Life in China with Daisy

Life in China with Daisy Travel | Culture | Tech | Simple Chinese �

17/04/2026

ဂျပန်၏ ကျူးကျော်ခြင်းကို ခုခံတိုက်ခိုက်ခဲ့သည့်နေရာ စစ်ဟန်ဆန်းခု (si han warehouse) ရှန်ဟိုင်းမြို့၊ တရုတ်ပြည်မှ ပြတိုက်အဖြစ် ပြန်လည်ပြသထားခြင်း

03/03/2023

JLPT အတွက် Online form တင်တာ ဒီနေ့ နောက်ဆုံးပါ။ JLPT အမီဖြေဖို့ သင်တန်းတက်ချင်သူများအနေဖြင့် ဒီနေ့ ၃နာရီ နောက်ဆုံးထား သင်တန်းအပ်နိုင်ပါတယ်။ အပ်ထားပြီးသားသူများအကုန်လုံးအတွက်လည်း form အားလုံး တင်ပြီးပါပြီ။

12 လပိုင်းတုန်းက ဖြေထားသူများ အောင်လက်မှတ်ထုတ်လို့ရပါပြီ
03/03/2023

12 လပိုင်းတုန်းက ဖြေထားသူများ အောင်လက်မှတ်ထုတ်လို့ရပါပြီ

အလုပ်အေဂျင်စီနှင့် ချိတ်ဆက်ထားတာကြောင့် သင်တန်းလည်းတက်ပြီးရင် ဂျပန်သွားဖို့ကိစ္စ ပူစရာမလိုတော့ဘူးနော်ဂျပန်စာ လေ့လာသင်ကြာ...
24/02/2023

အလုပ်အေဂျင်စီနှင့် ချိတ်ဆက်ထားတာကြောင့် သင်တန်းလည်းတက်ပြီးရင် ဂျပန်သွားဖို့ကိစ္စ ပူစရာမလိုတော့ဘူးနော်

ဂျပန်စာ လေ့လာသင်ကြားရန်အတွက် လိုအပ်ချက်မှာ မြန်မာစာရေးတတ်၊ ဖတ်တတ်သူ မည်သူမဆို သင်နိုင်ပါတယ်။

ဂျပန်နိုင်ငံ သွားရန် ရည်ရွယ်ထားသူများသည်
- Student Visa, Training Visa, Special Work Visa, Work Visa ဟူ၍ ရှိရာ မိမိသွား‌ရောက်ရန် ရွေးချယ်ထားသည့်အပေါ် လိုအပ်ချက်များ ရှိပါတယ်။

Student Visa နဲ့ သွားရောက်မည့်သူသည် အထက်တန်းအောင်ထားရမည် ဖြစ်ပြီး show money ခိုင်မာစွာ ပြနိုင်ရန်လိုပါတယ်။ ဂျပန်စာကိုလည်း အနိမ့်ဆုံး N4 လောက်ပြီးထားရင် ပိုအခွင့်အလမ်းများပါတယ်။

Training Visa နဲ့ သွားမည့်သူသည် ပညာအရည်အချင်း မလိုအပ်သော်လည်း အင်တာ‌ဗျူးကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရန်အတွက် ဂျပန်စာ N5 ပြီးထားရပါမည်။ N4 ပြီးထားပါက သူများထက်ပိုအခွင့်အလမ်းများပြီး ဂျပန်ရောက်လျှင်လည်း စာမတတ်၊ စကားမတတ် အနှိမ်ခံရသည့် ဒုက္ခမှ လွတ်ကင်းပါမယ်။

Special Work Visa နဲ့ သွားမည့်သူမှာ ဂျပန်နိုင်ငံမှ သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သား သင်တန်းအောင်မြင်ထားရမှာဖြစ်ပြီး ဂျပန်စာအဆင့် အနိမ့်ဆုံး N4/ N3 ပြီးထားရန်လိုအပ်ပါတယ်။

Work Visa နဲ့ သွားမည့်သူသည် Professional working experience ရှိရမည်ဖြစ်ပြီး ဂျပန်စာ အဆင့် N3/N2 အနိမ့်ဆုံးအောင်မြင်ထားရန်လိုပါတယ်။ မိမိအား ကမ်းလှမ်းထားသော Company အင်တာဗျူးအောင်ပါက သွားနိုင်ပါတယ်။

အဓိကအားဖြင့် ဂျပန်သွားရောက်နိုင်ရန်အတွက် ဂျပန်စာ သင်ကြားရမှာဖြစ်ပြီး Level မြင့်မြင့်ပြီးထားလေလေ မိမိအတွက် အခွင့်အလမ်း ပိုများလေလေ ဖြစ်ပါတယ်။

ဂျပန်စာ Level ကို N5, N4, N3, N2, N1 များ ခွဲထားပါတယ်။ အနိမ့်ဆုံး က N5 ဖြစ်ပြီး အမြင့်ဆုံးမှာ N1 ဖြစ်ပါတယ်။

ဂျပန်သွားဖို့ ရည်ရွယ်ချက်ရှိသူများ၊ ဂျပန်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လိုသူများ အနေဖြင့် မဖြစ်မနေ ဂျပန်စာကို သင်ထားရန်လိုအပ်ပါတယ်။

ကဲ... ဂျပန်စာသင်ယူဖို့ စိတ်ဝင်စားပါက အောက်ပါ သင်တန်းအသေးစိတ်ကို ဆက်ဖတ်ပေးပါနော်

🌼🌼🌼🌼🌼
Basic+N5
ကြားရက်အတန်း
•••••••••••••••
သင်တန်းစမည့်နေ့ : 7 - Mar - 2023
သင်တန်းနေ့ရက် : Tue, Wed, Thu, Fri
အချိန် : 3:00 PM to 5:00 PM
သင်တန်းကာလ : ၃လအပြတ်
သင်တန်း‌ကြေး : ၁လကို ၅၀,၀၀၀ကျပ်
အပြတ်သွင်းမယ်ဆိုရင် ၁၃၀,၀၀၀ကျပ်ပါ။

ရုံးချိန်လွတ် စနေ၊ တနင်္ဂနွေ အတန်း
•••••••••••••••••••••••••••••••
သင်တန်းစမည့်နေ့ : 11 - Mar - 2023
သင်တန်းနေ့ရက် : Sat & Sun
အချိန် : 3:00 PM to 5:00 PM
သင်တန်းကာလ : ၄လအပြတ်
သင်တန်း‌ကြေး : ၁လကို ၄၀,၀၀၀ကျပ်
အပြတ်သွင်းမယ်ဆိုရင် ၁၅၀,၀၀၀ကျပ်ပါ။

🌼🌼🌼🌼🌼
N4
ကြားရက်
°°°°°°°°°°°°°°°°°°
သင်တန်းစမည့်နေ့ : 7 - Mar - 23
သင်တန်းနေ့ရက် : Tue, Wed, Thu, Fri
အချိန် : 12:30 pm to 2:30 pm
သင်တန်းကာလ : ၃လအပြတ်
သင်တန်း‌ကြေး : ၁လကို ၅၅,၀၀၀ကျပ်
အပြတ်သွင်းမယ်ဆိုရင် ၁၆၀,၀၀၀ကျပ်ပါ။
ကျောင်းသားဟောင်းဆိုရင် ၁၅၀,၀၀၀ကျပ်ပါ။

သင်ကြားမှုနဲ့ သင်ယူမှု ထိရောက်စေရေးအတွက် Haru မှာ ဖွင့်တဲ့ အတန်းတိုင်းကို လူဦးရေကန့်သတ်ထားပါတယ်။

စာချည်းပဲ သင်သွားတာမဟုတ်ဘဲ အလုပ်အင်တာဗျူးမှာလည်း အဆင်ပြေစေအောင် speaking လေးတွေလည်း ညှပ်ညှပ်ပြီး တခါတည်းလေ့ကျင့်သွားပေးပါတယ်။
Haru မှာ စာသင်ရတာ ဘယ်လိုပျော်ဖို့ကောင်းလဲဆိုတာကို ဒီ video link ကို ကြည့်ကြည့်ပါနော် ☺️

https://www.facebook.com/100086237117199/posts/145157755035461/

⚠️⚠️⚠️
သင်တန်းပြီးသွားရင်လည်း လိုင်စင်ရ စိတ်ချ‌ရသော အေဂျင်စီနှင့် ချိတ်ဆက်ပေးပါတယ်။

သင်တန်းကြေးသွင်းရန်အတွက် Page Messenger ၌ အသေးစိတ်စုံစမ်းနိုင်ပါတယ်။

🏠 သင်တန်းတက်ရမည့် လိပ်စာ
အမှတ် ၁၊ ၄လွှာ၊ ရွှေဟင်္သာလမ်း(၁၅၄လမ်းထောင့်) တာမွေဈေး၊ တာမွေမြို့နယ်။

နီးစပ်ရာမှတ်တိုင်များ

တာမွေဈေး - YBS (3,111,112,113,9,13,20,26,27,65,72,95)

တာမွေဗလီ - YBS
(9,25,59,72,76,75,79,86,95)

လမ်းညွှန်- တာမွေဈေးမှတ်တိုင်နားရှိ KFC ဘေးလမ်းမှ ဝင်ပြီး ၂လမ်းမြှောက်လမ်းထိပ်ရဲ့ဘယ်ခြမ်းတိုက် ၄လွှာသို့တက်ခဲ့ပါ။

