Northern Brothers

Call Contact the business

Northern Brothers ရေခဲတောင် ခရီးသွားပို့ဆောင်ရေး

⛰️🏔️ ဖုန်ကန်ရာဇီ (mt . Hpongan Razi ) ရေခဲတောင်တက်ခရီးစဉ် ⛰️🏔️ဖုန်ကန်ရာဇီသည် အမြင့်ပေ ၁၁,၉၂၀ ပေမြင့်ပြီး ပူတာအိုမြို့၏ အ...
22/09/2026

⛰️🏔️ ဖုန်ကန်ရာဇီ (mt . Hpongan Razi ) ရေခဲတောင်တက်ခရီးစဉ် ⛰️🏔️
ဖုန်ကန်ရာဇီသည် အမြင့်ပေ ၁၁,၉၂၀ ပေမြင့်ပြီး ပူတာအိုမြို့၏ အနောက်ဘက်တွင် တည်ရှိပါသည်။ လမ်းခရီး အလွန်အမင်း ခက်ခဲခြင်းမရှိသဖြင့် ရေခဲတောင် ခရီးသွားဝါသနာရှင်များနှင့် အတွေ့အကြုံ မရှိသေးသူများ ပထမဆုံး စတင်တက်ရောက်ရန် အသင့်တော်ဆုံး တောင်တစ်တောင် ဖြစ်ပါသည်။
ဖုန်ကန်ရာဇီ တောင်တက်ခရီးစဉ်တွင် သဘာဝပတ်ဝန်းကျင် အလှတရားများကို အနီးကပ်ဆုံး ထိတွေ့ခံစားရမည်ဖြစ်ပြီး မမြင်ဖူး၊ မခံစားဖူးသေးသည့် အမြင့်ပေမှ ထူးခြားသော သဘာဝရှုခင်းများကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့အပြင် ဒေသအသီးသီးမှ ဝါသနာတူ မိတ်ဆွေသစ်များ ရရှိခြင်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ရင်း မိမိကိုယ်ကို ယုံကြည်မှု ပိုမိုတိုးတက်လာစေခြင်းတို့မှာ ဖုန်ကန်ရာဇီခရီးစဉ်၏ ထူးခြားသည့် အတွေ့အကြုံများ ဖြစ်ကြသည်။
ကျွန်တော်တို့ Northern Brothers အဖွဲ့မှ ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်ကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ ဧပြီလကုန်အထိ တောက်လျှောက် ပို့ဆောင်ပေးလျက်ရှိပါသည်။ ပူတာအိုမြို့မှ စတင်မည့် ခရီးစဉ်မှာ (၇) ညအိပ် (၈) ရက် ခန့် ကြာမြင့်မည်ဖြစ်သည်။သတိပြုရန် - ခရီးစဉ်အဆင်ပြေစေရန်အတွက် ခရီးမထွက်မီ (၁) လခန့် ကြိုတင်၍ လမ်းလျှောက် လေ့ကျင့်ခန်းနှင့် အတက်အဆင်း ဒူးလေ့ကျင့်ခန်းများ ပြုလုပ်ထားရန် အကြံပြုလိုပါသည်။ ခရီးစဉ် တစ်ကြောင်းလျှင် လူဦးရေ အနည်းဆုံး (၁) ဦးမှ (၁၀) ဦးအထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။ခရီးစဉ် အသေးစိတ် (၈ ရက်)
Day 1: ပူတာအို ➔ ဇီယာဒမ်းရွာ
ပူတာအိုမြို့မှ ဇီယာဒမ်းရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာမည်။ (ခန့်မှန်းကြာချိန် ၄ - ၅ နာရီ)
