07/08/2026
ဒီရက်ပိုင်းတွေ ပို့စ်တွေမတင်ဘဲခနနားထားပြီးကုန်အသစ်လည်း လက်မခံသေးဘဲchat box ကနေဘဲ customer တယောက်ချင်းစီတိုင်းကို အကျိူးအကြောင်းလေးတွေ သေချာရှင်းပြပေးဖြစ်ပါတယ်🙏
ခု တခေါက် ခုအသုတ် သတ်မှတ်ရက်ထက်
ပစ္စည်းပို့တာတွေ ကြာနေတာ၊ နောက်ကျတာတွေအတွက် အများကြီး အားနာရပါတယ်ရှင်..
လမ်းတွေပျက်..ပိတ်ဆို့ ဖမ်းစီးရေးက မြို့တိုင်းမို့ ဒီ၂လထဲမှာ ပစ္စည်းပို့ရတာ တော်တော်လေးခက်ခဲလာပါတယ်..တမြို့ တဂိတ် ကို တပတ်နှုန်းနဲ့မနည်းရုန်းနေကြရပါတယ်..ပုံမှန်သွားနေကြလမ်းတွေ အဆင်မပြေတော့ပါဘူး..အဲ့တော့ သတ်မှတ်နေရာတွေကို ပြောင်းရပါတယ်..
ကုန်ကျစားရိတ်တွေက တခါမှ မကုန်ခဲ့ဖူးတဲ့ ငွေကြေးတွေအထိပါဘဲ..
ကိုယ်လည်း ကုန်တွေမြန်မြန်ရောက် မြန်မြန်ငွေပေါ်ချင်တာပေါ့လေ..
ကုန်စည်ပို့ဆောင်နေကျတဲ့သူတိုင်းအခုချိန်.ကအခက်ခဲဆုံးအချိန်စိုတာ.တော်တော်များများသိကြပါတယ်..
အဲ့အတွက်ကြောင့်ကုန်အပ်ထားသူများ
အချိန်နဲနဲ ပိုသွားလို့ဒီတခါတော့ ခဏ သီးခံပေးဖို့တောင်းဆိုပါတယ်ရှင်
နောက်ခေါက်တွေအတွက်တော့ planအသစ် တွေချပြီး အရင်အခေါက်တွေက လိုပဲ..သတ်မှတ်ရက်အတိုင်း ပို့နိုင်အောင်ကြိုးစားနေပါတယ်လို့😘😘
နားလည်ပေးပြီး စောင့်ပေးကြသူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🙏🙏