09/08/2026
ဥရောပရဲ့ Nurse Vs Caregiver jobနှင့်ပတ်သက်လို့ သိသင့်သည်များ
EU တစ်ခုလုံးက healthcare shortage ကို အာရုံစိုက်နေပြီး EU Talent Pool ကိုလည်း non-EU skilled workers နဲ့ European employers ချိတ်ပေးဖို့ တည်ဆောက်နေပြီး 2027 မှာ fully operational ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
Italy မှာ non-EU worker အတွက် care/family assistance လမ်းကြောင်းရှိပြီး၊ နောက်ပြီး Italy Ministry of Health က non-EU qualification ရှိသူတွေအတွက် health-care assistant / nursing assistant qualification recognition procedure ကိုလည်း ထားထားပါတယ်။Italy မှာ အရေးကြီးတဲ့ benefitကLive-in badante ဖြစ်ရင် အိမ်နဲ့အစားအသောက် ပါလာနိုင်တာက အားသာချက်ကြီးပါ။ထို့အပြင် contract အရကလဲပဲ
26 days paid annual leave
13th-month salary (tredicesima)
TFR — အလုပ်ပြီး/ထွက်တဲ့အချိန် ရရှိမယ့် severance/end-of-service amount
INPS social-security contributionsရယ်
Accident/social protectionပါပါတယ်။လခက€1,193ပေမဲ့နေစားစရိတ်ပါရင်ဂျာမနီနဲ့ထူးမခြားနားပါပဲ။
ဒါပေမယ့် “caregiver vacancy ရှိတာ” နဲ့ “Myanmar ကနေ visa sponsorship နဲ့ ခေါ်တာ” မတူပါဘူး။ Italy မှာ employer ရပြီး work authorization/Nulla Osta လမ်းကြောင်းက အရေးကြီးပါတယ်။
IrelandကHealthcare Assistant / Home Carer အလုပ်တွေမှာ non-EEA employment permits လမ်းကြောင်း ရှိပြီး၊ Ireland အစိုးရက 2026 မှာ healthcare/social-care sector ရဲ့ labour shortage ကို ဖြေရှင်းဖို့ employment-permit စနစ်ကို ပြင်ဆင်ထားပါတယ်။
🇮🇪 Ireland — Healthcare Assistant (HCA)
HCA က nurse မဟုတ်ပါ။ Nursing home, hospital, home-care မှာ လူနာ/သက်ကြီးရွယ်အိုရဲ့ daily care, washing, feeding, mobility, observation စတာတွေကို ကူညီတဲ့အလုပ်ပါ။လခက€32,691/year ဆို တစ်လ €2,724 gross ခန့်ပါ။Public holidays 9 ရက် ရှိပြီး အလုပ်လုပ်ရင် additional pay/day-off စတဲ့ entitlement ရှိပါတယ်။
13 weeks အလုပ်လုပ်ပြီးရင် statutory sick leave 5 days/year ရှိပါတယ်။Employer တချို့မှာ pension, health insurance, accommodation, meal allowance စတာတွေ အပို benefit ပေးနိုင်ပေမယ့် အားလုံးမှာ မပါပါဘူး။
Nurse မဖြစ်သေးဘူး + Caregiver လုပ်ချင်တယ် ဆိုရင်တော့
1️⃣ Italy 🇮🇹 — Caregiver/Badante
2️⃣ Germany 🇩🇪 — Nursing Ausbildung / Nursing assistant
3️⃣ Ireland 🇮🇪 — Healthcare Assistant
4️⃣ Austria 🇦🇹 — Pflegeassistenz/Pflegefachassistenz
Nurse diploma ရှိပြီးသား ဆိုရင်—
1️⃣ Germany 🇩🇪
2️⃣ Ireland 🇮🇪
3️⃣ Austria 🇦🇹
4️⃣ Italy 🇮🇹ကိုရွေးချယ်ပါလို့အကြံပြုပါရစေ။
Austria က Nursing/Pflege အတွက်ကောင်းပါတယ်။ German ကို သင်ယူနိုင်ရင် ရေရှည်အတွက်ကောင်းတဲ့ရွေးချယ်မှုပါ။
အကြမ်းဖျင်း လစဉ် grossကတော့..