Day 2: ဇီယာဒမ်းရွာ ➔ အောက်သစ်ပင်ကြီးစခန်း
မနက်ပိုင်းတွင် ဇီယာဒမ်းရွာမှ အောက်သစ်ပင်ကြီးစခန်းသို့ ခြေလျင်စတင် ထွက်ခွာမည်။
Day 3: အောက်သစ်ပင်ကြီးစခန်း ➔ ခမ်းတောက်မြစ်စခန်း
အောက်သစ်ပင်ကြီးစခန်းမှ မနက်စာသုံးဆောင်ပြီး ခမ်းတောက်မြစ်စခန်းသို့ တောလမ်းအတိုင်း ခရီးဆက်မည်။
Day 4: ခမ်းတောက်မြစ်စခန်း ➔ ရေခဲစပ်စခန်း
ခမ်းတောက်မြစ်စခန်းမှ ရေခဲစပ်စခန်းသို့ အတက်လမ်းအတိုင်း ဆက်လက်တက်ရောက်မည်။
Day 5: ရေခဲစပ်စခန်း ➔ ဖုန်ကန်ရာဇီ တောင်ထိပ် ➔ ရေခဲစပ်စခန်း
ရေခဲစပ်စခန်းမှ ဖုန်ကန်ရာဇီ တောင်ထိပ်သို့ တက်ရောက်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးပြီး ရေခဲစပ်စခန်းသို့ ပြန်ဆင်း၍ ညအိပ်မည်။
Day 6: ရေခဲစပ်စခန်း ➔ အောက်သစ်ပင်ကြီးစခန်း
ရေခဲစပ်စခန်းမှ အောက်သစ်ပင်ကြီးစခန်းသို့ အပြန်ခရီး စတင်ဆင်းမည်။
Day 7: အောက်သစ်ပင်ကြီးစခန်း ➔ ဇီယာဒမ်းရွာ
အောက်သစ်ပင်ကြီးစခန်းမှ ဇီယာဒမ်းရွာသို့ ပြန်လည်ရောက်ရှိ ညအိပ်မည်။
Day 8: ဇီယာဒမ်းရွာ ➔ ပူတာအိုမြို့
ဇီယာဒမ်းရွာရှိ ရေခဲတောင်နောက်ခံနှင့် လှပထင်ရှားသည့် ဇီယာကျောက်တုံးကြီးတွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီး ပူတာအိုမြို့သို့ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာကာ ခရီးစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းမည် ဖြစ်သည်။
ပါဝင်သည့် ဝန်ဆောင်မှုများ (Included Services)
ပူတာအို လေဆိပ် ကြို/ပို့ ဝန်ဆောင်မှု
ပူတာအို ➔ ဇီယာဒမ်း အသွား/အပြန် ဆိုင်ကယ် ကယ်ရီ
ခရီးစဉ်တစ်လျှောက် သုံးနပ်စာ အစားအသောက်များ (မနက်၊ နေ့လယ်၊ ည)
အထမ်းသမားခနှင့် ဒေသခံ တောင်တက်လမ်းပြခ
ရွာတည်းခိုခ၊ ရွက်ဖျင်တဲ (Tent) နှင့် အခင်းများ
မပါဝင်သည့် ဝန်ဆောင်မှုများ (Excluded Services)
လေယာဉ်လက်မှတ်
ဟိုတယ် တည်းခိုခနှင့် မြို့တွင်းလည်ပတ်စရိတ်
မိမိတစ်ကိုယ်ရေသုံး တောင်တက်ပစ္စည်းများ၊ Sleeping Bag နှင့် ဆေးဝါးများ
ခရီးစဉ်နှင့် မသက်ဆိုင်သော အပိုကုန်ကျစရိတ်များ
ယူဆောင်လာရမည့် တစ်ကိုယ်ရေသုံး ပစ္စည်းများ