ဆက်သွယ်ရန် - 09 989800996

တနင်္လာနေ့တိုင်း သင်တန်းပိတ်ပါတယ်။

သင်တန်းချိန် အတွင်း (၁၀:၀၀ မှ ၅:၀၀ နာရီ အတွင်း) သာ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။

21/02/2023
လျှောက်လွှာတင်ရက်ကြော်ငြာနေပါပြီ အဆင်သင့်ပြင်ကြစို့
11/02/2023

လျှောက်လွှာတင်ရက်ကြော်ငြာနေပါပြီ အဆင်သင့်ပြင်ကြစို့

10/02/2023

JLPT အမီ N4 တက်မဲ့သူတွေ ready ပဲလား
၃လပိုင်းအစမှာ ဖွင့်ပါတော့မယ်နော်
သင်တန်းကြေးလည်း သက်သာခွင့်ပေးထားပါတယ်။
JLPT ဖြေဖို့ စာမေးပွဲဖောင်လည်းတင်ပေးလို့ စိတ်ပူစရာမလိုဘူးနော် 😊

သန်လျင်ကနေ တာမွေအထိ သင်တန်းလာတက်ကြတဲ့ ညီအကို (၃)ယောက် 😊N5 ပြီးတာနဲ့ ဂျပန်သွားကြမဲ့သူတွေမို့ ကြိုးစားပမ်းစား တက်ကြွစွာ သင...
07/02/2023

သန်လျင်ကနေ တာမွေအထိ သင်တန်းလာတက်ကြတဲ့ ညီအကို (၃)ယောက် 😊
N5 ပြီးတာနဲ့ ဂျပန်သွားကြမဲ့သူတွေမို့ ကြိုးစားပမ်းစား တက်ကြွစွာ သင်ယူကြတယ် 👏

လိုအပ်တာ‌တွေ ပြင်ဆင်ထားကြမယ်နော်
07/02/2023

လိုအပ်တာ‌တွေ ပြင်ဆင်ထားကြမယ်နော်

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) လျှောက်ထားရာတွင် အကျုံးဝင်သည့် သက်သေခံကတ်ပြား (ID) နှင့် ပတ်သက်၍ ကြိုတင်ကြေငြာချက် - ၂

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲမှ စတင်၍ နောင်ကျင်းပမည့် JLPT စာမေးပွဲများအတွက် လျှောက်လွှာလက်ခံရာတွင် အောက်ဖော်ပြပါ သက်သေခံကတ်ပြား (ID) များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာပြီးဖြစ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြား (ID) များ

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

စာမေးပွဲဖြေဆိုရာတွင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) နှင့်အတူ အထက်ပါ သက်သေခံကတ်ပြား (ID) မူရင်း တစ်ခုခုမပါရှိပါက လုံးဝ ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် စာမေးပွဲလျှောက်ထားလိုသူများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် အသိပေးကြေငြာခဲ့ပါသည်။

သို့ရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် ၁၀ နှစ်အောက် စာမေးပွဲလျှောက်လွှာတင်လိုသူများသည် MAJA မှ သတ်မှတ်ပေးမည့်ရက်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ သတ်မှတ်နေရာတွင် လျှောက်လွှာ လာရောက်ဝယ်ယူ၍ လျှောက်လွှာတင်ရမည်ဖြစ်သည်။

ထိုသို့လျှောက်ထားရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ပြီး၊ ၁၀ နှစ်အောက် လျှောက်လွှာတင်သူများ အတွက် မွေးစာရင်းဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

လျှောက်လွှာလက်ခံမည့်ရက်၊ အချိန်နှင့် နေရာအား အသေးစိတ် ထပ်မံကြေငြာပေးပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

N1 အောင်ရင် နိုင်ငံအနှံ့ ခရီးပို့‌ပေးဦးမှာ 😎Photo credit
05/02/2023

N1 အောင်ရင် နိုင်ငံအနှံ့ ခရီးပို့‌ပေးဦးမှာ 😎

Photo credit

31/01/2023

JLPT အမှီ N4 Complete (4 skills) အတန်းကို February 21 ရက်နေ့မှာ စတင်ပါမယ်။ အတန်းတစ်တန်းကို (၆)ဦးသာလက်ခံပါတယ်။ သင်တန်းကြေးနဲ့ အသေးစိတ်ကို comment မှာ ကြည့်နိုင်ပါတယ်။

Address

Yangon
11211

Opening Hours

Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959989800996

Website

Alerts

Be the first to know and let us send you an email when Life in China with Daisy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share