Gold Car Rental - Bangkok

Gold Car Rental - Bangkok Discover Thailand everywhere with our Gold Car Rental services.

We always offer self-drive Cars and cars with skillful drivers to be convenient, comfortable and memorable.

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့⛹️‍♂️ဇန်နဝါရီလ (၄)ရက်နေ့၊ ၂၀၂၆ ခုနှစ်မှာ ကျရောက်တဲ့ (၇၈)နှစ်မောက် မြန်မာ့လွတ်လပ်ရေးနေ့အား Go...
04/01/2026

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့⛹️‍♂️

ဇန်နဝါရီလ (၄)ရက်နေ့၊ ၂၀၂၆ ခုနှစ်မှာ ကျရောက်တဲ့ (၇၈)နှစ်မောက် မြန်မာ့လွတ်လပ်ရေးနေ့အား Gold Car Rental မှ မြန်မာနိုင်ငံသားများအားလုံးနဲ့အတူ ဂုဏ်ပြုကြိုဆိုပါတယ်ခင်ဗျာ။🤝

_________________

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713

_____________


-DriveService

New Year မှာ ဘယ်သွားဖို့ စဉ်းစားထားလဲ?🤔✨ နှစ်သစ်ကို ကမ်းခြေမှာကြိုဖို့ Bang Saen Beach 🏖️ ကိုသွားမလား ?✨ ကမ်းခြေတွေလည်းဝ...
30/12/2025

New Year မှာ ဘယ်သွားဖို့ စဉ်းစားထားလဲ?🤔

✨ နှစ်သစ်ကို ကမ်းခြေမှာကြိုဖို့ Bang Saen Beach 🏖️ ကိုသွားမလား ?

✨ ကမ်းခြေတွေလည်းဝန်းရံ လည်ပတ်စရာနေရာတွေလည်းများတဲ့ Pattaya လား ?

✨ ဒါမှမဟုတ် အိုးမကွာ အိမ်မကွာ မြို့မကွာလေးဖြစ်အောင် Bangkok မြို့တွင်းမှာပဲလား ?

နောက်တစ်ကြိမ်လှည့်ပြန်ခွင့်မရှိတော့မယ့် 2025 ရဲ့နောက်ဆုံးညကို ဘယ်သူတွေနဲ့ ဘယ်မှာဖြတ်သန်းဖို့ စဉ်းစားထားလဲဆိုတာ Comment မှာ ပြောခဲ့ဦးနော်။

တကယ်လို့ လူကြီးမင်းတို့က New Year အတွက် ညအိပ်ခရီးထွက်ချင်တယ်ဆိုတော့ Day Trip, Night Trip တွေအပြင် Long Trip တွေအတွက်ပါ ကားငှားပေးနေတဲ့ Gold Car Rental ရှိပါတယ်ခင်ဗျာ🤗

_________________

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713

❝ Marry Christmas & Happy New Year 🎄❞ပျော်ရွှင်စရာ Marry Christmas နေ့လေးပါ။ 🎅❝ ဒီနေ့မှာ ပျော်ရွှင်ငြိမ်းချမ်းမှုတွေနဲ့အ...
25/12/2025

❝ Marry Christmas & Happy New Year 🎄❞

ပျော်ရွှင်စရာ Marry Christmas နေ့လေးပါ။ 🎅

❝ ဒီနေ့မှာ ပျော်ရွှင်ငြိမ်းချမ်းမှုတွေနဲ့အတူ မိသာစု၊ ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေများအားလုံးရဲ့ စမ်းရေလို အေးမြတဲ့ မေတ္တာတွေ အပြည့်အဝ ရရှိကြပါစေကြောင်း ❞

ကျွန်တော်တို့ Gold Car Rental က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။💁‍♂️


Christmas

23/12/2025
Happy Karen New Year✨မင်္ဂလာ ၂၇၆၅၊ ပြာသိုလဆန်း (၁)ရက်နေ့မှာကျရောက်တဲ့ ကရင်လူမျိုးတို့ရဲ့ တန်ဖိုးထားမြတ်နိုးရာ ကရင်နှစ်သစ...
19/12/2025

Happy Karen New Year✨

မင်္ဂလာ ၂၇၆၅၊ ပြာသိုလဆန်း (၁)ရက်နေ့မှာကျရောက်တဲ့ ကရင်လူမျိုးတို့ရဲ့ တန်ဖိုးထားမြတ်နိုးရာ ကရင်နှစ်သစ်ကူးနေ့လေးကို ကရင်လူမျိုးများနဲ့အတူ Gold Car Rental က ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်ခင်ဗျာ။💁‍♂️



#ကရင်နှစ်သစ်ကူးနေ့

14/12/2025

ထိုင်းနိုင်ငံရဲ့ တရုတ်ရွာကလေး⛩️

ထိုင်းနိုင်ငံမှာဆိုပေမယ့် တရုတ်ပြည်ကိုရောက်သလို တရုတ်လူမျိုးတို့ရဲ့ ရိုးရာပုံစံတွေ၊ တရုတ်စတိုင်လ် နေထိုင်မှုပုံစံတွေနဲ့ တရုတ်လူမျိုးတို့ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝရှုစားဖို့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းဒေသ ကို သွားရအောင်နော်။💞

ထိုင်းနိုင်ငံ မြောက်ပိုင်း Mae Hong Son ခရိုင်က တောင်တန်းတွေကြားမှာ ပုန်းကွယ်နေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကျေးရွာလေး "ဘန်ရတ်ထိုင်း" (Ban Rak Thai) ဒါမှမဟုတ် "မဲအော်" (Mae Aw) ရွာကလေးဟာ

🌿တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ရွှေ့ပြောင်းလာသူတွေ အခြေချနေထိုင်တဲ့ရွာကလေးဖြစ်တာကြောင့် ထိုင်းနဲ့ တရုတ် ယဉ်ကျေးမှုတို့ လှပစွာ ပေါင်းစပ်ထားတဲ့ နေရာလေးဖြစ်ပါတယ်။

ဘန်ရတ်ထိုင်း (Ban Rak Thai) ဟာ အတော်လေး ဝေးလံတဲ့ နေရာမှာ ရှိတာကြောင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိတဲ့ ခရီးစဉ် ဖြစ်ဖို့အတွက် Golden Car Rental က ကားငှားပြီး ကိုယ်တိုင်မောင်းနှင်သွားတာက အကောင်းဆုံးရွေးချယ်မှုပါနော်။💁‍♂️

ဒါကြောင့် ဒီလိုထူးခြားဆန်းသစ်တဲ့ (Ban Rak Thai) တရုတ်ကျေးရွာလေးကိုသွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Gold Car Rental ကို ခုပဲ ဆက်သွယ်လိုက်ပါနော်။☎️

_____

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713





10/12/2025

Gold Car Rental က ခရီးသွားသပ်သပ်မဟုတ်ပဲ Wedding အတွက်ပါ ကားငှားပေးနေပြီနော်📢

ဒီကားလေးတွေကတော့ ကျွန်တော်တို့ Gold Car Rental မှာ Wedding အတွက်ဆိုပြီး (၆.၁၂.၂၀၂၅)၊(၇.၁၂.၂၀၂၅) နဲ့ (၈.၁၂.၂၀၂၅) ရက်နေ့မှာ chauffeur service နဲ့ ငှားသွားတဲ့ကားတွေပါ။👰

Wedding အတွက်ဆိုပြီး အခုလို ကျွန်တော်တို့ Gold Car Rental မှာ သတိတရနဲ့ တကူးတက ကားငှားပေးတဲ့ မင်္ဂလာမောင်နှံ Charles and catelyn တို့စုံတွဲကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ပြောရင်း အသက်ထက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။🙏

နောက်နောင်တွေမှာလည်း ကားလိုအပ်တာ ဒါမှမဟုတ် ကားငှားရမ်းချင်တာမျိုးရှိရင် ကျွန်တော်တို့ Gold Car Rental ကို အချိန်မ‌ရွေးဆက်သွယ်ပြီး ငှားရမ်းနိုင်ပါတယ်နော်။💞

