14/05/2026
🙂↕️ချစ်ခင်ရပါသော Customer များသို့ အသိပေးပန်ကြားလွှာ🙏
လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခက်အခဲ နဲ့ သယ်ယူပို့ဆောင်ရေးစရိတ် (တန်ဆာခ) တွေ အဆမတန် မြင့်မားလာမှုကြောင့် Customer တို့ဆီကို အရင်လို ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်ဖို့အတွက် အခက်အခဲတချို့ ရှိလာခဲ့ပါတယ်။😓
ဒါကြောင့်မို့လို့ ကုန်ကျစရိတ်တွေ အရမ်းမများသွားစေဖို့နဲ့ ဝန်ဆောင်မှု ပိုမိုမြန်ဆန်သေချာစေဖို့အတွက် အောက်ဖော်ပြပါ မြို့ကြီးများတွင်သာ အိမ်အရောက်ငွေချေ (Cash on Delivery) စနစ်နဲ့ Pick up (ပစ္စည်းလာယူခြင်း) ဝန်ဆောင်မှုတွေကို ပြောင်းလဲစီစဉ်ပေးသွားတော့မှာ ဖြစ်ပါတယ်။ဝန်ဆောင်မှုပေးမည့် မြို့များမှာ - ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊မော်လမြိုင်၊ မုဒုံ၊ တောင်ကြီး၊ အေးသာယာ၊ တောင်ငူ၊ ဖြူး၊ မြောင်းမြ၊ မအူပင်၊ ပန်းတနော်၊ မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး
မုံရွာ၊ ရွှေဘို၊အောင်လံ၊ သရက်၊ နတ်မောက်၊ ပြင်ဦးလွင်၊ ရေနံချောင်း၊ သာစည်၊ မလှိုင် စတဲ့မြို့ တွေပဲဖြစ်ပါတယ်ရှင့်။
အခြေအနေအမျိုးမျိုးကြောင့် အရင်ကထက် ဝန်ဆောင်မှုအပိုင်းမှာ အကန့်အသတ်လေးတွေ ရှိသွားတဲ့အတွက် Customer များအားလုံးကို အထူးပင်တောင်းပန်အပ်ပါတယ်။ 🙏
ဒီလိုခက်ခဲတဲ့ ကာလမှာ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုကို အစဉ်တစိုက် အားပေးနေကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိသလို၊ အဆင်မပြေမှုလေးတွေကိုလည်း နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားပါမယ်ရှင်။ 🙏
𝐅𝐚𝐬𝐭, 𝐒𝐚𝐟𝐞𝐭𝐲, 𝐀𝐥𝐰𝐚𝐲𝐬 𝐨𝐧 𝐓𝐢𝐦𝐞 🚚
Your Trusted Local Delivery Partner 👍
☎️Contact: 09407266661
🏬Address (၁) : အမှတ်( ၁၂၀)၊ ငမိုးရိပ် (၉) လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
🏬Address (၂): အမှတ် (၃၂/B)၊ ဗိုလ်ဇင်ယော်လမ်း၊ ၃၀ ရပ်ကွက်၊ စစ်တောင်း city mart အနီး၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
🏬Address (၃) : အမှတ်ဇဇ၂/၁၀၈၊ ၅၉လမ်း x ၁၀၈ လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ ။