Go Laos Adventure Travel

Go Laos Adventure Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Go Laos Adventure Travel, Travel and transport, Xaythana, Vientiane.

Affordable Adventure for Every Traveller
Explore the beauty of Laos with unforgettable experiences — hot air balloons, ziplines, blue lagoons, mountain hikes & more!

06/08/2026

အာရှတိုက်ရဲ့ Switzerland ဆီသို့ Go LAOS နဲ့ အလည်တစ်ခေါက် ⛰️

ဥရောပအထိ အဝေးကြီး သွားစရာမလိုဘဲ တိမ်မြူတွေဝန်းရံနေတဲ့ အစိမ်းရောင် တောင်တန်းကြီးတွေ၊ ကြည်လင်အေးမြတဲ့ ရေကန်တွေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ vibe မျိုးကို အပြည့်အဝရရှိနိုင်မယ့် နေရာတစ်ခု အာရှမှာ ရှိနေပါတယ်နော်🌲

ဒါကတော့ ခရီးသွားတိုင်း တမ်းတရတဲ့ အိမ်နီးချင်း လာအိုနိုင်ငံ (Laos) ပဲ ဖြစ်ပါတယ်။

လာအိုနိုင်ငံကို ဘာကြောင့် "အာရှရဲ့ ဆွစ်ဇာလန်" လို့ ခေါ်ကြတာလဲ?

✨Vang Vieng ရဲ့ မြူခိုးတွေဝန်းရံနေတဲ့ ထုံးကျောက်တောင်ကုန်းကြီးတွေဟာ ဥရောပက အယ်လ်ပ်စ် (Alps) တောင်တန်းတွေလိုပဲ သဘာဝတရားရဲ့ ခမ်းနားမှုကို ပေးစွမ်းနိုင်ပါတယ်။

✨ဆွစ်ဇာလန်က နာမည်ကြီးရေကန်တွေလိုပဲ စိမ်းမြမြအရောင်နဲ့ ကြည်လင်အေးမြနေတဲ့ Blue Lagoon ရေကန်ကြီးတွေက သင့်ရဲ့ Stress တွေကို အကုန်အစင် ပြေပျောက်စေမှာပါ။

✨UNESCO အသိအမှတ်ပြု ရှေးဟောင်းမြို့တော် Luang Prabang ရဲ့ ငြိမ်းချမ်းမှုနဲ့ သဘာဝတောတောင်အလှတွေက ဥရောပ ကျေးလက်မြို့လေးတွေအတိုင်းပါပဲ။

✅ Go LAOS နဲ့အတူ ဒီအလှတရားတွေကို ခံစားဖို့

အိတ်စိုက်လည်းသက်သာ၊ သွားလာရတာလည်း လွယ်ကူတဲ့ လာအိုနိုင်ငံကို ပြီးပြည့်စုံတဲ့ အစီအစဉ်တွေနဲ့ လည်ပတ်နိုင်ဖို့ Go LAOS က အသင့်ရှိနေပါတယ်။

✈️ Flight Tickets & E-Sim တစ်နေရာတည်းမှာ အပြီးအစီး။

🏨 Hotel & Transport စိတ်ချရတဲ့ ကားအကြိုအပို့နဲ့ သန့်ရှင်းတဲ့ တည်းခိုခန်းများ။

🗺️ Expert Tour Itinerary (၂) ညအိပ် ခရီးစဉ်ကနေ (၇) ရက်ပတ် ခရီးစဉ်အထိ စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း။

"ဒီနှစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆုချဖို့ ခရီးစဉ်တစ်ခု ရှာနေတယ်ဆိုရင် အာရှရဲ့ ဆွစ်ဇာလန်ဖြစ်တဲ့ လာအိုနိုင်ငံဆီ Go LAOS နဲ့အတူ အလည်တစ်ခေါက် လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။" 🎒

📩 ခရီးစဉ် Package အမျိုးအစားများနှင့် ဈေးနှုန်းများကို သိရှိလိုပါက Page Messenger တွင် "Laos Trip" ဟု အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။ 🔗✨

02/08/2026

လာအိုနိုင်ငံရဲ့ Hidden Gem ဆိုလည်း ဟုတ်တယ်၊ Laos ရဲ့ Switzerland လို့လည်း တင်စားကြတဲ့ Xaysomboun (ဆိုင်းစုံဘွန်) ဆိုတဲ့ မြို့လေးအကြောင်း သိပြီးကြပြီလား⁉️

တောင်တန်းကြီးတွေကြားမှာ အေးချမ်းစွာ တည်ရှိနေပြီး၊ မြို့ပြရဲ့ စိတ်ရှုပ်စရာ ဆူညံမှုတွေကနေ ရုန်းထွက်ကာ သဘာဝတရားရဲ့အလှတရားစစ်ကို အပြည့်အဝခံစားချင်ရင်တော့ တကယ်ကို အပန်းဖြေသွားသင့်တဲ့ နေရာတစ်ခုပါပဲ။

Xaysomboun ကို ဘာကြောင့် မဖြစ်မနေ သွားလည်သင့်လဲဆိုတဲ့ အဓိက အချက် (၄) ချက်ကတော့…

✅ တစ်နှစ်ပတ်လုံးနီးပါး အေးစိမ့်နေတဲ့ ရာသီဥတုနဲ့အတူ မနက်ခင်းတိုင်းမှာ ကျယ်ပြန့်လှတဲ့ တိမ်ပင်လယ်ကြီးကို အနီးကပ်ဆုံး ငေးမောနိုင်ပါတယ်။

✅ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းဝင် Chao Anouvong ထုံးကျောက်လိုဏ်ဂူကြီးတွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ စိတ်လှုပ်ရှားဖွယ် ဝင်ရောက်စူးစမ်းနိုင်ပါတယ်။

✅ မြို့ပြနဲ့ဝေးရာက လာအိုတိုင်းရင်းသားတွေရဲ့ ရိုးမပျက်တဲ့ နေထိုင်မှုဘဝလေးတွေနဲ့ ရိုးရာအစားအစာတွေကို အနီးကပ်ဆုံး ထိတွေ့မြည်းစမ်းနိုင်ပါတယ်။

✅ လူအရောက်နည်းတဲ့ လမ်းကြမ်းခရီးစဉ်တွေဖြစ်လို့ Off-road ကားမောင်းရင်း သဘာဝတောတောင်တွေထဲမှာ စစ်မှန်တဲ့ Adventure အရသာကို အကောင်းဆုံး ရှာဖွေနိုင်သေးတာနော်။

ဒီလို အလှတရားတွေ ပြည့်နှက်နေတဲ့ Xaysomboun ကို အရောက်သွားပြီး အမိုက်စား အမှတ်တရတွေ ဖန်တီးချင်တယ်ဆိုရင်တော့ Go Laos Adventure ကနေ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ စီစဉ်ပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ။

ခရီးစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို သိရှိလိုပါက Page Chatbox မှာ အခုပဲ လာရောက်မေးမြန်းနိုင်ပါပြီ။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

30.7.2026 ( Thursday ) မနက်ဖြန် VangVieng ကို ကားနဲ့နေ့ချင်းပြန်လည်ဖို့ ခရီးစဉ်ရှိပါတယ်တစ်ယောက်ကို 2800 Baht နဲ့ page Me...
29/07/2026

30.7.2026 ( Thursday ) မနက်ဖြန် VangVieng ကို ကားနဲ့နေ့ချင်းပြန်လည်ဖို့ ခရီးစဉ်ရှိပါတယ်

တစ်ယောက်ကို 2800 Baht နဲ့ page Messenger မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ

29/07/2026

✈️ Air Ticket လား?

🚄 Train Ticket လား?

🚍 Bus Ticket လား?

နိုင်ငံတကာ ခရီးစဉ်တွေအတွက် လက်မှတ်ကိစ္စတွေ ခေါင်းရှုပ်နေရပြီဆိုရင်တော့ Go Laos ကိုသာ အခုပဲ အားကိုးလိုက်တော့ဗျာ။

Go Laos မှာ ဘယ်နိုင်ငံကိုပဲသွားသွား ခရီးစဉ်အတွက် လိုအပ်တဲ့ Ticket မျိုးစုံကို တစ်နေရာတည်းမှာတင် နှုန်းထားသက်သက်သာသာနဲ့ စိတ်ချလက်ချ ဝယ်ယူရရှိနိုင်ပါပြီဖြစ်လို့. . .

ကိုယ်တိုင် အချိန်ကုန်ခံပြီး တစ်နေရာစီ လိုက်ရှာစရာမလိုတော့ဘဲ ပြည်ပ လေယာဉ်လက်မှတ်၊ ရထားလက်မှတ်နဲ့ ကားလက်မှတ်တွေကို အစအဆုံး အဆင်ပြေစေရအောင် Go Laos ကနေ စနစ်တကျနဲ့ ဝန်ဆောင်မှုပေးသွားမှာပါ။

ဒါကြောင့် Transportaion Ticket တွေနဲ့ ပတ်သက်ရင် ဘာပဲလိုလို အတန်ဆုံးနှန်းထားနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ Go Laos ကိုသာ ဆက်သွယ်လိုက်တော့နော်။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

25/07/2026

လာအိုခရီးစဉ်အတွက် အကောင်းဆုံးဝန်ဆောင်မှု... Go LAOS ရှိတယ်နော်🇱🇦

နိုင်ငံရပ်ခြားကို ခရီးထွက်တဲ့အခါ အစအဆုံး စိတ်အေးရဖို့ဆိုရင် ဝန်ဆောင်မှုကောင်းကောင်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်🤗
ကျွန်တော်တို့ Go LAOS မှာ...

⛰️ (၂) ညအိပ် ဗန်ဗီယန်း အပန်းဖြေခရီးစဉ်ကနေ (၇) ရက်ပတ် လာအိုအနှံ့ ခရီးစဉ် Plan တွေအထိ စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း။

✈️ လေယာဉ်လက်မှတ်၊ ကားအကြိုအပို့၊ ဟိုတယ်တည်းခိုခန်းနဲ့ Internet အတွက် E-Sim အထိ အပြီးအစီး တာဝန်ယူပေးခြင်း။

"လက်မှတ်ကိစ္စတွေ၊ သွားလာရေးကိစ္စတွေအတွက် ခေါင်းစားမခံပါနဲ့တော့။ ခရီးစဉ်အစကနေ အဆုံးထိ Go LAOS က အကောင်းဆုံး တာဝန်ယူပေးထားလို့ လူကြီးမင်းတို့ကတော့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ဖို့ပဲ ပြင်ဆင်ထားလိုက်ပါ" 🎒

📩 လူကြီးမင်းတို့ သွားရောက်လိုတဲ့ ခရီးစဉ် Package တွေနဲ့ ဈေးနှုန်းကို သိရှိလိုပါက Page Messenger မှာ အခုပဲ လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါပြီခင်ဗျာ။ 🔗✨

21/07/2026

၇ ရက်တာအတွင်း လာအိုအလှဆုံးနေရာတွေကို Go LAOS နဲ့ ခြေဆန့်စို့✨

လာအိုနိုင်ငံရဲ့ အထင်ကရအရှိဆုံးမြို့ကြီး (၃) မြို့ဖြစ်တဲ့ Vientiane + Vang Vieng + Luang Prabang ကို တစ်ခေါက်တည်းနဲ့ အစုံအလင် ရောက်ရှိမယ့် ခရီးစဉ်ကြီး လာပါပြီ🚌

သမိုင်းဝင် ရွှေစေတီကြီးတွေ ဖူးမြော်မလား၊ စိမ်းလဲ့နေတဲ့ Blue Lagoon မှာ ရေကူးမလား၊ UNESCO စာရင်းဝင် မြို့ဟောင်းလေးထဲ စိတ်လွတ်ကိုယ်လွတ် Chill မလား... (၇) ရက်တာလုံး လာအိုရဲ့ အနှစ်သာရတွေကို အပြည့်အဝ ထိတွေ့ခွင့်ရမှာပါ။

