HKKS JP Express Transport

HKKS JP Express Transport ဂျပန်~မြန်မာ စိတ်ချမြန်ဆန် Ship Cargo

HKKS မှ ဒီလို post တွေ share မလုပ်တတ်ပါဘူး။ ဒါပေမဲ့ လမ်းကြောင်းအခြေအနေအမှန်ကို မသိဘဲ သူများပြောတာတွေယုံ၊ အပြောကောင်းတွေက...
29/08/2026

HKKS မှ ဒီလို post တွေ share မလုပ်တတ်ပါဘူး။
ဒါပေမဲ့ လမ်းကြောင်းအခြေအနေအမှန်ကို မသိဘဲ သူများပြောတာတွေယုံ၊ အပြောကောင်းတွေကိုယုံပြီး ပို့နေကြတာတွေမြင်နေရလို့ share ပေးခြင်းပါ။

HKKS သို့ ရနောင်းအထိပို့ပေးလား? ပို့ပေးပါဆိုပြီး ခဏခဏကုန်သည်တွေ လာမေးကြပါတယ်။

ပို့တာက ပို့ပေးပါတယ်။
ဒါပေမဲ့ ရနောင်း ကနေ ရေကြောင်းနဲ့ ပြန်သယ်ကြတာကို အားမပေးပါဘူး။ တားသင့်ရင်လဲ တားပါတယ်။
လုပ်ငန်း partner တွေထဲမှာလဲ ခံရတဲ့သူတွေရှိနေတာကြောင့် သတိနဲ့ လုပ်ဖို့ အမြဲအကြံပေးပါတယ်။

ဒီပစ္စည်းပုံတွေထဲမှာ ဂျပန် skin care ပုံးတွေလဲ အများအပြားတွေ့ရပါတယ်။

ဒီလိုဖြစ်ရင် cargo တွေတာဝန်ယူဖို့မဖြစ်နိုင်ပါဘူး။
ကုန်သည်တွေသာ နစ်နာမှုများပါမယ်။

📍HKKS က ယခုအချိန်အထိ လမ်းမျိုးစုံသုံးပြီးပို့ခဲ့တယ်။
လမ်းအခြေအနေတွေကိုလဲ ပစ္စည်းအပ်တဲ့ Customer တွေကို ကြိုပြောတယ်။
အခြေအနေမကောင်းတာကို သိတာနဲ့ ပစ္စည်းလက်မခံခြင်း၊ ဘယ်အထိသာရပါမယ်ဆိုပြီး ကြိုပြောပါတယ်။
ကြိုသတိပေးပါတယ်။

📍Risk အရမ်းများမဲ့အခြေအနေ၊ မဖြစ်နိုင်တဲ့ အခြေအနေတွေဆို ပစ္စည်းလက်မခံခဲ့ပါဘူး။

တချို့ Customer တွေက အခြေအနေအမှန်ကိုပြောပြရင် လက်မခံချင်ကြဘူး။

တချို့က တနိုင်တပိုင်ပစ္စည်းလေးသယ်တာလောက်နဲ့ သယ်လို့ရတယ်ပြောကြတယ်။

တနိုင်တပိုင်နဲ့ ပစ္စည်းပုံးရေ ထောင်ချီသယ်တာနဲ့ မတူဘူးဆိုတာကို နားလည်ပါ။

comment မှာလဲ လက်ရှိ မော်လမြိုင် ~ ရန်ကုန် လမ်းအခြေအနေ link ထည့်ထားပေးပါတယ်။
ဘယ်နေ့ ဘယ်အခြေအနေဖြစ်မလဲ ကြိုတင်မသိနိုင်တာကြောင့် ဂိုဒေါင်လိပ်စာတွေလဲ ကြိုမပြောပါဘူး။
ပစ္စည်းများကိုလဲ အကြာကြီးမသိမ်းပေးပါဘူး။

🔺Yangon တိုက်ရိုက် Sea Cargo ဆိုတာတွေကိုလဲ သတိကြီးထားပြီးမှ အပ်ဖို့ အကြံပေးပါတယ်။
( ဘယ်သူ့စီးပွားကိုမှ ထိခိုက်စေခြင်းမရှိပါ)

🫶HKKS ရဲ့ Japan , Thai , Myanmar Team member အားလုံး Customer များရဲ့ ပစ္စည်းအားလုံး လုံခြုံစိတ်ချစွာရောက်ဖို့ အမြဲစေတနာအပြည့်နဲ့လုပ်ပေးပါတယ်။
အပြောတော့ မချိုကြပါဘူး။






https://www.facebook.com/share/p/1D3FJBDmvp/?mibextid=wwXIfr

🚢 ဂျပန်~မြန်မာ sea cargo မေးသော Customer  များ 💥လက်ရှိ ဂျပန် ~ မြဝတီ ၊ ဂျပန်~ မော်လမြိုင်အထိသာ လက်ခံပါသည်။ 💥ဂျပန်~ မော်လ...
23/06/2026

🚢 ဂျပန်~မြန်မာ sea cargo မေးသော Customer များ

💥လက်ရှိ ဂျပန် ~ မြဝတီ ၊ ဂျပန်~ မော်လမြိုင်အထိသာ လက်ခံပါသည်။
💥ဂျပန်~ မော်လမြိုင်က ပစ္စည်းရောက်ပိုမြန်နိုင်ပါသည်။
( 🔺JPN ~ TH , JPN ~ MM sea cargo အတွက် Plan၊ ဝန်ဆောင်မှု၊ စည်းကမ်းချက် အသေးစိတ်ကို Page မှာကြေငြာပေးထားသည်ဖြစ်၍၊ သေချာစွာဖတ်ရှုပေးပါ။ )

🚛 မြဝတီ၊ မော်လမြိုင် မြို့တွင်း အိမ်အရောက်ပို့ပေးပါသည်။ ရက်အချိန်ကို ကြိုတင်ဆက်သွယ်ပြီးပို့ပေးပါသော်ငြား လက်ခံသူမရှိခြင်းကြောင့် ပြန်သယ်လာရပါက ထပ်မံပို့ခကုန်ကျပါမည်။
ပစ္စည်းများအားလုံးအတွက် ပစ္စည်းရောက်ချိန်သက်ဆိုင်ရာ မြို့များမှ တာဝန်ခံများမှဆက်သွယ်အကြောင်းကြားပါသည်။
( ခဏခဏဆက်သွယ်သော်ငြား ဆက်သွယ်မရသော customer များစွာလဲရှိနေပါသည်)

