Travel by Ko Char

Travel by Ko Char ခရီးသွားခြင်းကို ရူးသွပ်သူ ..
ခရီးသွားခြင်းကို ယစ်မူးသူ ..
ခရီးကို စက်ဘီးတစီးနဲ့ သွားချင်သူ ..
ခရီးသွား ဓာတ်ပုံဆရာ တယောက် ..

ကျနော်သွားခဲ့တဲ့ ခရီးတွေနဲ့ နောက်သွားမဲ့ ..
- Cycling ခရီးစဉ်တွေ ..
- Trekking လမ်းကြောင်းတွေ ..
- Hiking အခြေအနေတွေရဲ့ ..
- ဓာတ်ပုံ တွေ ..
- Short Flim Clips လေးတွေနဲ့ ..
- ခရီးသွားအတွေ့အကြုံ .. (ခရီးသွားစာပေ ပုံစံမျိုး Notes တွေ) ..
အားလုံးကို ဒီ Page လေးကနေလဲ Sharing လုပ်ပေးပါ့မယ် .. Travelling ကိုစိတ်ဝင်စားပြီး ခရီးမထွက်ဖြစ်/မထွက်နိုင်တဲ့ သူတွေ အနေနဲ့ စိတ်ဝင်စားရင် Like & Follow လုပ်ထားလို့ရပါတယ် .. အားလုံးကို ကျေးဇူးပါ ..

- Ride & Shot Album လေးရိုက်လာတာ ၂ နှစ်ကျော် ၃ နှစ်ထဲ ရောက်လာပြီ .. ပုံလေးတွေလဲ ရာဂဏန်းကျော်လာပြီ ..- မိုးပါးရင်တော့ အသစ...
11/08/2026

- Ride & Shot Album လေးရိုက်လာတာ ၂ နှစ်ကျော် ၃ နှစ်ထဲ ရောက်လာပြီ .. ပုံလေးတွေလဲ ရာဂဏန်းကျော်လာပြီ ..

- မိုးပါးရင်တော့ အသစ်လေးတွေ ထပ်ရိုက်နိုင်ဖို့ စက်ဘီးခရီးတွေ ထွက်အုံးမယ် ..

- အခုကတော့ မိုးအရမ်းများနေတော့ စက်ဘီး မစီးဖြစ်ပဲ .. တောင်တက်/ခရီးတွေပဲ ထွက်ဖြစ်နေတယ် ..

28/07/2026

အဆုံးပိုင်းလေးမှာ Timelap မရိုက်ထားပေမဲ့ မြူတွေတက်လာတာ .. ဘယ်လောက်မြန်လဲ ကြည့် ..

ကောင်းကင်တစ်ခုလုံး သာယာနေတာကနေ ချင်းခြင်းကြီး မြူတွေ အပြည့်နဲ့ ပြောင်းလဲ သွားခဲ့တာ ..

ဒီလို ရာသီမျိုးစုံကို တထိုင်ထဲ ကြည့်နိုင်ဖို့ အတွက်လဲ တောင်တွေတက်ရခြင်းရဲ့ ရည်ရွယ်ချက် တစ်ခုပါပဲ ..

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ရှမ်းအမျိုးသားကျောင်း) အပိုင်း - ၁၂ဒီအပိုင်းမှာတော့ ကွန်ဟိန်းမြို့ကနေ ကာလိမ...
21/07/2026

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ်
(ရှမ်းအမျိုးသားကျောင်း) အပိုင်း - ၁၂

ဒီအပိုင်းမှာတော့ ကွန်ဟိန်းမြို့ကနေ ကာလိမှာရှိတဲ့ ရှမ်းပြည်ရဲ့ အကြီးဆုံးအမျိုးသားကျောင်း/ကောလိပ်ကြီးကို သွားလေ့လာ ဖြစ်ခဲ့တယ် .. (ဒီ Vlog ကတော့ အချက်အလက်တွေပဲ အဓိကထားတဲ့ Information Vlog အမျိုးအစားလဲ ဖြစ်ပြီး .. ဒီ Vlog လေးရိုက်ဖို့ကို အစစအရာရာ ကူညီရှင်းပြပေးတဲ့ တန့်ယန်းမြို့ (Phine Phine Bike Shop) က မနန်း Nang Hseng Leng ကိုလဲ ကျေးဇူး အထူးတင်ပါ တယ် ..)