မိုးကာအင်္ကျီ (အထူ ၂ ထည်၊ အပါး ၁ ထည်) နှင့် ဆိုင်ကယ်စီး မိုးကာ (၁) ထည်
ညအိပ်ဝတ်ရန် ဆွယ်တာလက်ရှည် (၂) စုံ
လမ်းလျှောက်ဝတ်စုံ (၂) စုံ (အင်္ကျီ ၂ ထည်၊ မိုးကာအသား ဘောင်းဘီရှည် ၁ ထည်၊ ဆွယ်တာ လမ်းလျှောက်ဘောင်းဘီရှည် ၁ ထည်)
လျှာထိုးဦးထုပ် (၁) လုံး၊ အနွေးဦးထုပ် (၁) လုံး
လက်အိတ် (ရိုးရိုး ၂ စုံ၊ မိုးကာသား အနွေး ၁ စုံ)
ခြေအိတ် (အတို ၃ စုံ၊ အရှည် ၂ စုံ)
နေကာမျက်မှန်၊ ခေါင်းစွပ်ဓာတ်မီးနှင့် ဓာတ်ခဲ (၁) ကတ်
သောက်ရေဗူး
ကျောပိုးအိတ်အသေး (ရေဗူး၊ မျက်မှန်၊ ဓာတ်မီး၊ မုန့်များ ထည့်ရန်)
ညှပ်ဖိနပ် (၁) ရံ၊ တောစီးဖိနပ် (၁) ရံ
နှင်းကာ ဒူးစွပ် (Snow Gaiters)
မိမိနှစ်သက်ရာ အစာခံသရေစာမုန့်များနှင့် လိုအပ်သော ကိုယ်ပိုင်ဆေးဝါးများ ⚠️ ခရီးစဉ် လိုက်ပါမည့်သူများ သိရှိရန် ခရီးသည်များသည် ခရီးစဉ်မထွက်ခွာမီ (၁) ရက်အလို တွင် ပူတာအိုမြို့သို့ ရောက်ရှိရမည် ဖြစ်သည်။
ဆောင်းတွင်း၌ ခရီးသွား များပြားသဖြင့် လေယာဉ်လက်မှတ်များကို ကြိုတင် ချိတ်ဆက်ထားရန် လိုအပ်ပါသည်။
ခရီးစဉ်အတွင်း မသက်ဆိုင်သော တန်ဖိုးကြီး ပစ္စည်းများနှင့် လက်ဝတ်ရတနာများ ယူဆောင်လာခြင်း မပြုပါရန်။
ဈေးနှုန်း၊ ဝန်ဆောင်မှုများနှင့် အခြားသိရှိလိုသည်များကို Page Chatbox နှင့်
09756771697,09758708708 မှတစ်ဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်
ပါသည်။ #ရေခဲတောင်တက်ခရီးစဉ် #ဖုန်ကန်ရာဇီ

အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

21/09/2026

⛰️🏔️ တိမ်လွှာတွေအထက်က နှင်းတောင်တန်းတွေဆီ အားမာန်တွေ ပြည့်ဝနေဆဲ အသက်အရွယ်မှာလှမ်းလာခဲ့ပါ….🏔️⛰️
အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ထာဝရဆီးနှင်းတွေ ဖုံးလွှမ်းရာ ပူတာအိုရဲ့ ရေခဲတောင်တန်းကြီးတွေဟာ သတ္တိနဲ့ ခွန်အားပြည့်ဝသူတွေကို အမြဲမပြတ် စိန်ခေါ်ခေါ်ယူနေပါတယ်။ ရေခဲတောင်ဆိုတာ စိတ်ကူးယဉ်ရုံနဲ့ ရောက်နိုင်တဲ့နေရာ မဟုတ်သလို၊ ငွေကြေးရှိရုံနဲ့လည်း အချိန်မရွေး သွားရောက်နိုင်တဲ့ နေရာမျိုး မဟုတ်ပါဘူး။
တောင်တက်ခရီးတစ်ခုရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့၊ အောက်ဆီဂျင်နည်းတဲ့ လေထုထဲမှာ ခြေလှမ်းတိုင်းကို အားမာန်ပါပါ နင်းဖြတ်ဖို့နဲ့ သွေးအေးခဲမတတ် အေးစက်တဲ့ ရာသီဥတုကို ကြံ့ကြံ့ခံဖို့ဆိုတာ "သွေးပူဆူဝဲနေဆဲ အသက်အရွယ်နဲ့ လှုပ်ရှားရွှေ့လျားနိုင်စွမ်းရှိတဲ့ ခန္ဓာကိုယ်" ရှိနေတဲ့ အချိန်မှာပဲ အပြည့်အဝ စွန့်စားနိုင်တာပါ။
ပင်ပန်းဆင်းရဲမှုပေါင်းများစွာ၊ အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ပြီး တောင်ထိပ်ဖျားကို ရောက်သွားတဲ့အခါ ခြေအောက်မှာ စီးမိုးတွေ့ရမယ့် တိမ်ပင်လယ်ကြီး၊ မပျက်စီးသေးတဲ့ သဘာဝရဲ့ စိမ်းစိုသန့်ရှင်းမှုနဲ့အတူ "ငါ ဘဝရဲ့ ပြိုင်ဘက်မရှိတဲ့ အမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ" ဆိုတဲ့ ရင်ထဲက ပီတိနဲ့ ယုံကြည်မှုဟာ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ ဘဝရဲ့ ရတနာပါပဲ။
ငွေကြေးနဲ့ ပစ္စည်းဥစ္စာဆိုတာ နောက်မှ ပြန်ရှာလို့ ရနိုင်ပေမဲ့ "လူငယ်ဘဝရဲ့ ခွန်အား၊ စွန့်စားချင်တဲ့ စိတ်ဓာတ်နဲ့ အခွင့်အရေး" ဆိုတာ အသက်အရွယ်တစ်ခု လွန်သွားရင် ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။
လှပတဲ့ သဘာဝတရားကို ကိုယ်တိုင်တန်ဖိုးထား မြတ်နိုးတတ်သွားစေဖို့နဲ့ ရင်ဘတ်ထဲမှာ ထာဝရ မေ့မရနိုင်မယ့် ဂုဏ်ယူစရာ အမှတ်တရကို သိမ်းပိုက်နိုင်ဖို့ အားမာန်တွေ ပြည့်ဝနေဆဲ အသက်အရွယ်မှာပဲ တို့နိုင်ငံရဲ့ လှပတဲ့ ရေခဲတောင်တန်းကြီးတွေဆီ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🏔️❄️✨

19/09/2026

🏔️ တောင်တက်ခရီးတိုင်းရဲ့ နောက်ကွယ်က အားပေးမှုများ 🤝
Northern Brothers Expedition x Dingar Bakery & Shune Sein
ကြမ်းတမ်းခက်ခဲလှတဲ့ ရေခဲတောင်တက် ခရီးစဉ်တိုင်းမှာ အချိန်နဲ့အမျှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝတေးသံတွေကြား အဟာရနဲ့ စွမ်းအင်က အရေးကြီးဆုံး ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
ဒီလို စိန်ခေါ်မှုများပြားလှတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ Northern Brothers အဖွဲ့သားတွေအတွက် လိုအပ်တဲ့ အာဟာရဖြည့်စွက်စာများကို အစဉ်အမြဲ Sponsors ပေးအပ်ကူညီခဲ့ကြတဲ့ Dingar Bakery - ဒင်္ဂါးမုန့်တိုက် နဲ့ ရွှန်းစိန်-ShuneSein လက်ဖက် နှင့် ပဲကြော်စုံ တို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။
မုန့်မျိုးစံနှင့် လက်ဖက်နဲ့အကြော်စုံ၊ ရေဘူး၊ ခွက် အစရှိတဲ့ လိုအပ်ချက်များကို ထုပ်ပိုးမှုစနစ် သေသပ်သန့်ရှင်းစွာဖြင့် ပြင်ဆင်ပေးထားသည့်အတွက် ရေခဲတောင် ပတ်ဝန်းကျင်လိုမျိုး အချိန်လုပြီး အစားအသောက် ပြင်ဆင်ရသည့် ခရီးစဉ်မျိုးတွင် အလွန်ပင် လွယ်ကူအသုံးတည့်ခဲ့ပြီး အဖွဲ့သားများအတွက် စွမ်းအင်ပြည့်ဝစွာ ခရီးဆက်နိုင်ခဲ့ပါတယ်။
အစစအရာရာ မေတ္တာရှေ့ထား၍ ပံ့ပိုးပေးပါသော Dingar Bakery နှင့် ရွှန်းစိန်-ShuneSein တို့၏ စီးပွားရေးလုပ်ငန်းများ ဒီထက်မက တိုးတက်ကြီးပွား အောင်မြင်ပါစေကြောင်း Northern Brothers အဖွဲ့သားများမှ စဆုမွန်ကောင်း တောင်းအပ်
ပါသည်။