🚚 ရန်ကုန်အထိပို့လိုသော Customer များ ပစ္စည်းအပေါ်မူတည်ပြီး မော်လမြိုင် ~ ရန်ကုန် ပို့ခထပ်မံတွက်ပါသည်။
ပစ္စည်းအလိုက်ဈေးကွာမည်ဖြစ်သလို၊ လက်မခံသောပစ္စည်းများရှိပါသည်။
လမ်းအခြေအနေအရ ပစ္စည်းများနာနိုင်ပါသည်။
ပုံမှန်လူသုံးကုန်ပစ္စည်းများ မော်လမြိုင်အထိပို့ပြီး၊ Customer များမိမိအစီအစဉ်ဖြင့် ပြန်သယ်တာပိုသက်သာနိုင်သလို၊ ပိုမြန်နိုင်ပါသည်။

🔺HKKS မှ မော်လမြိုင်ကနေ ရန်ကုန်အပါအဝင် တခြားနယ်များသို့ဂိတ်ချပေးပါသည်။
ဂိတ်ချပေးရမည့်ပစ္စည်းများအတွက်
📍ဂိတ်တွေက လက်မခံကြလို့ ပစ္စည်းလက်ခံမည့်
ပိုင်ရှင်တွေကိုယ်တိုင်ကားဂိတ်တွေကိုမိမိပို့မည့်ပစ္စည်းအသေးစိတ်ကိုပြောပြီးညှိပေးရပါမည်။
📍ကားဂိတ်တွေက လက်ခံမှသာ ထိုဂိတ်တွေကိုသို့ပစ္စည်းချပေးမှာဖြစ်ပါတယ်။
- ဂိတ်အမည်၊ ဂိတ်၌လက်ခံမည့်သူအမည်၊ ဂိတ်လိပ်စာ အတိအကျ။
- ပြောထားသော Customer အမည်၊ ဖုန်းနံပါတ်အတိအကျ။
- ဂိတ်မှလက်မခံ၍ပြန်သယ်ခဲ့ရလျှင် ထပ်မံပို့ခကျသင့်ပါမည်။
📍ကားဂိတ်များမှလက်မခံ၍ပြန်သယ်ယူလာရပါက ထပ်မံပို့ခ ကုန်ကျပါမည်။ Customer ဘက်မှကျခံရပါမည်။

🔺စည်းကမ်းချက်၊ ဝန်ဆောင်မှု ၊ PLAN အသေးစိတ်ကို Page ရဲ့ထိပ်ဆုံးတွင် PIN ထောက်ထားပေးပါသည်။ သေချာဖတ်ရှုပါရန်။
PLAN အားလုံး Box Size ဖြင့်သာတွက်ပါသည်။
Box Size အလိုက်သတ်မှတ်KG ထက်ကျော်လွန်ပါက ထိုKG အပိုအတွက် ပို့သည့်နေရာအလိုက် KG ခထပ်ပေါင်းပါမည်။ PLAN တွေမှာလဲသေချာရေးထားပေးပါသည်။
💥 cb မှမေးသူများလဲ အသေးစိတ် reply ကိုသေချာဖတ်ရှုကြပါ။ သေချာမဖတ်ဘဲ တူညီသောမေးခွန်းများသာထပ်ခါမေးလာခြင်းများအတွက် ပြန်လည်ဖြေကြားမည်မဟုတ်ပါ။

- 📍Ship Cargo အပ်သည့် Customer တိုင်း / ပစ္စည်းတိုင်းလက်မခံပါ။ စီစစ်ပြီးမှလက်ခံပါသည်။
- 📍ပစ္စည်းတန်ဖိုး၊ ပါဝင်ပစ္စည်းအတိအကျပြောရပါမည်။ ပစ္စည်းများအားဖောက်စစ်ပါမည်။
- 📍လမ်းခရီးအခြေအနေ၊ စည်းကမ်းချက်၊ ဈေးနှုန်းများကိုသေချာစွာနားလည်လက်ခံ၊ သဘောတူနိုင်မှသာ ပစ္စည်းအပ်ပါရန်။
( ပစ္စည်းများအတွက် Cargoခရဲ့ 3ဆအာမခံပါသည်။ )

🔺 HKKS မှ လူကြီးမင်းတို့သတ်မှတ်လိပ်စာ၊ ကားဂိတ်များသို့ပစ္စည်းအပ်ပေးပြီးသည့်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော အပျောက်အရှ၊ အပျက်အစီးအတွက် HKKS မှတာဝန်မယူပါ။

HKKS Admin Team




#ဂျပန်မြန်မာပစ္စည်းပို့

🚢 Sea Cargo အတွက် HKKS ဂိုဒေါင်များသို့ ပစ္စည်းပို့မည့်သူများ1️⃣ ပစ္စည်းမပို့ခင် ပို့ရမည့်လိပ်စာကို Confirm လုပ်ပေးပါ။ 2...
17/06/2026

🚢 Sea Cargo အတွက် HKKS ဂိုဒေါင်များသို့ ပစ္စည်းပို့မည့်သူများ

1️⃣ ပစ္စည်းမပို့ခင် ပို့ရမည့်လိပ်စာကို Confirm လုပ်ပေးပါ။
2️⃣ မိမိပို့မည့်ပစ္စည်းစာရင်း၊ စုစုပေါင်း တန်ဖိုးများကိုကြိုတင်ပို့ပေးပါ။
3️⃣ ပစ္စည်းပုံးပေါ်တွင်
- ဂျပန်ဘက်မှပို့သူအမည် ( Facebook အကောင့်အမည်) ၊ ဖုန်းနံပါတ်
- တဖက်နိုင်ငံ ( ထိုင်း / မြန်မာ) ဘက်မှ ပို့ပေးရမည့်လိပ်စာ၊ ဖုံးနံပါတ်၊ အမည် များကိုအတိအကျရေးပေးပါ။ ထိုင်းဘက်လိပ်စာ၊ ဖုန်းနံပါတ်မှားယွင်းခြင်းများအခေါက်တိုင်းအများအပြားရှိပါသဖြင့် process များနောက်ကျခြင်းများရှိနေပါတယ်။
4️⃣ ထိုင်းဘက်ပို့သည့်သူများ cb မှလဲ လက်ခံမည့်သူ လိပ်စာ၊ အမည်၊ ဖုံးနံပါတ်များကို စာဖြင့်ရိုက်ပို့ပေးပါ။ ပုံ / screen shoot မရပါ။
4️⃣ HKKS ဂိုဒေါင်သို့ ပို့သူအမည်ကို Facebook အကောင့်အမည်ဖြင့်သာပို့ပါရန်။
5️⃣ ပစ္စည်းပို့ပြီးပါက Delivery ကုမ္ပဏီမှလက်ခံစာရွက်များပုံပို့ပေးပါရန်။
6️⃣ Yahoo, Amazon, Rakuten, Yahoo , ..... အစရှိသည့် Online Shop များမှဝယ်ပြီးတိုက်ရိုက်ပို့သူများ Facebook အကောင့်အမည်ဖြင့်သာပို့ပါရန်။ Tracking No ကြိုပို့ပေးထားရပါမည်။
代代引 、着払い ဖြင့်ပို့ထားပါက ကြိုအကြောင်းကြားပြီး ငွေကြိုလွှဲပေးရပါမည်။
ကြိုအကြောင်းမကြားထားပါက ပစ္စည်းလက်မခံပါ။ ကြိုတင်စိုက်ရှင်းပေးမည်မဟုတ်ပါ။ ( စိုက်ရှင်းပေးပြီးခဏခဏပြဿနာကြုံရတာရှိနေလို့ မစိုက်ပေးပါ)
📍HKKS ကုမ္ပဏီအမည်ဖြင့် ပစ္စည်းဝယ်ယူထားသူများ ( HKKS မှ代行လုပ်ပေးထားရသူများ) မူရင်း Receipt / 領収書/明細書 များပို့ပေးမှသာ ပစ္စည်းတင်သည့် process များဆက်လုပ်ပေးပါမည်။
7️⃣ မြန်မာပြည်အထိပို့မည့် ပစ္စည်းပုံးများကိုတောင့်တင်းသောပုံးများဖြင့်သာထည့်ပါ။ ပုံးအတွင်းချောင်နေခြင်း၊ တိပ်များသေချာမပိတ်ထားခြင်းများ များစွာရှိနေပါသည်။ Customer ရဲ့ထုပ်ပိုးမှုကြောင့် ဖြစ်ပေါ်လာသော အပျက်အဆီး၊ အပျောက်အရှအတွက်တာဝန်မယူပါ။ 📍

