Yupar's Vlog

Yupar's Vlog ❤

01/01/2024

Happy new year ❤️
စိတ်ချမ်းသာကိုယ်ကျန်းမာလို့ အစစအရာရာ အဆင်ပြေကြပါစေရှင်🤗
ချစ်တဲ့

Happy Merry Christmas to you all ❤️
25/12/2023

Happy Merry Christmas to you all ❤️

01/01/2023

နှစ်သစ်မှာ ပိုပြီးပျော်ရွှင်နိုင်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားပါ

ပျော်ရွှင်ခြင်းဆိုတာ ကိုယ်ကိုတိုင်ဖန်တီးယူရတဲ့အရာပါ

ကိုယ်ပျော်ရွှင်ဖို့ ဘယ်သူ့အပေါ်မှာမှ မူတည်မနေပါဘူး

အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာကြတယ်
ကိုယ်ကိုတိုင် ဖြတ်သန်းခဲ့တဲ့နှစ်တွေမှာ ပျော်ရွှင်ခဲ့ရဲ့လား စဥ်းစားကြည့်ပါ

ကိုယ်ဟာ စိတ်ဆင်းရဲမှုတွေကို တွေးရင်းစဥ်းစားရင်း ဖြတ်သန်းခဲ့တယ်ဆို အချိန်မှီပြင်ဆင်ပါ

လောကကြီးမှာ အမြဲတမ်းစိတ်ချမ်းသာစရာတွေနဲ့ပြည့်နေမှာမဟုတ်ပါဘူး ဒါပေမယ့် အဆင်မပြေတဲ့အရာတွေကို ဘယ်လိုဖြေရှင်းလို့ရမလဲစဥ်းစားပါ မေးခွန်းတိုင်းမှာအဖြေရှိပါတယ်

အဖြေသိသွားတဲ့အချိန်ရောက်ပြီဆိုရင် ကိုယ်စိတ်ညစ်ခဲ့ ဝမ်းနည်းခဲ့ တဲ့ အရာတွေဟာ ဟာသတခုလိုဖြစ်သွားပါလိမ့်မယ်

အားလုံးကို ပျော်စေချင်ပါတယ်
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပျော်ရွှင်မှုတွေ ကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏

01.01.2023
4:54pm

01/11/2022

hello မတွေ့တာကြာလို့မေ့နေကြပြီလား😁
video အသစ်လေးတင်ပေးလိုက်ပါတယ်နော် ❤
ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးကြပါအုန်းရှင့် 👧

*yp*

26/09/2022

အဆင်မပြေတာလေးတွေရှိရင် ချစ်တဲ့စိတ်လေးနဲ့နားလည်ပေးပါရှင် 😁❤
ပြောချင်တာလေးတွေရှိရင် comment မှာ မန့်ခဲ့ပေးပါနော်
*yp*

