Let's go with S & M Travel

Let's go with S & M Travel Enjoy your holidays with us�

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ...
10/02/2023

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Credit > Original Uploader
K● Z@₩(PPE9)

သတို့သမီးတိုင်းရဲ့ အိမ်မက်(သို့)မော်ဒိုက်"ချစ်ရသူနဲ့ ထာ၀ရ ရွှေလက်တွဲ ကြတော့မယ့် စုံတွဲတွေ အတွက် ဟန်းနီးမွန်းခရီးစဉ် လိုအ...
23/11/2022

သတို့သမီးတိုင်းရဲ့ အိမ်မက်(သို့)မော်ဒိုက်"

ချစ်ရသူနဲ့ ထာ၀ရ ရွှေလက်တွဲ ကြတော့မယ့် စုံတွဲတွေ အတွက် ဟန်းနီးမွန်းခရီးစဉ် လိုအပ်သလား?

အရင်ဆုံး ဟန်းနီးမွန်းခရီး ဘာကြောင့် လိုအပ်သလဲ၊ မင်မင်ဆိုရင်လည်း အရင်တုန်းက ဟန်းနီးမွန်းဆိုတာ အပို‌ေငွ ကုန်တာပါ မလိုဘူးလို့ ထင်ခဲ့ဘူးတယ်
မြန်မာယဉ်ကျေးမှုလည်း မဟုပ်ဘဲ အနောက်တိုင်းယဉ်ကျေးမှုကနေ လာတဲ့ အနောက်နိုင်ငံသားတွေ အများဆုံးပြုလုပ်တဲ့ honeymoon ခရီးသွားတဲ့ အလေ့အထ ဆိုတော့၊ဒါပေမယ့်လည်း ပြန်တွေးကြည့်လိုက်ရင် မဂ်လာပွဲတစ်ပွဲ စီစဉ်ဆောင်ရွက်ပြီဆိုရင် အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ လအတော်အကြာ စီစဉ်ဆောင်ရွက်ကြရတယ်မလား၊နှစ်ဖက်မိဘတွေနဲ့ နေ့ကောင်းရက်သာ ရွေးရ၊တိုင်ပင်ရ၊ညှိနှိုင်းရနဲ့ ပြီးရင်လည်း မဂ်လာအကြို Photo ရိုက်ရ၊ဟိုတယ်ခန်းမဆောင်၊ဘိသိတ်ဆရာကအစ အကုန် လိုက်လုပ်ရနဲ့ စိတ်ပင်ပန်းမှုဒဏ်၊လူပင်ပန်းမှုဒဏ်တွေကို ခံပြီးမှ လုပ်ကြရပါတယ်၊ပြီးရင် ဧည့်ခံပွဲနေ့ မရောက်မချင်း အဆင်ပြေပြေမှဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မဂ်လာမောင်နှံသတို့သား၊သတို့သမီးတို့ နေကြရပါတယ်။မဂ်လာဧည့်ခံပွဲ နေ့ရောက်ရင်လည်း ဧည့်ခံပွဲ လာတဲ့ ဆွေမျိုးသားချင်း ၊သူငယ်ချင်းတွေ အဆင်မှပြေပါ့မလား နဲ့ သူတို့သားနဲ့ သတို့သမီးက မပျော်နိုင်ပါဘူး၊
တကယ်တော့ မဂ်လာဧည့်ခံပွဲဆိုတာက ကြွရောက်ချီးမြင့်တဲ့ ဧည့်သည်တွေ အတွက်သာဖြစ်ပြီး၊ဟန်းနီးမွန်း ခရီးမှ သတို့သား၊သတို့သမီးအတွက် ဖြစ်ပါတယ်၊ဒါကြောင့်မို့ ဟန်းနီးမွန်း ခရီးကလိုအပ်ပါတယ်၊ အသွင်မတူတဲ့ လူနှစ်ဦးပေါင်းဖက်တာဟာ ရှေ့လျောက် ညှိယူရမှာ၊ တစ်ဦးပေါ်တစ်ဦးလေ့လာရတာတွေက ၊ကိုယ့်အပေါ် သည်းခံနိုင်လား၊ဦးစားပေးလား၊အနစ်နာခံနိုင်လား စဉ်းစားဆုံဖြတ်န်ိုင်ဖို့ နှစ်ယောက်အတူရှိနေနိုင်မယ့် အချိန် တစ်ခု လိုအပ်ပါတယ်၊ နောက်ထပ် စတင်လျှောက်လှမ်းရ‌ေတာ့ မယ့် ဘ၀လမ်းရဲ့ အစကိုလည်း ပျော်ရွှင်ဖွယ် အမှတ်တရကောင်းများစွာနဲ့ စတင်နိုင်ဖို့ ဟန်းနီးမွန်း ခရီးကို သွားသင့်တယ်လို့ အကြုံပြုချင်ပါတယ်။

ဟန်းနီးမွန်း ခရီးကို ပြည်တွင်း သို့မဟုပ် ပြည်ပ ခရီးစဉ်တွေ ကို သွားကြတဲ့ စုံတွဲတွေ ရှိကြ‌ေပမယ့်လည်း မော်ဒိုက်ကတော့ သတိုးသမီးတိုင်းရဲ့ အိမ်မက်ဖြစ်သလို Luxury ဆန်တဲ့ ဟိုတယ်တွေကြောင့်လည်း အေးဆေးဆေးဆေး အပန်းပြေ အနားယူလို့ကောင်းပါတယ်။ဒါကြောင့်မို့ Asian Royal Star Travelမှ မော်ဒိုက်ခရီးစဉ်တွေကို 2ညအိပ်၊3ညအိပ် Packageတွေ ဆွဲပေးပြီး စီစဉ်ဆောင်ရွက်ပေးနေတာမို့လို့ ဆက်သွယ်လိုက်တော့နော်။


ပိတ်ရက္မှာ မရောက်ရတာကြာတဲ့ ပုဂံဘုရားဖူးလည်း သွားချင်တယ် တောတောင်ရေမြေ သဘာဝအလှတွေကို ခံစားပြီး ဝါသနာပါတဲ့  Hiking  လေးလည်...
21/11/2022

ပိတ်ရက္မှာ မရောက်ရတာကြာတဲ့ ပုဂံဘုရားဖူးလည်း သွားချင်တယ်
တောတောင်ရေမြေ သဘာဝအလှတွေကို ခံစားပြီး ဝါသနာပါတဲ့ Hiking လေးလည်းသွားချင်တယ် ဆိုတဲ့ သူတွေအတွက်

🙏ပုဂံဘုရားတွေလည်း ဖူးမယ်..😍အရမ်းလှတဲ့ Popa Mountain Resort မှာ တည်းပြီး ⛰ပေပေါင်း ၄၉၀၀ ကျော်မြင့်တဲ့ ပုပ္ပါးတောင်မကြီးကို အရောက်တက်လှမ်းကြည့်ကြရအောင်...🏃

11လပိုင်း31ရက်နေ့မတိုင်ခင်ထိဝယ်မယ်ဆိုရင်တော့ 10000ကျပ် Discounts လေးရှိလည်းရှိသေးတယ်နော်။30.11.2022အထိပဲဆိုတော့အမြန်ဆုံး Bookingလုပ်လိုက်တော့နော်။

ခရီးစဉ်လေးကတော့ December လ 22 ရက်နေ့ ညနေပိုင်းမှာ စတင်ထွက်ခွာမှာဖြစ်ပြီး 25 ရက်နေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်...။

🎒 # Myanmar Treasure Resort (Bagan) နဲ့ Popa Mountain Resort တို့မှာ တည်းခိုခွင့်ရမယ့် Hotel ၂ ညအိပ် (စားတည်းငြိမ်းခရီးစဉ်)

🔸 #တစ်ဉီး ၂၂၀၀၀၀ ကျပ်

🌻ဘယ်လောက်သွားသွားမရိုးနိုင်တဲ့ ပုဂံဒေသက ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညု၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ ဓမ္မရံကြီး၊ လောကနန္ဒာ အစရှိတဲ့ နာမည်ကြီးဘုရားတွေကို သွားရောက်ဖူးမျှော်ရင်း အမှတ်တရဓာတ်ပုံတွေရိုက်မယ်

🌷အညာဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဆိုကြတဲ့ ပုပ္ပါးဒေသရဲ့ စိမ်းလန်းသာယာတဲ့ တောတောင်ရှုခင်းတွေကို ပုပ္ပါးတောင်ကလပ် View နဲ့အတူခံစားကြမယ်

🌷ပင်လယ်ရေမျက်နှာပြင်အထက် ပေ‌ပေါင်း (၄၉၀၀)ကျော် မြင့်တဲ့ ပုပ္ပါးတောင်မကြီးပေါ်ကို ခြေလျင်လမ်းလျှောက်တက်ပြီး တောင်ပေါ်ရှုမျှော်ခင်းတွေကို ခံစားမယ်။

🌷ပုပ္ပါးတောင်မကြီးပေါ်က စန္ဒကူးတော၊ ရွှေသမင်ခြံနဲ့ တိုင်းရင်းပယ ဆေးပင်စိုက်ခင်းတို့ကို သွားရောက်လေ့လာကြမယ်။

💥ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ💥
✅၁၄ ယောက်စီး (သို့) ၃၃ ယောက်စီး (သို့) ၄၅ ယောက်စီး Tour Grade Coach
✅ Myanmar Treasure Resort (Bagan)တွင် တစ်ညတာတည်းခိုခွင့် (နှစ်ယောက်တစ်ခန်း)
✅Popa Mountain Resortတွင် တစ်ညတာ တည်းခိုခွင့် (နှစ်ယောက်တစ်ခန်း)
✅Hotel မနက်စာ (2)နပ်၊ နေ့လည်စာ(2)နပ်၊ ညစာ(၂)နပ်
✅တောင်တက် လမ်းပြ Guide
✅ပုဂံဘုရားသမိုင်းများ စုံလင်စွာ ရှင်းပြပေးမည့် Local Tour Guide
✅ခရီးစဉ်တလျှောက်ဝန်ဆောင်မှုပေးမည့် Tour Leader
✅ရေသန့်(နေ့စဉ်)၊ စနိုးတာဝါ
✅အရေးပေါ်အိမ်သုံးဆေးဝါးများ
✅ခရီးသွားအာမခံ

ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိစုံစမ်းလိုပါက
📱09971401540 (Viber)
📱09765685818 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်

သီတင်းကျွတ်🎆 ပိတ်ရက်မှာ ပင်လယ်ရေလှိုင်းနဲ့ အနီးကပ်ဆုံး ရှိနေနိုင်မယ့် ငပလီခရီးစဉ် တည်းရမယ့်ဟိုတယ်ကလည်း ငပလီဆိုရင် ဘန်ဂလိ...
01/09/2022

သီတင်းကျွတ်🎆 ပိတ်ရက်မှာ ပင်လယ်ရေလှိုင်းနဲ့ အနီးကပ်ဆုံး ရှိနေနိုင်မယ့် ငပလီခရီးစဉ်

တည်းရမယ့်ဟိုတယ်ကလည်း ငပလီဆိုရင် ဘန်ဂလိုမှ ဘန်ဂလို ကြိုက်နှစ်သက်တဲ့ ခရီးသွား ဧည့်သည်တော်များအတွက် Pristine Mermaid Resort

💁ခရီးစဉ် စတင်မယ့်ရက် (3ည အိပ်4ရက် )

💁07Oct-10Oct (ရန်ကုန်-ငပလီ)

💁Ngapali Cottage (Garden View)-680000ကျပ် (တစ်ယောက်စာ)
💁Ngapali Cottage(Sea view)- 710000ကျပ်(တစ်ယောက်စာ)
💁Ngapali Villa-740000ကျပ်(တစ်ယောက်စာ)
💁Mermaid Suite-850000ကျပ်(တစ်ယောက်စာ).....................................................................................
💁ခရီးစဉ် စတင်မယ့်ရက် (3ည အိပ်4ရက် )

💁07Oct-10Oct (မန္တလေး-ငပလီ)

