်က အားလုံးအတွက်၊ အားလုံးက တစ်ယောက်အတွက်။”

Teamwork ရဲ့ အဓိပ္ပါယ်ကို ရိုးရိုးရှင်းရှင်းနဲ့ လှလှပပ ဖော်ပြထားတာပါ။ 🤍

🤝 တစ်ယောက်အခက်အခဲဖြစ်ရင် အားလုံးက ဝိုင်းကူညီပေးမယ်။
💪 တစ်ယောက်ရဲ့ အားနည်းချက်ကို တခြားသူတွေက ဖြည့်ဆည်းပေးမယ်။
🎯 အားလုံးက ကိုယ့်တာဝန်ကိုယ်ကျေပြီး တူညီတဲ့ ရည်မှန်းချက်ဆီ အတူတူသွားမယ်။

✨ တစ်ယောက်တည်းနဲ့ မရနိုင်တဲ့အရာတွေကို
အတူတကွ လက်တွဲလိုက်တဲ့အခါ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။
✨တစ်ယောက်ရဲ့အောင်မြင်မှုကလဲ တခြားသူတွေအများကြီးအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။

「一人はみんなのために、みんなは一人のために」
— တစ်ယောက်အတွက် အားလုံး၊ အားလုံးအတွက် တစ်ယောက်။ 🇯🇵🤝🌸

#ဂျပန်စကားပုံ #一人はみんなのために #みんなは一人のために #ဘဝသင်ခန်းစာ

🇯🇵 ရင်ထဲအမြဲထည့်ထားတဲ့ ဂျပန်စကားလေးတခွန်း「努力は裏切らない」(どりょくは うらぎらない)Doryoku wa uragiranai“ကြိုးစားမှုက ဘယ်တော့မှ သစ္စာမဖောက...
24/08/2026

🇯🇵 ရင်ထဲအမြဲထည့်ထားတဲ့ ဂျပန်စကားလေးတခွန်း

「努力は裏切らない」

(どりょくは うらぎらない)
Doryoku wa uragiranai

“ကြိုးစားမှုက ဘယ်တော့မှ သစ္စာမဖောက်ဘူး။”

ကိုယ်ကြိုးစားထားတဲ့အရာတိုင်းကတော့ ချက်ချင်းရလဒ်မပေးနိုင်ပါဘူး။
ဒါပေမယ့် နေ့တိုင်း မရပ်မနား ကြိုးစားထားတဲ့အရာတွေက တစ်နေ့မှာ အတွေ့အကြုံ၊ အရည်အချင်းနဲ့ အောင်မြင်မှုအဖြစ် ပြန်ပေးတတ်ပါတယ်။ 🌱

📚 စာမေးပွဲအတွက် ကြိုးစားနေတာပဲဖြစ်ဖြစ်၊
💼 အလုပ်အတွက် ကြိုးစားနေတာပဲဖြစ်ဖြစ်၊
🎯 ကိုယ့်အိပ်မက်အတွက် ကြိုးစားနေတာပဲဖြစ်ဖြစ်—

အခုရလဒ်မမြင်ရသေးလို့ စိတ်မပျက်ပါနဲ့။

✨ ဒီနေ့ရဲ့ ကြိုးစားမှုက မနက်ဖြန်ရဲ့ ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေမှာပါ။

「努力は裏切らない」
— ကြိုးစားမှုက ဘယ်တော့မှ သစ္စာမဖောက်ဘူး။ 🇯🇵🌸

#ဂျပန်စကား #努力は裏切らない #努力 #ဘဝသင်ခန်းစာ

23/08/2026

🇯🇵 Japan မှာ အလုပ်လုပ်နေသူတိုင်း သိထားသင့်တဲ့「給与明細」လစာစာရွက်ထဲက ဂျပန်စကားလုံးများ

Part -1

💰 ① လစာနဲ့ပတ်သက်တဲ့ စကားလုံးများ

* 給料明細(きゅうりょうめいさい)— လစာစာရွက်
* 時給(じきゅう)— တစ်နာရီလုပ်အားခ
* 月給(げっきゅう)— တစ်လတာလုပ်အားခ
* 基本給(きほんきゅう)— အခြေခံလစာ
* 総支給(そうしきゅう)— စုစုပေါင်းရရှိသည့်လစာ
* 手取り(てどり)— အခွန်/အာမခံနှုတ်ပြီး လက်ကျန်လစာ


#給料

အင်ဒိုနီးရှားကြက်ကြော် အစပ်ကို Indonesia Restaurant မှာသွားစားကြည့်ခဲ့ပြီ🇮🇩🐓Cinta Jawa Cafe Shinjuku Location 📍https://m...
23/08/2026

