Get Going Travel Services

Get Going Travel Services 🗺 𝐘𝐨𝐮𝐫 𝐓𝐫𝐮𝐬𝐭𝐞𝐝 𝐓𝐫𝐚𝐯𝐞𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐀𝐜𝐫𝐨𝐬𝐬 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 🗺

🇹🇭📲 09-2779-1971
Line - getgoing2024
Viber | Whatsapp - (+66) 9277 91971

🇹🇭🛶 ထိုင်းနိုင်ငံကို အလည်လာရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာလေးတွေထဲမှာ ရေပေါ်ဈေး (Floating Market) တွေလည်း ပါဝင်ပါတယ်ရှင...
10/10/2026

🇹🇭🛶 ထိုင်းနိုင်ငံကို အလည်လာရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာလေးတွေထဲမှာ ရေပေါ်ဈေး (Floating Market) တွေလည်း ပါဝင်ပါတယ်ရှင့် 💚

✨ လှေပေါ်ကနေ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ အရသာရှိတဲ့ ထိုင်းအစားအစာတွေကို ဝယ်ယူစားသောက်ရင်း ထိုင်းရိုးရာဈေးရဲ့ အငွေ့အသက်ကို ခံစားနိုင်ပါတယ်။

❓ ဧည့်သည်တော်တို့ အသွားချင်ဆုံး ရေပေါ်စျေးအမည်က ဘာလေးဖြစ်မလဲ

💬 Comment မှာ ဖြေခဲ့ပေးပါဦး ရှင့်

✈️ ထိုင်းနိုင်ငံတစ်ခွင် အလည်ပတ် ခရီးစဥ် များ အတွက် ကားအငှားဝန်ဆောင်မှု များ/ ဝင်ခွင့်လက်မှတ်များ / လေယာဉ်လက်မှတ်နှင့် Hotel Booking ဝန်ဆောင်မှုများအတွက်ဆို GET GOING ကို သတိရလိုက်ပါရှင့် ...

📩PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

#ထိုင်းခရီးသွား

🏆🇹🇭 ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် ဘန်ကောက်မြို့ကို ရွေးချယ် သတ်မှတ်လိုက်ပါပြီ!Condé Nast Traveller မဂ္ဂဇင...
09/10/2026

🏆🇹🇭 ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် ဘန်ကောက်မြို့ကို ရွေးချယ် သတ်မှတ်လိုက်ပါပြီ!

Condé Nast Traveller မဂ္ဂဇင်း၏ စာဖတ်ပရိသတ်များ မဲပေးရွေးချယ်သည့် 2026 Readers’ Choice Awards အရ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့သည် ရမှတ် 97.68 မှတ် ဖြင့် ကမ္ဘာ့အကောင်းဆုံးမြို့များစာရင်းတွင် နံပါတ် (၁) နေရာကို ရရှိခဲ့ပါတယ်။

ဘန်ကောက်မြို့သည် ပါရီမြို့ နှင့် အစ္စတန်ဘူလ်မြို့ တို့ကို ကျော်ဖြတ်နိုင်ခဲ့သလို ရောမ၊ တိုကျို၊ ဆစ်ဒနီ၊ အမ်စတာဒမ်နှင့် နယူးယောက်ကဲ့သို့ ကမ္ဘာကျော်မြို့ကြီးများကိုလည်း အနိုင်ရရှိခဲ့ပါတယ်။

✨ ဒါဟာ ဘန်ကောက်မြို့ရဲ့ အံ့မခန်းပြန်လည်အောင်မြင်မှုတစ်ခုပါပဲ။

ပြီးခဲ့တဲ့နှစ်က အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးမြို့ ၂၀ စာရင်းထဲတောင် မပါဝင်ခဲ့တဲ့ ဘန်ကောက်မြို့ဟာ ယခုနှစ်မှာတော့ နံပါတ် (၁) နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ယခုနှစ်ရလဒ်ဟာ ထိုင်းနိုင်ငံအပေါ် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုနှင့် လူကြိုက်များမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေကြောင်း ပြသနေပါတယ်။

❤️ ခရီးသွားတွေ ဘာကြောင့် ဘန်ကောက်ကို ဒီလောက်ချစ်ကြတာလဲ?

ခရီးသွားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ ဘန်ကောက်မြို့ရဲ့ ဆွဲဆောင်မှုများကတော့ ---

🛍️ စည်ကားလှသော ဈေးများနှင့် ဈေးဝယ်စင်တာများ
🛕 လက်ရာမြောက်လှပတဲ့ နန်းတော်များနှင့် ရှေးဟောင်းဘုရားကျောင်းများ
🍜 အရသာရှိသော Street Food များ
👑 Grand Palace နှင့် Temple of the Emerald Buddha
🙏 Wat Pho ကမ္ဘာကျော် လျောင်းတော်မူဘုရားကြီး
⭐ Michelin Star ရ စားသောက်ဆိုင်များ
🌃 မြို့ပြရှုခင်းကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ Rooftop Bar များ
🎉 ကမ္ဘာ့အဆင့်မီ ညဘက်ဖျော်ဖြေရေးနှင့် Nightlife များပဲ ဖြစ်ပါတယ်။

ဒီလို ထူးခြားတဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ အပန်းဖြေစရာနဲ့ ဖျော်ဖြေရေးတွေ အစုံအလင်ရှိနေတာကြောင့် ခရီးသွားတွေ ဘန်ကောက်မြို့ကို ထပ်ခါထပ်ခါ ပြန်လာချင်ကြတာလည်း မဆန်းပါဘူး။

2026 နှစ်မကုန်ခင် ခရီးသွားဖို့ စဥ်းစားနေရင် ဘန်ကောက်ကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

Ref : TheThaiger

#ဘန်ကောက်မြို့

အရမ်းလှသော Lopburi က နေကြာပန်းခင်းကြီး ပြန်ဖွင့်ပါပြီ 🌻🌻🌻 ဒီနေရာလေးက ဘန်ကောက်ကနေ ကားဖြင့် ၂ နာရီ ခွဲ ဝန်းကျင်လောက်သွားရု...
08/10/2026

အရမ်းလှသော Lopburi က နေကြာပန်းခင်းကြီး ပြန်ဖွင့်ပါပြီ 🌻🌻🌻

ဒီနေရာလေးက ဘန်ကောက်ကနေ ကားဖြင့် ၂ နာရီ ခွဲ ဝန်းကျင်လောက်သွားရုံဖြင့်ရောက်ပါတယ်

ဝင်ကြေး တစ်ဦးလျှင် ဘတ် ၂၀ သာကျသင့်မှဖြစ်ပြီး Car Parking နေရာနှင့် အနီးနားမှာ စားသောက်ဆိုင် cafe များလဲ ရှိပါတယ်

Location - https://maps.app.goo.gl/sT3o87NpdSUufs7SA?g_st=ic

ဖွင့်ချိန် - 7:00 Am to 6:00 Pm

ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ် ။

✨ GET GOING မှာ Self Drive ငှားရမ်းပြီး ကိုယ်တိုင်မောင်းပြီး လည်ပတ်မလား ?

✨ ဘော်ဒါတွေ စုပြီး ကားဆရာ မောင်းပြီးပို့ပေးတာကို ဇိမ်နဲ့ သွားကြမလား ?

ထိုင်းနိုင်ငံတစ်ခွင် အလည်ပတ် ခရီးစဥ် များ အတွက် ကားအငှားဝန်ဆောင်မှု များ/ ဝင်ခွင့်လက်မှတ်များ / လေယာဉ်လက်မှတ်နှင့် Hotel Booking ဝန်ဆောင်မှုများအတွက်ဆို GET GOING ကို သတိရလိုက်ပါခင်ဗျာ ...

📩PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

✨ 𝑹𝑬𝑴𝑨𝑹𝑲𝑨𝑩𝑳𝑬 𝑨𝑻𝑻𝑹𝑨𝑪𝑻𝑰𝑶𝑵𝑺 𝑰𝑵 𝑩𝑨𝑵𝑮𝑲𝑶𝑲 🇹🇭Bangkok ကို ပထမဆုံးလာမယ့်သူတွေအတွက် မဖြစ်မနေသွားရောက်လည်ပတ်သင့်သော နေရာ 7 ခု -----...
07/10/2026

✨ 𝑹𝑬𝑴𝑨𝑹𝑲𝑨𝑩𝑳𝑬 𝑨𝑻𝑻𝑹𝑨𝑪𝑻𝑰𝑶𝑵𝑺 𝑰𝑵 𝑩𝑨𝑵𝑮𝑲𝑶𝑲 🇹🇭

Bangkok ကို ပထမဆုံးလာမယ့်သူတွေအတွက် မဖြစ်မနေသွားရောက်လည်ပတ်သင့်သော နေရာ 7 ခု -----

📍 1. Wat Arun Ratchawararam

🌅 The Temple of Dawn
Chao Phraya မြစ် ကမ်းနားမှာ တည်ရှိပြီး Bangkok မြို့ရဲ့ အထင်ကရအဖြစ်ဆုံး ဘုရားကျောင်းတွေထဲက တစ်ခုပါ။ မနက်စောစောနဲ့ sunset အချိန်တွေမှာဆို အထူးလှပပါတယ်။
ထိုင်းရိုးရာ ဝတ်စုံများ ဝတ်ဆင်ပြီး အမှတ်တရ ဓာတ်ပုံရလို့ ကောင်းသော နေရာ တစ်ခုပါ ။ 📸✨

