ArLuPost Courier

ArLuPost Courier With Safety, Speedy, and Legendary service, ArLuPost is a Reliable Partner for your Business Success
(708)

ArLuPost was founded in January 2016 by a group of individuals with the goal of promoting Myanmar's development. On May 01, 2016, the company officially commenced its operations in Yangon, Mandalay, and Jiegao, China. As of 2023, ArLuPost has expanded its operations and established over 60 branches with a workforce of more than 400 employees. The company's commitment to providing customers with sa

fe, speedy, and high-quality services has resulted in its steady growth. As a leading integrated express logistics service provider in Myanmar, ArLuPost offers a wide range of services, including international logistics, international express delivery, cross-border e-commerce import and export, Myanmar domestic express delivery, e-commerce, overseas purchasing, import and export tax rebate, customs clearance, and more. ArLuPost's management model involves direct operation, with the headquarters overseeing unified operations and management to ensure the network's overall quality of service. This approach is a result of the company's dedicated management and forward-thinking strategic planning.

ရာသီဥတုနဲ့အချစ်ဟာ ယုံကြည်လို့မရတဲ့အရာပဲ လို့  ဆိုတဲ့အတိုင်း အရမ်းတွေပူလာလိုက် မိုးတွေရွာလာလိုက် လေတွေတိုက်လိုက်နဲ့အမျိုး...
24/05/2026

ရာသီဥတုနဲ့အချစ်ဟာ ယုံကြည်လို့မရတဲ့အရာပဲ လို့ ဆိုတဲ့အတိုင်း အရမ်းတွေပူလာလိုက် မိုးတွေရွာလာလိုက် လေတွေတိုက်လိုက်နဲ့
အမျိုးမျိုးပြောင်းလဲနေတဲ့ အခုလိုအချိန်မျိုးမှာ ပါဆယ်ပစ္စည်းတွေအတွက်နဲ့ အပြင်ထွက်နေရမှာကို စိုးရိမ်စရာလိုတော့ပါ။

အိမ်ထဲမှာပဲ အေးဆေးသက်သောင့်သက်သာနေရင်း ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံ (သို့) www.arlupost.net ကိုဝင်ရောက်ပြီး Booking လေးတင်လိုက်ရုံနဲ့ ကျန်တာအားလုံးကို ArLu တို့ဘက်က တာဝန်ယူပေးသွားပါမယ်။💙

ကာကာတို့ရဲ့ ပါဆယ်တွေကို အိမ်ထဲကနေအိမ်ပြင်ထွက်စရာမလိုဘဲ ပို့ဆောင်နိုင်ဖို့အတွက် အခုပဲ ArLuPost မှာ Booking တင်လိုက်လို့ရပါပြီခင်ဗျ။
🤳🛵📦

---------------–--------------
Hotline : 0996-980-8008
Web App : www.arlupost.net

#မြန်မြန်ယူမြန်မြန်ပို့အဲ့တာအာလူးပို့စ်

အပိုဝန်ဆောင်ခလုံးဝပေးစရာမလိုပါ. . . 🫶💙အနည်းဆုံး ပါဆယ်ပစ္စည်း(တစ်)ထုပ်ကနေအစ အိမ်တိုင်ရာရောက် လာရောက်ကောက်ယူပေးတဲ့ ArLuPos...
15/05/2026

အပိုဝန်ဆောင်ခလုံးဝပေးစရာမလိုပါ. . . 🫶💙

အနည်းဆုံး ပါဆယ်ပစ္စည်း(တစ်)ထုပ်ကနေအစ အိမ်တိုင်ရာရောက် လာရောက်ကောက်ယူပေးတဲ့ ArLuPost နဲ့ ပစ္စည်းပို့မယ်ဆိုရင်တော့ 🤝💙
သယ်ယူပို့ဆောင်ခ (Deli ခ)ပဲကျသင့်မှာဖြစ်ပြီး
COD အတွက် ထပ်မံပေးဆောင်စရာမလိုပါဘူးနော်။

ငွေပိုတွေထပ်မံပေးဆောင်စရာမလိုဘဲ COD အတွက်လဲ ယုံကြည်စိတ်ချရမှုပေးမယ့် ArLuPost နဲ့ အခုပဲပါဆယ်များပို့ဆောင်လိုက်ပါ။ 📦💙

