Ayarwaddy Legend Travels & Tours

Ayarwaddy Legend Travels & Tours Ayarwaddy Legend offers a variety of quality tours-tailor-made, package, FIT and incentives-with reasonable tour prices and tip-top service to our customer

We welcome everyone to visit us..!!!

21/02/2025
🌹🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏💐~~~~~~~~~~~~~~~~~~~~~~~~~~~ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ"သန္ဓေ တောထွက် ဓ...
12/07/2022

🌹🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏💐
~~~~~~~~~~~~~~~~~~~~~~~~~~~

ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
"သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို" ဖွင့်ပြထားပါတယ်။

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်စပ်သော
၀ါဆိုလပြည့်နေ့၏ ထူးခြားဖြစ်စဉ်များမှာ
*************************
၁။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား
ပဋိသန္ဓနေသောနေ့
၂။ ဘုရားလောင်း တောထွက်တော်မူသောနေ့
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့******************************

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂီ ၅ ဦးတို့ စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထား တောင်းပန်ချက်အရ-
အဘယ်သူ့ကိုတရားဦး ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣနြ္ဒိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။

ပထမ ဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။

သူတို့ငါးဦးသည် ဘုရားလောင်းက အစားအသောက်ချိုးခြံသောအကျင့်မှ ပုံမှန်ပြန်လည်စားသောက်သောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တောသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓသည် ထိုရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက်မှ ဗာရာဏသီအနီးရှိ မိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။ မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။

သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။
သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့သည် ခရီးဦးကြိုကြရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။

မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။
ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။
ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။
ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစတည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။
ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထားပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။
တရားနာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။

ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ်
အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော်
(၁) ရက်နေ့၌ အရှင်ဝပ္ပ၊
(၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊
(၃) ရက်နေ့၌ အရှင်မဟာနာမ်၊
(၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။
ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့့" ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

Credit : Original Post

15/06/2022
30/04/2022
30/04/2022
24/04/2022

Address

No 104, 37th Street(lower Block) Kyauttada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Sunday 09:00 - 13:00

Alerts

Be the first to know and let us send you an email when Ayarwaddy Legend Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayarwaddy Legend Travels & Tours:

Share

Category