Yuki's Travelling & Daily Routine

Yuki's Travelling & Daily Routine Daily Routine & Travelling

(အဲ့ဒါ ဖားအံမြို့)......ဘားအံ(ဖားအံ)မြို့သည် ကရင်ပြည်နယ်၏လှပသောမြို့တစ်မြို့ဖြစ်သည်။အလှဆုံးမြို့လည်းဖြစ်သည်။လှပြီလှမှတော...
17/05/2025

(အဲ့ဒါ ဖားအံမြို့)......

ဘားအံ(ဖားအံ)မြို့သည် ကရင်ပြည်နယ်၏လှပသော
မြို့တစ်မြို့ဖြစ်သည်။အလှဆုံးမြို့လည်းဖြစ်သည်။

လှပြီလှမှတော့ဖြင့် ဇွဲကပင်တောင်ကစပြီးလှသည်။
မြုမှုန်မဆိုင်းပေမယ့် တိမ်ဖြူပျံဝဲနေ၍
တစ်မျိုးလှသည်။

နွေဦးရောက်မှ လှသည်မဟုတ်။
မိုးဦးရောက်လည်း လှသည်။
ဆောင်းဦးရောက်လျှင် ပိုလှသည်။
ပိုလွမ်းမောဖွယ် ကောင်းသည်။

လှပသောဇွဲကပင်တောင်အောက်တွင်
လှပသောချစ်သူမြိုင်ပန်းခြံရှီသည်။.
တစ်နည်းအားဖြင့် ချစ်သူစုံတွဲပန်းခြံလို့လည်းခေါ်သည်။

ဟုတ်ပါသည်။
ဘားအံမြို့သည် လှသည်။
အလွန်လှသည်။အခြားမြို့တွထက်
ပိုလှသည်။တကယ်တမ်းလည်းလှသည်။

မိမိ၏မြို့ဖြစ်၍ကြွားပြောခြင်းမဟုတ်ပေ။
လူဆိုသည့် သတ္တဝါသည်
ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်ဇာတိကို
ခုံမင်နှစ်သက်တတ်ကြသည်။
မိမိဇာတိကိုလည်း အခြားဇာတိတွေထက်
ပိုလှသည်ဟုခံယူတတ်ကြသည်။

ရှေးလွန်လေပြီးသောအခါက
ရသေ့ကြီးဦးနရိန္ဒသည် ရှင်ဘုရင်၏ကြည်ညိုမူကြောင့်
နန်းတွင်းမြို့တော်ဥယျာဉ်တော်တွင် ရှင်ဘုရင်က
သီးတင်းသုံးတော်မူစေသည်။
သို့သော် ရသေ့ကြီးမှာ
သူ့ဇာတိမဟုတ်၍လားမသိ။
နေလို့မပျော်သည့်အပြင် သူ့အတွက်
မွန်းကြပ်မူတစ်ခုလို ခံစားရသည်။

စားမဝင်အိပ်မပျော်၍ ခန္ဓာကိုယ်လည်း
ချုချာလာသည်။
ဒါကိုရှင်ဘုရင်သိတော့
ရသေ့ကြီး၏ဆန္ဒအတိုင်း ဟိမဝန္တာတောင်တန်းကို
ပြန်သီတင်းသုံးတော်မူစေသည်။
ရသေ့ကြီးလည်း သူ့ဇာတိမှာ
သူ့တပည့်သားတွေနဲ့ချမ်းချမ်းမြေ့မြေ့နေကာ
နဂိူမလအတိုင်း အသားအရေစိုပြင်လာခဲ့သည်။

ပုံပြင်က မဆုံးသေးပါဘူး။

ပြောချင်တာကတော့
သတ္တာဝါဆိုသည့်.သက်ရှီသားတွေဟာ
အခြားဇာတိတွေထက်ကိုယ့်ဇာတိမွေးရပ်မြေမှာ
ပိုပြီးပျော်ရွှင်နှစ်သက်ကြတယ်ဆိုတာပါပဲ။

ထို့အတွက်ကြောင့်
မိမိမြို့ရဲ့အလှအပတွေကိုလည်း
ကြွေးကြော်ချင်ပါသည်။
အခြားသူတွေလာလည်နိုင်လည်း
မျှဝေအသိပေးချင်ပါတယ်။

အဲ့သည်မျှမကပဲ
ငွေမကုန် ကြေးမကုန်ပဲ
မြတ်ကုသိုလ်အဖြစ်
စတုဒီသာအခမဲ့ကိုလည်း
ကျောက်ကလပ်နှင့်တောင်ဝိုင်းတွင်
လာရောက်သုံးဆောင်နိုင်ပါကြောင်း
ထပ်လောင်းအသိပေးချင်ပါသည်။

မေတ္တာဖြင့်......
သုယဉ်ညို

အခုမှပဲ စိတ်အေးရတော့တယ် ... 🌚🤧
06/03/2025

အခုမှပဲ စိတ်အေးရတော့တယ် ... 🌚🤧

ရှိကြလား ... ရည်းစားတစ်ယောက်နဲ့ ပြတ်သွားတိုင်း သူ့မြို့ကိုပါ မုန်းမိသွားတဲ့သူမျိုးတွေ 😥😅
03/11/2024

ရှိကြလား ...
ရည်းစားတစ်ယောက်နဲ့ ပြတ်သွားတိုင်း သူ့မြို့ကိုပါ မုန်းမိသွားတဲ့သူမျိုးတွေ 😥😅

 #မကျွတ်လွတ်သေးတဲ့ဗိဿနိုးဘုရင်မ ပန်ထွာ ရဲ့အမုန်းကျိန်စာနဲ့ ပေပင်လေး‌တွေ"" ငါလာမှသီး ၊ငါလာမှကြီး " တဲ့လားဖေဖေ ၊ သူ့ကျိန်စ...
03/11/2024

#မကျွတ်လွတ်သေးတဲ့
ဗိဿနိုးဘုရင်မ ပန်ထွာ ရဲ့
အမုန်းကျိန်စာနဲ့ ပေပင်လေး‌တွေ"

" ငါလာမှသီး ၊ငါလာမှကြီး " တဲ့လား
ဖေဖေ ၊ သူ့ကျိန်စာကလည်း စိတ်ဝင်
စားစရာကောင်းသလို .. ပေပင်လေး
တွေကလည်း နှစ်ရာထောင်ချီနေတာ
တောင် သုံးလေးပေက မတက်ဘူးနော်...၊ သူ့နတ်နန်းမှာ ဘာလို့ ဘီလူးမကြီးနဲ့ တွဲထားရတာလည်း ဖေဖေ ၊ ကြည့်ရတာ တမျိုးကြီးပဲ ... "

ဗိဿနိုးမြို့ထဲ ဝင်သွားချိန်ကစလို့
တိတ်ဆိပ်ချောက်ချားစွာနဲ့ နေရာတစ်ခုချင်းဆီကို စိတ်ဝင်စားစွာ ကြည့်နေ
ပေမယ့် စိတ်အစဉ်ကတော့ ဟိုး နှစ်
ပေါင်း နှစ်ထောင်ခန့်က စည်ကားခဲ့တဲ့
ဗိဿနိုးမြို့ကြီးရယ် ၊သရေခေတ္တရာ
ဆိုတဲ့ ဒွတ္တဘောင်တို့ရဲ့ ပြည်မြို့ကြီးရယ်.. ၊အင်မတန်ချောမောလှပတယ်ဆိုတဲ့ ပန်ထွာဘုရင်မရယ် ..၊ငယ်ငယ်
ကအရမ်းသဘောကျခဲ့တဲ့ အတုလစည်တော်ကြီးနဲ့ စည်တီးရင် ရေကြီးတဲ့ ရန်ပယ်ချောင်းရယ် .. ရဟန်းတု
တွေက ဖျက်ဆီးခဲ့လို့ ပျက်ဆီးသွားတဲ့
အတုလစည်အပေါက်ကြီးရယ် ...၊ ရဟန်းတုတွေအပေါ် အခဲမကြေနိုင်ခဲ့
ပဲ မဟာမြိုင်တောမှာ ခုချိန်ထိ လက်
စားချေနေတာရယ်.. သူလူပြန်ဖြစ်ပြီး ဒွတ္တဘောင်ဘုရင်ကို သူ့လက်နဲ့သတ်
နိုင်ချိန်ကျမှ ပေပင်တွေ ရှင်သန်ကြီး
ထွားနိုင်အောင် ' ငါလာမှသီး၊ငါလာမှ
ကြီး' လို့ကျိန်စာတိုက်ခဲ့တာဆိုရင် ..
ခုချိန်ထိ မကျွတ်လွတ်နိုင်သေးဘူး ဆိုတာရယ် ..အတွေးတွေ ဖြန့်ကျက်နေ
စဉ်မှာပဲ သမီးလေးမေးခွန်းကြောင့်
အတွေးတွေ ရပ်သွားပါတယ် ...။