14/09/2022

မိမိ crush နှင့် မိမိ အခြေအနေ 😁

13/09/2022

"လေယာဥ်တယောက်တည်းစီးမည့်သူများအတွက်္" ❤

ဒီစာလေးက ဂျပန်ကိုလာရင်တယောက်တည်းလာတဲ့အချိန်ဘေးမှာအသိမြန်မာမပါပဲ တယောက်တည်းလေယာဥ်စီးမည့်သူများအတွက်ရေးတာမလို့ မလိုအပ်ရင် အချိန်အကုန်မခံဘဲ ကျော်သွားလို့ရပါတယ်ရှင်
အသိထဲမှာ တယောက်တည်းသွားရမယ့်သူရှိရင် share ပေးလို့ရပါတယ်ရှင်
ဒီဘက်မြန်မာဘက်မှာတော့ ကိုယ့်နိုင်ငံတွင်းဆိုတော့ ခက်ခက်ခဲခဲ သိပ်မရှိပါဘူး
မရှိဘူးဆိုပေမယ့် အမုန်းခံပြီးနည်းနည်းပြောအုန်းမယ်
ပထမဆုံးလေဆိပ်ရောက်တာနဲ့ luggage အပ် kg ပိုရင် ပိုက်ဆံတွေမတန်တဆတောင်း သူတို့ပြောထားတဲ့ 1 kg ဖိုးနဲ့သူတို့တောင်းတဲ့ 1 kg ဖိုးက 3 dollar ကွာတယ်
အဲ့တာကြောင့် အဲ့လိုညစ်ပတ်တာတွေ မခံရအောင် kg တွေအပိုမသယ်လာပါနဲ့ kg ဖိုးပေးရင်လည်း မြန်မာငွေပေးရင်မကြိုက်ပါဘူး dollar နဲ့ပေးမှကြိုက်ပါတယ် dollar ပေးတာ လိုလို့ ကျန်တာကို မြန်မာငွေနဲ့ပေးတာပါ
Yupar ကတော့ ကိုယ်သယ်လာတဲ့kg နဲ့ ပေးရမယ့်ငွေ amount ရယ် ကိုယ် Thai ရောက်ရင်သုံးမယ့်ငွေamount လောက်ပဲ တွက်ပြီးယူခဲ့တာပေါ့နော် ဒီဘက်ရောက်ရင်ကလည်း ယန်းပဲသုံးရမှာဆိုတော့ dollar က လိုအပ်သလောက်ပဲ လဲခဲ့တာပေါ့
luggage အပ်တဲ့ဆီမှာပဲ kg ဖိုးတွေမတရားတောင်းလို့ ပေးလိုက်တာနဲ့ ပိုက်ဆံတွေက အကုန်လုံးကို ကုန်သွားတယ် Thai transit မို့လို့ health insurance တွေလည်းဝယ်ရတာနဲ့ နောက်တော့ အဲ့ counter မှာ ပြီးသွားပြီပေါ့
အဲ့တာနဲ့ immigration ဖြတ်တဲ့ဆီရောက် immigration ရောက်တော့ passport ကြည့်ပြီး pv မို့လို့ ပိုက်ဆံနှစ်သောင်းပေးရမယ် pv နဲ့သွားလည်း နင်ဟိုရောက်ရင် အလုပ်လုပ်မှာပဲမလား မပေးရင်မသွားရဘူး ကိုယ်ကလည်း အောက်မှာထဲက ပိုက်ဆံတွေက အကုန်ကုန်သွားတော့ ကိုယ့်လိုပဲနောက်ကျနေတဲ့အမတယောက်ဆီက ချေးပြီးပေးလိုက်တော့မှ immigration ပေးဖြတ်တယ်
ဒီမှာပြောချင်တာကလေ ပိုက်ဆံတသောင်းမပေးရင် ပေးမဖြတ်ဘူးဆိုတော့ ဆုံးရှုံးသွားတဲ့လက်မှတ်တန်ဖိုးတွေက နင်တို့​ပေးမှာမလို့လား dollar မပေးလို့ နင်ကနိုင်ငံခြားသွားမှာကို မြန်မာငွေကြီးလာပေးနေတယ် ဆိုပြီးပြောသေး ထားပါတော့
နောက် အရေးကြီးတာကတော့ လေယာဥ်လက်မှတ်ပေါ့နော်
အေဂျင်စီတွေကတော့ အဖွဲ့လိုက် တခါတည်းဝယ်တာဆိုတော့ သေချာတာပေါ့နော်
အမြဲလည်း ဝယ်နေကြဆိုတော့
Yupar လာတုန်းကတော့ ဝယ်ပေးတဲ့သူက အလုပ်သမားတွေအများကြီးကို join ပေးပြီး လွှတ်ပေးတဲ့ အေဂျင်စီမဟုတ်တော့ လေယာဥ်လက်မှတ်ဝယ်ပေးတဲ့ဆီမှာ ပြသာနာလေး နည်းနည်းရှိသွားတယ်
သူဝယ်တာကတော့ Myanmar ကနေ Japan ကို Thai Transit နဲ့ ဝယ်ပေးတာလို့တော့ပြောတယ်
ဒါပေမယ့် တကယ်ဝယ်ထားတာက Myanmar to Thai ပီးမှ Thai to Japan လမ်းကြောင်းက တကြောင်းချင်းဆီဖြစ်နေတော့ Thai ရောက်တော့ luggage တွေက
ပြသာနာ တက်ရော
သူဖြတ်ထားပေးတာက Myanmar to Thai ဆိုတော့ luggage တွေက check out လုပ်တဲ့ အပြင်ဘက်ကိုရောက်သွားပြီး လူက အပြင်ကိုထွက်လို့မရဘူးဖစ်နေတယ်
အဲ့အချိန်တုန်းက အပြင်ထွက်ဖို့အတွက်ကို Thai Pass က လိုတယ် Yupar က transit စီးမှာဆိုတော့ Thai Pass ကလည်း မရှိဘူးပေါ့နော်
အဲ့မှာ ဘယ်လိုလုပ်ရမလဲဆိုပြီး information counter ကို မေးလိုက်တော့ Thai ကနေ Japan အတွက်လေယာဥ်လက်မှတ်ဖြတ်ထားတဲ့ Airline ကို ပြောကြည့်လိုက်ပါ သူတို့လုပ်ပေးတယ်ဆိုတော့မှ Airline ကို ရှာပြီး ပြောလိုက်တော့ သူတို့က ရပါတယ် သူတို့ airline က ဝန်ထမ်းကို လုပ်ခိုင်းလိုက်ပါ့မယ်ဆိုတော့ အဆင်ပြေသွားတယ်ပေါ့နော်
ပြီးတော့ အဆင်မပြေဖြစ်သွားတာကို သူတို့ဘက်ကအားနာပါတယ် စိတ်မကောင်းပါဘူးဆိုပြီး လေယာဥ်လက်မှတ်ကို economy class ကနေ premium economy class ကို အသစ်ထပ်ဖြတ်ပေးလိုက်တယ် (အမှန်ဆိုရင်တော့Yupar ကို လက်မှတ်ဖြတ်ပေးတဲ့ အေဂျင်စီက မှားတာပါ တာဝန်ယူပေးတဲ့စိတ်လေးကိုသဘောကျလို့)
Boarding ခေါ်တော့မှ ဟိုဘက်ရောက်ရင် luggage ထုတ်ရမယ့် စာရွက်လေးသူတို့ပေးတာပေါ့နော် အဲ့ကနေ japan ကို လေယာဥ်စီး စစ်စရာရှိတာစစ် ပြီးတော့ ဂျပန်ရောက်သွားပြီပေါ့
အဓိက က တော့ ပြောချင်တာက အများနဲ့သွားမှာမဟုတ်ပဲ တယောက်တည်းသွားမယ့် သူတေ​ွက ကိုယ့်ရဲ့လေယာဥ်လက်မှတ် transit တွေကို သေချာစစ်ပေးပါ မဟုတ်ရင် yupar လို တယောက်တည်း transit မှာ အလုပ်ရှုပ်နေမှာစိုးလို့ပါ ဒါက Yupar လာတဲ့ 5 လပိုင်းတုန်းက အခြေအနေပါ
အသေးစိတ်အကြောင်းအရာလေးတွေသိချင်ရင် cb မှာ လာမေးလို့ရပါတယ်ရှင်