ဟိုတယ်၊ ကား၊ လမ်းညွှန် အားလုံးကို Go LAOS က အစအဆုံး တာဝန်ယူပေးထားလို့ ခေါင်းစားစရာမလိုဘဲ Freedom အပြည့်နဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာ လည်ပတ်ဖို့ပဲ ပြင်ထားလိုက်တော့နော် 📸

📩 ဒီခရီးစဉ်ရဲ့ ထွက်ခွာမည့်ရက်များနှင့် ဈေးနှုန်းကို သိရှိလိုပါက Messenger တွင် "7 Days Laos" ဟု အခုပဲ စုံစမ်းနိုင်ပါပြီခင်ဗျာ။ 🔗✨

16/07/2026

Let’s make a memorable trip to Laos with Go Laos 💯

လာအိုနိုင်ငံကို ခရီးထွက်ဖို့ စဉ်းစားနေပြီဆိုရင်တော့

✨ Vientiane

✨ Vang Vieng နဲ့

✨ Luang Prabang မြို့ကြီးသုံးမြို့ကိုတော့ မဖြစ်မနေ အရင်ဆုံး လည်သင့်ပါတယ်နော်။

ဘယ်နေရာက ဘယ်လို အထင်ကရနေရာတွေ၊ သမိုင်းကြောင်းတွေရှိလို့ သွားသင့်တာလဲဆိုရင်...

တည်ငြိမ်အေးချမ်းတဲ့ ဘုရားပုထိုးတွေနဲ့ မြို့ပြရဲ့ အရသာအပြည့်အဝကို ခံစားချင်တယ်ဆိုရင်တော့ မြို့တော် 𝐕𝐢𝐞𝐧𝐭𝐢𝐚𝐧𝐞 ကို မဖြစ်မနေ သွားလည်သင့်ပါတယ်။

စွန့်စားခရီးသွားရတာ ကြိုက်တယ်ဆိုရင်တော့ Vang Vieng မှာ Zipline စီးတာ၊ Paramotor ပျံတာ၊ Hot Air Balloon နဲ့ ကောင်းကင်ယံအလှကို ခံစားတာ၊ Buggy ကား မောင်းပြီး Adventure ဆန်ဆန် စွန့်စားခန်းတွေဖွင့်တာမျိုး ပြုလုပ်နိုင်ပါတယ်။

Luang Prabang မြို့ဆို အနီးစပ်ဆုံး ကလော Vibes လိုမျိုးလေးကို ခံစားရမှာဖြစ်ပြီးတော့ အမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ လာအိုရဲ့ အလှဆုံး ရှေးဟောင်းမြို့တော်ကြီးရဲ့အရသာကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာပါ။

ဒါတွေအကုန်လုံးကို စရိတ်စက သက်သက်သာသာနဲ့ ပျော်ပျော်ပါးပါး လာအိုခရီး သွားချင်တယ်ဆိုရင်တော့ Go Laos က လူကြီးမင်းတို့အတွက် အသင့်ရှိနေပါတယ်နော်။

ဒေသတွင်း အစားအသောက်ကောင်းကောင်းတွေနဲ့အတူ စိတ်ချလက်ချ ခရီးသွားနိုင်ဖို့နဲ့ စရိတ်စက သက်သာစေဖို့ကို ရည်ရွယ်ပြီးလည်း အမိုက်စား Package တွေ စီစဉ်ထားတာမို့. . .

Package အတိအကျနဲ့ ခရီးစဉ်အသေးစိတ်ကို စိတ်ဝင်စားလို့ သိရှိလိုပါက အခုပဲ Go Laos ရဲ့ Chatbox မှာ လာရောက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

To contact us,
☎️+856 20 91 332 730
☎️ +66 652534472
☎️+959 7757 577 (Viber Number)
✉️ Email: [email protected]

13/07/2026

ခွင့်ရက်နည်းလို့ပဲဖြစ်ဖြစ်၊ အချိန်သိပ်မပေးနိုင်လို့ပဲဖြစ်ဖြစ် လာအိုကို သွားဖို့ စိတ်ကူးရုံပဲ ရှိသေးလား? 🤔

Go LAOS ရဲ့ Vang Vieng (၂ ညအိပ် ၃ ရက်) ခရီးစဉ်ဟာ အချိန်တိုတိုလေးအတွင်းမှာ လာအိုရဲ့ အလှဆုံး Nature & Adventure တွေကို အပြည့်အဝ ခံစားနိုင်မယ့် အကောင်းဆုံး Package ပါပဲ။

စိမ်းလဲ့နေတဲ့ Blue Lagoon ထဲ ခုန်ချပြီး အပန်းဖြေမလား? Nam Song River မြစ်ဘေးမှာ အေးအေးဆေးဆေး နေဝင်ချိန်ကို ငေးမလား? အလုပ်ထဲက Stress တွေအားလုံးကို ဒီခရီးစဉ်လေးမှာ စွန့်ပစ်လိုက်ရုံပဲနော်။ 🥰

ဟိုတယ်၊ ကား၊ လမ်းညွှန် အားလုံးကို စနစ်တကျ ပြင်ဆင်ပေးထားလို့ "လာအိုခရီးစဉ်ဆိုရင် Go LAOS ကိုသာ အခုပဲ ယုံကြည်စိတ်ချစွာ ချိတ်ဆက်လိုက်တော့နော်"

📩 ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းကို သိရှိလိုပါက Page Messenger မှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါပြီခင်ဗျာ။ 🔗✨

🇱🇦 လာအိုနိုင်ငံမှာ အလည်အများဆုံးနေရာ (၃) နေရာရဲ့ သမိုင်းကြောင်းခရီးသွားတွေကြားမှာ Underrated ဖြစ်နေပေမယ့် လက်တွေ့မှာ ရာသ...
25/06/2026

🇱🇦 လာအိုနိုင်ငံမှာ အလည်အများဆုံးနေရာ (၃) နေရာရဲ့ သမိုင်းကြောင်း

ခရီးသွားတွေကြားမှာ Underrated ဖြစ်နေပေမယ့် လက်တွေ့မှာ ရာသီဥတု အရမ်းကောင်းပြီး တစ်ခါလည်ပြီးတိုင်း ထပ်ခါထပ်ခါ ပြန်လာချင်နေမယ့် နိုင်ငံကတော့ လာအိုနိုင်ငံပါပဲ။

စွန့်စားရတာကြိုက်တဲ့ သူတွေအတွက် Helicopter Tour, Buggy ကားမောင်း, Paramotor နဲ့ Zip Line စတဲ့ အမိုက်စား Adventure Activities တွေ အပြည့်ရှိသလို၊ သမိုင်းအမွေအနှစ်တွေကို လေ့လာချင်သူတွေအတွက်လည်း သိပ်ကိုလည်လို့ကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့မှာတော့ လာအိုကိုရောက်ရင် မဖြစ်မနေသွားသင့်တဲ့ အလည်အများဆုံး နေရာ (၃) ခုရဲ့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းလေးအချို့ကို မျှဝေပေးလိုက်ပါတယ်။

(𝟏) 𝐋𝐮𝐚𝐧𝐠 𝐏𝐫𝐚𝐛𝐚𝐧𝐠
Luang Prabang ဟာ ရှေးခေတ် လန်ဆန်း (Lan Xang) ဘုရင့်နိုင်ငံတော်ရဲ့ မြို့တော်ဟောင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေနဲ့ ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာတွေ လှပစွာ ပေါင်းစပ်နေပြီး မြို့တစ်ခုလုံးဟာ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့တစ်မြို့ပဲဖြစ်ပါတယ်။

(𝟐) 𝐕𝐢𝐞𝐧𝐭𝐢𝐚𝐧𝐞
လာအိုနိုင်ငံရဲ့ လက်ရှိမြို့တော်ဖြစ်ပြီး ၁၆ ရာစုမှာ မြို့တော်အဖြစ် စတင်သတ်မှတ်ခံခဲ့ရပါတယ်။ သမိုင်းဝင် ရွှေရောင်ဝင်းလက်နေတဲ့ ဖာသတ်လွမ် (Pha That Luang) စေတီတော်ကြီး အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အငွေ့အသက်တွေကို ခံစားလေ့လာနိုင်မယ့် နေရာတစ်ခုပဲဖြစ်ပါတယ်။