---------------–--------------
Hotline : 0996-980-8008
Web App : www.arlupost.net

#မြန်မြန်ယူမြန်မြန်ပို့အဲ့တာအာလူးပို့စ်

07/05/2026

ချစ်ရတဲ့ ကာကာများအားလုံးမင်္ဂလာပါရှင့်
ArLuPost Courier Page Messenger error တက်နေသောကြောင့်လူကြီးမင်းတို့ မေးမြန်းထားသည့် စာများ ပြန်လည်ဖြေကြား၍မရဖြစ်နေပါသည်။
ထို့ကြောင့်လူကြီးမင်းတို့အနေဖြင့် အကြောင်းတစုံတရာဆက်သွယ်မည်ဆိုပါက Hotline: 0996-980-8008 သ်ု့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
:0996-980-8008
.arlupost.net

ကာကာတို့ရဲ့ ပါဆယ်ပစ္စည်းများကို မြန်မာပြည်အနှံ့အရောက်ပို့ဆောင်ပေးမယ် 📦🛵ပို့ဆောင်ရခက်ခဲနေသည့် မြို့များအတွက် အဆင်မပြေခေါင...
07/05/2026

ကာကာတို့ရဲ့ ပါဆယ်ပစ္စည်းများကို မြန်မာပြည်အနှံ့အရောက်ပို့ဆောင်ပေးမယ် 📦🛵

ပို့ဆောင်ရခက်ခဲနေသည့် မြို့များအတွက် အဆင်မပြေခေါင်းရှုပ်စရာဖြစ်နေတဲ့ Online Shop လုပ်ငန်းရှင်များအတွက် အာလူးတို့မှ မြန်မာပြန်အနှံ့မြို့ပေါင်း (၁၅၀)ကျော်အထိ အရောက်ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုရှိနေပါပြီ။

Cash On Deli စနစ်ဝန်ဆောင်မှုဖြင့် ကာကာတို့ရဲ့ လုပ်ငန်းနှင့် ငွေကြေးများ ပိုမိုတို့ပွားလာစေဖို့ အာလူးတို့နဲ့အတူလက်တွဲလိုက်ပါ။ အာလူးတို့ဘက်မှလဲ " Make Someone's Day " ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သူတပါးရဲ့တစ်နေ့တာကို ပျော်ရွှင်စေဖို့အလို့ငှာ အကောင်းဆုံးဝန်ဆောင်မှုများပေးသွားပါမည်။ 🤝💙

---------------–--------------
Hotline : 0996-980-8008
Web App : www.arlupost.net

#မြန်မြန်ယူမြန်မြန်ပို့အဲ့တာအာလူးပို့စ်

ArLuPost ရဲ့ချစ်သောCustomerများရှင်....သတင်းကောင်း သတင်းကောင်း...*** တနင်္လာမှသောကြာ‌နေ့အတွင်း(ဘဏ်ဖွင့်ရက်တိုင်း) နေ့စဉ်...
01/05/2026

ArLuPost ရဲ့ချစ်သောCustomerများရှင်....

သတင်းကောင်း သတင်းကောင်း...

*** တနင်္လာမှသောကြာ‌နေ့အတွင်း(ဘဏ်ဖွင့်ရက်တိုင်း) နေ့စဉ်COD ကောက်ငွေလွှဲပေးမည် ***
📌ArLuPost ကို အစဉ်အမြဲ အားပေးကြသော ချစ်Customer များအတွက် သတင်းကောင်းလေးတစ်ခု အသိ‌ပေးအပ်ပါတယ်ရှင့်
👉2026.05.04 ရက်နေ့မှစ၍ Online ငွေကောက်(COD ငွေ)များကို တနင်္လာမှသောကြာ‌နေ့အတွင်း(ဘဏ်ဖွင့်ရက်တိုင်း) နေ့စဉ်ငွေလွှဲပေးမှာ ဖြစ်ပါတယ်ရှင့်
💁♀ ကြာသပတေး,သောကြာနေ့များတွင် လက်ခံသူထံ ပစ္စည်းရောက်ရှိပြီးသောဘောင်ချာများအတွက် တနင်္လာနေ့တွင် ငွေလွှဲပေးမှာ ဖြစ်ပါတယ်ရှင့်
(Mon --> Thu & Fri)