အင်ဒိုနီးရှားကြက်ကြော် အစပ်ကို Indonesia Restaurant မှာသွားစားကြည့်ခဲ့ပြီ🇮🇩🐓

Cinta Jawa Cafe Shinjuku
Location 📍

https://maps.app.goo.gl/L5pM4CQ8xEutgURA9?g_st=ic

ဆိုင်ခွဲတွေရှိပါသေးတယ်🥰




📢🇯🇵 ဂျပန်ပြည်တွင်း 2026 ခုနှစ် ဒီဇင်ဘာ JLPT စာမေးပွဲ လျှောက်လွှာဖွင့်ပါပြီ! 📝ဂျပန်နိုင်ငံအတွင်း 2026 ခုနှစ် ဒီဇင်ဘာ JLPT...
23/08/2026

📢🇯🇵 ဂျပန်ပြည်တွင်း 2026 ခုနှစ် ဒီဇင်ဘာ JLPT စာမေးပွဲ လျှောက်လွှာဖွင့်ပါပြီ! 📝

ဂျပန်နိုင်ငံအတွင်း 2026 ခုနှစ် ဒီဇင်ဘာ JLPT စာမေးပွဲ ဖြေဆိုမယ့်သူများအနေနဲ့ လျှောက်လွှာတင်ရမယ့်ရက်ကို မမေ့အောင် ကြိုတင်မှတ်ထားကြပါနော် 📚✨

📝 လျှောက်ထားနိုင်သည့်ကာလ
📅 2026 ခုနှစ် ဩဂုတ်လ 24 ရက် (တနင်္လာနေ့) မှ
📅 စက်တင်ဘာလ 7 ရက် (တနင်္လာနေ့) ညနေ 5:00 နာရီအထိ

⏰ မနက်ဖြန် ဩဂုတ်လ 24 ရက်နေ့ကစပြီး လျှောက်ထားနိုင်ပါပြီ။

📚 စာမေးပွဲဖြေဆိုမည့်ရက်
📅 2026 ခုနှစ် ဒီဇင်ဘာလ 6 ရက် (တနင်္ဂနွေနေ့)

⚠️ လျှောက်ထားရမယ့်ကာလအတွင်း မမေ့ဘဲ အချိန်မီ လျှောက်ထားကြပါနော် 💪📖

🍀 JLPT ဖြေဆိုမယ့်သူအားလုံး စာမေးပွဲအောင်မြင်ကြပါစေ! 🇯🇵✨

23/08/2026

ဘဝမှာ ငွေရှာဖို့ထက် သုံးတတ်ဖို့က လိုအပ်တာမို့
ခုလို အရသာရှိတာလေးတွေ ချက်စားရတာကိုလဲ ချစ်တတ်ခြင်း ၁မျိုးလို့ ခံယူပါတယ်😋❤️

ပုစွန်နဲ့ ငရုတ်ပွသီး စပ်စပ်လေးချက်တာကလဲ ထမင်းစားအရမ်းမြိန်တာ🦐
ကြက်ရင်ပုံသားနဲ့ ခရမ်းချဉ်သီးချက်လေးကလဲ မွှေးနေတာပဲ🐓🍅
ကန်ပွန်းချဉ်ကြော်လေးကတော့ မြန်မာဆိုင်ကဝယ်တာဆိုပေမဲ့ အစပ်အဟပ် တည့်တော့ အအီလဲပြေ🌶️

၁ပတ်လုံးပင်ပန်းထားသမျှ အားပြန်ဖြည့်နည်း 😍



တိုကျိုမှာ ငလျင်လှုပ်ခတ်မှု 🚨ဒီနေ့ မနက် 2နာရီမှာ လှုပ်တဲ့ငလျင် တော်တော်လေး ပြင်းလှပြီထင်တာ⏰အများဆုံး震度 5.8 ,5.9 အထိ ရှိခ...
22/08/2026

တိုကျိုမှာ ငလျင်လှုပ်ခတ်မှု 🚨

ဒီနေ့ မနက် 2နာရီမှာ လှုပ်တဲ့ငလျင် တော်တော်လေး ပြင်းလှပြီထင်တာ⏰

အများဆုံး震度 5.8 ,5.9 အထိ ရှိခဲ့ပါတယ်။

ဒီရက်ထဲ မိုးသည်းနေတာရယ်ကြောင့်
နောက်ဆက်တွဲငလျင်တွေ ဖြစ်နိုင်တာကြောင့် အားလုံး သတိထားကြပါနော်။

အလုပ်သွားနေရတာနဲ့အိမ်မှာလဲ မရှိနိုင်တာမို့ Emergency Bag ထက် အရေးကြီးစာရွက်စာတမ်းနဲ့ ငွေသား၊ဘဏ်ကတ်တွေကို ကိုယ်နဲ့မကွာယူသွားကြဖို့ အကြံပြုချင်ပါတယ်💼

#တိုကျို #ငလျင် #地震 #震度5弱

住所

Minato, Tokyo

ウェブサイト

アラート

Do The Best By MAY PHOO- JNotesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー