10/04/2025
⬛ ၂ဂိုးသွင်း
⬛ ၁ ကြိမ်ဖန်တီး
⬛ ကွန်ကာကပ်ဖလားဆီမီးဖိုင်နယ်ဆီပို့ပေး
LAFC နဲ့ ဒီမနက်ကစားခဲ့တဲ့ ကွန်ကာကပ်ကွာတားဖိုင်နယ် ဒုတိယအကျော့က မက်ဆီရဲ့ စွမ်းဆောင်ရည်ပါ။ ၃-၁ နဲ့ နိုင်ခဲ့ပြီး ပကျော့က ၁-၀နဲ့ ရှုံးခဲ့တာကို ပြန်ချေဖျက်နိုင်ခဲ့ပါတယ်။ ဒါတောင် ဦးဆောင်ဂိုးပေးခဲ့ရလို့ ၂-၀ ဖြစ်သွားပြီး ၃ ဂိုးပြန်သွင်းဖို့ လိုအပ်ခဲ့ကာ မက်ဆီက ၃ ဂိုးစလုံး ပါဝင်ပတ်သက်ခဲ့ပြီး အသင်းကို ဆီမီးဖိုင်နယ်တက်စေခဲ့ပါတယ်။
ဂုတ်ကြီးကတော့ ဂုတ်ကြီးပါပဲ။ အင်တာမိုင်ယာမီအတွက်တော့ မက်ဆီရှိနေသရွေ့ ဘာမဆိုဖြစ်သွားနိုင်သေးတယ်ဆိုတာကို ထပ်ပြီး သက်သေပြခဲ့တဲ့ပွဲပါ။