PA → €2,300–3,000+
PFA → €2,700–3,400+
Qualified DGKP/Nurse → €3,200–4,000+
Night/weekend/holiday allowances ထည့်ရင် ပိုတက်နိုင်ပါတယ်။Austria ရဲ့ အားသာချက်က 14 salaries/year ပုံစံရှိတာပါ—ပုံမှန် 12 လအပြင် holiday/Christmas special payments ရှိတဲ့ employment contracts များပါတယ်။Vacation ကလည်း 5-day work week ဆို 25 paid days/year (5 weeks) အနည်းဆုံးရှိပါတယ်။
Nurse မဖြစ်သေးရင်လည်း Germany မှာ Nursing Ausbildung လမ်းကြောင်းရှိပြီး foreign applicants အတွက် German B1/B2 လိုနိုင်ပါတယ်။Myanmar က Nurse diploma ရှိပြီးသားဆိုရင်—
Nursing diploma → German B2 → Recognition → job offer → visaရပါမယ်။
ထူးခြားတာက Germany က India, Indonesia, Philippines က nurse/nursing trainee တွေကို government-supported Triple Win programme နဲ့ recruit လုပ်နေပါတယ်။Public hospitals/large employers တွေမှာ collective agreement ကြောင့် salary progression ရှိတတ်ပါတယ်။
🇧🇪 Belgium
Nurse အတွက် အလားအလာကောင်းတဲ့နိုင်ငံတစ်ခုပါ။ ဒါပေမယ့် Dutch-speaking Flanders / French-speaking Wallonia ဆိုပြီး ဘာသာစကားတစ်ခုကို တတ်ရပါတယ်။ Nurse က regulated profession ဖြစ်လို့ qualification recognition လိုပါတယ်။
အလုပ်အကိုင်ကောင်း + လစာကောင်း ပေမယ့် Germany ထက် Myanmar ကနေ စတင်ဖို့ paperwork ပိုများပါတယ်။
🇸🇪 Sweden
Nurse အတွက် ရေရှည်ကောင်းပါတယ်။ ဒါပေမယ့် Myanmar Nurse ဆိုရင် Swedish licence ရဖို့ education assessment → proficiency test → Swedish laws course → clinical training → licence ဆိုပြီး အဆင့်များပါတယ်။ ပုံမှန်လမ်းကြောင်းက 2–4 years အထိကြာနိုင်ပါတယ်။Sweden ရဲ့ assistant nurse လမ်းကြောင်းမှာလည်းSwedish/Danish/Norwegian B2 လောက်ကို သက်သေပြရနိုင်ပါတယ်။
🇩🇰 Denmark — လက်ရှိတော့ မရွေးသင့်သေဘူး။ဒီနိုင်ငံက အရင်က foreign nurses အတွက် စိတ်ဝင်စားစရာကောင်းပေမယ့် 2026 အခြေအနေမှာ non-EU nurse authorization quota ကို 0 ထားထားပါတယ်။ အထူးအလုပ်ကမ်းလှမ်းချက်/ခြွင်းချက် မရှိရင် 31 Dec 2026 အထိ ပုံမှန်လျှောက်လို့မရပါဘူး။
🇳🇱 Netherlands
Nurse salary ကောင်းပေမယ့် Dutch language + BIG registration ကြောင့် Myanmar ကနေ တိုက်ရိုက်ဝင်ဖို့ Germany ထက်ခက်ပါတယ်။ ဒါကြောင့် “လစာကောင်း” နဲ့ “ဝင်ရလွယ်” ကို ခွဲကြည့်ရပါတယ်။
EU ထဲမှာ Nurse / Caregiver အတွက် Germany, Ireland, Italy, Austria တင်မဟုတ်ဘဲ Belgium, Sweden, Finland, Portugal, Spain, France, Netherlands, Czechia, Poland စတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် Myanmar ကနေ non-EU applicant အဖြစ် တိုက်ရိုက်ဝင်ရလွယ်မှု က အတော်ကွာပါတယ်။
ကျမသာ ရွေးရမယ်ဆို—
အမြန်ဆုံး EU ဝင်ပြီး အလုပ်လုပ်ချင် → 🇮🇹 Italy Caregiverကိုရွေးပါ။
English ပဲသင်ပြီး Caregiver → 🇮🇪 Ireland HCAကိုရွေးပါ။
German သင်နိုင်ပြီး ရေရှည် career + လစာကောင်းချင် → 🇩🇪 Germany Nursing Ausbildungလုပ်ပါ။
German သင်ပြီး Austria မှာ healthcare career → 🇦🇹 Austria PA/PFA → Nurseကိုစဥ်းစားနိုင်ပါတယ်။
Myitta Yay Hlaing Group