⛰️🏔️Congratulations ပါအန်တီသန္တာအောင် အသက် (၅၂) နှစ်အရွယ်မှာ ပေပေါင်း (၁၅,၁၇၇) မြင့်မားလှတဲ့ မဒွယ်ရာဇီ (Mt. Madwei Razi)...
16/09/2026

⛰️🏔️Congratulations ပါအန်တီသန္တာအောင် အသက် (၅၂) နှစ်အရွယ်မှာ ပေပေါင်း (၁၅,၁၇၇) မြင့်မားလှတဲ့ မဒွယ်ရာဇီ (Mt. Madwei Razi) ရေခဲတောင်ကြီးကို ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတု၊ စိန်ခေါ်မှုတွေကြားကနေ ကြံ့ကြံ့ခံပြီး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ ကရင်ပြည်နယ် ဇွဲကပင်မြေက အန်တီသန္တာအောင် အား ကျွန်တော်တို့ Northern Brothers အဖွဲ့မှ လှိုက်လှိုက်လှဲလှဲဆုံး ဂုဏ်ပြုအသိအမှတ်ပြုလိုက်ပါတယ်…။
ဇွဲကပင်တောင်မှာ Local Trekking Guide အဖြစ် တာဝန်ယူပေးနေတာကြောင့် ပြည်တွင်းတောင်တက်ဝါသနာရှင်အများစု ကောင်းကောင်းသိကြတဲ့ အန်တီဟာ အသက် ၅၀ ကျော် မြန်မာအမျိုးသမီးတွေထဲမှာ မဒွယ်ရာဇီ ရေခဲတောင်ထိပ်ဖျားအထိ ကိုပစ်နောက်ပိုင်း ပထမဆုံး အရောက်တက်ရောက်နိုင်ခဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။ သူမရဲ့ မလျှော့သော ဇွဲ၊ လုံ့လ၊ သတ္တိနဲ့ ကြိုးစားအားထုတ်မှုတွေဟာ မြန်မာအမျိုးသမီးတွေနဲ့ တောင်တက်ဝါသနာရှင် အားလုံးအတွက် တကယ်ကို အတုယူစရာနဲ့ အားကျဖွယ် စံပြတစ်ခုဖြစ်ပါတယ်။
ဇွဲကပင်တောင်ခြေကနေ မဒွယ် ရေခဲတောင်ထိပ်အထိ အခက်အခဲတွေကို ကျော်ဖြတ်ပြီး Northern Brothers ရေခဲတောင် ခရီးသွားပို့ဆောင်ရေးအဖွဲ့နဲ့အတူ ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းခဲ့တဲ့ အန်တီသန္တာအောင် ရဲ့ ကြံ့ခိုင်မှုကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်။
နေုက်နောင်မှာလည်း ဒီထက်မက ခရီးစဉ်ပေါင်းများစွာကို ကျန်းမာရွှင်လန်းစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ကျွန်တော်တို့ Northern Brothers ဒေသခံလူငယ် အဖွဲ့များမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျား။ 👏💪❤️