📌 ပို့ဆောင်မှုတွင် လမ်းခရီးတွင်ဖြစ်ပေါ်သော အပျက်အစီး အပျောက်အရှအတွက် Cargo ခရဲ့ 3 ဆအလျော်ပေးပါသည်ဖြစ်သော်ငြား Customer ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ပေါ်လာသော အပျက်အစီး၊ အပျောက်အရှအတွက် တာဝန်မယူပါ။

📌အသေးစိတ်Plan ၊ စည်းကမ်းချက်၊ ဝန်ဆောင်မှုများကိုသေချာစွာဖတ်ပေးပါ။ ( comment တွင် update link များထည့်ပေးထားပါသည်)

************************************************

✅ HKKS မှ Sea Cargo Container များအပတ်စဉ်ထွက်ပါတယ်။
နေ့စဉ်ရောက်သော ဆိုဒ်မျိုးစုံသော ပစ္စည်းပုံး၊ အထုပ်များမှာ အရေအတွက် 500 အထက်ရှိပါတယ်။

နေ့စဉ် Yamato , Sagawa , Amazon Deliveryအဖွဲ့များ 3~4 ခေါက်ပစ္စည်းလာချကြပါတယ်။
တခြား ဂျပန် Delivery ကုမ္ပဏီတွေလာပို့တာကျန်ပါသေးတယ်။

✅ ကွန်တင်နာထဲပစ္စည်းထည့်တဲ့ ဂိုဒေါင်နှင့် ပစ္စည်းသိမ်းသည့်ဂိုဒေါင်ကနေရာမတူပါ။
( HKKS မှ Customer များပစ္စည်းများကို ရိုးရိုးရုံးခန်း၊ ဆိုင်ခန်းလေးတွေမှာသိမ်းဆည်းခြင်းမဟုတ်ပါ။
ပေ40ကွန်တင်နာတလုံးလျှင်ပုံးရေထောင်နဲ့ချီထည့်ရတာဖြစ်ပါတယ်။ )
ဂိုဒေါင်သို့ ပစ္စည်းလာပို့ဖူးသူများသိပါတယ်။

ပစ္စည်းသိမ်းတဲ့ဂိုဒေါင်မှာ ပေ40 ကွန်တင်နာ 7လုံးစာခန့်ပစ္စည်းဆံ့ပါတယ်။လစဉ်輸出代行ရဲ့ပစ္စည်းများအပြည့်ပါ။

ကွန်တင်နာထဲပစ္စည်းထည့်တဲ့ ဂိုဒေါင်က ပေ40 ကွန်တင်နာ 6/7 လုံး ဆံ့ပါတယ်။
Cargo ကွန်တင်နာအပြင်၊ ကိုယ်ပိုင်ပစ္စည်းတွေအတွက်ကွန်တင်နာ၊ ကွန်တင်နာအပြတ်အပ်ထားတဲ့အလုံးများ ရှိပါတယ်။

ပစ္စည်းအလိုက်/ customer အလိုက် ဂိုဒေါင်ခွဲသိမ်းတာရှိပါတယ်။
ပို့နေကျ customer များလဲ ပစ္စည်းပို့မည့်အခေါက်တိုင်း လိပ်စာကိုconfirm လုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်။
လိပ်စာ Confirm မလုပ်ဘဲ ဂိုဒေါင်မှားရောက်သွားပါက ဂိုဒေါင်ပြောင်းခ ထပ်ကုန်ကျပါမယ်။
HKKS ရဲ့ ရုံးများတွင် ပစ္စည်းလက်မခံပါ။

************************************************
📌 မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုများမဖြစ်စေရန်

🔺 ပစ္စည်းစာရင်းများကိုမှန်ကန်စွာပေးပါရန်။
🔺 ပို့၍မရသောသတ်မှတ်ကုန်များလုံးဝလုံးဝ လက်မခံပါ။
🔺လူကြီးမင်းပို့သည့်နိုင်ငံဘက်မှ လက်ခံမည့်သူ၏ အမည်၊ လိပ်စာ၊ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ်များအတိအကျပေးပါရန်။ လိပ်စာမမှန်၊ ဆက်သွယ်မရသော Customer များ HKKS ၏သက်ဆိုင်ရာရုံးခွဲများ၌လာရောက်ထုတ်ယူရပါမည်။
( ကွန်တင်နာပိတ်ပြီး၊ သက်ဆိုင်ရာနိုင်ငံ/ပြည်တွင်းပစ္စည်းပို့ခါနီးမှ လိပ်စာပြောင်း၊ ဖုံးနံပါတ်ပြောင်းများ မရပါ။ )
🔺 စည်းကမ်းချက်များကိုအသေးစိတ်ဖတ်ရှုပြီးနားလည်သဘောပေါက်မှသာ ပစ္စည်းများအပ်ပေးပါရန်။

HKKS JP Express
Admin Team




ဂျပန် ~ မြန်မာဂျပန် ~ ထ်ုင်း Ship Cargo မေးထားသော Customer များရှင့်Golden Week ပိတ်ရက်တွင် message အများအပြားဝင်ထားတာတွ...
07/05/2026

