Mu Cho's Journey

Mu Cho's Journey ✨ Learn . Travel . Enjoy ✨

10/06/2026

မူချို့ရဲ့ မွေးနေ့တိုင်းကို မူချိုဖြတ်သန်းချင်တဲ့ ပုံစံလေးပေါ့။ အေးချမ်းမှုလေးရယ်၊ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေရယ်။ ဒီလောက်ပါပဲ။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

This is exactly how I want to celebrate my birthday: surrounded by peace and sincere love. That’s all I need. 🧡


07/06/2026

" Bali ATV Ride “
Kintamani, Indonesia 🇮🇩

✅ ATV (All Terrain Vehicle) ကိုတောတောင်တွေ၊လယ်ကွင်းတွေနဲ့ Black Sand Area တွေမှာမောင်းလို့ရပါတယ်။

✅ တစ်နေ့ထဲ Activities ၂ ခုလုပ်လို့ရတယ်။ မနက်စောစောမှာ Sunrise ကြည့်။ နေ့လည်ဘက် ATV မောင်း။

✅ မမောင်းခင် safety အတွက်လည်းသေချာပြင်ပေးသလို မောင်းနည်းလည်း သင်ပေးပါတယ်။

✅ Adventure ဆန်တဲ့ activities တွေကြိုက်တဲ့ လူငယ်တွေ try ကြည့်သင့်ပါတယ်။

မူချို့ရဲ့ vlog လေးက Bali ကို သွားဖို့စီစဉ်နေတဲ့ လူတွေအတွက် travel tips အဖြစ် (or)
traveling ကို စိတ်ဝင်စားတဲ့ လူတွေ၊ နေရာအသစ်အဆန်းတွေအကြောင်း စိတ်ဝင်စားတဲ့
လူတွေ အတွက် Knowledge sharing အဖြစ်
ရည်ရွယ်ပါသည်။

သိချင်တာရှိရင် comment မှာမေးနိုင်ပါတယ်နော် …။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ You can ride an ATV (All-Terrain Vehicle) through forests, mountains, rice fields, and black sand areas.

✅ You can enjoy two activities in a single day — watch the sunrise early in the morning and ride an ATV in the afternoon.

✅ Before the ride, the staff will thoroughly prepare the safety equipment and provide instructions on how to operate the ATV.

✅ If you enjoy adventurous activities, this is definitely something worth trying.

Mu Cho’s vlog is intended to serve as a travel guide for people planning a trip to Bali, as well as a knowledge-sharing resource for those who are interested in traveling and discovering new places.

If you have any questions, feel free to leave them in the comments! 😊





05/06/2026

" Mount Batur Sunrise Jeep Tour”
Kintamani, Bali 🇮🇩

✅ Jeep car စီးပြီး မီးတောင်ချော်ရည်ပြင်ကြီးထဲကနေ အရမ်းလှတဲ့ Sunrise ကြည့်ရမယ်။

✅ နေထွက်ချိန်ဘယ်လောက်လှလဲဆိုတာ Kintamani ရောက်မှ သိရမယ်။

✅ လကမ္ဘာရောက်သွားသလို ခံစားရမဲ့ အေးခဲနေတဲ့ ချော်ရည်ပြင်ကြီး မှာ jeep ကားနဲ့ အမိုက်စားပုံတွေ ဖန်တီးမယ်။

မူချို့ရဲ့ vlog လေးက Bali ကို သွားဖို့စီစဉ်နေတဲ့ လူတွေအတွက် travel tips အဖြစ် (or) traveling ကို စိတ်ဝင်စားတဲ့ လူတွေ၊ နေရာအသစ်အဆန်းတွေအကြောင်းစိတ်ဝင်စားတဲ့ လူတွေ အတွက် Knowledge sharing အဖြစ် ရည်ရွယ်ပါသည်။

သိချင်တာရှိရင် comment မှာမေးနိုင်ပါတယ်နော် …။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ Take a Jeep ride through the vast volcanic lava fields and witness a breathtaking sunrise.

✅ You’ll only truly understand how beautiful the sunrise is once you arrive in Kintamani.

✅ Explore the frozen lava landscape that feels like stepping onto the moon, and capture amazing photos while riding in a Jeep.

This vlog by Mu Cho is intended as travel tips for people planning to visit Bali, or as knowledge sharing for those interested in traveling and exploring new places.