စာဖတ်လို့အဆင်မပြေတာလေးတွေရှိရင် နားလည်ပေးပါရှင် 🙏😁

13/09/2022

Yupar Vlog page ကနေ ကြိုဆိုပါတယ်ရှင် 👩

page မှာ တင်မယ့်အကြောင်းအရာတွေကတော့
အကြောင်းအရာတခုတည်းကိုကိုယ်စားပြုပြီးတင်မှာမဟုတ်ပါဘူးရှင် 😮

ပျော်စရာတွေ ဝမ်းနည်းစရာတွေ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ ခရီးသွားတဲ့ video လေးတွေ အစားစားတဲ့ video တွေတင်မယ့် အစုံ vlog ဖြစ်ပါတယ်ရှင့် 🍝🚗😁

ခုမှ စမယ့် vlog လေးမို့လို့
အမှားပါရင်နားလည်ပြီး ခွင့်လွှတ်ပေးပါရှင် 🙏

စာလေးတွေဆုံးအောင်ဖတ်ပေးလို့ကျေးဇူးပါ 😍

vlog လေးတွေမှာ တွေ့ကြမယ်နော် bye bye ❤

edit....page လေးကို accept လုပ်ပေးလို့ ကျေးဇူးပါ 🙏

住所

Nagoya-shi, Aichi

ウェブサイト

アラート

Yupar's Vlogが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー