U Hla Sein

Contact the business

U Hla Sein Buffalo, Cow, Sheep & Goat Slaughtering, Processing, Packaging and Distribution Meat Industry…

23/05/2026
များမကြာမီရောက်ရှိလာတော့မည့် ကုရ်ဗာနီ အီးဒ်အတွက် ကျန်းမာသန်စွမ်းသော သားကောင်များ ရရှိနိုင်ပါပြီ ကုရ်ဗာနီ အီးဒ်အတွက် (နွာ...
23/05/2026

များမကြာမီရောက်ရှိလာတော့မည့် ကုရ်ဗာနီ အီးဒ်အတွက် ကျန်းမာသန်စွမ်းသော သားကောင်များ ရရှိနိုင်ပါပြီ

ကုရ်ဗာနီ အီးဒ်အတွက် (နွား) သားကောင်များကို သိန်း ၃၀ မှ စ၍ အရွယ်စုံအလိုက် ဈေးနှုန်းများဖြင့် သင့်တင့်စွာ ရောင်းချပေးနေပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ တရားဝင်ခွင့်ပြုချက်ရ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံဖြစ်တာကြောင့် ကျန်းမာရေးအတွက် စိတ်ချရပြီး ယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်။ မိမိတို့ စိတ်တိုင်းကျ ကိုယ်တိုင်လာရောက် ရွေးချယ်ဝယ်ယူဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဦးလှစိန် @ ဟာဂျီဘာဘူကြီး (ကျွဲ၊ နွား၊ သိုး၊ ဆိတ် အသားထုတ်လုပ်ငန်း)

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ယခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။

📞 ဆက်သွယ်ရန် ဖုန်း 09-777771786
09-5172044
09-5188037
09-250054145
📍 လိပ်စာ လှိုင်သာယာမွေးမြူရေးနှင့် မွေးမြူရေးပစ္စည်းထုတ်လုပ်ရေးဇုန်(၅)၊ ရွှေရင်အေးကျောင်းလမ်း၊ လှိုင်သာယာစက်မှုဇုန်(၅) အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

23/05/2026

🐐 မြန်မာပြည်မှာ နံပါတ် (၁) အဆင့်ရှိသော အညာဘက်မှ ခါဆီဆိတ်များ 🐐
လာမည့် ကုရ်ဗာနီ (Qurbani) အတွက် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ လူကြီးမင်းတို့၏ အားပေးမှုသည် ကျွန်ုပ်တို့အတွက် အထူးဂုဏ်ယူစရာပင် ဖြစ်ပါသည်။ လူကြီးမင်းတို့၏ မွန်မြတ်သော အလှူအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်ချင်သောကြောင့် အောက်ပါလိပ်စာအတိုင်း ကြွရောက်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
🐂 "ဦးလှစိန် @ ဟာဂျီ ဘာဘူကြီး မိသားစု" မှ ကျွဲ၊ နွား၊ သိုး၊ ဆိတ် တို့ကို ဈေးနှုန်းချိုသာစွာဖြင့် အရွယ်အစားအမျိုးမျိုး စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါပြီ။
✨ ကျွန်ုပ်တို့၏ အားသာချက်များ
✅ YCDC ခွင့်ပြုချက်ရရှိထားခြင်း: တရားဝင်ခွင့်ပြုချက်ရရှိထားသော နေရာဖြစ်ပါသည်။
✅ ကျန်းမာရေးစံနှုန်းများနှင့် ကိုက်ညီခြင်း: တိရစ္ဆာန်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ထားပါသည်။
✅ သန့်ရှင်းမှု အပြည့်အဝရှိခြင်း: ပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုတိုင်းတွင် သန့်ရှင်းမှုကို အထူးဦးစားပေးပါသည်။
✅ အတွေ့အကြုံရှိ ဝန်ထမ်းများ: သက်တမ်းရင့် အတွေ့အကြုံရှိသော ဝန်ထမ်းများမှ စနစ်တကျ ဝန်ဆောင်မှုပေးနေပါသည်။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09-777771786
09-5188037
09-5172044
📍 လိပ်စာ
လှိုင်သာယာ မွေးမြူရေးနှင့် မွေးမြူရေးပစ္စည်းထုတ်လုပ်ရေးဇုန် (၅)၊ ရွှေရင်အေးကျောင်းလမ်း၊ Hlaing Tharyar Industrial Zone (5) အနီး၊ ရန်ကုန်မြို့။