If you have any questions, feel free to ask in the comments… 😊




29/05/2026

" 🐒 Monkey Forest 🐒 “
🇮🇩 Bali, Indonesia 🇮🇩

✅ Ubud မှာရှိတဲ့ ကလေးကော လူကြီးပါ လည်လို့ရမဲ့
နောက်ထပ်နေရာလေးတစ်ခု။

✅ မျောက်လေးတွေကိုချစ်ပြီး သူတို့နဲ့ အနီးကပ်
ထိတွေ့ချင်တဲ့ လူတွေအတွက်ပေါ့။

✅ သဘာဝအလှတရားတွေအပြည့်နဲ့ တောထဲမှာ
အေးအေးဆေးဆေးလမ်းလျှောက်မလား?
ပြေးလွှားဆော့ကစားနေကြတဲ့ 🐒သူတို့လေးတွေနဲ့
ဆော့မလား? နှစ်ခုလုံးကို တစ်နေရာထဲမှာရနိုင်တယ်။

မူချို့ရဲ့ vlog လေးက Bali ကို သွားဖို့စီစဉ်နေတဲ့
လူတွေအတွက် travel tips အဖြစ် (or)
traveling ကို စိတ်ဝင်စားတဲ့ လူတွေ၊
နေရာအသစ်အဆန်းတွေအကြောင်း စိတ်ဝင်စားတဲ့
လူတွေ အတွက် Knowledge sharing အဖြစ်
ရည်ရွယ်ပါသည်။

သိချင်တာရှိရင် comment မှာမေးနိုင်ပါတယ်နော် …။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ This is another spot in Ubud that’s suitable for both kids and adults to visit.

✅ It’s perfect for people who love monkeys and want to get up close and interact with them.

✅ You can enjoy the natural beauty of the forest, take a peaceful walk, or watch the monkeys running and playing around 🐒—you can do both in one place.

This vlog by Mu Cho is intended as travel tips for people planning to visit Bali, or as knowledge sharing for those interested in traveling and exploring new places.

If you have any questions, feel free to ask in the comments… 😊




29/05/2026

"Kemenuh Butterfly Park”
🇮🇩Bali, Indonesia 🇮🇩

✅ Ubud မှာရှိတဲ့ ကလေးကော လူကြီးတွေပါ လည်လို့အဆင်ပြေတဲ့ လိပ်ပြာပန်းခြံလေးပါ။

✅ ရေတံခွန်တွေ၊ temple တွေသွားပြီး ပင်ပန်းနေပြီဆို
လိပ်ပြာလေးတွေနဲ့ ခနအနားလာယူပါ။

✅ ကဗျာဆန်ဆန်နေရာလေးမို့ ကောင်မလေးတွေ ဂါဝန်လှလှလေးနဲ့ ဓာတ်ပုံရိုက်ဖို့ ကောင်းတဲ့နေရာတစ်ခု။

မူချို့ရဲ့ vlog လေးက Bali ကို သွားဖို့စီစဉ်နေတဲ့
လူတွေအတွက် travel tips အဖြစ် (or)
traveling ကို စိတ်ဝင်စားတဲ့ လူတွေ၊
နေရာအသစ်အဆန်းတွေအကြောင်း စိတ်ဝင်စားတဲ့
လူတွေ အတွက် Knowledge sharing အဖြစ်
ရည်ရွယ်ပါသည်။

သိချင်တာရှိရင် comment မှာမေးနိုင်ပါတယ်နော် …။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ This is a butterfly park in Ubud that’s suitable for both kids and adults to visit.

✅ If you’re tired after visiting waterfalls and temples, come here and take a short relaxing break with beautiful butterflies.

✅ It’s a very poetic and aesthetic spot—perfect for girls to take lovely photos in pretty dresses.

This vlog by Mu Cho is intended as travel tips for people planning to visit Bali, or as knowledge sharing for those interested in traveling and exploring new places.

If you have any questions, feel free to ask in the comments… 😊





26/05/2026

Officially announcing that I’m now an aunt.