" ဪ .. သမီးရယ်
ပန်ထွာဧကရီဘုရင်မ ရဲ့ အမေဟာ
ဘီလူးမကြီးလေ ၊စန္ဒမုခိ ဆိုတဲ့ ဘီလူးမကြီးပေါ့ ၊အဲတာကြောင် သူ့နတ်နန်းမှာ အတူယှဉ်တွဲလို့ ပူဇော်ပေးထားတာပါ " " ဟင် .. ဒါဆိုသူ့ရဲ့
ဖေဖေကရော ဘယ်သူလည်းဟင် "

အင်း... ခက်ပီ ။တောင်တွင်းကြီးမြို့နဲ့
ဆယ်မိုင်အကွာ ကတ္တရာလမ်းမကြီး
ဘေးမှာ မုဒ်ဦးကြီးနဲ့ အထင်ကရ ဗိဿနိုးမြို့ဟောင်းကြီးရယ်၊နန်းတော်
ဟောင်းတွေရယ် ရှိနေတာတောင်၊ အဲဒီထီးနန်းက ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးရဲ့ မိခင်ဖခင် ရာဇဝင်
တွေကို မသိနိုင်ကြပဲ အပျော်သဘော
လာကြည့်ပြန်သူတွေ ဘယ်လောက်များနေကြပြီလည်းလို့ စိတ်မကောင်း
ဖြစ်မိပါတယ် ။

" သူ့ဖေဖေက စူဠသမ္ဘဝလေ သမီးရဲ့ ။
မဟာသမ္ဘဝ၊စူဠသမ္ဘဝ မျက်မမြင်ညီနောင်မင်းသားနှစ်ပါးဆိုရင် သမီး
သိလား "" ဟား.. ကြားဖူးတယ် ဖေဖေ .. အဲတာဆို သိတယ် "
တခါတခါမှာ သမိုင်းတွေက အံ့ဩစရာကောင်းသလို သူတို့ရဲ့ပဌာန်းဆက်
တွေကလည်း အံ့ဩစရာကောင်းလွန်း
တယ် သမီးရယ် ..။သမီး မပျင်းအောင် သူတို့ရဲ့ ဆက်စပ်မှုဘဝသမိုင်း
လေးကို အတိုချုပ် ရှင်းပြပေးမယ်။အံ့ဩစရာ တွေ့ဆုံမှုတွေပါ သမီးရေ ... ၊

အချိန်ကာလက ...
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး
သာသနာသက္ကရာဇ် ၅၉ ခုနှစ်မှာပေါ့။
တကောင်းဘုရင် သတိုးမဟာရာဇာနဲ့
မိဖုရားကြီး ကိန္နရီဒေဝီမှာ သားတော်နှစ်ပါးထွန်းကားတယ်။သားတော်နှစ်ပါးဟာ မွေးကတည်းက မျက်စိမမြင်
ဘူး။ဖခင်က တခြားတိုင်းပြည်တွေ မသိခင် သတ်စေအမိန့်ချတယ်။မိခင်က မသတ်ရက်တော့ ဖွတ်ထားတယ်။
အသက် ၁၉ နှစ်အရွယ်မှာ ဘုရင်ကြီး
သိသွားတော့ မိဖုရားကြီးက မနေသာ
တော့ပဲ သားတော်နှစ်ပါးကို ဖောင်ပေါ်တင်ပြီး မသိုးထမင်း၊မသိုးဟင်းတွေနဲ့အတူ ရင်နာနာနဲ့ ရေမှာ မျော
စေခဲ့တယ် ။

လမ်းခရီး ရေစပ်က စစ်ပင်ကြီးကိုင်းနေတဲ့နေရာမှာ ဖောင်နဲ့ညှိနေတုံး ဘီလူးမလေးက ဖောင်ပေါ်တက်လိုက်
လာတယ်၊ ထမင်းတွေခိုးစားတယ်၊မိတယ်၊သတ်မယ်လုပ်တော့ တောင်းပန်ပြီး မျက်စိကုပေးလိုက်တော့ မင်းသားနှစ်ပါး မျက်စိပြန်မြင်
သွားတယ်။မင်းသားအငယ် စူဠသမ္ဘဝနဲ့ စန္ဒမုခိဘီလူးမလေး ညားတယ် ။
ပန်ထွာကို မွေးတယ်ပေါ့ ။(စစ်ပင်ကြီး
ကိုင်းနေတဲ့နေရာဆိုတာ စစ်ကိုင်းမြို့
ဖြစ်လာမယ့် နေရာပါ။)

ဆက်လက်မျောပါရင်း ...
သရေခေတ္တရာ(ပြည်)ရောက်တယ်။
မင်းကြီးတောင်ခြေမှာ ဗူးပေါက်ကျဉ်းကျဉ်းနဲ့ရေခတ်နေတဲ့ မ‌ဘေဒါကို တွေ့တယ် ။သဘောကျတယ်။ဗူးပေါက်ကို သံလျက်နဲ့ ချဲ့ပေးတယ် ။
ဘေဒါရီ ရင်ခုံသွားလိမ့်မယ် ။အဲတာနဲ့
မဟာသမ္ဘဝနဲ့ မဘေဒါနဲ့ ညားတယ် ။
ဒွတ္တဘောင်မင်းသားကို မွေးတယ် ။
ဒါကြောင့် ပန်ထွာမင်းသမီးနဲ့
သူ့ကို စစ်ခင်းသိမ်းပိုက်ခဲ့တဲ့ သူအင်မတန်မုန်းတီးတဲ့ ဒွတ္တဘောင်ဘုရင်ဆိုတာ သူ့ကိုကို တစ်ဝမ်းကွဲပါ သမီးရေ ...။မဟာသမ္ဘဝရဲ့သား ဒွတ္တဘောင်နဲ့ စူဠသမ္ဘဝရဲ့သမီး ပန်ထွာ
ဆိုတာ မောင်နှမ တစ်ဝမ်းကွဲတွေပါကွယ် ...။"