တခြားသော Customer တွေကို တစ်ခုပြောချင်တာကတော့ …

ကျွန်‌တော်တို့ Gold Car Rental က ခရီးသွားတွေမှ ကားငှားတာမဟုတ်ပါဘူးနော်။ ထိုင်းနိုင်ငံအတွင်း ဘယ်ကိုပဲသွားသွား၊ ဘယ်နှရက်ပဲငှားငှား Self Drive ဆိုရင် အနည်းဆုံး တစ်ရက်ကနေ စတင်ငှားရမ်းပေးပြီး

မြန်မာ Driver အပါဆိုရင်တော့ ကားစရိတ်၊ ဆီစာရိတ်၊ လမ်းကြေးအငြိမ်းနဲ့ Driver အပါကို (၁၁)နာရီကနေစပြီး ငှားရမ်းနိုင်ပါတယ်ခင်ဗျာ။🚘

📌 ဒါကြောင့် ခရီးသွားစရာရှိမှမဟုတ်လည်း အရေးပေါ်ကားလိုအပ်တာဖြစ်ဖြစ်၊ ဒီလို မင်္ဂလာရှိတဲ့ Wedding အတွက် ငှားရမ်းချင်တာဖြစ်ဖြစ်၊ ရုံးတက် Meeting တက်တွေအတွက် ခေတ္တခဏ ကားလိုအပ်တာဖြစ်ဖြစ်

📌 ဘယ်အတွက်ပဲလိုလို ကားလိုအပ်သူတိုင်းအတွက် ကျွန်တော်တို့ Gold Car Rental က သန့်ရှင်းသပ်ရပ်တဲ့ကားတွေကို ဈေးနှုန်းချိုသာစွာနဲ့ ငှားရမ်းပေးနေပါတယ်ခင်ဗျာ။💁‍♂️

_____

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713





06/12/2025

Toyota Vellfire နဲ့အတူ သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်ကို စတင်လိုက်ပါ❗

မင်္ဂလာပါ! ကျွန်တော်တို့ Gold Car Rental Service မှ နွေးထွေးစွာ ကြိုဆိုပါတယ်။

ကားတစ်စီးငှားတယ်ဆိုတာ သွားလာရေး လိုအပ်ချက်တစ်ခုထက် ပိုပါတယ်။ ဒါဟာ မိတ်ဆွေတို့ရဲ့ ခရီးစဉ်ကို သက်သောင့်သက်သာနဲ့ ဘေးအန္တရာယ်ကင်းပြီး အမှတ်ရစရာဖြစ်စေဖို့အတွက် အထောက်အကူကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။✅

ကျွန်တော်တို့ Gold Car Rental Service မှာ ငှားရမ်းပေးနေတဲ့ Toyota Vellfire ဟာ ရိုးရိုးဗန်ကား (Van) တစ်စီးမဟုတ်ပါဘူး။ ဒီကားဟာ ခေတ်မီတဲ့ ဇိမ်ခံကား (Luxury MPV) တစ်စီးဖြစ်ပြီး သင့်ခရီးစဉ်တိုင်းအတွက် အကောင်းဆုံး အပြင်အဆင်နဲ့ Feature အစုံအလင်လည်း ရှိပါတယ်။✨

📍 Ultimate Comfort : ကျယ်ဝန်းတဲ့ အတွင်းခန်း၊ နူးညံ့ပြီး သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံတွေ (Pilot Seats)

📍 Executive Style : ထင်ရှားပေါ်လွင်တဲ့ ရှေ့မီးဒီဇိုင်း၊ ခန့်ညားထည်ဝါတဲ့ ကိုယ်ထည်ပုံစံတို့ကြောင့် လုပ်ငန်းကိစ္စအတွက်ဖြစ်စေ၊ မိသားစုခရီးစဉ်အတွက်ဖြစ်စေ Toyota Vellfire နဲ့သာဆိုရင် အမြဲတမ်း စတိုင်ကျနေစေမှာပါ။

📍 Safety First : နောက်ဆုံးပေါ် ဘေးကင်းလုံခြုံရေး စနစ်တွေနဲ့ နည်းပညာတွေ ပါဝင်တာကြောင့် စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ပါတယ်ခင်ဗျာ။