တီလေးမူချိုအဖြစ် ရာထူးတိုးသွားပါပြီ။
ခံစားချက်ကတော့ ခုချိန်မှာ မျိုးစုံပေါ့
မိသားစုဝင် အသစ်ကလေးရတာမို့ အရမ်းပျော်တယ်။
ဒီတူမ သေးသေးလေးကို အူလည်းယားတယ်။
မအိပ်ရင်လည်း မအိပ်လို့၊ အရမ်းအိပ်ရင်လည်း စိတ်ပူရနဲ့ 😄
ဒီတီလေးက လုပ်စရာရှိတဲ့ အလုပ်တွေဘေးချပြီး တူမလေးနားအချိန်ပြည့်နေချင်နေတာကလည်း ခက်။
အိုကွယ် ရသစုံ ပါပဲ။

တီလေးမူချို ကဘယ်လိုတောင် တူမလေးကို ချစ်ကြောင်း
တူမလေးကြီးလာရင်ကြည့်ဖို့ ဒီ video လေးလုပ်ပြီး တီလေးရဲ့ Journey မှာ memory တစ်ခုအဖြစ် သိမ်းထားလိုက်မယ်နော်။


19/05/2026

"Ulu Petanu Waterfall 💦”
Bali, Indonesia 🇮🇩

✅Ubud မြို့မှာရှိတဲ့ ရေတံခွန်များထဲကတစ်ခု။

✅ Adventure ကြိုက်တဲ့လူတွေ သွားသင့်တဲ့ နေရာ။

✅ သဘာဝ အတိုင်းဖြစ်နေတဲ့ တောတောင်ရေမြေ အလှတရားတွေကို တဝကြီး ခံစားနိုင်တယ်။

မူချို့ရဲ့ vlog လေးက Bali ကို သွားဖို့စီစဉ်နေတဲ့
လူတွေအတွက် travel tips အဖြစ် (or)
traveling ကို စိတ်ဝင်စားတဲ့ လူတွေ၊
နေရာအသစ်အဆန်းတွေအကြောင်း စိတ်ဝင်စားတဲ့
လူတွေ အတွက် Knowledge sharing အဖြစ်
ရည်ရွယ်ပါသည်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ One of the waterfalls located in Ubud.

✅ A place that adventure lovers should definitely visit.

✅ You can fully enjoy the beauty of untouched natural forests, mountains, and landscapes.

Mu Cho’s vlog is intended as a source of travel tips for people planning to visit Bali, as well as a way of sharing knowledge for those who are interested in traveling and exploring new places and experiences.





14/05/2026

"Pura Tirta Empul Temple”
Bali, Indonesia 🇮🇩

✅နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိတဲ့ Temple.

✅ Sarong အစိမ်းရောင်လေးဝတ်ပြီး ရေသန့်စင်ခြင်းဖြင့် ကျော်ကြားတဲ့ Bali က Temple တစ်ခု။

✅ စိတ်ဝင်စားစရာ သမိုင်းကြောင်းနှင့် ယုံကြည်မှုတွေကို လေ့လာနိုင်တဲ့ နေရာ။

✅ ဝင်ကြေးနဲ့ Sarong ငှါးခ တစ်ယောက်ကို 5 USD လောက်ပဲကျပါတယ်။

✅ ရေသန့်စင်တဲ့နေရာမှာ ကိုယ့်အတွက် ဓာတ်ပုံရိုက်ပေးမဲ့ လူမပါရင်၊ local တွေက ရိုက်ပေးပါတယ် စျေးက 7 USD လောက်ပေးရပါတယ်။

✅ Ubud မှာတည်းပြီး ဆိုင်ကယ်နဲ့ သွားလည်နိုင်ပါတယ်။
တောင်တက်၊ တောင်ဆင်း လမ်းတွေနဲ့မို့ ဆိုင်ကယ်ကျွမ်းကျွမ်းကျင်ကျင်မမောင်းတတ်ရင် Grab နဲ့သွားပါ။

သိချင်တာရှိရင် comment မှာမေးသွားလို့ရပါတယ်ရှင့်။
Bali ကို သွားဖို့ စီစဉ်နေတဲ့လူတွေ၊ သမိုင်းကြောင်းစိတ်ဝင်စားတဲ့ လူတွေအတွက် မူချို့ vlog လေးက အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ A temple with over 1,000 years of history.

✅ A temple in Bali famous for its ritual water purification while wearing a green sarong.

✅ A place where you can learn interesting history and beliefs.

✅ The entrance fee and sarong rental cost only about 5 USD per person.

✅ At the water purification site, if there is no one to take photos for you, locals can help—usually for about 7 USD.

✅ You can stay in Ubud and visit by scooter.
The roads have uphill and downhill sections, so if you’re not confident riding a scooter, it’s better to use Grab.

If you have any questions,
feel free to ask in the comments.
I hope this short vlog will be helpful for people planning to travel to Bali or those interested in history.





