YOON-Family

Call Website

YOON-Family welcome to yoon(family) car rental/transport service

31/08/2024
12/07/2024

လက်ရှိအစိုးရကို ဆန့်ကျင်တော်လှန်ရင် သူပုန် လို့ခေါ်ပြီး
သူပုန်ကပြန်တိုက်လို့ နိုင်သွားရင်
အစိုးရဖြစ်တာ ပေါ့
အခုလည်း ဒီသဘောပါဘဲ
အနိစ္စ အမြဲမရှိ ဂဏှာဟိ မှတ်လော့
😁 သိပ့်မကြာတော့ပါဘူး

16/06/2024

တကယ်တော့ ပိုက်ဆံမရှိတာဟာ အလုပ်ကြိုးကြိုးစားစား မလုပ်ချင်တဲ့ မိမိကြောင့်သာ ဖြစ်ပါကြောင်း

01/02/2024

အရိမေတ္တယျဘုရားပွင့်ပြီးတာနဲ့ ဘုရား ( ၅ ) ဆူပြည့်သွားတာနဲ့

ဟောဒီကမ္ဘာကြီးဟာ နေ၇စင်းထွက်ပြီး ဘာမှမကျန်အောင် မီးလောင်ကျွမ်းသွားမယ်တဲ့။

အဲ့အခါ ကံမကုန်ခဲ့သေးတဲ့ ၃၁ဘုံသားတွေဟာ အခြားစကြာဝဋ္ဌာက ကမ္ဘာတစ်ခု့မှာ
တိရစ္ဆာန်အဖြစ် ပြောင်းခံရမယ်တဲ့။

အဲ့စကြာဝဋ္ဌာက ငရဲမှာ ပြောင်းခံရမယ်။

အဲ့ဒီ စကြာဝဋ္ဌာမှာ အပါယ်ကျနေတဲ့ သတ္တဝါတွေဟာ ဘယ်သူတွေလဲဆိုရင်
ဟောဒီဂေါတမဘုရားသာသနာမှာ သောတာပန်တည်အောင် မကြိုးစားခဲ့တဲ့သူတွေ။

သတိပဋ္ဌာန်အားထုတ်ခိုင်းရင်
မအားဘူးပြောလိုက်
ပျင်းလို့ မလုပ်လိုက်နဲ့
ဆင်ခြေအမျိုးမျိုး ပေးတဲ့သူတွေတဲ့။

အပါယ်က လွတ်လာရင် အဲ့စကြာဝဋ္ဌာမှာ လူပြန်ဖြစ်တောင် ဘုရားမပွင့်သော
ကမ္ဘာမှာ လူပြန်ဖြစ်မယ်တဲ့။

အဲ့တော့ ကံကံ၏အကျိုးတွေလည်း နားမလည် အမေလည်း ပါးတက်ရိုက် အဖေလည်း ခြေထောက်နဲ့ကန်
လူပြန်ဖြစ်သော်လည်း
အပါယ်ပြန်ဖို့ အကုသိုလ်လာစု့တာတဲ့။

စကြာဝဋ္ဌာတစ်ခု့မှာ
မြင့်မိုလ်တောင်တခု
ကျွန်းကြီး၄ကျွန်း
ကမ္ဘာတစ်ခု
လတစ်ခု
နေတစ်စင်း
သမုဒ္ဒရာကြီးလေးစင်း
၃၁ဘုံဟူ၍ ရှိတယ်။

စကြာဝဌာအနန္တဆိုတော့ ၃၁ဘုံအနန္တ ကမ္ဘာအနန္တပါ
ထိုကမ္ဘာအနန္တထဲမှာ ဒီစကြဝဋ္ဌာက ကမ္ဘာမှာပဲ ဘုရားပွင့်တယ်တဲ့။

အခြားသော စကြာဝဋ္ဌာတွေမှာ ဘုရား ရဟန္တာ ဘယ်တော့မှ မပွင့်ဘူးတဲ့။

ဘာလို့ ဂေါတမဘုရားသာသနာမှာ သောတာပန်မတည်ခဲ့တဲ့သူက အဲ့ဒီစကြာဝဋ္ဌာကို သွားပြီး အပါယ်ကျမယ်လို့ အတိအကျပြောရလဲဆိုရင် အရိမေတ္တယျဘုရားသာသနာမှာ ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် နတ်ပြည် ငရဲပြည် အကုန်မြင်ရတယ်တဲ့။

အဲလိုမြင်ရတော့ မကောင်းတာ မလုပ်ရဲကြဘူးဘာသာခြားဆိုတာ မရှိဘူး။

အဲ့ခေတ်မှာ လူတွေသေရင်
နတ်ပြည် ဗြဟ္မာပြည် နိဗ္ဗာန်
ဒီ၃ခုလောက်ပဲရှိတယ်တဲ့
တယောက်မှအပါယ်မကျဘူးတဲ့။

အရိမေတ္တယျဘုရားခေတ်မှာ
အပါယ်ကျနေတဲ့သူတွေဟာလည်း ဂေါတမဘုရားသာသနာတုန်းကသောတာပန် မတည်ခဲ့တဲ့သူတွေတဲ့ဗျ။

ဘုရားအဆူဆူလွဲခဲ့တာ
ကမ္ဘာမြေပြင်ပေါ်က သဲမူန်မကတော့ဘူး နောင်ဘုရားမျှော်မနေနဲ့တော့ မလွယ်ဘူး

ဒီတော့ အခု့ကြုံတွေ့နေရတာဟာ နောက်ပိတ်ဆုံးသာသနာပဲ ဒီသာသနာ ဒီဘဝမှာ
သောတာပန်မတည်ခဲ့ရင်
အခြားစကြာဝဋ္ဌာတွေထဲ မျောပြီး ဒုက္ခအကြီးကြီး ရောက်ပြီမှတ်ကြပါ မိတ်ဆွေတို့။ ။

Credit - ဥူးပညာသုတ

12/01/2024

နေတတ်ရမယ်
အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။
ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။
တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။
မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။
မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။
မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။
မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။
မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။
မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။

12/01/2024

မြစ်ကျဉ်းတော့ ရေစီးသန်တယ်။
အမြင်ကျဉ်းတော့ အငြင်းသန်တယ်။

အမြင်ခြင်းမတူဘူးဆိုရင် မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။ ပြိုင်လေရန်များလေးပဲ၊ ရှင်းလေရှုတ်လေပဲ၊ ငြင်းလေ ဆိုးလေပါပဲ။

အရူးတစ်ယောက်နဲ့ငြင်းခုံနေတာဟာ အရူးနှစ်ယောက်ရှိတယ်လို့သက်သေပြလိုက်တာပါပဲ။

လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ။

လင်းနို့ အတည့်မြင်အောင် ကိုယ်က ကင်းမြီးကောက် ထောင်ပြစရာမလိုပါဘူး။

ကိုယ်သမိုင်းကိုယ်ရေးတဲ့နေရာမှာ သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို လိုက်ခံစားမနေပဲ အချိန်ရသ၍ စာဖတ်ပါ စာများများဖတ်ပါ

30/12/2023

မစင်ဆိုတာ အာဟာရကြောင့်ဖြစ်တာ
မစင်ကိုသာ စက်ဆုပ်တတ်ကြပြီး
အာဟာရကိုတော့ မစက်ဆုပ်တတ်ကြဘူး

စိုးရိမ်ခြင်းဆိုတာ ချစ်ခြင်းကြောင့်ဖြစ်တာ
စိုးရိမ်ခြင်းကိုသာ ကင်းလိုကြပြီး
ချစ်ခြင်းကိုတော့ မကင်းလိုကြဘူး

သေခြင်းဆိုတာ ဘဝကြောင့်ဖြစ်တာ
သေခြင်းကိုသာ ကြောက်လန့်ကြပြီး
ဘဝကိုတော့ မကြောက်လန့်ကြဘူး

ဆင်းရဲဆိုတာ လောဘကြောင့်ဖြစ်တာ
ဆင်းရဲကိုသာ ဖယ်လိုကြပြီး
လောဘကိုတော့ မဖယ်လိုကြဘူး

ချမ်းသာဆိုတာ ကောင်းမှုကြောင့်ဖြစ်တာ
ချမ်းသာကိုသာ လိုချင်ကြပြီး
ကောင်းမှုကိုတော့ မပြုချင်ကြဘူး

ပူလောင်မှုဆိုတာ ကိလေသာကြောင့်ဖြစ်တာ
အပူကိုသာ ရှောင်လိုကြပြီး
ကိလေသာကိုတော့ မရှောင်လိုကြဘူး

ငြိမ်းချမ်းမှုဆိုတာ ဓမ္မကြောင့်ဖြစ်တာ
ငြိမ်းချမ်းမှုကိုသာ ဆောင်လိုကြပြီး
ဓမ္မကိုတော့ မဆောင်လိုကြဘူး

ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ
ရဲရင့်မှုဟာ မလိုချင်ခြင်းမှာရှိတယ်

ဘာကိုမှ မလိုချင်လျှင်
ဘယ်လိုမှ ညစ်နွမ်းစရာမရှိ
စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှဆင်းရဲစရာမရှိ
ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပူပင်စရာမရှိ
အေးချမ်းခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပင်ပန်းစရာမရှိ
သက်သာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်

အပါယ်လေးပါး စိတ်ကြောင့်သွားသည်
နိဗ္ဗာန်ရောက်မှု စိတ်ကပြုသည်
စိတ်ကိုလွှတ်ထား ဆင်းရဲပွားမည်
စိတ်ကိုထိန်း အေးချမ်းနိဗ္ဗာန်ပြည်

သစ္စာရွှေစည်ဆရာတော် 🙏🙏🙏
အရှင်ဥတ္တမ

Address

တိုက်​၉၊ အခန်း၁၀၅၊ကုန်းဘောင်​လမ်း၊၁၄ ရပ်​ကွက်​၊ ရွှေပေါက်​ကံအိုးအိမ်​ အိမ်​ရာ
Yangon

Alerts

Be the first to know and let us send you an email when YOON-Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category