15/09/2026

🏔️⛰️ ကျွန်တော်တို့ကို တောင်တက်ဖူးတဲ့သူတိုင်း နဲ့ ရေခဲတောင်တက်ဖို့ စိတ်ကူးရှိသူတိုင်း မေးလေ့ရှိကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်—
အစ်ကိုမြေပြန့်မှာ ၅ မိုင်၊ ၁၀ မိုင် သာသာယာယာ လမ်းလျှောက်နိုင်တဲ့သူက ရေခဲတောင်ပေါ်ရောက်ရင် ဘာလို့ ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ တဟဲဟဲနဲ့ မောဟိုက်သွားရတာလဲ…..?
ဟုတ်ပါတယ် အဓိက တရားခံကတော့ “လေဖိအားနဲ့ အောက်ဆီဂျင်” ပါပဲ။
အမြင့်ပေ မြင့်လာတာနဲ့အမျှ လေထုဖိအား (Air Pressure) က လျော့နည်းသွားပါတယ်။ လေထုဖိအား နည်းသွားတဲ့အတွက် အောက်ဆီဂျင် မော်လီကျူးတွေက ကျဲသွားပြီး ကျုပ်တို့ အဆုတ်ထဲကို အောက်ဆီဂျင် ဝင်ရောက်နိုင်စွမ်း နည်းသွားတာပါ။မြေပြန့်မှာတစ်ခါ အသက်ရှူလိုက်ရင် အောက်ဆီဂျင် ၁၀၀% ပြည့်ပြည့်ဝဝ ရတယ်။အမြင့်ပေ ပိုမြင့်လာရင်တစ်ခါ အသက်ရှူတိုင်း အောက်ဆီဂျင် ရရှိမှုက ရာခိုင်နှုန်း တော်တော်လေး လျော့သွားပါတယ်။
ဒါကြောင့်မို့လို့ ခန္ဓာကိုယ်က လိုအပ်တဲ့ အောက်ဆီဂျင် ပမာဏကို ရအောင် နှလုံးကို ခပ်မြန်မြန် ခုန်ခိုင်းရတယ်၊ အဆုတ်ကလည်း ခပ်ပြင်းပြင်း အသက်ရှူပေးရတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှု ဖြစ်တာကြောင့် မြေပြန့်ထက် ပိုမောတာ၊ ခြေလှမ်းတွေ လေးလံလာတာဟာ လုံးဝ ပုံမှန်ပါပဲ။
ကျွန်တော်တို့ အနေနဲ့ ပေးချင်တဲ့ အကြံပြုချင်တဲ့အချက်တွေကတော့
ဖြည်းဖြည်းနဲ့ မှန်မှန်သွားပါ (Slow & Steady)
အပြိုင်အဆိုင် မဟုတ်ပါဘူး။ မိမိရဲ့ ပုံမှန် အရှိန်အတိုင်းပဲ လျှောက်ပါ။
အသက်ရှူနည်း စနစ်မှန်ပါစေ
နှာခေါင်းနဲ့ ရှူသွင်းပြီး ပါးစပ်ကနေ ပုံမှန် လေပြန်ထုတ်ပေးပါ။
ရေများများသောက်ပါ
အမြင့်ပေမှာ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်မှု မြန်တာမို့ ရေခကြာခဏ သောက်ပေးဖို့ လိုပါတယ်။
ရေခဲတောင်တက်တာဟာ ကြွက်သားခွန်အားတင်မကဘဲ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်ရဲ့ လိုက်လျောညီထွေဖြစ်မှုကို စိန်ခေါ်တဲ့ လှပတဲ့ ခရီးတစ်ခုပါပဲ။ ⛰️❄️
#ရေခဲတောင်တက်ခရီးစဉ်

12/09/2026

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လေးစားရတဲ့ Golfer များခင်ဗျား… ⛳🏔️
မဒွယ်ရာဇီတောင်ဆိုတာ သာမန်တောင်တက်သမားတောင် တက်ဖို့ မလွယ်ကူတဲ့ စိန်ခေါ်မှုအပြည့်နဲ့ ရေခဲတောင်တစ်
တောင်ပါ။
Green Field ပေါ်မှာ အမြဲတမ်း အာရုံစူးစိုက်မှုနဲ့ ကြံ့ခိုင်မှုကို ပြသလေ့ရှိတဲ့ Golfer တို့အတွက် မတူညီတဲ့ အတွေ့အကြုံသစ်နဲ့ သဘာဝတရားရဲ့ စိန်ခေါ်မှုတစ်ခု ရေခဲတောင်ပေါ်မှာ စောင့်ကြိုနေပါတယ်။ ကျွန်တော်တို့နဲ့အတူ မဒွယ်ရာဇီတောင်ထိပ်ဖျားအထိ အောင်မြင်စွာ တက်ရောက်ခဲ့တဲ့ ကိုတင်အောင်မိုး( Golfer )ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ တကယ့် အတွေ့အကြုံအမှန် ကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့ Northern Brother ရဲ့ စနစ်ကျတဲ့ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုတွေနဲ့အတူ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်ကို စိန်ခေါ်ဖို့ Golfer မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။
စိန်ခေါ်မှုကို မြတ်နိုးတဲ့ Golfer ဆိုရင် Golf ရိုက်တံကို ခဏချပြီး Northern Brother နဲ့အတူ ရေခဲတောင်ထိပ်ဖျားသို့ လှမ်းတက်လိုက်ပါ။
ရေခဲတောင်တက်ခရီးစဉ်ကို စိတ်ဝင်စားတဲ့ golfers များ 09756771697 ( Viber ) နဲ့ Chat Box မှတစ်ဆင့်အားမနာတမ်းစုံစမ်းမေးမြန်းနိုင်ဆက်သွယ်
နိုင်ပါသည်။
#ရေခဲတောင်တက်ခရီးစဉ်