ဂျပန် ~ မြန်မာ
ဂျပန် ~ ထ်ုင်း
Ship Cargo မေးထားသော Customer များရှင့်

Golden Week ပိတ်ရက်တွင် message အများအပြားဝင်ထားတာတွေကို Admin များမှ အစဉ်လိုက် ဖြေကြားပေးနေပါတယ်။

ဂိုဒေါင်သို့ ပစ္စည်းပို့မည့်သူများ 10ရက်နေ့အထိ ဂိုဒေါင်ပိတ်ပါတယ်။
11ရက်နေ့မှစ၍ ပစ္စည်းလက်ခံပါတယ်။

Delivery အပ်ထားသူများ 11ရက်နေ့နောက်ပိုင်းမှ Confirm ထွက်ပါမယ်။
လူကြီးမင်းတို့အပ်ထားသော Delivery လက်ခံစာရွက်ပုံနှင့် ပစ္စည်းပုံး ပုံများကို cb မှပေးပို့ထားပါရန်။

ကွန်တင်နာပုံးပြတ်၊ နေရာ(space ) ယူထားသော Customer များ ပစ္စည်းစာရင်းများကို ကြိုပို့ပေးပါရန်။

ဂျပန် ~ မြန်မာ (ရန်ကုန် ) အထိပို့လိုသော Customer များ
ဈေးနှုန်းအသစ်ကို CB မှမေးနိုင်ပါသည်။
ပုံမှန်လမ်းကြောင်းမဟုတ်ပါသဖြင့် ဈေးများပါမည်။

အများနှင့်ပို့သော ကုန်သည်များသာအဓိကလက်ခံပါသည်။

🔺Ship Cargo အပ်မည့် Customer များအားလုံး စည်းကမ်းချက်များကိုသေချာဖတ်ပြီး၊ လမ်းကြောင်းအခြေအနေကိုလက်ခံနိုင်မှသာ ပစ္စည်းအပ်ကြပါရန်။
🔺ပစ္စည်းတိုင်းကို လက်ခံမည်မဟုတိပါ။

HKKS
Admin Team



🛳 JPN ~ Thai Ship Cargo ပို့မည့်သူများ 🔹JPN ~ Thai အပတ်စဥ် ကွန်တင်နာရှိပါသည်။ 🔹JPN ~ Thai အပတ်စဉ် ကြိုတင် Booking System...
11/04/2026

🛳 JPN ~ Thai Ship Cargo ပို့မည့်သူများ

🔹JPN ~ Thai အပတ်စဥ် ကွန်တင်နာရှိပါသည်။
🔹JPN ~ Thai အပတ်စဉ် ကြိုတင် Booking System ဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့ စာရင်းပိတ်ပါသည်။

🔹JPN ~ Thai ပစ္စည်းပို့အတွက် အပတ်စဥ် Booking အရမ်းများပါသဖြင့် HKKS သို့ပစ္စည်းရောက်​သည့်အစဥ်လိုက်သာ ထည့်ပေးသည်ဖြစ်ပါသည် ။
ကွန်တင်နာပြည့်သွားပါက နောက်ကွန်တင်နာဖြင့်ပါပါမည်။

🔹ခန့်မှန်းရောက်ချိန်သည် နောက်ဆုံးလက်ခံရက်(စာရင်းပိတ်ရက်)မှ 30 ရက်ဝန်းကျင်ကြာပါမည်။
( စာရင်းပိတ်ရက်မမှီ၍ နောက်ကွန်တင်နာဖြင့်ပါသည့် ပစ္စည်း​များ ထိုကွန်တင်နာရဲ့စာရင်းပိတ်ရက်ဖြစ်ပါမည်)
ခန့်မှန်းရောက်ချိန်များကို Bill တွင်ကြည့်နိုင်ပါသည်။
( ပစ္စည်းနောက်ဆုံးလက်ခံရက်သည် ကွန်တင်နာပိတ်ရက်မဟုတ်ပါ။ ကွန်တင်နာပိတ်ရက်သည် သင်္ဘောတင်ရက်မဟုတ်ပါ။ )

🔹စျေးနှုန်းPlan နှင့် အသေးစိတ် စည်းကမ်းချက်များကို ကြေငြာထားသည်ဖြစ်၍ သေချာဖတ်ရှုပေးပါရန်။
( comment တွင် link ထည့်ပေးထားပါသည်။)

🛳 ကွန်တင်နာSpace အလိုက်အပ်သူများ၊ တဆင့် Cargo Agent ယူထားသူများ လူကြီးမင်းတို့ ယူမည့်space ကိုကြိုတင်စာရင်းပေးပါရန်။
ပစ္စည်းစာရင်းlist များကိုသေချာစွာဖြည့်ပေးပါရန်။
ပစ္စည်းပါကင်ပုံးများတွင် နံပါတ်နှင့် ပို့ရမည့်လိပ်စာများကို သေချာစွာရေးပေးပါရန်။

~~~~~~~~~~~~~~~~~~~~~~~

🔺️ပစ္စည်းရောက်မည့်ရက်များသည်ခန့်မှန်းရက်ဖြစ်ပါသည်။
ရာသီဥတုအခြေအနေ၊ သင်္ဘောနောက်ကျခြင်းများ၊ ရေကြောင်းလမ်းအခြေအနေ၊ အခြားမမျှော်မှန်းနိုင်သော အကြောင်းအရာများကြောင့် နောက်ကျခြင်းများရှိနိုင်ပါသည်။)

HKKS JP Express Transport
Admin Team

🔺HKKS ဘက်မှဆက်သွယ်မရသည့်သူများနှင့် ပြန်ဆက်သွယ်ပါမည်ပြောပြီး ဆက်သွယ်မလာသူများ စာရင်း ဖြစ်ပါသည်။ ( လာမထုတ်သေးသော ပုံးရေရာ...
11/04/2026

🔺HKKS ဘက်မှဆက်သွယ်မရသည့်သူများနှင့် ပြန်ဆက်သွယ်ပါမည်ပြောပြီး ဆက်သွယ်မလာသူများ စာရင်း ဖြစ်ပါသည်။
( လာမထုတ်သေးသော ပုံးရေရာချီကျန်ပါသေးသည်)

🔺️ မော်လမြိုင်တွင်ဂိတ်ချပေးဖို့ပြောထားသည့်/ ဂိတ်ချပေးရမည့် customer များလူကြီးမင်းတို့ပြောထားသောဂိတ်များကိုသေချာညှိထားပေးကြပါ။ ဂိတ်သို့သွားပို့ပြီးမှ ဂိတ်မှလက်မခံလို့ပြန်သယ်လာရသောပစ္စည်းအများအပြားရှိနေပါသည်။
( ပြန်သယ်ရခြင်း၊ အခေါက်ခေါက်ပို့ရခြင်းများကြောင့် အခြား customer များ၏process များနောက်ကျခြင်းများဖြစ်ပေါ်ပါသည်။ )

ထိုသို့ပြန်သယ်ရပြီး၊ ထပ်မံပို့ရပါက ပို့ခကျပါမည်ဖြစ်ပါသည်။
ဂိတ်ချပစ္စည်းများ ဂိတ်ချသည့်အချိန်တွင် ပိုင်ရှင်များထံဆက်သွယ်ပါသည်။

📍မော်လမြိုင်သို့ရောက်ထားသည့်ပစ္စည်းများအားလုံးပစ္စည်းခွဲပြီးသလောက် process များလုပ်ဆောင်ပေးနေသော်ငြား၊
➡︎ကားဂိတ်တွေကို အခေါက်ခေါက်ပို့ရခြင်း၊ ဖုန်းတွေခဏခဏဆက်ပေးရခြင်း၊
➡︎ဂိတ်ချဖို့ပြောပြီး၊ လာယူမည်ပြောခြင်း / လာယူမည်ပြောပြီး တခြားအစီအစဉ်ပြောင်းခြင်း
➡︎ ပို့ရမည့်လိပ်စာခဏခဏပြောင်းခြင်း.. စသည့် မလိုလားအပ်တဲ့ကြန့်ကြာမှုများကြောင့် process များအတွက်နှောင့်နှေးခြင်းများရှိနေပါသည်။

🔺လုံခြုံရေးအရ ပစ္စည်းများကို ဂိုဒေါင်ခွဲသိမ်းထားသည်ဖြစ်၍ customer များအကြိမ်ကြိမ်ပို့ရမည့်နေရာ၊ ထုတ်မည့်ပုံစံပြောင်းနေလျှင် process များပို၍ကြာပါမည်။
🔺ပစ္စည်းသိမ်းထားသည့်ဂိုဒေါင်များနှင့် လာရောက်ထုတ်ရမည့်နေရာမတူပါသဖြင့် ကြိုတင်ပြောမှသာ ပစ္စည်းများရွှေ့ထားပေးပါသည်။

🔺️ မြဝတီတွင်ထုတ်မည်ပြောထားပြီး လာရောက်ထုတ်မယူသေးသောပစ္စည်းများ၊ ဆက်သွယ်ရမည့်သူမပို့လာသေးသောပစ္စည်းများ၊
မြန်မာဘက်မှဆက်သွယ်ထားသော်ငြား လာရောက်ထုတ်ယူခြင်းမရှိသေးသောပစ္စည်းများနှင့် အထက်ပါ မြန်မာဘက်ထုတ်ရမည့်နည်းများအပ ယခင်အပ်ထားသည့်အတိုင်း ရန်ကုန်သို့ပို့ဆောင်ပေးရမည်ဆိုပါက ပုံမှန်လမ်းကြောင်းဖြစ်သည့်အချိန်မှပို့ပေးမည်ဖြစ်သည့်​ပစ္စည်းများကို ဂိုဒေါင်များတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားမည်ဖြစ်သော်ငြား၊ ရန်သူမျိုးငါးပါးဘေးအတွက်တော့ အာမမခံနိုင်ပါ။

📍HKKS page တွင်လဲ စည်းကမ်းချက်များကိုတရားဝင်ကြေငြာပေးထားပါသည်။
လက်ရှိလမ်းကြောင်းအခြေအနေများကိုလဲ ကြေငြာပေးထားပါသည်။

Public ကြေငြာပေးထားသည့် အသေးစိတ်အကြောင်းအရာများကိုထပ်ခါတလဲလဲမေးလာလျှင် ပြန်ဖြေမည်မဟုတ်ပါ။

ကြေငြာထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ပေးသော ပစ္စည်းပိုင်ရှင်များအားလုံး ပစ္စည်းများလက်ခံရရှိသွားကြပါပြီ။
ပူးပေါင်းလုပ်ဆောင်ပေးခြင်းမရှိဘဲ Complain လာတက်သည်များကို ပြန်လည်ဖြေကြားမည်မဟုတ်ပါ။

HKKS ဘက်မှလဲ ပစ္စည်းများအမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးထားပါသည်။
ပစ္စည်းပိုင်ရှင်ဘက်မှ ပေးရမည့်/လုပ်ဆောင်ပေးရမည့်အချက်များကြာနေလျှင် ပစ္စည်းရပိုကြာပါမည်။

🔺HKKS ရဲ့ ဂျပန်, ထိုင်း, မြန်မာရုံးများအားလုံးသည် ရုံးချိန်အတွင်းသာ message ပြန်ခြင်းမှအစ process များအားလုံးကို လုပ်ဆောင်ပေးသည်ဖြစ်ပါသည်။
ရုံးချိန်ပြင်ပနှင့် ရုံးပိတ်ရက်များတွင် Process & Service များမလုပ်ပေးပါ။

HKKS Admin Team

အာရှလမ်းဖွင့်လို့မေးကြတဲ့ Customer များလက်ရှိတွင် လူစီးကားများသာဖြတ်သန်းလို့ရပါသေးသည်။ ကုန်တင်ယာဉ်များမရသေးပါ။ အာရှလမ်းဖ...
02/04/2026

အာရှလမ်းဖွင့်လို့မေးကြတဲ့ Customer များ

လက်ရှိတွင် လူစီးကားများသာဖြတ်သန်းလို့ရပါသေးသည်။ ကုန်တင်ယာဉ်များမရသေးပါ။

အာရှလမ်းဖွင့်သော်ငြား ရန်ကုန်အထိသယ်ယူပို့ဆောင်ရေးကပုံမှန်အခြေအနေမဖြစ်သေးပါ။

လမ်းအခြေအနေများ အတိအကျသေချာမသိသေးပါ။

HKKS မှ အများနှင့်အပ်သောလုပ်ငန်းရှင်များရဲ့ပစ္စည်းများ၊ Agent ယူထားသူများ၏ပစ္စည်းများ၊ ကွန်တင်နာ Space အလိုက်ယူသောပစ္စည်းများကိုသာ အဓိက လက်ခံဖြစ်မည်ပါသည်။
ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သော စည်းကမ်းချက်အသစ်များကိုထပ်မံကြေငြာပေးပါမည်။

HKKS Admin Team

#အာရှလမ်း
#မြဝတီနယ်စပ်ကုန်သွယ်ရေး


Photo to owner

13/03/2026

🔺️ မော်လမြိုင်တွင်ဂိတ်ချပေးဖို့ပြောထားသည့်/ ဂိတ်ချပေးရမည့် customer များလူကြီးမင်းတို့ပြောထားသောဂိတ်များကိုသေချာညှိထားပေးကြပါ။ ဂိတ်သို့သွားပို့ပြီးမှ ဂိတ်မှလက်မခံလို့ပြန်သယ်လာရသောပစ္စည်းအများအပြားရှိနေပါသည်။
ထိုသို့ပြန်သယ်ရပြီး၊ ထပ်မံပို့ရပါက ပို့ခကျပါမည်ဖြစ်ပါသည်။
ဂိတ်ချပစ္စည်းများ ဂိတ်ချသည့်အချိန်တွင် ပိုင်ရှင်များထံဆက်သွယ်ပါသည်။

📍မော်လမြိုင်သို့ရောက်ထားသည့်ပစ္စည်းများအားလုံး
ပစ္စည်းခွဲပြီးသလောက် process များလုပ်ဆောင်ပေးနေသော်ငြား၊ မလိုအပ်တဲ့ကြန့်ကြာမှုများကြောင့် process အတွက်နှောင့်နှေးခြင်းရှိနေပါသည်။

🔺 ကိုယ်တိုင်️ပစ္စည်းလာရောက်ထုတ်ယူမည့်သူများ ပစ္စည်းခွဲပြီးသလောက်အစဥ်လိုက်ဆက်သွယ်ပေးနေပါသည်။

🔺️ မြဝတီတွင်ထုတ်မည်ပြောထားပြီး လာရောက်ထုတ်မယူသေးသောပစ္စည်းများ၊ ဆက်သွယ်ရမည့်သူမပို့လာသေးသောပစ္စည်းများ၊
မြန်မာဘက်မှဆက်သွယ်ထားသော်ငြား လာရောက်ထုတ်ယူခြင်းမရှိသေးသောပစ္စည်းများနှင့် အထက်ပါ မြန်မာဘက်ထုတ်ရမည့်နည်းများအပ ယခင်အပ်ထားသည့်အတိုင်း ရန်ကုန်သို့ပို့ဆောင်ပေးရမည်ဆိုပါက ပုံမှန်လမ်းကြောင်းဖြစ်သည့်အချိန်မှပို့ပေးမည်ဖြစ်သည့်​ပစ္စည်းများကို ဂိုဒေါင်များတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားမည်ဖြစ်သော်ငြား၊ ရန်သူမျိုးငါးပါးဘေးအတွက်တော့ အာမမခံနိုင်ပါ။

📍HKKS page တွင်လဲ စည်းကမ်းချက်များကိုတရားဝင်ကြေငြာပေးထားပါသည်။
လက်ရှိလမ်းကြောင်းအခြေအနေများကိုလဲ ကြေငြာပေးထားပါသည်။

Public ကြေငြာပေးထားသည့် အသေးစိတ်အကြောင်းအရာများကိုထပ်ခါတလဲလဲမေးလာလျှင် ပြန်ဖြေမည်မဟုတ်ပါ။

ကြေငြာထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ပေးသော ပစ္စည်းပိုင်ရှင်များကပစ္စည်းများလက်ခံရရှိသွားကြပါပြီ။

HKKS ဘက်မှလဲ ပစ္စည်းများအမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးထားပါသည်။
ပစ္စည်းပိုင်ရှင်ဘက်မှ ပေးရမည့်/လုပ်ဆောင်ပေးရမည့်အချက်များကြာနေလျှင် ပစ္စည်းရပိုကြာပါမည်။

HKKS Admin Team

04/03/2026

📣HKKS ဂိုဒေါင်တွင် 2025.9လပိုင်း ~ 12လပိုင်း အထိလက်ခံထားသောပစ္စည်းပိုင်ရှင်များ နှင့် ထိုအရှေ့ပိုင်းလက်ခံထားသည့်ပစ္စည်းများအထဲမှ လာရောက်မထုတ်ယူသေးသော ပစ္စည်းပိုင်ရှင်များ 📣

💥ထိုင်းနှင့်မြဝတီထုတ်မည်ဟုပြောထားသော ပစ္စည်းများမှအပ ကျန်ပစ္စည်းများအားလုံးမော်လမြိုင်သို့ရောက်ရှိနေပါပြီ။ 💥

📍 ထိုင်းတွင်ပို့ပေးဖို့ စာရင်းပေးထားသော်ငြား၊ လိပ်စာ၊ ဖုံးနံပါတ် မှားယွင်းခြင်းများနှင့် လက်ခံသူမှငြင်းပယ်သော ပစ္စည်းများ HKKSထိုင်းဂိုဒေါင်သို့ပြန်လည်ရောက်ရှိထားပါသည်။
ထိုပစ္စည်းများအတွက် မှန်ကန်သောလိပ်စာ၊ ဖုံးနံပါတ်နှင့် လက်ခံမည့်သူများကိုသေချာရေးသားပြီးပို့ပေးပါရန်။ ထပ်မံပို့ပေးရမည့်ပစ္စည်းများအတွက် ထိုင်းပြည်တွင်းပို့ခ ထပ်မံကုန်ကျပါမည်။
တချို့ Delivery ကုမ္ပဏီရဲ့ tracking မှာ Delivered ပြနေပြီး ပစ္စည်းမရသေးဟုပြောသော Customer များ လူကြီးမင်းတို့ဆက်သွယ်ထားသော လက်ခံမည့်သူများကိုမေးပါရန်။ လက်ခံမည့်သူထံပစ္စည်းအရောက်ပြပြီးနေသောပစ္စည်းများအတွက် HKKS ဘက်မှဘာမှဆက်လုပ်၍မရပါ။

📍မြဝတီ၌ထုတ်မည်စာရင်းပေးထားပြီး၊ ဆက်သွယ်ရန်အမည်၊ ဖုံးနံပါတ်ပေးထားသူများအားလုံးဆက်သွယ်ပေးပြီး၊ ပစ္စည်းများအပ်နှံပေးပြီးပြီဖြစ်ပါသည်။
