10/07/2026
MAI လေယာဉ်စီးပြီး မည်သည့်နိုင်ငံက ပြန်လာပြန်လာလေယာဉ်ပေါ်ကဆင်းတာနဲ့ ရန်ကုန် Immigration မှာ ဖောင်ဖြည့်ပြီး ပေးခဲ့ရတဲ့ Arrival Card ပေါ်မှာ အဓိကဖြည့်ရတဲ့အချက်များက ဘာတွေလဲ? ဘယ်လိုဖြည့်ရမလဲ?
(1) Family Name
🔸Family Name ကတော့ ရှိရင်ထည့်ပါ။
📌အချို့ကလည်း Family Name နေရာမှာ Last Name ကို ထည့်ကြပါတယ်။
(2) First Name
🔸မိမိ အမည် ၏ ရှေ့ကအမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
📌ဥပမာ - Zaw Min Thwin မှာဆိုရင် Zaw ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(3) Middle Name
🔸မိမိ အမည် ၏ အလယ်က အမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
📌ဥပမာ - Zaw Min Thwin မှာဆိုရင် Min ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(4) Male
🔸ယောင်္ကျားလေး ဖြစ်ပါက Male မှာ အမှန်ခြစ် ပေးရမှာ ဖြစ်ပါတယ်။
(5) Female
🔸မိန်းကလေး ဖြစ်ပါက Female မှာ အမှန်ခြစ် ပေးရမှာ ဖြစ်ပါတယ်။
(6)Nationality
🔸မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ Myanmar သာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(7) Occupation
🔸မိမိရဲ့အလုပ်အကိုင် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။📌ဥပမာ - Company Staff , Business Owner ။
(8) Passport Number
🔸မိမိ ၏ Passport စာအုပ်ထဲမှာ (နိုင်ငံကူးလက်မှတ်) ပါတဲ့ Passport နံပါတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(9) Place of Issue
🔸Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
📌ဥပမာ - ရန်ကုန်ကနေ Passport စာအုပ်ထုတ်ပေးတာဆို Yangon ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(10) Date of Issue
🔸Passport စာအုပ်မှာ ရေးထားတဲ့ Date of Issue မှာပါတဲ့ရက် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(11) Visa Number
🔸Visa Number နေရာ ကတော့ Visa နဲ့ သွားတဲ့ ခရီးသည်များသာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
📌ပုံမှန် ၁၄ ရက် အလည်အပတ် (Visa Free) သွားတဲ့ ခရီးသွားမိတ်ဆွေတွေကတော့ ဖြည့်စရာမလိုအပ်ပါဘူး။
(12) Place of Issue
🔸Visa ထုတ်ပေးတဲ့ နေရာကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(13) Date of Issue
🔸ဒီ Date of Issue ကတော့ ၂ လ Visa (TR) (သို့မဟုတ်) အခြား Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ Date ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(14) From
🔸From ဆိုတဲ့ နေရာမှာ မိမိ ဘယ်ကပြန်လာတာလဲ ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - စင်္ကာပူ၊ဘန်ကောက်၊ ဖူးခက် ၊ချင်းမိုင်။
(15) By Rail, By Road, By Ship
🔸By Rail (မီးရထားနဲ့လား?),By Road (ကုန်းလမ်းနဲ့လား?) ,By Ship (သင်္ဘောနဲ့လား?)။
🔸မိမိက MAI လေယာဉ်နဲ့ ပြန်လာတာဖြစ်တာကြောင့် ဒီ (၁၅) မှာတော့ ဘာမှခြစ်စရာမလိုအပ်ပါဘူး။
(16) By Air
🔸မိမိက MAI လေယာဉ်စီးပြီးလာတာဖြစ်တဲ့အတွက် By Air မှာ အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် ခရီးစဉ်နံပါတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
📌ဥပမာ - 8M355 / 8M354
(17) Address in Myanmar
🔸မြန်မာနိုင်ငံမှာ မိမိနေတဲ့ နေရပ်လိပ်စာ ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(18) ID Card Number
🔸မြန်မာနိုင်ငံသားမှတ်ပုံတင်နံပါတ် ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(19) Father Name
🔸မိမိအဖေရဲ့ အမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(20) Signature
🔸မိမိရဲ့ ထိုးမြဲလက်မှတ်ကို ထိုးရမှာ ဖြစ်ပါတယ်။
🔸MAI Airline နဲ့ ဘယ်နိုင်ငံကပဲ ပြန်လာပြန်လာ ပုံမှန်ဆိုရင်တော့ လေယာဉ်ပေါ်မှာ Arrival Card ဝေလေ့ရှိပါတယ်။ Arrival Card ဝေတာ နဲ့ ဖောင်ကို ကြိုဖြည့်ထားပါ။
🔸အကယ်၍ မိမိက မဖြည့်တက်ရင်လည်း လေယာဉ်ပေါ်မှာ MAI လေယာဉ်မောင်/မယ်တွေက ကူပြီး ဖြည့်ပေးပါတယ်။
🔸ရန်ကုန်လေဆိပ် Immigration ဖြတ်တဲ့အခါမှာ Arrival Card ကို Immigration Officer ကို ပေးခဲ့ရတာဖြစ်ပါတယ်။
📌မြန်မာနိုင်ငံကနေ မည်သည့်နိုင်ငံကိုမဆို MAI လေယာဉ်နဲ့ အလည်အပတ်သွားပြီး ပြန်လာမည် ဆိုပါက အပေါ်ကအချက် (၂၀) ကို Arrival Card မှာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"