💁♀ စနေနေ့တွင် လက်ခံသူထံ ပစ္စည်းရောက်ရှိပြီးသောဘောင်ချာများအတွက် အင်္ဂါနေ့တွင် ငွေလွှဲပေးမှာ ဖြစ်ပါတယ်ရှင့်
(Tue --> Sat)

💁♀ တနင်္ဂနွေနေ့တွင် လက်ခံသူထံ ပစ္စည်းရောက်ရှိပြီးသောဘောင်ချာများအတွက် ဗုဒ္ဓဟူးနေ့တွင် ငွေလွှဲပေးမှာ ဖြစ်ပါတယ်ရှင့်
(Wen --> Sun)

💁♀ တနင်္လာနေ့တွင် လက်ခံသူထံ ပစ္စည်းရောက်ရှိပြီးသောဘောင်ချာများအတွက် ကြာသပတေးနေ့တွင် ငွေလွှဲပေးမှာ ဖြစ်ပါတယ်ရှင့်
(Thu --> Mon)

💁♀ အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် လက်ခံသူထံ ပစ္စည်းရောက်ရှိပြီးသောဘောင်ချာများအတွက် သောကြာနေ့တွင်ငွေလွှဲပေးမှာ ဖြစ်ပါတယ်ရှင့်
(Fri --> Tue,Wed)
📑 ငွေစာရင်းများကိုယ်တိုင်စစ်ဆေးရန် www.arlupost.net မှာ လူကြီးမင်းတို့ကိုယ်တိုင် ဝင်ရောက်ကြည့်ရှုစစ်ဆေးကြရမှာဖြစ်ပါတယ်ရှင့်။ ငွေစာရင်းဌာနမှ စာရင်းများကို တစ်ဉီးချင်းဆီသို့ ထပ်မံပို့ဆောင်ပေးမည်မဟုတ်တော့ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ရှင့်။
💥လူကြီးမင်းတို့၏ COD ကောက်ငွေများကို လုံခြုံစိတ်ချစွာနဲ့အမြန်ဆုံးရရှိဖို့ ArLuPost နဲ့ ပစ္စည်းပို့ဆောင်ကြပါလို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

#မြန်မြန်ယူမြန်မြန်ပို့အဲ့တာအာလူးပိုစ်

#09969808008

"အလုပ်သမားနေ့" 2026ခုနှစ် မေလ (၁)ရက်နေ့တွင်ကျရောက်သည့် “အလုပ်သမားနေ့”မှစ၍ အလုပ်သမားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပ...
01/05/2026

"အလုပ်သမားနေ့"

2026ခုနှစ် မေလ (၁)ရက်နေ့တွင်ကျရောက်သည့် “အလုပ်သမားနေ့”မှစ၍ အလုပ်သမားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လုပ်ဆောင်သမျှလုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ကြပါစေလို့ ArLuPost မိသားစုမှဆုမွန်ကောင်း တောင်းအပ်ပါတယ်။🙏


#09969808008

#အလုပ်သမားနေ

ကဆုန်လပြည့် - 2026-04-30ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏...
30/04/2026

ကဆုန်လပြည့် - 2026-04-30

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
Crd 🙏🙏🙏🙏🙏

#ကဆုန်လပြည့်နေ့

*** ArLuPost Company မှ အတူလက်တွဲကြိုးပမ်းလုပ်ကိုင်ကြရန် အောက်ပါအလုပ်နေရာများအတွက် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းသစ်များဖိတ်ခေါ...
29/04/2026

*** ArLuPost Company မှ အတူလက်တွဲကြိုးပမ်းလုပ်ကိုင်ကြရန် အောက်ပါအလုပ်နေရာများအတွက် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းသစ်များဖိတ်ခေါ်ခြင်း ***

