29/09/2026
📺 Kim You-jung နဲ့ GOT7 ရဲ့ Park Jinyoung တို့ ပါဝင်ထားတဲ့ “100 Days of Deception”
ဂျပန်ကိုလိုနီခေတ်၊ ၁၉၃၀ ပြည့်လွန်နှစ်တွေက Gyeongseong မြို့ကို နောက်ခံထားတဲ့ သမိုင်းဒရာမာပါ။ မြို့မှာ လက်သွက်ဆုံး ခါးပိုက်နှိုက်သူ Lee Ga-gyeong (Kim You-jung) ဟာ လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ဝှက်တာဝန်တစ်ခုကို လက်ခံပြီး ဂျပန်အုပ်ချုပ်ရေးဌာနထဲသို့ စကားပြန်သင်တန်းသူအဖြစ် ရက် ၁၀၀ ဝင်ရောက်စုံစမ်းရမှာ ဖြစ်ပါတယ်။ အဲဒီမှာ စကားပြန် Kim Tae-woong (Park Jinyoung) နဲ့ တွေ့ဆုံရာက လျှို့ဝှက်ချက်တွေနဲ့ ခံစားချက်တွေ ရောယှက်လာမယ့် ဇာတ်လမ်းပါ..
လျှို့ဝှက်တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် spy romance လေးပါပဲ 👀
NETFLIX မှာ ၂၀၂၆ အောက်တိုဘာ ၁၀ ရက်နေ့ စတင်ပြသဖို့ သတ်မှတ်ထားပါတယ်