ဆက်သွယ်ရမည့်အမည်၊ဖုံးနံပါတ်မပေးထားသူများ အမြန်ဆုံးCb မှ ဆက်သွယ်ပေးပါရန်။
ဆက်သွယ်မရသော ပစ္စည်းများအားလုံးမော်လမြိုင်သို့ပါသွားပြီဖြစ်ပါသည်။

📍မော်လမြိုင်တွင်ထုတ်မည့်သူများ ဆက်သွယ်ရမည့်လူ၊ အမှန်တကယ်ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ်ကို CB မှပို့ပေးပါရန်။
ကားဂိတ်အပ်ပေးရမည့်ပစ္စည်းများ customer များကိုယ်တိုင် ကားဂိတ်များနှင့်ကြိုတင်ညှိနှိုင်းပေးရပါမည်။
- ကားဂိတ်အမည်၊ ဂိတ်မှလက်ခံသူအမည်၊ ဖုံးနံပါတ်
- ကားဂိတ်သို့ဆက်သွယ်ထားသူအမည်၊ ဖုန်းနံပါတ်
ကို CB မှပို့ပေးပါ။
ကားဂိတ်သို့ ကြိုတင်ဆက်သွယ်ညှိထားခြင်းမရှိသောပစ္စည်းများ၊ ကားဂိတ်မှလက်မခံဘဲ ပြန်သယ်ယူလာရပါက ထပ်မံပို့ခ ကုန်ကျပါမည်။

📍အထက်ပါ မြန်မာဘက်ထုတ်ရမည့်နည်းများအပယခင်အပ်ထားသည့်အတိုင်း ရန်ကုန်သို့ပို့ဆောင်ပေးရမည်ဆိုပါက ပုံမှန်လမ်းကြောင်းဖြစ်သည့်အချိန်မှပို့ပေးမည်ဖြစ်ပါသည်။
Cargo ခများကိုလဲ ပုံမှန်လမ်းကြောင်းခအတိုင်းသာယူထားပါသည်။
ထိုပစ္စည်းများအတွက် ဂိုဒေါင်များတွင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားမည်ဖြစ်သော်ငြား၊ ရန်သူမျိုးငါးပါးဘေးအတွက်တော့ အာမမခံနိုင်ပါ။

📍HKKS page တွင်လဲ စည်းကမ်းချက်များကိုတရားဝင်ကြေငြာပေးထားပါသည်။
လက်ရှိလမ်းကြောင်းအခြေအနေများကိုလဲ ကြေငြာပေးထားပါသည်။

Public ကြေငြာပေးထားသည့် အသေးစိတ်အကြောင်းအရာများကိုထပ်ခါတလဲလဲမေးလာလျှင် ပြန်ဖြေမည်မဟုတ်ပါ။

ကြေငြာထားသည့်အတိုင်း ပူးပေါင်းလုပ်ဆောင်ပေးသော ပစ္စည်းပိုင်ရှင်များကပစ္စည်းများလက်ခံရရှိသွားကြပါပြီ။

HKKS ဘက်မှလဲ ပစ္စည်းများအမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးထားပါသည်။
ပစ္စည်းပိုင်ရှင်ဘက်မှ ပေးရမည့်/လုပ်ဆောင်ပေးရမည့်အချက်များကြာနေလျှင် ပစ္စည်းရပိုကြာပါမည်။

HKKS Admin Team

🚢   HKKS JP Express ၏ 🚢🇯🇵ဂျပန် ~ 🇹🇭ထိုင်း 🇯🇵ဂျပန်~ 🇲🇲မြန်မာShip Cargo များ၏ 2026 . January မှ စ၍ NEW PLAN များပြောင်းလဲလ...
27/01/2026

🚢 HKKS JP Express ၏ 🚢
🇯🇵ဂျပန် ~ 🇹🇭ထိုင်း
🇯🇵ဂျပန်~ 🇲🇲မြန်မာ
Ship Cargo များ၏ 2026 . January မှ စ၍ NEW PLAN များပြောင်းလဲလိုက်ပါသည်။

🔷 ပစ္စည်းပို့နည်းများ 🔷

1️⃣ 🇯🇵Japan ~ 🇹🇭Thai
( ထိုင်းပြည်တွင်းပို့လိုသူနှင့် ထိုင်းမှတဆင့် မိမိအစီအစဉ်ဖြင့် မြန်မာပြည်သို့ပြန်ပို့သူများအတွက် Service Plan ဖြစ်ပါသည်။ ထိုင်းပြည်တွင်း Delivery အပ်ပေးပါသည်။ )

2️⃣ 🇯🇵Japan ~ 🇲🇲Myawaddy
( မြဝတီမြို့တွင်းနှင့်တဝိုက် နှင့် မြဝတီမှ မိမိအစီအစဉ်ဖြင့် ရန်ကုန်သို့ပြန်ပို့သူများအတွက် Service Plan ဖြစ်ပါသည်။
မြဝတီမြို့တွင်းနှင့်တဝိုက် Delivery ပို့ပေးပါသည်။ HKKS ရဲ့ မြဝတီရုံး၌လာရောက်ထုတ်ယူ၍လည်းရပါသည်။)

3️⃣ 🇯🇵Japan ~ 🇲🇲Myanmar
( 📍 မြန်မာပြည်တွင်းအခြေအနေနှင့် လမ်းခရီးအခြေအနေအပြောင်းအလဲများရှိသည်ဖြစ်၍၊
ထိုအခြေအနေပေါ်မူတည်ပြီး ရောက်မည့်ကြာချိန်တခေါက်နှင့်တခေါက်မတူညီနိုင်ပါ။ )
( လက်ရှိမြဝတီ/မော်လမြိုင်အထိသာရပါမည်။ လမ်းခရီးအခြေအနေများ တရက်နှင့်တရက်မတူပါသဖြင့် ကြန့်ကြာမှုများရှိပါမည်။ )

🚢 HKKS မှ အပတ်စဉ် Japan ~ Thai ~ Myanmar Ship Cargo Container များထွက်ပါသည်။

🗓️ အပတ်စဉ်ကြာသပတေးနေ့ စာရင်းပိတ်ပါသည်။ ကြိုတင်予約လုပ်ထားသောကုန်သည်များရှိသည်ဖြစ်၍ ပစ္စည်းရောက်/ လက်ခံရရှိသည့်အစဉ်လိုက် ကွန်တင်နာတင်ပေးပါသည်။
မဆံ့၊ မမှီလိုက်သော ပစ္စည်းများနောက်ကွန်တင်နာတွင်ထည့်ပေးပါမည်။

***********************************************

🔺ပစ္စည်းနောက်ဆုံးလက်ခံရက်သည် ကွန်တင်နာပိတ်ရက်မဟုတ်ပါ။
🔺ကွန်တင်နာပိတ်ရက်သည် သင်္ဘောတင်ရက်မဟုတ်ပါ။ ကွန်တင်နာပိတ်ရက်နှင့် သင်္ဘောတင်ရက်သည် 4 ~ 10 ရက်ကွာပါသည်။
သင်္ဘောနောက်ကျသည်များရှိလျှင် 10~30ရက်ကွာနိုင်ပါသည်။
( Custom အစစ်အဆေးနှင့်ရုံးပိုင်းဆိုင်ရာကြန့်ကြာမှု၊ ရာသီဥတုအခြေအနေများ၊..... အစရှိသည့် ကြိုတင်ခန့်မှန်း၍မရနိုင်သော အကြောင်းအရာများကြောင့်နောက်ကျခြင်းများရှိနိုင်ပါသည် )
📌လက်ခံထားသောပစ္စည်းများ၏ Bill ရှင်းပြီးပစ္စည်းများကို အစဉ်လိုက်ထည့်ပေးသည်ဖြစ်ပါ၍၊ ငွေလွှဲကျန်များကတော့ နောက်အလုံးတွေနှင့်မှ ပါနိုင်ပါမည်။