‌ဘေဒါရီမင်းသမီးကလည်း သူစိမ်းမဟုတ်ပြန်ဘူး။ ဘေဒါရီရဲ့ မေမေက
သမင်မကလေးပေါ့ ။ရသေ့ကြီးရဲ့
မင်းကြီးတောင်က ကျောင်းသက်န်းမှာ အစာစားရင်း၊ရသေ့ကြီးရဲ့ ကြင်ငယ်ရေ သောက်မိရာက သမင်မလေးမှာ ကိုယ်ဝန်ရှိပြီး ဘေဒါရီကို မွေးတာ
သမီးရဲ့ ။ရသေ့ကြီးက အဓိဌာန်နဲ့ လက်ညှိုးကနေ နို့ထွက်စေပြီး မွေးစားခဲ့တာပါ ။ ရသေ့ကြီးရဲ့ နာမည်
က ခေပဒူပတဲ့ သမီးရဲ့ ။တကောင်း
ဘုရင် သတိုးမဟာရာဇာရဲ့ ညီအရင်း
ပါ။တကောင်းပြည်ရဲ့ အိမ်ရှေ့မင်းသားပါ ။တကောင်းပြည်မှာ သောင်းကျန်းနေတဲ့ ဝက်ကြီးကို လိုက်လံနှိမ်နင်းရင်း .. လိုက်ရင်း ..
လိုက်ရင်းနဲ့ သရေခေတ္တရာကို ရောက်
ခဲ့တာပါ။ ဝက်ကြီးကို နှိမ်နင်းနိုင်ပေမယ့် သတိသံဝေဂရပြီး တကောင်းပြည်မပြန်တော့ပဲ မင်းကြီးတောင်မှာ
ရသေ့ဝတ်နေတာပါ ။လောကီဈန်လောက်တော့ ရနေတဲ့ ထူးခြားတဲ့ ရသေ့ကြီး တစ်ပါးဖြစ်နေချိန်မှာ ပေါ့။
ဘေဒါရီက မဟာသမ္ဘဝတို့ကို ရသေ့ကြီးကျောင်းသက်န်းကို ခေါ်လာပြီး
ဆွေမျိုးစပ်တော့ တူအရင်းတွေ ဖြစ်
နေတာပေါ့ ။ဒါကြောင့် ရသေ့မြို့ဆိုပြီး မြို့တည်ပေးတယ်။မဟာသမ္ဘဝက
ဘုရင်၊စူဠသမ္ဘဝက အိမ်ရှေ့မင်းပေါ့
သမီးရယ် ။ ဒီလောက်ဆိုရင် သူတို့ရဲ့
စိတ်ဝင်စားဖွယ် ဆုံစည်းမှုလေးတွေ
ကို မှတ်မိပြီနော် ...။မဟာသန္ဘဝနဲ့ ဘေဒါရီဟာလည်း မောင်နှမ တစ်ဝမ်း
ကွဲပဲဆိုတာ မှတ်ထားပါ သမီးရေ .. ။

အဲတာကြောင့် ပြန်ကောက်ရရင် ...
ဘီလူးမရဲ့ သမီးဖြစ်လို့ ပန်ထွာမင်းသမီးဟာ အရပ်ရှည်တယ်၊ အသားဖြူတယ် ၊မျက်လုံးမျက်ဖန်
အရမ်းလှတယ်တဲ့ ။ ရှေးဟောင်းဌာန
က ဒီဗိဿနိုးက ကုန်းတွေကို ၁၉၅၉
ခုနှစ်လောက်ကတည်းက ပြန်လည်
တူးဖော်နေတာ အခုဆို ကုန်းပေါင်း
၆၀ လောက် တူးဖော်ပြီးခဲ့ပါပြီ ။ကမ္ဘာ့
အမွေအနှစ်စာရင်းလည်း ဝင်ခဲ့ပါပြီ။

ရှေးဟောင်းကုန်းတွေ တူးဖော်ရင်း
မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မ
ရဲ့ ဝိညဉ်ကို တွေ့ဖူးကြောင်း၊ဘုရင်မ
ဟာ ဝတ်ရုံအဖြူကို ဝတ်ထားကြောင်း
အရပ်က ၇ ပေခန့်ရှိကြောင်း၊ အသားက ဖြူစပ်စပ်ဖြစ်ကြောင်း၊ အရမ်းချောကြောင်း၊မျက်လုံးပြူးပြီး လှပကြောင်း ၊ရုပ်ရည်ဟာ တည်လွန်းကြောင်း ဖတ်ခဲ့ရဖူးပါတယ် ။

ဗိဿနိုးမြို့ဦးက ပန်ထွာဘုရင်မတည်ထားခဲ့တဲ့ ရွှေရောင်တော်ဘုရား
မှာ မကြာခဏ အင်ကြင်းပန်းတွေ
လာလှူကြောင်း၊အင်ကြင်းနံ့များပေးကြောင်း ..ဘုရားစောင်းတန်းက မုန့်
ရောင်းတဲ့ ဦးလေးကြီးက ရှင်းပြပါတယ် ။ရွှေရောင်တော်ဘုရားပေါ်မှာ နတ်နန်းအဟောင်းရှိပြီး၊ ဘုရားပရဝဏ်အနောက်တောင်ဖက်မှာ နတ်နန်းအသစ် ရှိပါတယ် ။အင်ကြင်းပန်း
တွေ ဘုရားပေါ်မှာ မကြာခဏ တွေ့ရ
ကြောင်း ရှင်းပြပါတယ် ။

" ပန်ထွာဘုရင်မနဲ့ ပေပင်တွေရဲ့ ပတ်သက်မှုကကော ဖေဖေ ..."
"ပေပင်လေးတွေက မြေကြီးကနေကပ်ပြီး အဖူးတွေတော့ ထွက်ပါရဲ့
အသီးမတင်ပဲ သေသွားကြတာပဲတဲ့
၊ဟိုအပင်လေးလည်း အဖူးလေးနဲ့ပဲ
ဖေဖေ "" ပေပင်တွေကို ဘာလို့ကြိမ်
ခဲ့တာလည်း ဖေဖေရယ် ..."

" ဟိုး ... ကဿပဘုရားရှင်လက်ထက်မှာပေါ့ သမီးရယ် ... မိုးကခေါင်ပြီး အလွန်ပူအိုက်တဲ့အချိန်မှာ
လက်ယ်ျာတော်ရံ မထေရ်ကြီးကို
ပေရွက်နဲ့ ယပ်တောင်လုပ်ပြီးလှူဌာန်း
ခဲ့တဲ့ ကုသိုလ်ကြောင့် ဒီဘဝမှာ အဲဒီ
အကျိုး ခံစားခဲ့ရတာပါ ...။

#မကျွတ်လွတ်သေးတဲ့
ဗိဿနိုးဘုရင်မ ပန်ထွာ ရဲ့
အမုန်းကျိန်စာနဲ့ ပေပင်လေးတွေ "
(အပိုင်း ၂ )(နိဂုံး)

" ပန်ထွာဘုရင်မ ဖြစ်လာမည့် ဤမိန်းမငယ်သည် .. ကဿပဘုရားရှင်
လက်ထက်က လက်ယာရံကိုယ်တော်
မြတ်ကြီးကို ဤကဲ့သို့ အလွန်ပူအိုက်
သောကာလ၌ ပေရွက်ကို ယပ်ထိုးပြီး
လှူဌာန်းခဲ့သော စေတနာကံကြောင့်
ဖြစ်လေရာဘဝ၌ မစိုက်မပျိုးရပဲ
သက်သက်သော ပေပင်တို့ ခြံရံလျက်
ကနက် ထီးနန်းနဲ့ မင်းခမ်းကျင်းပ၍
ဘဝထိုထို အလိုရှိတိုင်း ပြည့်စုံစေသတည်း..." လို့ မိန့်ကြားခံခဲ့ရသူ
လေး ဖြစ်ပါတယ် သမီးရေ ... ။