🌙 ယခုနှစ် ကုရ်ဗာနီအတွက် အကောင်းဆုံး သားကောင်ကို ရှာဖွေနေပြီလား?ဦးလှစိန် @ ဟာဂျီ ဘာဘူကြီး မိသားစုမှ 100% ယုံကြည်စိတ်ချရသေ...
22/05/2026

🌙 ယခုနှစ် ကုရ်ဗာနီအတွက် အကောင်းဆုံး သားကောင်ကို ရှာဖွေနေပြီလား?

ဦးလှစိန် @ ဟာဂျီ ဘာဘူကြီး မိသားစုမှ 100% ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် “ခဆီ” ဆိတ် များကို အထူးရောင်းချပေးနေပါပြီ။

အလှူရှင်ကိုယ်တိုင်် မိမိစိတ်ကြိုက် ရွေးချယ်နိုင်ရန် ဆိုဒ်စုံ၊ အရွယ်အစားစုံ ရရှိနိုင်ပါတယ်။

ကျန်းမာသန်စွမ်းပြီး အသားပြည့်ဝသော အလှဆုံး ဆိတ်သားကောင်များကိုသာ ရောင်းချပေးတာကြောင့် ဝယ်ယူသူ စိတ်ချမ်းမြေ့စေမှာပါ။

နောက်ပြီး ကျန်းမာရေးစံနှုန်းများနှင့်အညီ သန့်ရှင်းမှုကို အထူးဂရုပြု စောင့်ရှောက်ထားပါတယ်။

ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ တရားဝင်ခွင့်ပြုထားသော တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံတွင် စနစ်တကျ တင်သွင်းထားသဖြင့် ရာနှုန်းပြည့် စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါသည်။
📍 အသားထုတ်ရုံ တည်နေရာ
လှိုင်သာယာမွေးမြူရေးနှင့် အသားထုတ်လုပ်ရေးဇုန် (၅)၊ ရွှေရင်အေးကျောင်းလမ်းအနီး၊ ရန်ကုန်မြို့။

🐐 ကုရ်ဗာနီအတွက် အရည်အသွေးမြင့် ဆိတ်အရှင် ဈေးနှုန်းများ
ပိဿချိန် ၂၅ အောက် — ၃၀,၀၀၀/-
အချိန် ၂၅ မှ ၃၀ အထိ — ၃၂,၀၀၀/-
အချိန် ၃၀ မှ ၄၀ အထိ — ၃၄,၀၀၀/-
အချိန် ၄၀ အထက် — ၃၆,၀၀၀/-

🗺️ Google Maps

📞 ကြိုတင်မှာယူရန်နှင့် အသေးစိတ်စုံစမ်းရန်
09-777771786
09-5188037
09-5172044
09-250054145

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း 'ကုရ်ဘာနီ' ပြုလုပ်မည့် မိတ်ဆွေညီနောင်များအားလုံး အထူးသတိပြု လိုက်နာနိုင်ရန်အတွက်...
18/05/2026

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း 'ကုရ်ဘာနီ' ပြုလုပ်မည့် မိတ်ဆွေညီနောင်များအားလုံး အထူးသတိပြု လိုက်နာနိုင်ရန်အတွက် တရားဝင်ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အသိပေး မျှဝေလိုက်ပါတယ်။
အထူးဂရုပြုရမည့် အဓိကအချက်တချို့ကတော့
🔘သတ်မှတ်ထားသော ခွင့်ပြုနေရာများတွင်သာ ပြုလုပ်ရန်။
🔘သားကောင်များကို ရွှေ့ပြောင်းရာတွင် လမ်းလျှောက်ခိုင်းခြင်းမပြုဘဲ မော်တော်ယာဉ်ဖြင့်သာ စနစ်တကျ သယ်ဆောင်ရန်။
🔘အရေးကြီးဆုံးအနေဖြင့် ကုရ်ဘာနီပြုလုပ်နေစဉ် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းနှင့် Facebook ကဲ့သို့သော လူမှုကွန်ရက်များပေါ်တွင် တင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန်။
🔘ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်။
🔘အခြားဘာသာဝင်များ၏ အမြင်မရိုင်းစေရန်နှင့် အနှောင့်အယှက် မဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်ရန်။
ကျန်ရှိနေသော အသေးစိတ် စည်းကမ်းချက် (၁၂) ချက်လုံးကိုလည်း ပူးတွဲပါပုံတွင် သေချာစွာ ဖတ်ရှုလေ့လာပြီး စည်းကမ်းတကျနဲ့ အေးချမ်းအောင်မြင်စွာ ကုရ်ဘာနီပြုလုပ်နိုင်ကြပါစေခင်ဗျာ။
အားလုံးရဲ့ ကုရ်ဘာနီ အီဗာဒသ်ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူပါစေ... အာမီးန်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်ရ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ

ဦးလှစိန် (ခ) ဟာဂျီ ဘာဘူကြီး အသားထုတ်လုပ်ရေးရုံ တည်နေရာ
လှိုင်သာယာ မွေးမြူရေးနှင့် မွေးမြူရေးပစ္စည်းထုတ်လုပ်ရေးဇုန် (၅)၊ ရွှေရင်အေးကျောင်းလမ်းအနီး၊ ရန်ကုန်မြို့။

📌 Map Link –
Google Maps

📞 အသေးစိတ် စုံစမ်းမေးမြန်းရန် —
📱 09 777 771 786
📱 09 518 8037
📱 09 517 2044
📱 09 250 054 145
လူကြီးမင်းတို့၏ ကုရ်ဗာနီ အစီအစဉ်များ အဆင်ပြေချောမွေ့စေရန် ကျွန်ုပ်တို့မှ အကောင်းဆုံး ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါသည်။

#ကုရ်ဘာနီစည်းကမ်းချက်များ

🌙 ၂၀၂၆ ခုနှစ် ကုရ်ဗာနီအီးဒ်အတွက် အလေးထားစွာ ဖိတ်ခေါ်ခြင်း 🌙အတ်ဆလာမ်မုအလိုင်းကုမ်းမင်္ဂလာပါ ခင်ဗျာ။ မကြာမီ ရောက်ရှိလာတော့...
05/05/2026

🌙 ၂၀၂၆ ခုနှစ် ကုရ်ဗာနီအီးဒ်အတွက် အလေးထားစွာ ဖိတ်ခေါ်ခြင်း 🌙

အတ်ဆလာမ်မုအလိုင်းကုမ်း
မင်္ဂလာပါ ခင်ဗျာ။
မကြာမီ ရောက်ရှိလာတော့မည့် ၂၀၂၆ ခုနှစ် ကုရ်ဗာနီအီးဒ် အတွက် သားကောင်များကို ကျွန်တော်များ ဦးလှစိန် @ ဟာဂျီဘာဘူကြီး (ကျွဲ၊ နွား၊ သိုး၊ ဆိတ် အသားထုတ်လုပ်ငန်း) မှ ယခင်နှစ်များကဲ့သို့ စနစ်တကျ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယနေ့အချိန်တွင် ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။

ယုံကြည်အားထားပြီး နှစ်တိုင်းကြွရောက်အားပေးနေကြသော လူကြီးမင်းတို့အား ယခင်နှစ်များကဲ့သို့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ချင်ပါသည်။ ဒီနှစ်မှာလည်း လှပ၊ ကျန်းမာပြီး တန်ဖိုးသင့်တင့်သော သားကောင်များအပါအဝင် စိတ်ကြိုက်ရွေးချယ်နိုင်ရန် ပိုမိုပြည့်စုံအောင် ပြင်ဆင်ထားပါသည်။