❌ " မည်သည့်သင်္ဘောဖြင့်ပါသွားလဲ " စသည့်မေးခွန်းများအားဖြေကြားပေးမည်မဟုတ်ပါ။
ကမ္ဘာပတ်ကွန်တင်နာတင်သင်္ဘောများ၌ကွန်တင်နာပေါင်းအလုံးရေထောင်ပေါင်းများစွာပါ ပါသည်။
ကွန်တင်နာတလုံးတွင် ပုံးရေပေါင်းထောင်ပေါင်းများစွာပါ ပါသည်။

❌ တဖက်နိုင်ငံတွင် ပစ္စည်းများသိမ်းဆည်းရာတွင်လည်း လုံခြုံစိတ်ချရသောနေရာများတွင် သိမ်းဆည်းသည်ဖြစ်၍ ၊ ပစ္စည်းများ၏ လုံခြုံရေးအရပို့ရမည့် destination သို့ရောက်လျှင် ဆက်သွယ်မည်မှ အပ " ဘယ်ရောက်နေပြီလဲ " မေးလာခြင်းအတွက်ဖြေကြားမည်မဟုတ်ပါ။

🔺 ပုံးခွံ Service မရှိပါ။
🔺Pick Up & Yamato Booking တင်ပေးခြင်း Service မရှိပါ။ မိမိအစီအစဉ်ဖြင့် HKKS ၏ဂိုဒေါင်သို့ပို့ပေးရပါမည်။

************************************************
📌 မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုများမဖြစ်စေရန်
🔴 ဝန်ဆောင်မှု၊ စည်းကမ်းချက်များ၊ ကြိုတင်အသိပေးချက်များနှင့်Comment တွင် ထည့်ပေးထားသော Ship Cargo ပို့သူများသတိထားရမည့်စည်းကမ်းချက်များ Link ကိုသေချာစွာဖတ်ရှုပါရန်။

🔺 ပစ္စည်းစာရင်းများနှင့်တန်ဖိုးကိုမှန်ကန်စွာပေးပါရန်။
🔺 ပို့၍မရသောသတ်မှတ်ကုန်များလုံးဝလုံးဝ လက်မခံပါ။
🔺လူကြီးမင်းပို့သည့်နိုင်ငံဘက်မှ လက်ခံမည့်သူ၏ အမည်၊ လိပ်စာ၊ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ်များအတိအကျပေးပါရန်။ လိပ်စာမမှန်၊ ဆက်သွယ်မရသော Customer များ HKKS ၏သက်ဆိုင်ရာရုံးခွဲများ၌လာရောက်ထုတ်ယူရပါမည်။
( ကွန်တင်နာပိတ်ပြီး၊ သက်ဆိုင်ရာနိုင်ငံ/ပြည်တွင်းပစ္စည်းပို့ခါနီးမှ လိပ်စာပြောင်း၊ ဖုံးနံပါတ်ပြောင်းများ မရပါ။ )

🔴 စည်းကမ်းချက်များကို လက်ခံ၊ လိုက်နာနိုင်မှသာ ပစ္စည်းအပ်ပါရန်။
🔴 ပစ္စည်းအပ်နှံသူနှင့် ပစ္စည်းများကိုစစ်ဆေးပြီးမှသာ လက်ခံမည်ဖြစ်ပါသည်။ အပ်သည့်ပစ္စည်းတိုင်းကိုလက်ခံမည်မဟုတ်ပါ။

***********************************************
❇️ HKKS မှ လုပ်ငန်းရှင်များနှင့် ပစ္စည်းအများနှင့်ပို့လိုသော Customer များအတွက် Service များ

🔹Container အတွင်း Space အလိုက် Service Plan
🔹m3 ( Pallet ) အလိုက် Service Plan
🔹Container အလုံးလိုက် Service Plan
Sea Cargo အတွက်အထက်ပါ Service Plan များအပြင်

💥 လုပ်ငန်းရှင်များအတွက် ပစ္စည်းသိုလှောင်ရအဆင်ပြေစေရန် Japan , Thai , Myawaddy တို့တွင် Warehouse Rental Service ပါရှိပါသည်။ 💥

💥 HKKS မှ Commerical ( လုပ်ငန်းကုန်) ပစ္စည်းများအတွက် 輸出代行 ( Import&Export Agent ) ကိုအဓိကထားလုပ်ဆောင်ပါသဖြင့် ကုမ္ပဏီဖြစ်စေ၊ တနိုင်တပိုင်ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ...... လူကြီးမင်းတို့၏ကုန်ပစ္စည်းများကို ဂျပန်ဘက်မှတရားဝင် ပို့ဆောင်ပေးနေပါသည်။

HKKS မှကာဂိုကွန်တင်နာများအပြင် ကွန်တင်နာအပြတ်အပ်ထားသော လုပ်ငန်းရှင်များ၏ကွန်တင်နာများလည်းအပတ်စဉ်ရှိပါသည်။

***********************************************
🔹ခန့်မှန်းရောက်ချိန်များ 🔹

💥လူကြီးမင်းပို့လိုသော တဖက်နိုင်ငံသို့ ခန့်မှန်းပစ္စည်းရောက်ချိန်ကို Bill တွင်ထည့်သွင်းပေးထားပါသည်။
💥လူကြီးမင်းရဲ့ကုန်ပစ္စည်းများ HKKS ဂိုဒေါင်သို့ရောက်သည့်အချိန်ပေါ်မူတည်ပါမည်။
💥ပစ္စည်းရောက်မည့်ရက်များသည်ခန့်မှန်းရက်ဖြစ်ပါသည်။ ရာသီဥတုအခြေအနေ၊ သင်္ဘောနောက်ကျခြင်း၊ တဖက်နိုင်ငံများ၏နိုင်ငံရေးအခြေအနေများကြောင့် ခန့်မှန်းရက်ထက်နောက်ကျသည်များရှိနိုင်ပါသည်။

🔸အသေးစိတ်သိလိုသည်များကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🔸 Reply များကို Admin Team မှ ရုံးဖွင့်ရက်နှင့်ရုံးချိန်အတွင်းသာဖြေကြားပေးပါမည်။


#ဂျပန်မြန်မာသင်္ဘော





#ဂျပန်မြန်မာပစ္စည်းပို့ခြင်း

住所

浅草橋3-5-7 中根ビル
Taito-ku, Tokyo
111-0053

営業時間

月曜日 10:00 - 18:00
火曜日 10:00 - 18:00
木曜日 10:00 - 18:00
金曜日 10:00 - 18:00
土曜日 10:00 - 18:00
日曜日 10:00 - 18:00

ウェブサイト

アラート

HKKS JP Express Transportがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

HKKS JP Express Transportにメッセージを送信:

ショートカット

共有する

カテゴリー