ဒီတော့သမီးရယ် ..
ဗိဿနိုး၊တောင်တွင်းကြီးဒေသတွေဟာ အဲဒီကာလတုန်းက ပေပင်တွေ
ဘယ်လောက်ပေါများလိုက်မလဲ ဆိုတာ ခုခေတ် ပုဂံ၊ညောငိဦး၊ကျောက်ပန်းတောင်းနယ်က ထန်းပင်တွေလို
လူခုန်ကူးနိုင်တဲ့အဆင့် ဖြစ်ခဲ့မှာပေါ့..။ပေရွက်တွေနဲ့ ပေစာတွေဟာ သာသနာမှာ တစ်ထောင့်တစ်နေရာကနေလွန်စွာမှ အကျိုးပြုနိုင်ခဲ့တယ်။
ဒွတ္တဘောင်တို့ ပန်ထွာတို့ခေတ်မှာ ပေရွက်ပေါ်မှာတင် စာတင်နိုင်ခဲ့ကြတာ မဟုတ်ဘူး သမီးရဲ့ ။ ရွှေပေလွှာ
ပေါ်အထိ စာရေးနိုင်နေကြပါပြီ ။
ပြည်မှော်စာက ဦးခင်ဘရဲ့ကုန်းကို တူးဖော်ရာကနေပြီး ရွှေပြားစစ်စစ်
ပေါ်မှာ ဘုရားစာ(ပျူစာ) တွေကို ရေး
ထားတာကို တွေ့ရှိခဲ့ပြီး တန်ဖိုးမဖြတ်
နိုင်တဲ့ ပျူတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ဘာသာသာသနာ ကိုး
ကွယ်မှုအနေအထားကို ခန့်မှန်းနိုင်ခဲ့
ကြတယ် ... ၊ " ပန်ထွာဘုရင်မလေး
လည်း ရွှေခါးပတ်၊ရွှေကြိုး၊ရွှေသရဖူ
တွေ ဝတ်ဆင်ခဲ့မှာပေါ့နော် ဖေဖေ "
" ဘုရင်တွေတင်မက မှူးမတ်တွေပါ
ဝတ်ဆင်ခဲ့ကြတာမို့ အနီးနားက ရွာတွေမှာ ရွှေစလွယ်တွေ၊ရွှေနားတောင်းတွေ၊ ရွှေအိုးလေးတွေ မကြာ
ခဏတူးဖော်ရရှိတဲ့ သတင်းတွေ ကြားနေရတာပေါ့ သမီးရယ် "

" ပန်ထွာမင်းသမီးက ဘီလူးအနွယ်မို့
အရပ်ရှည်တယ်၊ သူ့ဝိညဉ်ကို မြင်ဖူးသူတွေပြောစကားအရ အရပ် ၇ ပေ
လောက်ရှိတယ်တဲ့၊ မိန်းမဖြစ်ပြီး အဲဒီ
လောက် ရှည်ပါ့မလား ဖေဖေ "

" အင်း ... ဗိဿနိုးမြို့ဟောင်းရဲ့ တူးဖော်မှု တစ်ခုမှာ အရပ် ၇ ပေလောက်
ရှိတဲ့ ရှားပါးမိန်းမ အရိုးစု တစ်ခုကို
တူးဖော်မိခဲ့ကြတယ်၊ နယူးဂျာစီ အကူ
အညီနဲ့ စမ်းသပ်ကြည့်ရာမှာ နှစ်ပေါင်း နှစ်ထောင်နီးပါး ရှိနေပီလို့ အဖြေပေးတယ် ။မီးသင့်ထားတဲ့
ဘုရင်မအဆောက်အဦးက မီးသွေးတွေကို အမေရိကန်နိုင်ငံသား
မစ္စတာပီးကော့ရဲ့အကူအညီနဲ့ စမ်းသပ်စစ်ဆေးရာမှာလဲ နှစ်ပေါင်း ၁၈၀၀နဲ့ ၂၃၀၀ ကြားခန့်မှန်းပေးတာ
ကို သုံးသပ်ရင် ပျူဘုရင်မကြီးရဲ့ အရိုးစုများလားဆိုတာရယ်၊ဘုရင်မ
ရဲ့ နန်းတော်အစစ်ပါလားဆိုတာရယ်
တွေးပြီး ... လွမ်းမောစရာကြီးပေါ့
သမီးရယ်..။

" ပေပင်တွေကို ဘာလို့ကြိမ်စာတိုက်ခဲ့တာလဲ ဖေဖေ၊နောက်မှ လွမ်းပါ၊အဲ့တာလေး အရင် ဖြေပါဦး ..."

လွမ်းဖို့ပြင်နေဆဲမှာပဲ သမီးငယ်ရဲ့ စိတ်မရှည်သံကြောင့် အတွေးတွေရပ်ပြီး အတိုချုပ်ဖြေလိုက်ရပါတယ် ....
ဒီလို သမီးရဲ့ ...

" ဗိဿနိုးဇာတ်လမ်းကတော့ သမီးတို့
သိပြီးသားပဲလေ ၊ သရေခေတ္တရာဘုရင် ဒွတ္တဘောင်ဟာ ညီမဝမ်းကွဲ
လေးမို့ရော ၊အတိတ်က မိန်းမတော်ခဲ့ဖူးတဲ့ ပဌာန်းဆက်ကြောင့်ကော
ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးကို
အရမ်းကို ချစ်မြတ်နိုးတော်မူသတဲ့ ။
ပန်ထွာမင်းသမီးလေးကတော့ ဒွတ္တဘောင်ဆိုတဲ့ ဘုရင်အကိုတော်ကို အသံကြားတာနဲ့တင် ခါးခါးသည်းသည်း မုန်းတယ်တဲ့ ။ဒါကလည်း သူ့
ရဲ့ အတိတ်ဘဝ 'ပွေးမလေးဘဝ' က ဆုတောင်းကြောင့် ခါးခါးသည်းသည်း မုန်းနေခဲ့ရတာပါ .. ။ဆု'ဆိုတာ လွယ်
လွယ်မတောင်းမိကြဖို့ အရေးကြီးတယ် သမီးရေ .."
" ပွေးမလေးက
ဘယ်လိုဆုတောင်းခဲ့လို့ ဒီဘဝမှာ ခါး
ခါးသည်းသည်းမုန်းရတာလေး ပြော
ပြဦးနော် " " ဒီလိုပါ သမီးရယ် ...

ခုပဲပြောပြပါ့မယ်.. ဇာတ်လမ်းတွေကို
ဆက်စပ်မိအောင်ပါ၊ အချို့တွေက ဇာတ်လမ်းတစ်ခုချင်းစီတော့ သိကြပါတယ်၊ဒါပေမယ့် ဇာတ်လမ်းတစ်ပုဒ်ထဲ ဆိုတာတော့ မသိခဲ့ကြတာ များတယ် ။ ဒွတ္တဘောင်နဲ့ ပန်ထွာတို့ဟာ
ဒီဂေါတမဘုရားလက်ထက်မှာပဲ ပြည်
မြို့ရဲ့တစ်ဖက်ကမ်းက ' ဖိုးဦးတောင်'
မှာ ပွေးဖိုနဲ့ပွေးမအဖြစ် ချစ်ခင်စွာ နေခဲ့ကြဖူးတယ်။ဘုရားရှင်ဟာ ၁၀၃ ခုနှစ်မှာ ဖိုးဦးတောင်ကို ကြွလာတယ်။
ဘုရားရှင်ကြွလာမှာ ကြိုသိနေကြတဲ့
သူတို့မောင်နှံဟာ ကတိတစ်ခု ထားခဲ့
ကြသတဲ့။' ဘုရားရှင်ကြွလာရင် ဘယ်သူအရင်တွေ့တွေ့ တစ်ယောက်ကို တစ်ယောက် လာခေါ်ကြဖို့ပေါ့ ။
ဒါပေမယ့် ဘုရားရှင် တကယ်ကြွ
လာတဲ့အခါမှာတော့ ပွေးဖိုက အရင်
ဘုရားကို ဖူးမျှော်ရပြီး ပွေးမလေးက
အစာရှာလွန်နေလို့ ရှာလို့မတွေ့ခဲ့ဘူး
တဲ့ သမီးရယ်၊သူတကယ် ရှာလောက်ပါတယ် ။ပွေးမလေး ပြန်ရောက်ချိန်မှာ ဘုရားရှင်ကို မြေကျစ်ဆုပ်ပြီး လှူဌာန်းခဲ့ကြောင်း သာဓုခေါ်ဖို့ ပြောပေမယ့် မိန်းမဆိုတာ .. မိန်းမပဲပေါ့ သမီး
ရယ် ..၊ဖေဖေလည်း ရှင်းမပြတတ်ပါ
ဘူး ။ပေါက်ကွဲတယ်ပေါ့ ။ယုတ်မာတယ်ပေါ့၊ ရိုင်းတယ်ပေါ့ ။ တစ်ကိုယ်ကောင်း ဆန်တယ်ပေါ့ ။လုံးဝ(လုံးဝ) မကြေနပ်ဘူးပေါ့ ။ သူမလည်း အားကျမခံ မြေကျစ်ဆုပ်လေး
ကိုင်ပြီး ဘုရားရှင်ဆီ အမှီလိုက် ဟောဟဲဆိုက်စွာနဲ့ ဆုတောင်းတယ်ပေါ့ ။
" ဖြစ်လေရာဘဝမှာ ဟောဒီပွေးဖိုနဲ့
လုံးဝ မတွေ့ဆုံရပါစေနဲ့ အရှင်ဘုရား"
ပေါ့ ။ပွေးဖိုကလည်း အားကျမခံ ပြန်
ဆုတောင်းတယ်၊ " သူပြုသမျှ ကုသိုလ်ကံကြောင့် ပွေးမလေးနဲ့ ဘဝ
ဆက်တိုင်း ပေါင်းဆုံပါရစေ ဘုရား"
ပေါ့ ။ ဒီဆုတောင်းတွေကြောင့်ပဲ ချစ်
သူ၊မုန်းသူ ၊ အခဲမကြေသူတွေ အဖြစ်
လူ့ဘဝမှာ ပြန်လည်ဆုံတွေ့ကြပေမယ့် တစ်ယောက်က အချစ်ကြီး ချစ်သူ၊တစိယောက်က အမုန်းကြီးမုန်းသူ ဖြစ်နေရတာပါ သမီးရေ ...။