စီးပွားရေး အစည်းအဝေးတွေ၊ မင်္ဂလာပွဲတွေ၊ မိသားစု ခရီးထွက်ခြင်းတွေအပြင် အထူးဧည့်သည်များနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေသွားခြင်းအတွက် Toyota Vellfire ဟာ သင့်အတွက် အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။🗝️

ဒါကြောင့် အခုပဲ Gold Car Rental Service ကို ဆက်သွယ်ပြီး Toyota Vellfire နဲ့အတူ ဇိမ်ခံ၊ သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်တစ်ခုကို စတင်လိုက်ပါခင်ဗျာ။💁‍♂️

_____

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713





❝ 🎄Christmas Season နဲ့လိုက်ဖက်တဲ့ နေရာ (၅)ခု ❞🍫 Chocolate villeEuropean Village ကို ပုံဖော်ထားပြီး ဧရာမပန်းခြံရှိတဲ့ စာ...
05/12/2025

❝ 🎄Christmas Season နဲ့လိုက်ဖက်တဲ့ နေရာ (၅)ခု ❞

🍫 Chocolate ville

European Village ကို ပုံဖော်ထားပြီး ဧရာမပန်းခြံရှိတဲ့ စားသောက်ဆိုင်ဝင်းကြီးတစ်ခုဖြစ်တာကြောင့် ချစ်ရသူတွေနဲ့ Romantic ဆန်ဆန် "Dining in the Park" လုပ်လို့ရပါတယ်နော်။

🛍️ Central World

Central World ကတော့ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာတွေထဲက တစ်ခုဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ အဓိက Siam Area မှာရှိတာမို့ အလွယ်တကူ ပေါ့ပေါ့ပါးပါး သွားလာလည်ပတ်လို့ရပါတယ်နော်။

✨ Em Quartier

ဘန်ကောက်မြို့ရဲ့ Phrom Phong ဧရိယာမှာ တည်ရှိတဲ့ Luxury Shopping Mall လို့ပြောရင် Em Quartier လို့ပဲပြောရမှာပါ။ သူက The EM District ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်နော်။

🌃 Jodd Fairs

Jodd Fairs ဟာ မြန်မာလူမျိုးတွေကြား ရေပန်းစားလွန်းနေတဲ့ ဘန်ကောက်မြို့ရဲ့ လူကြိုက်အများဆုံး Night Market ကြီးဖြစ်ပြီး Ratchada Train Night Market ကို ဦးစီးခဲ့တဲ့သူတွေကပဲ ပြန်လည်ဖွင့်လှစ်ထားတာကြောင့် သန့်ရှင်းသန့်ရပ်မှုနဲ့ စနစ်ကျမှုကို အပြည့်အဝ ရရှိစေမှာပါ။

🌌 Asiatique

Asiatique ဆိုတာ Chao Phraya မြစ်ကမ်းဘေးမှာတည်ရှိတဲ့ Open-Air Mall and Night Market ပုံစံမျိုး ဖန်တီးထားတဲ့ Market တစ်ခုဖြစ်ပါတယ်။ East Asiatic Company ရဲ့ ဆိပ်ခံနေရာဟောင်းကို ပြန်လည်မွမ်းမံထားပြီး သမိုင်းဝင် အဆောက်အအုံတွေ၊ ကိုလိုနီခေတ်ပုံစံ အသွင်အပြင်တွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။

Asiatique မှာ ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော်နဲ့ စားသောက်ဆိုင်ပေါင်း ၄၀ ကျော်ရှိတာမို့ Asiatique Sky လို့ ခေါ်ရလောက်တဲ့ နေရာတစ်ခုဖြစ်တာမို့ လူသွားလူလာ အရမ်းများပါတယ်နော်။😢

ကဲ ဒီနေရာတွေက ခရစ်စမတ်ရာသီမှာ promotion တွေများစွာပေးတတ်တဲ့နေရာတွေဖြစ်ပြီး Christmas မရောက်ခင်တည်းက 🎄 Christmas Vibe ကို အပြည့်အဝ ရရှိစေမှာဖြစ်ပါတယ်။