ကျောင်းရဲ့ တည်နေရာက ရှမ်းမြောက်/ရှမ်းအရှေ့နဲ့ ရှမ်းတောင်ပိုင်း ဆုံရာ ကာလိမြို့မှာ တည်ရှိပြီးတော့ အနယ်နယ် အရပ်ရပ်က ရှမ်းတိုင်းရင်းသားတွေရဲ့ တခုထဲနဲ့ အကြီးဆုံး ကျောင်းကြီး ဖြစ်ပြီး .. အသက် ၈ နှစ် အရွယ်ကစပြီး ကျောင်းသား ၁၀၀၀ ကျော်ကို လက်ခံပြီး ကျောင်းအိပ်/ကျောင်းစားပုံစံနဲ့ သင်ကြားပေးနေတာဖြစ်တယ် ..

ကျောင်းရဲ့ ရည်ရွယ်ချက် .. ကျောင်းစာရိတ်နဲ့ ကျောင်းမှာ သင်တဲ့ စိုက်ပျိုးမွေးမြူရေး .. စက်မှုလက်မှု လုပ်ငန်းတွေ အကြောင်းကိုတော့ Vlog ထဲမှာ ကြည့်ရှုနိုင်ပါတယ် ..

ခရီးသွားခြင်းကို နှစ်သက်တဲ့ အထဲမှာလဲ အခုလို ရောက်တဲ့နေရာဒေသရဲ့ အတွေ့အကြုံ ဗဟုသုတတွေ .. ဒေသအစားအစာတွေ .. လူမျိုးတွေရဲ့ ဓလေ့ စရိုက်တွေ လေ့လာချင်လို့ ဖြစ်ပြီး မသွားဖူးတဲ့ လူတွေလဲ သိ/မြင်လို့ ရအောင် Vlog လေးတွေလဲ သေချာရိုက် ဖြစ်ခဲ့တယ် ..

အပိုင်း ၁၃ မှာတော့ ကွန်ဟိန်း/ကာလိ မြို့ကနေ တာချီလိတ် ဘက်ကို ခရီးဆက်ကြတာတွေကို ရိုက်ပြထားပါတယ် ..

( Edit တွေ ကြာပေမဲ့ အကောင်းဆုံးဖြစ်အောင်လဲ ကြိုးစားထားပါတယ် .. စိတ်ရှည်လက်ရှည်နဲ့ အားပေးကြတဲ့ အမာခံ follower တွေကိုလဲ ကျေးဇူး အထူးတင်ရှိပါတယ် .. အပိုင်းငယ်လေးတွေ ကို တစ်ခုပြီးတစ်ခု ကြည့်လို့ရအောင်လဲ playlist လေးလုပ်ထားပေးပါတယ် .. အဲမှာ တင်ပြီးသမျှတွေကိုလဲ အစ/အဆုံး ကြည့်နိုင်ပါတယ် ..)

​​ ​​​​​ ​​​​ #ရှမ်းတောင်​​​ ​​​​

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ရှမ်းအမျိုးသားကျောင်း...

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ကွန်အော် ရေတံခွန်) အပိုင်း - ၁၁ဒီအပိုင်းမှာတော့ ကွန်ဟိန်းမြို့မှာညအိပ်ပြီး ...
11/07/2026

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ်
(ကွန်အော် ရေတံခွန်) အပိုင်း - ၁၁

ဒီအပိုင်းမှာတော့ ကွန်ဟိန်းမြို့မှာညအိပ်ပြီး မနက်ပိုင်း ကွန်ဟိန်း တံတားအနီးတဝိုက်ကို လည်ပတ်ပြီး ကွန်အော်ရေတံခွန်ကို ဆက်သွားကြပုံတွေပါတယ် .. (လမ်းကြမ်းပြီး အတက်အဆင်းလဲများ/ခရီးလဲ ပန်းလာလို့ ရေတံခွန်ကို စက်ဘီးနဲ့ မသွားတော့ပဲ တုတ်တုတ်စီးပြီး သွားခဲ့ကြတယ် ..)

ကွန်အော် ရေတံခွန် ကြီးရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်ပြီး ကွန်အော်ရေတံခွန်ရဲ့ အကောင်းဆုံး ခရုဟင်းကိုလဲ စားခဲ့ကြသေးတယ် .. (စားကောင်းပေမဲ့ ဈေးကြီးတော့ မျိုမကျ 😁) လိုက်ပို့ပြီး ဧည့်ခံတဲ့ မနန်းကိုလဲ ကျေးဇူး အထူးတင်ပါတယ် ..)