Customer Service Staff” (Male/Female-10 Post)
**လုပ်ငန်းလိုအပ်ချက်**
✅အဝေးသင်/ဘွဲ့ရ
✅အလုပ်အတွေ့အကြုံမရှိသော်လည်း ကြိုးစားသင်ယူနိုင်သူ၊ Team workဖြင့်လုပ်နိုင်သူ၊လိုက်လျောညီထွေစွာဆက်ဆံနိုင်သူ၊customer များအား စိတ်ရှည်စွာ service ပေးနိုင်သူဖြစ်ရမည်။
✅Customer Service/နေ့စဉ်ဖုန်းစက်‌ပြောဆိုခြင်းအလုပ်ကိုဝါသနာပါသူဖြစ်ရမည်။(အတွေ့အကြုံရှိသူဦးစားပေးမည်။)
✅စကားအပြောအဆိုချိုသာ၍ဆက်ဆံရေး‌ပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
✅Customer needs & Complain များကိုစိတ်ရှည်ရှည်ထားနား‌ထောင်ပေးနိုင်ပြီး ကူညီဖြေရှင်း‌ပေးလိုစိတ်ရှိသူဖြစ်ရမည်။
✅Computer Basic(Word/Excel)အသုံးပြုနိုင်သူဖြစ်ရမည်။
အလုပ်လျှောက်ထားလိုပါက viberမှဖြစ်စေ၊လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။

-ရုံးတက်ရမည့်လိပ်စာမှာ— 137,51*52 Pyi GyiDagonMandalay
ပါဝင်လက်တွဲလုပ်ကိုင်လိုပါက viberမှဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်‌စေဆက်သွယ်‌‌ လျောက်ထားနိုင်ပါကြောင်းလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

PhoneNo-09765650896
Viber📱-09765650896
Address -137,51*52,ပြည်ကြီးတံခွန်၊Mandalay

ArLuPost ကိုအစဉ်အမြဲအသုံးပြုလာကြသောCustomer များရှင်....2026-04-20ရက်နေ့တွင် ArLuPostရုံးချုပ်နှင့်ArLuPostရုံးခွဲများပု...
20/04/2026

ArLuPost ကိုအစဉ်အမြဲအသုံးပြုလာကြသောCustomer များရှင်....
2026-04-20ရက်နေ့တွင် ArLuPostရုံးချုပ်နှင့်ArLuPostရုံးခွဲများပုံမှန်အတိုင်းဝန်ဆောင်မှုပေးနေပြီဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါတယ်ရှင့်...

#မြန်ယူမြန်ပို့အဲဒါအာလူးပို့

🙏 နှစ်ဆန်းတစ်ရက်နေ့ 🙏(၁၇.၀၄.၂၀၂၆)နှစ်ဆန်းတစ်ရက်နေ့မှာ ၃၁ဘုံတွင်နေထိုင်ကုန်သောလူနတ်ဗြဟ္မာသတ္တဝါများအားလုံး၊နှစ်ဆန်းတစ်ရက်...
17/04/2026

🙏 နှစ်ဆန်းတစ်ရက်နေ့ 🙏(၁၇.၀၄.၂၀၂၆)
နှစ်ဆန်းတစ်ရက်နေ့မှာ ၃၁ဘုံတွင်နေထိုင်ကုန်သောလူနတ်ဗြဟ္မာသတ္တဝါများအားလုံး၊နှစ်ဆန်းတစ်ရက်နေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကာယစိတ္တ၊နှစ်ဖြာသောသုတတို့နှင့်ပြည့်စုံပြီး၊လောကီ၊လောကုတ္တရာကောင်းကျိုးများဆောင်ရွက်နိုင်ကြပါစေကြောင်းArLuPostမိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်...🙏🙏🙏

#နှစ်ဆန်းတစ်ရက်နေ့


#မြန်ယူမြန်ပို့အဲဒါအာလူးပို့

သင်္ကြန်အတက်နေ့ (16-04-2026)သင်္ကြန် အတက်နေ့ ကို ရောက်လာပါပြီ ……“ ကျန်းမာပါစေ၊ ပန်းလိုမွှေး၊ ရေလိုအေးကာ၊ထာဝစဉ် ရွှင်လန်း...
16/04/2026

သင်္ကြန်အတက်နေ့ (16-04-2026)

သင်္ကြန် အတက်နေ့ ကို ရောက်လာပါပြီ ……
“ ကျန်းမာပါစေ၊ ပန်းလိုမွှေး၊ ရေလိုအေးကာ၊
ထာဝစဉ် ရွှင်လန်း ကြပြီး
ဘေးဘယာ တွေကင်းဝေးကြပါစေကြောင်း” ArLuPost"မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။



#မြန်ယူမြန်ပို့အဲဒါအာလူးပို့

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959969808008

Alerts

Be the first to know and let us send you an email when ArLuPost Courier posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ArLuPost Courier:

Share