" ထားပါတော့ သမီးရယ် ... ပေပင်
တွေအကြောင်း ဆက်ပြောပါ့မယ်...၊
ဒွတ္တဘောင်မင်းက ဘုန်းအာဏာ ကြီး
မားတော့ အနီးမြို့တွေက အခွန်ဆက်
သရတယ်၊ပန်ထွာဘုရင်မက မဆက်
သဘူး၊အရမ်းမုန်းတာရော၊ရန်ပါယ်ချောင်းက ရေတံခါးတွေနဲ့ သူ့တပ်အင်အားကို ယုံကြည်တာရော ပါမှာပေါ့ ။အဲတော့ ဒွတ္တဘောင်မင်းက လာ
တိုက်တယ်၊ပန်ထွာဘုရင်မက ရန်သူ
တပ်တွေလာတာမြင်ရင် စည်တီးတယ်။စည်တီးတော့ ‌ရေကြီးတယ်ပေါ့
။ ရန်ပါယ်ချောင်းက ရေလုံးကြီးတွေဟာ ကြောက်မက်ဖွယ်ရာ အော်သံ
ကြီးတွေပေးပြီး ရန်သူတပ်တွေကို
ဝါးမြိုသွားတယ်၊ဒွတ္တဘောင်တပ်တွေ
ဟာ တပ်ပျက်ပြီး ပြန်ပြေးရတယ် ။

ရေတံခါးတွေဟာ အတုလစည်တော်
အပေါ် တည်မှီနေကြောင်း သိတဲ့အခါ
သာသနာပြုမင်းသမီးမှန်း သိတဲ့အတွက် ဘုန်းကြီးအတုလွှတ်ပြီး စည်းရုံးလို့ စည်ကြီးကို ဖောက်စေခဲ့
တယ်။သရေခေတ္တရာတပ်တွေ ချီလာ
ချိန်မှာ စည်အပေါက်ကြီးကြည့်လို့
ပန်ထွာဘုရင်မဟာ အရှုံးကြီး ရှုံးလို့
အမုန်းကြီးမုန်းခဲ့ရပြီလေ...။ထီးကျိုး
စည်ပေါက်၊ မီးလောင်ဖျက်ဆီးခံရတဲ့
မြို့ပျက်ကြီးကို ကြည့်ပြီး ပန်ထွာရဲ့ရင်
မှာ ဘယ်လောက်နာကျည်းမုန်းတီး
လိုက်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်
သမီးရယ် "

" ကြီးကျယ်ခန်းနားတဲ့ နေပြည်တော်
ကြီးဆီကို ပြောင်းရွေ့စံမြန်းစေလိုတဲ့
စေတနာ၊မေတ္တာအပြည့်နဲ့ ပင်ပမ်းခက်ခဲစွာ ကြွချီလာခဲ့ရတာပါ အမတော်" ဆိုပြီး လက်ကမ်းပေမယ့် အံ့ကြိတ်လို့သာ လိုက်ပါသွားခဲ့ရပါတယ်။

" စည်တီးလို့ ရေကြီးတယ်ဆိုတာက
နတ်တွေက လုပ်ပေးတာမဟုတ်ပါဘူး
သမီးရဲ့ ... ခုခေတ်သဘော ပြောရရင်
တယ်လီဖုန်းပေါ့ ။ ပင်မစည်တော်ကြီး
ကို တီးခတ်လိုက်ချိန်မှာ စည်သံကြား
နိုင်မယ့် အကွာအဝေး အဆက်ဆက်မှာရှိတဲ့ ရေတံခါးတွေ အဆက်ဆက်က ကြားပြီး ရေတံခါးတွေ ဖွင့်ချနိုင်ခဲ့
တာပါ ။ရေတံခါးတိုင်းမှာ စည်တော်
တွေတပ်ထားလို့ စည်သံကြားနိုင်မယ့်
အကွာအဝေးတိုင်းမှာ စည်သံကြားတာနဲ့ ရေတံခါးဖွင့် နောက်တံခါးတစ်ခု ကြားအောင် စည်ဆက်တီးနဲ့ အချက်ပေးခဲ့ကြတာပါ။မျက်စိထဲ မြင်
တယ်မို့လား သမီးရယ်။အဲဒီခေတ် တယ်လီဖုန်းပေါ့။ "တော်လိုက်တာ ..
အဲဒီခေတ် ကတည်းက ဆည်ရေကို
သိုလှောင်ထိန်းသိမ်း အသုံးချတတ်ခဲ့
တာပေါ့နော် ဖေဖေ "" မှန်တယ် သမီး
ဖေဖေပေးချင်တဲ့ မက်ဆေ့က အဲတာပါ သမီးရယ် "

" ဒေါသတွေနဲ့အခဲမကြေတဲ့ မင်းသမီးဟာ မင်းကြီးကိုလုပ်ကြံဖို့ပဲ
အမြဲ ကြိုးစားနေခဲ့တယ် ..၊ အခွင့်သာချိန်မှာ မသန့်ရှင်းတဲ့
'တဘက်'ကို ဆက်ကပ်ပြီး ဘုန်းတံခိုး
ကျဆင်းအောင် လုပ်ခဲ့တယ် ။ဒါပေမယ့် အတိတ်ဘဝကစလို့ ခုချိန်ထိ
ချစ်ခဲ့ရသူပီပီ စိတ်မနာပဲ ဆက်ချစ်နေခဲ့တယ် ။တတိယမျက်လုံးခေါ်တဲ့ မျက်
ရှင်တော်ကွယ်ပြီး ဘုန်းကံလည်း နိမ့်
ကျသွားခဲ့တယ်။ပတ်ဝန်းကျင်မြို့တွေက အခွန်မဆက်ကြတော့ဘူး ။(ဘုရင်ကြီးကိုယ်တိုင်လည်း အခွန်မဆက်သတဲ့ မြို့တွေကို လှည့်လည်ရင်းပုသိမ်မြစ်ဝမှာ ဖောင်တော်မှောက်ပြီး နတ်ရွာစံခဲ့ရတယ် သမီးရေ ...။)

တနေ့ပေါ့ .....
ချုပ်ပီးပြောရရင် အအေးထဲမှာ
အဆိပ်ခတ်ထားတာကို မင်းကြီးသိသွားပြီး နှမတော်အရင် သောက်ပြပါ
လို့ တောင်းဆိုသတဲ့ ။ပန်ထွာရဲ့နောက်
ဆုံးအချိန် ရောက်သွားခဲ့ပြီ သမီးရေ၊
သူသေရတော့မယ် ဆိုတာ သိသွားပီ၊
အဆိပ်ခွက်ကိုင်ပြီး ဆုတောင်းပြီပေါ့။

အဲဒီကာလမတိုင်ခင်တုန်းက..ပန်ထွာမင်းသမီးရဲ့ ဗိဿနိုးမြို့က ပေပင်တွေကို ပေစာအတွက်ရော၊သာသနာအတွက်ပါ ဒွတ္တဘောင်မင်းကြီးက
အသုံးချနေခဲ့တာကို ပန်ထွာက မကြေနပ်ဖူး သမီးရယ် ..။ ဗိဿနိုးဟာ
သရေခေတ္တရာရဲ့ စာအုပ်စက်ရုံကြီးပေါ့ ။ တားဆီးလို့ မတတ်သာလို့သာ
ရင်နာနာနဲ့ သူ့ပေပင်တောအုပ်ကြီးကို
အသုံးချခံခဲ့ရတာပါ။ပေသီးတွေနဲ့ ပုတီးတွေ၊ နားတောင်းတွေ ၊ဆွဲကြိုး
တွေ လုပ်နေတာကို ရင်နာနာနဲ့ ကြည့်
နေခဲ့ရတာပါ ။ပေပင်ဟာ သာသနာ
ရဲ့ အသက်၊သာသနာရဲ့ ပုံရိပ် ၊နိမိတ်
အပင်အဖြစ် အဲဒီအချိန်က ရွှေနဲ့ထပ်တူ တန်ဖိုးထားခဲ့ကြတာပါ ။
တောင်တွင်းကြီးမှာ ပေပင်လေးပင်
တပြိုင်နက်ပေါက်လာတာကို " ပေလေးပင် ရှင်လေးပါး" ပေါ်လိမ့်မယ်လို့
အတိတ်နိမိတ် ကောက်ခဲ့ကြတာ ဖတ်
ဖူးတယ်မို့လား သမီးရယ် "" သူ့ဘုန်းကံကြောင့် ပေါ်ပေါက်လာတဲ့ ပေပင်တွေနဲ့ ပေသီးတွေကို သူအလွန်မုန်းတီးတဲ့ ဘုရင်က အဆင်သင့်သုံးစွဲ
နေတာကို သူမကြေနပ်ဘူး "

" ကျွန်မသည် ဒွတ္တဘောင်ဘုရင်အား
ဒီဘဝမှာဖြင့် မသတ်နိုင်တော့ပြီ ...
နောင်ဘဝ အဆက်ဆက် လက်စားချေခွင့် ရရှိရပါလို၏ ဘုရား၊
ကျွန်တော်မျိုးမ၏ ကိုယ်ပွားများဖြစ်
ကြသော ပေပင်များအားလုံးသည်လည်း ကျွန်တော်မျိုးမ လူပြန်ဖြစ်ချိန်
ရောက်မှသာ အပင်များကြီးပါစေ၊အသီးများလည်း သီးပါစေသတည်း
လို့ ဘုရားရှေ့မှာ ဆုတောင်းတယ်"
သူ့ရဲ့မြို့ဖက်ကို လက်ညှိုးထို့လို့ မာန်ပါပါနဲ့ " ငါလာမှသီး ၊ငါလာမှကြီး" လို့
အော်ဟစ်ဆုတောင်းတယ်၊နောက် အဆိပ်ရေ အအေးခွက်ကို သောက်ပြီး သူချစ်တဲ့ ဗိဿနိုးမြို့လေးကို ခွဲခွာ
သွားလိုက်တာ ဒီနေ့အထိပါပဲ ...ပေပင်တွေ မကြီးသေးသလို သူလည်း လူ့ဘဝကို ပြန်ရောက် မလာသေးဘူးပေါ့ သမီးရယ် ... "

အမုန်းဆိုတာ မကောင်းပါဘူး သမီးရယ် ၊ကိုယ့်အတွက်ရော တပါးသူအတွက်ပါ ပူလောင်ကြရပါတယ် ။
ဆုတောင်းဆိုတာကလည်း လွဲမှားရင်
ကြောက်စရာကြီးမို့ လွယ်လွယ် ဆုတောင်းတာတွေ မလုပ်မိပါစေနဲ့ သမီးရေ ...။
စေတနာအမှားဆိုတာလည်း ရှိတတ်
တာမို့ အဆုံးစွန်မတိုင်ခင်ထိ စိတ်ရှည်သည်းခံကြရမယ်...။အထင်လွဲမှားမှု
တွေနဲ့ တည်ဆောက်ခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ဘဝဟာ ကြည်နူးပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်း လို့ နိဂုံးချုပ်သင့်ပေမယ်လည်း ဆုတောင်းမှားခဲ့ကြလို့ နိဂုံးမလှဖြစ်ခဲ့
ကြရတာပါ သမီးရေ ... ။

ကျွန်တော်တို့ ဗိဿနိုးမြို့ဟောင်းကြီးက ထွက်လာတော့ ညနေ မှောင်ရီရီ
ဖြစ်နေပါပြီ ... ။
မုဒ်ဦးကြီးအထွက်မှာ လွမ်းဆွတ်စွာနဲ့
နောက်လှည့်ကြည့်လိုက်မိတယ် ...။
ဝတ်ရုံဖြုနဲ့ ပန်ထွာမင်းသမီးလေးက
ကျွန်တော်တို့ကို မျက်နှာငယ်လေးနဲ့
ထွက်ပြီး နှုတ်ဆက်နေသယောင် ...၊
လေအသင့်မှာ ဝတ်ရုံဖြူလေးနဲ့ ဆံစ
လေးတွေက .. တလွင့်လွင့် ...။
နေခဲ့ပေဦးတော့ ဗိဿနိုးရေ ... ။ ။

:Anawyahtar King

14/07/2024

🏖️ ငပလီရောက်တုန်းက အမှတ်တရ 🏖️

'' ကံကောင်းတဲ့အချစ်ကို ယူဆောင်လာပေးပါမယ် '' ဆိုတဲ့May ရဲ့မွေးလပန်းလေး lily of the valleyသန့်ရှင်းစင်ကြယ် နဲ့ ချိုမြိန်ကံ...
01/05/2024

'' ကံကောင်းတဲ့အချစ်ကို ယူဆောင်လာပေးပါမယ် '' ဆိုတဲ့
May ရဲ့မွေးလပန်းလေး lily of the valley

သန့်ရှင်းစင်ကြယ် နဲ့ ချိုမြိန်ကံကောင်းခြင်းsymbolဖြစ်တဲ့ပန်းလေးရဲ့Mayလမှာမွေးဖွားသူတွေရော
ကျန်တဲ့သူတွေအတွက်ပါ
အေးချမ်းကံကောင်း တဲ့လလေးဖြစ်လာပါစေနော်

credit

⛰⛰⛰ ဇွဲကပင်​တောင် သမိုင်းအ​ကြောင်း​လေးပါ ...ခုရက်ပိုင်း ဘားအံ့ကို ခရီးသွားတဲ့သူများ​နေ​တော့ အားလုံးစိတ်ဝင်စား​နေကြတဲ့ ဇွ...
09/07/2023

⛰⛰⛰ ဇွဲကပင်​တောင် သမိုင်းအ​ကြောင်း​လေးပါ ...