10/09/2026

November 4 က မဒွယ်စထွက်မယ့်ရက်ပါ။
Northern Brothers နဲ့အတူ ရေခဲတောင်တန်းတွေစီသို့ စွန့်စားခရီးထွက်ချင်ရင်တော့
November+December မှာ မဒွယ်ရာဇီနဲ့ ဖန်ရန်ရာဇီ ခရီးစဉ်ရှိပါတယ်။

⛰️🏔️ ကျွန်တော်တို့ ဘာကြောင့် တောင်တက်ကြတာလဲ…….?တောင်တက်ခြင်းဆိုတာ ပင်ပန်းရုံသက်သက်လား? မဟုတ်ပါဘူး…..။ခြေလှမ်းတိုင်းမှာ အ...
01/09/2026

⛰️🏔️ ကျွန်တော်တို့ ဘာကြောင့် တောင်
တက်ကြတာလဲ…….?

တောင်တက်ခြင်းဆိုတာ ပင်ပန်းရုံသက်သက်လား? မဟုတ်ပါဘူး…..။

ခြေလှမ်းတိုင်းမှာ အဓိပ္ပာယ်ရှိနေလို့ပါ။ တောင်တက်ဝါသနာရှင်တွေနဲ့ ကျွန်တော်တို့ တောင်တက်လမ်းပြတွေ ဘာကြောင့် ဒီအလုပ်ကို မြတ်နိုးနေကြသလဲဆိုရင်...

၁။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်း
တောင်ပေါ်ကို တက်တဲ့အခါ မြို့ပြရဲ့ ဆူညံသံတွေနဲ့ ဝေးကွာသွားပြီး ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်ခွင့်ရပါတယ်။ "ငါ မလုပ်နိုင်တော့ဘူး" လို့ ထင်တဲ့အချိန်မှာ နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့တဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်တဲ့ ယုံကြည်မှုကို ပေးပါတယ်။

၂။ သဘာဝတရားရဲ့ ရင်သပ်ရှုမောဖွယ် အလှအပ
ဒီပုံထဲကလို ဖြူလွလွနှင်းတွေ၊ အဆုံးမရှိတဲ့ တောင်တန်းကြီးတွေနဲ့ မိုးကုတ်စက်ဝိုင်းကို မြင်လိုက်ရတဲ့အချိန်မှာ ပင်ပန်းသမျှတွေ အကုန်ပျောက်သွားရပါတယ်။ ဒါဟာ ဖုန်းမျက်နှာပြင်ထဲမှာ ကြည့်ရတဲ့ အလှမျိုးမဟုတ်ဘဲ နှလုံးသားနဲ့ ခံစားရတဲ့ အလှတရားပါ။

၃။ ရဲဘော်ရဲဘက်စိတ်နဲ့ မိတ်ဆွေသစ်များ
တောင်တက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဖေးမကြတယ်၊ အခက်အခဲတွေကို အတူတူကျော်ဖြတ်ကြတယ်။ ဒီခရီးစဉ်တွေကနေတဆင့် သွေးသားမတော်စပ်ပေမဲ့ ညီအစ်ကိုမောင်နှမတွေလို ခိုင်မြဲတဲ့ သံယောဇဉ်တွေ ရရှိစေပါတယ်။