(𝟑) 𝐕𝐚𝐧𝐠 𝐕𝐢𝐞𝐧𝐠
ဗီယက်နမ်စစ်ပွဲကာလတုန်းက လေတပ်စခန်းအဖြစ် အသုံးပြုခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပေမယ့် အခုအခါမှာတော့ ထုံးကျောက်တောင်တန်းတွေ၊ သဘာဝလိုဏ်ဂူတွေနဲ့အတူ စွန့်စားခရီးသွားကြိုက်တဲ့သူတွေအတွက် ပြန်အသက်ဝင်လာတဲ့ နေရာလေးဖြစ်ပါတယ်။

သမိုင်းကြောင်းတွေလည်းလေ့လာရင်း၊ အမိုက်စား Adventure တွေလည်းလုပ်ဖို့အတွက် လာအိုကို အလည်သွားဖို့ စဉ်းစားနေပြီဆိုရင်တော့ Go Laos Adventure နဲ့အတူတူ ခရီးဆက်ဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော်!

To contact us,
☎️ +856 20 91 332 730
☎️ +66 652534472
☎️ +959 7757 577 (Viber Number)
✉️ Email: [email protected]

ပြီးပြည့်စုံတဲ့ လာအိုခရီးစဉ်အတွက် Go Laos နဲ့ချိတ်ဆက်✨လာအိုနိုင်ငံရဲ့ လှပတဲ့တောင်တန်းတွေ၊ ကြည်လင်အေးမြတဲ့ Blue Lagoon နဲ...
20/06/2026

ပြီးပြည့်စုံတဲ့ လာအိုခရီးစဉ်အတွက် Go Laos နဲ့ချိတ်ဆက်✨

လာအိုနိုင်ငံရဲ့ လှပတဲ့တောင်တန်းတွေ၊ ကြည်လင်အေးမြတဲ့ Blue Lagoon နဲ့ UNESCO စာရင်းဝင် Luang Prabang မြို့ဟောင်းဆီကို အပန်းဖြေဖို့ စိတ်ကူးနေပြီလား?⛰️

ဒီလိုလှပတဲ့ ခရီးစဉ်တစ်ခုအဖြစ် ပြီးပြည့်စုံဖို့အတွက် ခေါင်းစားခံပြီး အစအဆုံး လိုက်ပြင်ဆင်နေစရာ မလိုတော့ဘူးနော်။ ဘာ့ကြောင့်လဲဆိုတော့ Go LAOS နဲ့ ချိတ်ဆက်လိုက်ရုံနဲ့...🇱🇦

✈️ Flight Tickets & E-Sim
လေယာဉ်လက်မှတ်ကအစ အင်တာနက်အတွက် E-Sim အထိ တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ခြင်း။

🏨 Hotel & Transport
သန့်ရှင်းသပ်ရပ်တဲ့ တည်းခိုခန်းတွေနဲ့ စိတ်ချရတဲ့ ကားအကြိုအပို့ ဝန်ဆောင်မှု။

🗺️ Expert Itinerary
(၇) ရက်တာ လာအိုအနှံ့ ခရီးစဉ်တွေအပြင် Vang Vieng အပန်းဖြေ Package တွေကို အဆင်ပြေဆုံး စီစဉ်ပေးခြင်း။

အိတ်စိုက်လည်းသက်သာ၊ ဝန်ဆောင်မှုလည်း စိတ်ချရတဲ့ လာအိုခရီးစဉ်တစ်ခု ပိုင်ဆိုင်ဖို့ Go LAOS ကိုသာ အခုပဲ ဆက်သွယ်လိုက်တော့နော်။

📩 လူကြီးမင်းတို့ သွားချင်တဲ့ ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းတွေကို သိရှိလိုပါက Page Messenger သို့ အခုပဲ လာရောက်ဆက်သွယ် စုံစမ်းနိုင်ပါပြီခင်ဗျာ။

Address

Xaythana
Vientiane
10100

Alerts

Be the first to know and let us send you an email when Go Laos Adventure Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share