ခုရက်ပိုင်း ဘားအံ့ကို ခရီးသွားတဲ့သူများ​နေ​တော့ အားလုံးစိတ်ဝင်စား​နေကြတဲ့ ဇွဲကပင်​တောင်သမိုင်း အ​ကြောင်း​လေး တင်​ပေးလိုက်ပါတယ်​နော်

Unicode

သမိုင်းအကြောင်းအရ ပြောရမည်ဆိုလျှင် ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း ကံတရား၏ ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် သေဆုံးသွားလေ၏ …။

ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘဝအဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏။ မုဆိုးမ နော်ဖေါ့ယာ့တို့သားအမိကို ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘဝကို သနားကရုဏာသက်လှပါတယ်ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင် ထူထောင်လိုက်ပါတယ် …။

ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နော်မူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာပါတယ်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာပါတယ်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသော ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရှာပါတယ် …။

နောက်ဆုံးတွင် နော်ဖေါ့ယာ့သည် ဥမမယ်အရွယ်မရောက်သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြားနွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရပါတယ်။ တစ်နေ့တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့၏။ မောင်နှမ နှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းကြပြီး သေဆုံးမူ မဖြစ်ပဲ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ် …။

ညဉ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာအကျိုးအကြောင်း ပြောပြပြီး မိခင်ဖြစ်သူ သည် ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့တယ်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ဝှက်ထားပြီး ထားခဲ့ပါတယ် …။

အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူ ထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့ကြည့်လေရာရာ တောအုပ်ကြီး က ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားပါတယ်။ ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊တောတိရစ္ဆာန်တို့ရန်က ရှိသေးတယ်။ အနီးအပါးက ရသမျှ တောသီးနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာ၏ …။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်နေရပါတယ်။ မျက်စိအောက်ကအပျောက်မခံရဲ၊အဖေကိုတမ်းတ၊ အမေ့ကိုလွမ်းရသောဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာ၏။ ငယ်ရွယ်သူ နှမလေး ကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပါ …။

တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတု ကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီး တစ်ပါး သူ့ထံ ရောက်လာပြီးရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံးသုံးလုံးပေးကာ မီးဖို့အတွင်းသို့ ဆင်းခိုင်းရာမှ ငယ်ရွယ်နုပျိုသောလုလင်ပျိုနှင့် လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။မောင်နှမ နှစ်ဦးမှ ရသေးကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊ရသေကြီးအားပေးခဲ့သောကတိစကားအတိုင်း သာသနာတော် အတွက်လုံ့လဝီရိယစိုက်ကြပေတော့ …။

သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ဟောဒီ ဇွဲကပင်တောင် ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်စီးပွားရေး လာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲကပင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါတယ်။ ထိုကြောင့် ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစေ်ပါင်း (၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော်ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဇွဲကပင် ဆရာတော် ဦးကဝိဓဇကဘုရားဖူး များ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်း ဖြစ်အောင် လွန်ပင်လှပကြည်ညိုဖွယ်ကောင်းသော လုမ္ဗနီဥယျာဉ်ကိုလဲ ထပ်မံပြီး မွမ်းမံခဲ့ခြင်းဖြစ်ပါတယ်။

Credit : Source

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်..။အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နို...
02/07/2023

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်..။

အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့။
အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။

နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့
ပိုပြီး စိတ်အေးစရာကောင်းနေသလို
နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က
ပိုပြီးခွန်အားဖြစ်စရာပါပဲ..။

တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး..။

ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။
အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။

လူတစ်ယောက်ကိုလည်းလွမ်းရသလို
မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။

စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို
အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့
လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို
ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ..။

22/06/2023

မြင်ဖူးလား

ရှမ်းပြည်ဘက်က အင်းလေးကန်မှာ
ဟိုးအဝေးကြီးအထိဝင်သွားရင်
အ​မြင့်ကြီးတက်ရတဲ့ဘုန်းကြီးကျောင်းရှိတယ်
အဲ့ဘုန်းကြီးကျောင်းမှာ
ထူးဆန်းတာတွေအများကြီးရှိတယ်

ကယားဘက် မှာ
လွိုင်ကော်အလွန် ဆက်တက်သွားရင်
အောက်မှာလေ မြစ်ကြီးတစ်ခု
ချောင်းကြီးတစ်ခုလို ရေစီးသန်တဲ့
ဂူကြီးတစ်ခုရှိတယ်
အထဲမှာသဲသောင်ပြင်ဘောလုံးကွင်းတောင်ကစားလို့ရတယ်
အောက်ကိုဆင်းတဲ့လမ်းမရှိဘူး
ဝါးလုံးနဲ့ဆင်းရတယ်
အောက်ရောက်သွားရင်အရမ်းပျော်ဖို့ကောင်းတယ်
မြေအောက် ကမ္ဘာတစ်ခုကိုရော့သွားသလိုပဲ
အရမ်းလည်းလှတယ်
ရေလည်းကူးလို့ရတယ်
ရေကလည်းကြည်တောက်နေတာပဲ
တစ်ကယ့်မြေအောက် ကမ္ဘာအလှတစ်ရားတစ်ခုပဲ

ပုဂံမှာလေ ညဘက်တစ်ယောက်တည်းသွားထိုင်လို့အရမ်းကောင်းတဲ့ဘုရားရှိတယ်သိလား
ဘုရားဖူးလို့လည်းအရမ်းကောင်းတယ်
အရမ်းလည်းအေးချမ်းတယ်
လူတွေသိပ်မသိကြဘူး

နောက်တစ်ခုလည်းလူတွေသိပ်မသိကြဘူး
ပုဂံမှာ ​ညဘက်ကြယ်တွေကြည့်လိ​ု့အရမ်းကောင်းတဲ့ဘုရားရှိတယ်
တန့်ကြည့်တောင်
အခုတော့ နောက်ပိုင်းလူတွေက
တစ်ရက်အတွင်းဆွယ်တော်လေးဆူဖူးကြတော့
ညဘက် တန့်ကြည်တောင်မှာ မအိပ်ကြဘူး

အိပ်ကြည့်လိုက်
ွဘုရားပေါ်ကနေထိုင်ပြီး
ကြယ်တွေရေတွက်ရတာ
အောက်ကစီးဆင်းနေတဲ့ မြစ်ရဲ့အလှ
တစ်ဖက်ကမ်းက မီးရောင်ပြပြတွေ
မှိတ်တုတ်မှိတ်တုပ်ကြယ်လေးတွေကကိုယ့်ဘေးနားမှာ

ပုပ္ပါးရောက်ရင်တောင်ကလပ်ဘက်မတက်နဲ့
တောင်မကြီးကိုတက်
လမ်းမှာစားဖို့ အောက်ကနေ
ဩဇာသီးခြင်းလိုက်ဝယ်သွား
အပေါ်ရောက်ရင်အမောလေးကိုပြေနေရော
မြင်ကွင်းကလည်းလှ လေလေးကလည်းအေး
ဩဇာသီးလေးကလည်း ချိုမွှေးနေရော

တောင်တွင်းကြီးနဲ့မကွေးကြားမှာမြို့ဟောင်းလေးတစ်ခုရှိတယ်
ဗသနိုးတဲ့
အရပ်ကလူတွေပြောတာတော့ အဲ့အရှေ့ကလူရုပ်ကြီးက
ညဘက်လာသာချိန်ဆိုလမ်းလျှောက်ပြီးလိုက်တတ်တယ်တဲ့ 😁
ပုံပြင်တွေအများကြီးနဲ့မြို့ဟောင်းပေါ့
ညနေနေဝင်ဆည်းဆာမှာ
ဗသနိုးမြို့ဟောင်းရဲ့ ကုန်းကမူလေးပေါ်မှာထိုင်ပြီး
အဲ့မြို့လေးရဲ့နေဝင်ချိန်ကိုထိုင်ကြည့်
ပြီးတော့ပုံပြင်လေးတွေနားထောင်ကြည့်အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
ကျိန်စာတွေလည်းအရမ်းကြမ်းတယ်
ကိုယ့်လူတစ်သက်နဲ့တစ်ကိုယ်မကြားဖူးတာတွေကြားရလိမ့်မယ်
ငြင်းစရာတွေလည်းတစ်ပုံတစ်ပင်ထွက်လာလိမ့်မယ်