💁Ngapali Cottage (Garden View)-680000ကျပ် (တစ်ယောက်စာ)
💁Ngapali Cottage(Sea view)- 710000ကျပ်(တစ်ယောက်စာ)
💁Ngapali Villa-740000ကျပ်(တစ်ယောက်စာ)
💁Mermaid Suite-850000ကျပ်(တစ်ယောက်စာ)

👉ခရီးစဉ် မှာ ဘာတွေပါမလဲ ?
👉ငပလီ လေယာဉ်လက်မှတ် အသွား🤗အပြန်
👉 Pristine Mermaid Resort သုံးည တည်းခိုခွင့်
👉သံတွဲလေဆိပ်မှ ဟိုတယ်သို့ ကြို 🤗ပို့
👉 မနက်စာ သုံးရက်
👉(6‌ေယာက်)ပြည့်ပါက ငပလီ ကနေ သဲဖြူကျွန်း၊ပုလဲကျွန်း, ရေပြာအိုင်၊ light houseတွေကို လည်ဖို့အတွက် သီးသန့် boatခရီးစဉ်

အကုန် အပြီးအစီး စီစဉ်ပေးထားလို့ ဘာမှမလို Luggageထဲ အဝတ်အထည် ကောက်ထည့်ပြီး တစ်ခါတည်း ထသွားနိုင်ပါတယ်😍
12အောက် ကလေးတွေ အတွက်လည်း ကလေးဈေး သီးသန့်ရှိပါတယ်😘

ကုမ္မဏီ staff Tourများ၊ကိုယ်စားလှယ် Tourများ၊မိသားစုတိုးများ၊ ကမ်းခြေပါတီများကိုလည်း ကျွန်တော်တို့ Asian Royal Starမှ အကောင်းမွန်ဆုံး ၀န်ဆောင်မှု ပေးနေပါတယ်ခင်မျာ

ငပလီ ခရီးစဉ် Packageဘယ်လိုဝယ်ယူရမလဲ။
👉Fb Messengerက တစ်ဆင့် စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။
👉ဖုန်းကနေ တစ်ဆင့် bookingတင် ဝယ်ယူနိုင်ပါတယ်။
👉Bookingတင်လိုပါက အမည်၊မှတ်ပုံတင်၊ဖုန်းနံပါတ် ကို ပို့ထားလိုက်ပါ။
👉ငွေလွှဲပြီးတာနဲ့ ဟိုတယ် Comfirmationကို ချက်ချင်း ပြန်လည်ပို့ပေးပါမည်။
👉Comfirmationရောက်ပြီဆိုရင် သင့်ရဲ့ ငပလီ ခရီးစဉ် Comfirmဖြစ်ပါပြီ။🙏🙏🙏

Quick Payဖြင့်လည်း ငွေလွှဲနိုင်ပါသည်။
https://www.facebook.com/1175778405814261/posts/5666016556790401/

🌟Asian Royal Star Travel & Tour💫
📞📱☎️09-971401540 ( Viber ), 09-752400710, 09 765685818
ရုံးလိပ်စာ-278/300,6B,မဟာဗန္ဓုပန်းခြံလမ်း၊ကျောက်တံတာမြို့နယ်၊ရန်ကုန်

သီတင်းကျွတ် ပိတ်ရက်မှာ ပင်လယ်ရေလှိုင်းတွေကြား လိုက်ပါစီးမျော ခံစားနိုင်မယ့် ငပလီခရီးစဉ်တစ်နှစ်ပတ်လုံး အလုပ်၊အလုပ်၊အလုပ်....
25/08/2022

သီတင်းကျွတ် ပိတ်ရက်မှာ ပင်လယ်ရေလှိုင်းတွေကြား လိုက်ပါစီးမျော ခံစားနိုင်မယ့် ငပလီခရီးစဉ်

တစ်နှစ်ပတ်လုံး အလုပ်၊အလုပ်၊အလုပ်.....နဲ့ Stressတွေ များတဲ့ ပတ်၀န်းကျင်ကနေ ခဏလေးရုံးထွက်ချင်လို့ပါ

ဆားရနံ့ သင်းပျံတဲ့ ပင်လယ်ပြင်ကြီးက ကောင်းကောင်းအထောက်အပံ့ပေးတယ်မလား၊ဆိုတော့....