အပိုင်း ၁၂ မှာတော့ ရှမ်းတောင်/မြောက်/အရှေ့ ဆုံရပ်မြို့ဖြစ်တဲ့ ကာလိမြို့မှာ ရှိတဲ့ ရှမ်းပြည်ရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ရှမ်းတက္ကသိုလ် ကြီး အကြောင်းကို Detail ရိုက်ထားတဲ့ Vlog လေးလဲ လာမယ် .. (အရင်လို မကြာတော့ဘူး 😁)

( Edit တွေ ကြာပေမဲ့ အကောင်းဆုံးဖြစ်အောင်လဲ ကြိုးစားထားပါတယ် .. စိတ်ရှည်လက်ရှည်နဲ့ အားပေးကြတဲ့ အမာခံ follower တွေကိုလဲ ကျေးဇူး အထူးတင်ရှိပါတယ် .. အပိုင်းငယ်လေးတွေ ကို တစ်ခုပြီးတစ်ခု ကြည့်လို့ရအောင်လဲ playlist လေးလုပ်ထားပေးပါတယ် .. အဲမှာ တင်ပြီးသမျှတွေကိုလဲ အစ/အဆုံး ကြည့်နိုင်ပါတယ် ..)

​​ ​​​​​ ​​​​ #ရှမ်းတောင်​​​ ​​​​ ​​

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ကွန်အော် ရေတံခွန်) အပိ...

ပုံစံမျိုးစုံနဲ့ ခရီးသွားလာခြင်းမှာ ..အကြိုက်ဆုံး ပုံစံကတော့ ..စိန်ခေါ်မှုတွေများပြီး ..ကိုယ့်အားကိုယ်ကိုးသွားရတဲ့ ..စက်...
10/07/2026

ပုံစံမျိုးစုံနဲ့ ခရီးသွားလာခြင်းမှာ ..
အကြိုက်ဆုံး ပုံစံကတော့ ..
စိန်ခေါ်မှုတွေများပြီး ..
ကိုယ့်အားကိုယ်ကိုးသွားရတဲ့ ..
စက်ဘီးနဲ့ ခရီးသွားခြင်းပဲ ..

အခုလဲ နေရာအတော်များ သွားထားသလို ..
နောက်လဲ အမြဲ ထပ်သွားနေအုံးမှာပဲ ..
စက်ဘီးနဲ့ ခရီးသွားခြင်းကိုလဲ ..
ဒီထက် ဖွံဖြိုးတိုးတက်အောင် ..
ကူညီပေးချင်တယ် ..

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ကွန်ဟိန်းတံတားနှင့် ကွန်အော်တရားရိပ်သာ) အပိုင်း - ၁၀ဒီအပိုင်းမှာတော့ ကွန်ဟိ...
09/07/2026

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ကွန်ဟိန်းတံတားနှင့် ကွန်အော်တရားရိပ်သာ) အပိုင်း - ၁၀

ဒီအပိုင်းမှာတော့ ကွန်ဟိန်းမြို့မှာညအိပ်ပြီး မနက် ကွန်အော်တံတား ပတ်ဝန်းကျင်လမ်းတလျှောက်လည်ပတ်ပြီး စက်လှေစီးခဲ့ကြပုံတွေကိုတဝကြီး ခံစားကြည့်ရှုရမှာပါ .. တန့်ယန်းမြို့က အမ မနန်း လိုက်ပို့လို့ ကွန်အော်ရေတံခွန်သွားတဲ့လမ်းပေါ်က ကွန်အော် တရားရိပ်သာကြီးရဲ့ အလှအပတွေ ခံစားကြရတယ် .. (တနေကုန်လိုက်ပို့တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ် ..)

မြန်မာပြည်က ပုံမှန်တံတားတွေလို့ တဖြောင့်ထဲ မဟုတ်ပဲ ကွေးကောက်ပြီး ဆောက်ထားတဲ့ ရှမ်းပြည်တောင်ပိုင်း/ကွန်ဟိန်းမြို့က ကွန်ဟိန်းတံတားကြီးနဲ့ ဘေးပတ်ဝန်းကျင်က ရေပေါ်ရှုခင်း အလှအပတွေရယ် .. အရမ်းလှပြီး စိမ်းပြာနေတဲ့ ကွန်အော် ရေတံခွန်နားက ထိုင်း စတိုင်ဆောက်ထားတဲ့ ကွန်အော် တရားရိပ်သာရယ် .. တွေကို ကိုယ်တိုင်ရောက်သလို ခံစားရအောင်တော့ အတက်နိုင်ဆုံးရိုက်ပြထားပါတယ် ..