မွန်ပြည်နယ်က
ကျိုက်ထီးရိုးဘုရားကိုတော်တော်များများရောက်ဖူးတယ်
ဒါပေမယ့်မတူတာက
ညဘက် ကြီးမီးတုတ်ကိုင်ပြီးမတက်ဖူးကြဘူး
လူလျှောက်လမ်းကနေ
သူငယ်ချင်းတွေအုပ်လိုက်
မီးတုတ်ကြီးကိုင်ပြီး
ညဆယ့်နှစ်နာရီလောက်တက်ကြည့်ပါလား
မနက်လည်းမိုးအလင်းတောင်ပေါ်လည်းအရောက်ပဲ
ကိုယ့်လူတစ်သက် မှာ တစ်ခါမှမရဘူးတဲ့
ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
ပျော်ရွင်စရာတွေ
သူငယ်ချင်းတွေနဲ့စုံတိုင်းပြောစရာတွေတစ်သသနဲ့ကျန်ခဲ့လိမ့်မယ်

မေမြို့ရောက်ဖူးတယ်မဟုတ်လား
ဒါပေမယ့် မေမြို့မှာ အက်ဘန်ချာထရစ်အနေနဲ့
မသွားဖူးဘူးမဟုတ်လား

ကိုယ့်လူဘုရားဆူး
ဒီနေရာတွေမေမြို့မှာရှိပါလားဆိုတာမေးယူရမယ့်အထိ
အံ ​့ဩစရာနေရာတွေမေ မြိ​ု့မှာရှိတယ်
ရေတံခွန်အသစ်တွေ
တောတွင်းအတွေ့အကြုံအသစ်တွေအများကြီးရမယ့်နေရာတွေရှိတယ်

နေဦး ကိုယ့်လူ တောင်ကြီးက မီးပုံပျံပွဲမှာ
မီးပုံးမချိတ်ဖူးသေးဘူးမို့လား

ချိတ်ကြည့်
မီးပုံးပျံကြီးတက်သွားတဲ့အချိန် ယမ်းတွေပေါက်တဲ့အချိန်မှာ လွတ်အောင်ပြေးကြည့်

ွမြန်မာပြည်ရဲ့ဟိုးအောက် မှာ
ကျွန်းတွေရှိတယ်
အဲ့ကျွန်းတွေကိုလျှောက်သွား
တစ်ယောက်တည်းမသွားနဲ့
သူငယ်ချင်းတွေအုပ်လိုက်သွား
ေမာ်တေယ်ဘုတ်ပုတ်ပြတ်ဌား
မော်တေါ်ပေါ်မှာနား မော်တော်ပေါ်မှာစား
ကျွန်းတွေပေါ်တက် ရေငုတ်
ဒေသထွက်အစားအစာတွေစား
ရေစာလို့ခေါ်တဲ့ပင်လယ်စာတွေအဝစား
နိုင်ငံခြားတိုင်းပြည်တွေမှာငွေကုန်ကြေးကျအများကြီး
ပေးရတဲ့အလှအပတွေကိုတစ်ဝကြီးခံစား

ကရင်ပြည်ကိုသွား
ဂူတွေစုံအောင်သွား

မွန်ဘက်ကိုဆင်း
နိုင်ငံခြားတွေမှာ ခဏခဏမြင်ဘူးတဲ့
ရာဘာတောတွေကြားကဘွားကနဲပေါ်လာတဲ့
ကားလမ်းလေးကိုရေးအဝင်နားမှာမြင်ရမယ်

ဟိုးအောက်ဘက်မှာ
တနသာ်ရီမြစ်ဘေးကတောင်ကို
ကပ်ပြီးဆင်းသွားတဲ့ကားလမ်းလေးဟာ
ဒါမြန်မာပြည်မှဟုတ်ရဲ့လားလို့ထင်ရလောက်အောင်
လှပတယ်

စောရီး ကိုယ့်လူဒါတွေမခံစားရသေးဘူးမဟုတ်လား
နေကောင်းအောင်နေ
မြန်မာပြည်ကြီးနေကောင်းတဲ့အချိန်မှာ
ကိုယ့်လူရောက်အောင်သွားသင့်တဲ့နေရာတွေအများကြီးကျန်သေးတယ်

လုပ်စရာတွေလည်းအများကြီးကျန်သေးတယ်
ဖိုက်တင်း

ေသတ္တာ(ခေတ္တလူကောင်း)

ယူးမန်းတောင် ဝုဝုလောက် ရောက်ဖူးပြီလား 😎🤣🤣PicCrdYLM
20/06/2023

ယူးမန်းတောင် ဝုဝုလောက် ရောက်ဖူးပြီလား 😎🤣🤣

PicCrdYLM

Traveller အပေါင်းနှင့် မြန်မာပြည်သူအပေါင်း သူတော်ကောင်းတို့ရေ ...Yuki တို့ ဒီကာလကြီးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရ...
19/06/2023

Traveller အပေါင်းနှင့် မြန်မာပြည်သူအပေါင်း သူတော်ကောင်းတို့ရေ ...

Yuki တို့ ဒီကာလကြီးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ မကောင်းလို့ နာဖျားနေတဲ့ မြန်မာနိုင်ငံကြီးအတွက် စိတ်မကောင်းပြီး ဘယ်မှ မသွားမလာနိုင်၊ မသွားမလာချင် ဖြစ်ခဲ့ရတယ်...

Yuki တို့လို traveller တွေက သဘာဝတောတောင်အလှ၊ ရေမြေအလှတွေ အပေါ် အခြားသူတွေထက် မပိုတောင် မလျော့သော ချစ်ခြင်းတွေနဲ့ ချစ်ကြတဲ့သူတွေပါ...

အခုလို ကာလကြီးအတွက် မြန်မာနိုင်ငံအတွက် စိတ်ရင်းနဲ့ ငြိမ်သက်နေခဲ့တာ ရာစုနှစ် ၁နှစ်ကျော် နီးပါးရှိခဲ့ပါပြီ 😔 စိတ်ရင်းနဲ့ မြန်မာနိုင်ငံကြီးအတွက် စိတ်မကောင်းပါဘူး...

ဒါပင်မဲ့ ...

ရပ်နေလို့မရတဲ့ ဘဝတွေ၊

သံသရာခရီးသည်တွေ၊

အလုပ်အတွက် ခရီးတွေ သွားလာနေရဦးမယ့်သူတွေ၊

သဘာဝတရားကို ချစ်မြတ်နိုးသူတွေ၊

မွေးရပ်မြေကို လွမ်းနေကြတဲ့သူတွေအတွက် ...

ခရီးသွား video file လေးတွေကို ပြန် run ပေးပါ့ရစေလို့ မျက်နှာညိုးငယ်စွာနဲ့ ခွင့်တောင်းအပ်ပါတယ်ရှင့်...

အားလုံးပဲ နားလည်ပေးကြမယ်လို့ မျှော်လင့်ရင်း...

ချစ်တဲ့

တကယ်လို့ သင့် ပတ်ဝန်းကျင်မှာ အကြောင်းမဲ့မည်သည့် ခွေး ၊ ကြောင် နှင့် တိရစ္ဆာန်လေးများကိုမဆို ညင်းပမ်း နှိပ်စက် သတ်ဖြတ်နေတ...
20/05/2023

တကယ်လို့ သင့် ပတ်ဝန်းကျင်မှာ အကြောင်းမဲ့
မည်သည့် ခွေး ၊ ကြောင် နှင့် တိရစ္ဆာန်လေးများ
ကိုမဆို ညင်းပမ်း နှိပ်စက် သတ်ဖြတ်နေတာ
တွေ့ရှိရပါက သက်သေအထောက်အထားများ
ဖြင့် အောက်ပါ World animal protection ရဲ့
[email protected] သို့
email ပို့ပြီး တိုင်ကြားနိုင်ပါသည်။

https://www.worldanimalprotection.org/
https://www.facebook.com/WorldAnimalProtectionInt/

Crd to original uploader

Address

Yankin
Yangon

Telephone

+959699629274

Website

Alerts

Be the first to know and let us send you an email when Yuki's Travelling & Daily Routine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share