31/05/2021
ဒီနေ့တော့ ဒေသသစ်ခွတွေနဲ့ အချိန်ကုန်သွားပါတယ်
မိုးတွင်းအတွက် ဆွေးနေတဲ့တိုင်တွေခွါ အသစ်စိုက်
အပင်အသစ်တွေပါထပ်ရထားတော့တိုင်အသစ်ပါ ထပ်စိုက်ရတယ်
အပင်ချစ်သူတွေရဲ့ဘဝ က အိုးလိုလို့အိုးတွေဝယ် အိုးတွေပိုတော့အပင်ထပ်ဝယ် အပင်တွေထပ်ရောက်လာတော့ အိုးပြန်လို ဆိုတာမျိုးနဲ့ သံသရာလည်နေတတ်တာ😄
ဒီဒေသသစ်ခွလေးတွေစိုက်ရတာလည်းတစ်မျိုးစိတ်ချမ်းသာစရာကောင်းတယ် ပွင့်နေရင်လည်း မွှေးတာအလွန်ပဲ ရာသီကုန်လို့ မပွင့်တော့လည်း စိမ်းစိမ်းစိုစိုရှိပြန်တာ သိပ်ပြုစုဂရုစိုက်စရာလည်းမလိုဘူး