တာချီလိတ် စက်ဘီးခရီးစဉ်ဆိုပေမဲ့ တာချီလိတ်ကို တိုက်ရိုက်ကြီး တန်းနင်းသွားတာမျိုးမဟုတ်ပဲ အခုလို လမ်းမှာရှိတဲ့ နေရာတချို့ကိုလဲ ညအိပ်ပြီးတော့ ထပ်သွားခဲ့လို့လဲ ခရီးစဉ် ရက်အတော်ကြာခဲ့ပြီး Vlog အပိုင်းတွေလဲ ရှည်သွားတာပါ ..

နောက်အပိုင်း (အပိုင်း ၁၁) ကျမှပဲ ကွန်အော် ရေတံခွန် ကြီးရဲ့ အလှအပတွေကို ခံစားကြည့်ရှုနိုင်ပါမယ် .. (ကွန်အော်ရေတံခွန်ရဲ့ ခရုဟင်းတွေလဲ ပါတယ် .. )

( Edit တွေ ကြာပေမဲ့ အကောင်းဆုံးဖြစ်အောင်လဲ ကြိုးစားထားပါတယ် .. စိတ်ရှည်လက်ရှည်နဲ့ အားပေးကြတဲ့ အမာခံ follower တွေကိုလဲ ကျေးဇူး အထူးတင်ရှိပါတယ် .. အပိုင်းငယ်လေးတွေ ကို တစ်ခုပြီးတစ်ခု ကြည့်လို့ရအောင်လဲ playlist လေးလုပ်ထားပေးပါတယ် .. အဲမှာ တင်ပြီးသမျှတွေကိုလဲ အစ/အဆုံး ကြည့်နိုင်ပါတယ် ..)

​​ ​​​​​ ​​​​ #ရှမ်းတောင်​​​ ​​​​

တောင်ကြီး-တာချီလိတ်-တောင်ကြီး-စက်ဘီးခရီးစဉ် (ကွန်ဟိန်းတံတားနှင့် ကွ...

05/07/2026

ဂေါ်ရန်ဂျီရဲ့ ခရုချိုင်ကျွန်းက ..
သန္တာကျောက်တန်း ..
ရေအောက်အလှ ..

စက်ဘီးတစီးနဲ့ ခရီးထွက်ခြင်း အနုပညာ ..
02/07/2026

စက်ဘီးတစီးနဲ့ ခရီးထွက်ခြင်း အနုပညာ ..

ခရီးထွက်ရင်း ရိုက်ဖြစ်တဲ့ ..Travel Photography ထဲက ..Street Portraits လေးတွေ ..(အရင်က ဓာတ်ပုံတွေ ရဖို့ ခရီးထွက်တာ ..အခုက...
02/07/2026

ခရီးထွက်ရင်း ရိုက်ဖြစ်တဲ့ ..
Travel Photography ထဲက ..
Street Portraits လေးတွေ ..

(အရင်က ဓာတ်ပုံတွေ ရဖို့ ခရီးထွက်တာ ..
အခုကတော့ ခရီးထွက်ရင်းနဲ့ ဓာတ်ပုံတွေရတာ ..)

တော/တောင်တွေ ပေါ်ကို ..ကျော်ဖြတ် ရောက်ရှိနိုင်ခဲ့ရင် ..ရရှိ/ခံစားရတဲ့ စိတ်ခံစားမှုတွေက ..ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတ...
01/07/2026

တော/တောင်တွေ ပေါ်ကို ..
ကျော်ဖြတ် ရောက်ရှိနိုင်ခဲ့ရင် ..
ရရှိ/ခံစားရတဲ့ စိတ်ခံစားမှုတွေက ..
ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေထက် ..
စိတ်ပိုင်းဆိုင်ရာ .. အောင်မြင်မှုတွေ မှုတွေဆိုတာ ..
ပင်ပင်ပန်းပန်း တောင်တွေတက်နေတဲ့ သူတွေရဲ့ ..
ခံစား/မျှော်လင့်ချက်တွေပဲ .. 🥰😍😘

Address

Yangon

Alerts

Be the first to know and let us send you an email when Travel by Ko Char posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel by Ko Char:

Shortcuts

Share

Category