မနက်ခင်း ကို ခါးသက်သက်ကော်ဖီတစ်ခွက်နဲ့ လှိုင်းတွေ ရိုက်ခက်နေတဲ့ ပင်လယ်ပင်ကြီးကို နှစ်ယောက်အတူ ထိုင်ကြည့်ချင်လို့ပါ ဆိုသူ‌တွေအတွက် ခဏတာ ပိတ်ရက်လေးမှာ

ဒီလိုမျိုးလေး စီစဉ်ထားပါတယ်

ငပလီရဲ့ 4.5star အဆင့်ရှိ ဟိုတယ်တွေထဲမှာ အကောင်းဆုံး လို‌့ ပြောလို့ရတဲ့ ရေကူးကန် ရှိတဲ့ Jasmine Resort
တိတ်တိတ်ဆိတ်ဆိတ် အနားယူချင်တဲ့ ဧည့်သည်တွေအတွက် မြို့ပြင်ဘက် အေးအေးချမ်းချမ်းနဲ့ မိသားစု၊ချစ်သူစုံတွဲတွေ အနေဖြင့် အနားယူလို့ အရမ်းကောင်းတဲ့ ဟိုတယ်တစ်ခုပါ အခန်းအမျိုးအစားကလည်း အမျိုးမျိုးရှိတာကြောင့် ကိုယ့် Budgetအနေအထားနဲ့ ချိန်ဆပြီး ရွေးချယ် ၀ယ်နိုင်ပါတယ် ခင်မျာ

ငပလီဆိုရင် Sea view မှ Sea view ဆိုသူများအတွက် Beach Front viewနဲ့ Ocean View
Beach Front Villa မှာဆိုရင် Private ရေကူးကန်ပါတာမို့ မိသားစု၊ချစ်ခင်သူနဲ့ ခဏတာသီးသန့် ကမ္ဘာလေးထဲမှာ နေရသလို ‌အေးအေးချမ်းချမ်း အနားယူနိုင်ပါတယ်။

💁ခရီးစဉ် စတင်မယ့်ရက် (3ည အိပ်4ရက် )

💁07Oct-10Oct (ရန်ကုန်-ငပလီ)

💁DELUXE -630000ကျပ် (တစ်ယောက်စာ)
💁Ocean View Villa- 870000ကျပ်(တစ်ယောက်စာ)
💁Beach Front Villa-1050000ကျပ်(တစ်ယောက်စာ)
💁ခရီးစဉ် စတင်မယ့်ရက် (3ည အိပ်4ရက် )

💁07Oct-10Oct (မန္တလေး-ငပလီ)

💁DELUXE -630000ကျပ် (တစ်ယောက်စာ)
💁Ocean View Villa- 870000ကျပ်(တစ်ယောက်💁စာ)
💁Beach Front Villa-1050000ကျပ်(တစ်ယောက်စာ)

👉ခရီးစဉ် မှာ ဘာတွေပါမလဲ ?
👉ငပလီ လေယာဉ်လက်မှတ် အသွား🤗အပြန်
👉 Jasmine Resort Hotel သုံးည တည်းခိုခွင့်
👉သံတွဲလေဆိပ်မှ ဟိုတယ်သို့ ကြို 🤗ပို့
👉 မနက်စာ သုံးရက်
👉(6‌ေယာက်)ပြည့်ပါက ငပလီ ကနေ သဲဖြူကျွန်း၊ပုလဲကျွန်း, ရေပြာအိုင်၊ ရေပေါ်တံတား ၊ light houseတွေကို လည်ဖို့အတွက် သီးသန့် boatခရီးစဉ်

အကုန် အပြီးအစီး စီစဉ်ပေးထားလို့ ဘာမှမလို Luggageထဲ အဝတ်အထည် ကောက်ထည့်ပြီး တစ်ခါတည်း ထသွားနိုင်ပါတယ်😍
12အောက် ကလေးတွေ အတွက်လည်း ကလေးဈေး သီးသန့်ရှိပါတယ်😘