၄။ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဖိစီးမှု လျှော့ချခြင်း
လတ်ဆတ်တဲ့ တောင်ပေါ်လေကို ရှူရှိုက်ရင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ရတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြန်လည်လန်းဆန်း (Refresh) ဖြစ်စေပါတယ်။

⛰️ တောင်တက်ခြင်းဆိုတာ တောင်ထိပ်ကို ရောက်ဖို့တင်မဟုတ်ဘဲ လမ်းခရီးမှာတွေ့ရတဲ့ သင်ခန်းစာတွေနဲ့ ခံစားချက်တွေကို စုဆောင်းတာပါ။

မိတ်ဆွေတို့ရောဘာကြောင့် တောင်တက်ရတာကို နှစ်သက်တာလဲ? ဒါမှမဟုတ် ဘယ်တောင်ကို အရောက်သွားဖို့ စိတ်ကူးထားလဲ? Comment မှာ ပြောပြပေးခဲ့ပါဦး။ 👇😊
ဟုတ်ကဲ့ကျေးဇူးပါ….။


⛰️🏔️ မကြာမီ ပြည်တွင်းက တောင်တက် အားကစား ကိုမြတ်နိုးတန်ဖိုးထားကြတဲ့နယ်ပယ်အသီးသီးမှ ဝါသနာရှင်များအတွက်ရေခဲတောင်ခရီးစဉ်များ...
22/08/2026

⛰️🏔️ မကြာမီ ပြည်တွင်းက တောင်တက် အားကစား ကိုမြတ်နိုးတန်ဖိုးထားကြတဲ့နယ်ပယ်အသီးသီးမှ ဝါသနာရှင်များအတွက်
ရေခဲတောင်ခရီးစဉ်များကို စတင်မိတ်
ဆက်ပေးတော့မှာဖြစ်ပါတယ်….။ ⛰️🏔️

ဒီနှစ် တောင်တက်ရာသီမှာလည်း အမှတ်တရအသစ်တွေ စုစည်းဖို့ ကျွန်တော်တို့ရဲ့ ရေခဲတောင်ခရီးစဉ်တွေမကြာမီ စတင်တော့မည်။

မြို့ပြရဲ့ ရုန်းကန်မှုတွေကို ခဏမေ့ပြီး ရေခဲဒီဂရီအောက်မှာ ကိုယ့်ရဲ့ စိန်ခေါ်မှုကို ပြန်လည်ရှာဖွေဖို့ ကျွန်တော်တို့ Northern Brothers ညီအစ်ကိုများ အစဉ်အမြဲကြိုဆိုလျက်ပါ…။😊😃

📍 ခရီးစဉ် အသေးစိတ်နဲ့ Booking စတင်မယ့်ရက်ကို Page မှာ အမြန်ဆုံး ကြေညာပေးသွားပါမယ်။


22/08/2026

ရေခဲတောင်တန်းတွေဆီ ခရီးသွားရခြင်းမှာ
ဒီလိုရာသီဉတုမျိုး ရရှိခြင်း ကကံကောင်းခြင်းဆိုတာထက်ပိုပါတယ်။

ကျနော့အတွက်တော့ ကျေးဇူးတော် ပေါ့ပျာ။

November ,December မှာ ဖန်ရန်နဲ့ မဒွယ်ရာဇီကို စွန့်စားချင်ကြတဲ့ မိတ်ဆွေတွေ ဆက်သွယ်လို့ရပါတယ်။

ဒီတောင်နှစ်လုံးဆီတက်ဖို့က
November, Decem နှစ်လထဲမို့ ခရီးစဉ်အကြိမ်ရေများများ ထွက်ဖို့ အချိန်အများကြီးမရဘူးနော်။

Address

Putao
Putao

Telephone

+959882107126

Website

Alerts

Be the first to know and let us send you an email when Northern Brothers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Northern Brothers:

Shortcuts

Share

Category