ကျွန်တော်တို့ဆီမှာ ရရှိနိုင်မည့် အားသာချက်များ
တစ်နေရာတည်းမှာ စုံစုံလင်လင် သားကောင်များကို တစ်နေရာတည်းမှာ စုစည်းထားခြင်းကြောင့် မိမိအတွက် သင့်တော်သော အရွယ်အစားနှင့် ဈေးနှုန်းကို ပေါင်းစပ်ရွေးချယ်နိုင်ပါသည်။

သန့်ရှင်းကျန်းမာမှု
နေရာသန့်ရှင်းမှုရှိပြီး ကျန်းမာသန်စွမ်းသော ကျွဲ / နွား / သိုး / ဆိတ် များကို အရွယ်အစားအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။

ချိုသာသောဈေးနှုန်း
ဈေးနှုန်းကိုလည်း ချိုသာစွာဖြင့် စိတ်တိုင်းကျ ရွေးချယ်နိုင်အောင် စနစ်တကျ စီစဉ်ပေးထားပါသည်။

ကျန်းမာရေးစံနှုန်း
ကျန်းမာရေးစံနှုန်းများနှင့် တိတိကျကျ ကိုက်ညီမှုရှိအောင် သားကောင်များအား အထူးဂရုစိုက်ထားသဖြင့် လူကြီးမင်းတို့အနေဖြင့် ပူပန်စရာ မလိုအပ်တော့ပါ။

နွေးထွေးသော ဝန်ဆောင်မှု သားကောင်များ ရွေးချယ်ရာတွင် သက်ဆိုင်ရာ အတွေ့အကြုံရှိသော ဝန်ထမ်းများမှ အသေးစိတ်ရှင်းပြခြင်းနှင့် လိုအပ်သည့် အကူအညီများကို မျှော်လင့်ထားသည့်အတိုင်း အကောင်းဆုံး ပြုလုပ်ပေးလျက်ရှိပါသည်။
လူကြီးမင်းတို့၏ အားပေးမှုသည် ကျွန်ုပ်တို့အတွက် အထူးဂုဏ်ယူစရာ ဖြစ်ပါသည်။ လူကြီးမင်းတို့၏ အလှူတော်အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးချင်ပါသဖြင့် အောက်ပါလိပ်စာအတိုင်း ကြွရောက်အားပေးကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်ရ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ
ဦးလှစိန် @ ဟာဂျီဘာဘူကြီး (ကျွဲ၊ နွား၊ သိုး၊ ဆိတ် အသားထုတ်လုပ်ငန်း)
📞 ဖုန်း - 09777771786,
095172044, 095188037, 09250054145
📍 လိပ်စာ - လှိုင်သာယာမွေးမြူရေးနှင့် မွေးမြူရေးပစ္စည်းထုတ်လုပ်ရေးဇုန်(၅)၊ ရွှေရင်အေးကျောင်းလမ်း၊ လှိုင်သာယာစက်မှုဇုန်(၅) အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

"ကုရ်ဘာနီပြုလုပ်သူ ရရှိမည့် အကျိုးကျေးဇူးများ"အီဒွလ်အသွာဟာ(Eid al-Adha)  အခါသမယမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခ...
05/05/2026

"ကုရ်ဘာနီပြုလုပ်သူ ရရှိမည့် အကျိုးကျေးဇူးများ"
အီဒွလ်အသွာဟာ(Eid al-Adha) အခါသမယမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံပြီး ကုရ်ဘာနီ ပြုလုပ်ခြင်းဟာ အစ္စလာမ်သာသနာမှာ အလွန်မွန်မြတ်လှတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ကုရ်ဘာနီပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူး (စဝါးဗ်) တွေကတော့ အတိုင်းမသိ များပြားလှပါတယ်။
အဓိက ရရှိနိုင်မည့် အကျိုးကျေးဇူးများကို အောက်ပါအတိုင်း မျှဝေပေးလိုက်ပါတယ်

ကုရ်ဘာနီပြုလုပ်ခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို လိုက်နာခြင်းဖြစ်သလို၊ တမန်တော် အီဗရာဟင်မ် (အလိုင်ဟစ်စလာမ်) ရဲ့ ကြီးမားလှတဲ့ စွန့်လွှတ်အနစ်နာခံမှုကို အသက်သွင်း အမှတ်ရစေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အရှင်မြတ်ရဲ့ အထူးနှစ်သက်မှုနဲ့ ရဟ်မသ်တော်တွေကို ရရှိစေပါတယ်။

တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ချက်အရ၊ ကုရ်ဘာနီပြုလုပ်တဲ့ တိရစ္ဆာန်ရဲ့ အမွေးအမျှင် တစ်ပင်ချင်းစီတိုင်းအတွက် ကုသိုလ် (စဝါးဗ်) တစ်ခုစီ ရရှိမယ်လို့ သိရပါတယ်။ တိရစ္ဆာန်တစ်ကောင်လုံးမှာရှိတဲ့ အမွေးအရေအတွက်ကို တွေးကြည့်မယ်ဆိုရင် ဘယ်လောက်တောင် များပြားလှတဲ့ ကုသိုလ်တွေ ရရှိမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ကုရ်ဘာနီပြုလုပ်တဲ့အခါ တိရစ္ဆာန်ရဲ့ သွေးစက် မြေကြီးပေါ် မကျရောက်ခင်မှာတင် ပြုလုပ်သူရဲ့ အပြစ်တွေကို အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်ပေးတော်မူပါတယ်။ ဒါဟာ ကုရ်ဘာနီပြုလုပ်သူတွေအတွက် အလွန်ကြီးမားတဲ့ သတင်းကောင်းပဲ ဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းမြတ်မှာ "ထိုတိရစ္ဆာန်တို့၏ အသားနှင့် သွေးများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိသည်မဟုတ်၊ သင်တို့၏ သက္ကဝါ (ကြောက်ရွံ့ရိုသေမှု) သာလျှင် ရောက်ရှိပေသည်" လို့ မိန့်ဆိုထားပါတယ်။ ကုရ်ဘာနီဟာ သင့်နှလုံးသားထဲက အလ္လာဟ်အရှင်မြတ်အပေါ်ထားရှိတဲ့ ရိုသေခန့်ညားမှုကို လက်တွေ့ပြသခြင်း ဖြစ်ပါတယ်။

နောင်တမလွန် ကေယာမသ်နေ့တွင် မိမိကုရ်ဘာနီပြုလုပ်ခဲ့သော တိရစ္ဆာန်သည် ၎င်း၏ ဦးချို၊ အမွေးအမျှင်၊ ခွာ အစရှိသည်တို့နှင့်တကွ ရောက်ရှိလာပြီး မိမိအတွက် အလေးချိန်စီးသော ကုသိုလ်အဖြစ် သက်သေခံပေးမည် ဖြစ်ပါသည်။

ကုရ်ဘာနီအသားကို မိသားစု၊ ဆွေမျိုးမိတ်ဆွေများနဲ့ ဆင်းရဲနွမ်းပါးသူတွေကိုလည်း ခွဲဝေပေးရတဲ့အတွက် နွမ်းပါးသူတွေလည်း အသားကောင်းကောင်း စားသုံးခွင့်ရသလို၊ လူမှုအသိုင်းအဝိုင်းအတွင်း ချစ်ခင်ရင်းနှီးမှုနဲ့ စာနာထောက်ထားမှုတွေကိုလည်း ပိုမိုခိုင်မာလာစေပါတယ်။

ကုရ်ဘာနီဆိုတာ အသားစားဖို့သက်သက် မဟုတ်ဘဲ မိမိရဲ့ လောဘ၊ တွယ်တာမှုတွေကို စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ်ထံ အပ်နှင်းခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်စွမ်းရှိသူတိုင်း စစ်မှန်တဲ့ နီယသ် (ရည်ရွယ်ချက်ကောင်း) ဖြင့် ကုရ်ဘာနီပြုလုပ်ကာ ကြီးမားလှတဲ့ ကုသိုလ်တွေကို ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Address

Hlaing Thar Yar Township, Hlaing Thar Yar Industrial Zone (1), Shwe Yin Aye Kyaung Road, Near To Htain Pin Islamic Mosque And Cemetery
Yangon

Website

Alerts

Be the first to know and let us send you an email when U Hla Sein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Hla Sein:

Shortcuts

Share