🧡 Bali 🧡The island that turned me into a confident rider 🛵Bali ခရီးစဉ်မှာ မူချို့အတွက် မမေ့နိုင်မဲ့ အမှတ်တရ တစ်ခုကိုပြော...
11/05/2026

🧡 Bali 🧡
The island that turned me into a confident rider 🛵

Bali ခရီးစဉ်မှာ မူချို့အတွက်
မမေ့နိုင်မဲ့ အမှတ်တရ တစ်ခုကိုပြောပါဆိုရင်
ကိုယ်တိုင် ဆိုင်ကယ်စီးပြီး လျှောက်လည်ခဲ့တာကိုပါ။

တကယ်တော့ မူချိုက ဆိုင်ကယ်ကို
သင်တဲ့အချိန် မှာပဲ ခဏ စီးဖူးတာပါ။
သင်ပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ ဆိုင်ကယ်
ထပ်မစီးဖြစ်တော့ဘဲ အကြာကြီးနေပြီးတော့မှ
Bali မှာပြန်စီးဖြစ်ခဲ့တာပေါ့။

Bali မှာ လည်စရာနေရာတွေက တစ်ခုနဲ့ တစ်ခု
အလှမ်းဝေးတာမို့ Grab နဲ့သာဆို
Transportation fee က တော်တော်ထောင်းမှာပါ။

Bali လမ်းတွေက ကျဉ်းတဲ့အပြင်
တောင်တက် တောင်ဆင်း လမ်းတွေနဲ့
တော်တော် သတိထားပြီး စီးခဲ့ရတယ် ဆိုပေမဲ့
အဲ့ဒါတွေကပဲ မူချို့ကို confident rider အဖြစ်
ပြောင်းလဲပေးခဲ့တာပါ။

Local သူငယ်ချင်းက
မူချို့ နောက်ကနေ Google Map နဲ့ လမ်းပြတာဆိုတော့
နှစ်ယောက်ပေါင်းပြီး အတွဲညီညီနဲ့ Bali ၇ ရက်တာ
ခရီးလေးက အောင်မြင်ခဲ့ပါသည်ပေါ့ ☺️

Anyway, Bali ကနေ သင်ပေးလိုက်တဲ့
အတွေ့အကြုံတွေကြောင့် ခုဆို ဘယ်သွားသွား
confident ရှိရှိနဲ့ စီးနိုင်နေပါပြီ။

ကျေးဇူးပါ Bali ရေ…။




11/05/2026

"Penglipuran Village”
Bali, Indonesia 🇮🇩

✅ ကမ္ဘာ့အသန့်ရှင်းဆုံး ရွာလေးအဖြစ် စာရင်းဝင်ထားတဲ့
ဒီရွာလေးမှာ Indonesia နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု
တစိတ်တစ်ပိုင်းကိုလေ့လာလို့ရတယ်။

✅ မူချို့လို ရိုးရွာဝတ်စုံလေးတွေကို အမြတ်တနိုး
ဝတ်ချင်တယ်ဆိုရင်လည်း ဒီရွာလေးမှာ ဝတ်လို့ရပါတယ်။

✅ Ubud မှာတည်းပြီး ဆိုင်ကယ်နဲ့ အလွယ်တကူ
သွားလို့ရပါတယ်။

✅ ပွဲနေ့တွေမှာ Balinese Hinduism ကို ထဲထဲဝင်ဝင် လေ့လာခွင့် ရနိုင်သလို၊ တစ်ရွာလုံးကို အလှဆင်ထားတာမို့
ပုံလှလှလေးတွေ ရိုက်ဖို့ အချိန်ကောင်းတစ်ခုပေါ့။

✅ ဝင်ကြေးက တစ်ယောက် $3 နီပါးလောက်ပဲရှိတယ်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

✅ This village is listed as one of the cleanest villages in the world, and you can learn about a part of Indonesia’s traditional culture there.

✅ If you’d like to try wearing traditional village outfits like me, you can do that in this village too.

✅ You can easily get there by motorbike while staying in Ubud.

✅ During festival days, you’ll have the chance to deeply experience Balinese Hinduism, and since the whole village is beautifully decorated, it’s also a perfect time to take stunning photos.

✅ The entrance fee is only around $3 per person.




Address

Male

Website

Alerts

Be the first to know and let us send you an email when Mu Cho's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mu Cho's Journey:

Shortcuts

Share