ကုမ္မဏီ staff Tourများ၊ကိုယ်စားလှယ် Tourများ၊မိသားစုတိုးများ၊ ကမ်းခြေပါတီများကိုလည်း ကျွန်တော်တို့ Asian Royal Starမှ အကောင်းမွန်ဆုံး ၀န်ဆောင်မှု ပေးနေပါတယ်ခင်မျာ

ငပလီ ခရီးစဉ် Packageဘယ်လိုဝယ်ယူရမလဲ။
👉Fb Messengerက တစ်ဆင့် စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။
👉ဖုန်းကနေ တစ်ဆင့် bookingတင် ဝယ်ယူနိုင်ပါတယ်။
👉Bookingတင်လိုပါက အမည်၊မှတ်ပုံတင်၊ဖုန်းနံပါတ် ကို ပို့ထားလိုက်ပါ။
👉ငွေလွှဲပြီးတာနဲ့ ဟိုတယ် Comfirmationကို ချက်ချင်း ပြန်လည်ပို့ပေးပါမည်။
👉Comfirmationရောက်ပြီဆိုရင် သင့်ရဲ့ ငပလီ ခရီးစဉ် Comfirmဖြစ်ပါပြီ။🙏🙏🙏

Quick Payဖြင့် ငွေလွှဲနိုင်ပါသည်။
https://www.facebook.com/1175778405814261/posts/5666016556790401/

🌟Asian Royal Star Travel & Tour💫
📞📱☎️09-971401540 ( Viber ), 09-752400710, 09 765685818
ရုံးလိပ်စာ-278/300,6B,မဟာဗန္ဓုပန်းခြံလမ်း၊ကျောက်တံတာမြို့နယ်၊ရန်ကုန်

Promotion က July လကုန်ထိပဲနော်  နောက်လဆို ဒီ rate နဲ့ ရဖို့ မသေချာလို့ အမြန် Booking တင်ထားလိုက်တော့နော်Asian Royal Star...
25/07/2022

Promotion က July လကုန်ထိပဲနော် နောက်လဆို ဒီ rate နဲ့ ရဖို့ မသေချာလို့ အမြန် Booking တင်ထားလိုက်တော့နော်

Asian Royal Star Travel and Tours
☎️09765685818,09752400710, 09971401540

စိမ်းစိုလန်းဆန်းနေတဲ့ မိုးရာသီ  ရန်ကုန် မြို့ရဲ့ အလှအပ ရှုခင်းတွေကို အပေါ်စီးကနေ ခံစားရင်း ချစ်သူ၊ခင်သူ၊လုပ်ဖော်ကိုင်ဖက်...
14/07/2022

စိမ်းစိုလန်းဆန်းနေတဲ့ မိုးရာသီ ရန်ကုန် မြို့ရဲ့ အလှအပ ရှုခင်းတွေကို အပေါ်စီးကနေ ခံစားရင်း ချစ်သူ၊ခင်သူ၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ အနားယူကြရအောင်
ဟိုတယ်ရဲ့ ရေကူးကန်မှာ အနားယူရင်း Inyaကန်ကို တ၀ကြီးထိုင်ကြည့်နေရတာက သင်တို့ရဲ့ ပင်ပန်းမှုတွေကို ခဏတာ ပြေပျောက်စေဖို့ အကူအညီဖြစ်မှာပါ
အခန်းဈေးတွေကလည်း သင့်တင့်တဲ့‌ေစျး‌ေတွနဲ့ Promotionတွေချပေးထားတာမို့

1Night Stay 85$++ with Deluxe Room
1Night Stay 95$++with Premium Lake View

(3Nights And Above Get Double Promotion)

ကြိုတင် ဘိုကင် တင်ချင်သူများအတွက် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်မျာ

Phone-09971401540
-09765685818

Address

Yangon
NO.6B,278-300,ZEZAWARCONDO

Telephone

+959971401540

Website

Alerts

Be the first to know and let us send you an email when Let's go with S & M Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's go with S & M Travel:

Shortcuts

Share