ဒါကြောင့် Bangkok မြို့တွင်းမှာ စိတ်လိုလက်ရ လျှောက်သွား၊ လျှောက်စား၊ လျှောက်လည်ချင်ဖို့ ကားတစ်စီးရှာနေတယ်ဆိုရင်တော့ စရိတ်စကသက်သာပြီး ဝန်ဆောင်မှုကောင်းတဲ့ ကျွန်တော်တို့ရဲ့ Gold Car Rental က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။💁‍♂️

_________________

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713

_________________






❝ နတ်တော်လပြည့်နေ့ (ဓမ္မစာဆိုတော်နေ့) ❞📖ခရစ်နှစ် (4.12.2025) ၊ မြန်မာသက္ကရာဇ် (နတ်တော်လပြည့် ၁၅ရက်၊ ၁၃၈၇)ခုနှစ် မှာ ကျရေ...
04/12/2025

❝ နတ်တော်လပြည့်နေ့ (ဓမ္မစာဆိုတော်နေ့) ❞📖

ခရစ်နှစ် (4.12.2025) ၊ မြန်မာသက္ကရာဇ် (နတ်တော်လပြည့် ၁၅ရက်၊ ၁၃၈၇)ခုနှစ် မှာ ကျရောက်တဲ့ နတ်တော်လပြည့်နေ့လေးမှာ …

(၇)ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း Gold Car Rental က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏


#နတ်တော်လပြည့်နေ့
#ဓမ္မစာဆိုတော်နေ့

❝ ထိုင်းဘုရင်ဟောင်း Bhumibol မွေးနေ့အား ဂုဏ်ပြုကြိုဆိုပါတယ်🎉 ❞ဒီဇင်ဘာလ (၅)ရက်နေ့မှာကျရောက်တဲ့ ထိုင်းဘုရင်ဟောင်း  Bhumibo...
03/12/2025

❝ ထိုင်းဘုရင်ဟောင်း Bhumibol မွေးနေ့အား ဂုဏ်ပြုကြိုဆိုပါတယ်🎉 ❞

ဒီဇင်ဘာလ (၅)ရက်နေ့မှာကျရောက်တဲ့ ထိုင်းဘုရင်ဟောင်း Bhumibol ရဲ့ မွေးနေ့အား ထိုင်းလူမျိုးများနဲ့အတူ Gold Car Rental က ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

Happy Birthday Our King 👑

________




#ထိုင်းဘုရင်မွေးနေ့

❝ Gold Car Rental နဲ့ ခရီးဆက်မယ် ❞🫡မင်္ဂလာပါ … Gold Car Rental ကားအငှါး Service Center ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ 🤗ထိုင်းနိ...
01/12/2025

❝ Gold Car Rental နဲ့ ခရီးဆက်မယ် ❞🫡

မင်္ဂလာပါ … Gold Car Rental ကားအငှါး Service Center ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ 🤗

ထိုင်းနိုင်ငံအတွင်း အမြို့မြို့အနယ်နယ်ကို သွားရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေအနေနဲ့

ကျွန်တော်တို့ Gold Car Rental က ကားတွေကို Driver အပါ နေ့ချင်းပြန်ခရီးစဉ်တွေအတွက် ငှါးရမ်းနိုင်သလို ကိုယ်တိုင်မောင်း (Self-Driving) တွေအတွက်လည်း 24hrs (1Day) ကနေစပြီးတော့လည်း ငှါးရမ်းပေးပါတယ်ခင်ဗျာ။ ✅

ဒါ့အပြင် ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ထုံးတမ်းအစဉ်လာတွေပေါကြွယ်ဝတဲ့ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာရောက်လည်ပတ်လိုသူတွေအတွက်လည်း လေယာဉ်အကြိုအပို့အတွက်ပါ စီးစနစ်တကျ စီစဉ်ပေးတာကြောင့်

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် လျင်မြန်တိကျ ဈေးနှုန်းသက်သာတဲ့ ကျွန်တော်တို့ရဲ့ Gold Car Rental ရှိပါတယ်ခင်ဗျာ။💁‍♂️

_________________

Line ID :
WhatsApp/Viber : +66 954137713
Email : [email protected]
Ph No: +66 954137713

_________________






ที่อยู่

Phatthanakan Road
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Gold Car Rental - Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์