📍 2. The Grand Palace & Temple of the Emerald Buddha

👑 Bangkok မြို့၏ သမိုင်းနှင့် ထိုင်းဘုရင့်မိသားစု၏ အမွေအနှစ်များကို ခံစားနိုင်မယ့် အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ Temple of the Emerald Buddha (Wat Phra Kaew) ခေါ် မြဘုရား ကိုလဲ လည်း ဖူးမျှော်နိုင်မှာ ဖြစ်ပါတယ်။

📍 3. Wat Pho

🛕 Temple of the Reclining Buddha
အလွန်ကြီးမားသော လျောင်းတော်မူ ရုပ်ပွားတော်ကြီး Wat Pho ဟာ Bangkok ရဲ့ ရှေးဟောင်းယဉ်ကျေးမှုကို လေ့လာဖို့ကောင်းသော နေရာတစ်ခုပါ။ 🙏

📍 4. King Power Mahanakhon

🏙️ Bangkok SkyHigh Experience
Bangkok မြို့ကြီးကို အပေါ်စီးကနေ ကြည့်ရှုနိုင်ပြီး city view နဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်သူများအတွက် လက်မလွတ်သင့်တဲ့ spot တစ်ခုပါ။ 🌆📸

📍 5. Chatuchak Weekend Market

🛍️ Shopping lovers တွေအတွက် paradise! 😉

အဝတ်အစား၊ အသုံးဆောင် ၊အမှတ်တရ ပစ္စည်းများ နှင့်အစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာ ရှာဖွေဝယ်ယူနိုင်ပါတယ်။ 😍

📍 6. Khao San Road

Bangkok Street food, bars, cafés, nightlife နဲ့ လူငယ်များအကြိုက်ပျော်ပါးလို့ကောင်းသောနေရာတစ်ခုပါ။

📍 7. The Chao Phraya River

🚤 Bangkok မြို့ရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရတဲ့ Chao Phraya River . Boat ride, riverside temples နှင့် sunset views တွေကို ခံစားရင်း Bangkok မြို့ကြီးရဲ့ အလှပများကို မြင်တွေ့နိုင်ပါတယ်။ 🌅💛

🇹🇭 ကဲ ... Bangkok ကို လာမယ်ဆိုရင် ဒီ 7 နေရာကို Travel List ထဲထည့်ထားလိုက်ပါနော် ! 😉

ထိုင်းနိုင်ငံတစ်ခွင် အလည်ပတ် ခရီးစဥ် များ အတွက် ကားအငှားဝန်ဆောင်မှု များ/ ဝင်ခွင့်လက်မှတ်များ / လေယာဉ်လက်မှတ်နှင့် Hotel Booking ဝန်ဆောင်မှုများအတွက်ဆို GET GOING ကို သတိရလိုက်ပါခင်ဗျာ ...

📩PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

“တစ်မူထူးခြား နေ့တစ်ဝက်ငှား"▪️ဘန်ကောက်မြို့တွင်း/မြို့ပြင် ဟိုနားဒီနားသွားမယ် public transportation တွေလဲ မသုံးချင်ဘူး /...
07/10/2026

“တစ်မူထူးခြား နေ့တစ်ဝက်ငှား"

▪️ဘန်ကောက်မြို့တွင်း/မြို့ပြင် ဟိုနားဒီနားသွားမယ် public transportation တွေလဲ မသုံးချင်ဘူး / taxi လဲ မငှားချင်ဘူး / ကားကို ကိုယ်တိုင်မောင်းပြီး လွတ်လွတ်လပ်လပ် ဘော်ဒါတွေနဲ့ သွားချင်သူများ အတွက် GET GOING မှာ 𝐒𝐄𝐋𝐅 𝐃𝐑𝐈𝐕𝐄 ကို နေ့တစ်ဝက်အငှား 10 Hour package ဖြင့် ငှားရမ်းလို့ရနေပါပြီ 🎉🎉🎉

➡️ ဒီ package လေးဟာ စျေးနှုန်း ချိုသာပြီး ကားအသုံးပြုချိန် 10 နာရီတောင် ရတာမို့ မိတ်ဆွေတို့ အနေဖြင့် ဘန်ကောက်မြို့တွင်း/မြို့ပြင် စိတ်ကြိုက် အဝ လည်ပတ်လို့ ရနေပါပြီ

◾️ 𝐒𝐄𝐋𝐅 𝐃𝐑𝐈𝐕𝐄 နေ့တစ်ဝက်ငှားရမ်းလျှင် ကားအသုံးပြုချိန် 10 နာရီ သတ်မှတ်ပေးထားပါတယ် ခင်ဗျာ .....

◾️ အေးအေးဆေးဆေး ဇိမ်လေးနဲ့ ခရီးသွားမည့်သူများအတွက်လဲ Driver Service နှင့်စီစဥ်ပေးပါတယ် ။

🔸 Half Day - နေ့တစ်ဝက်ငှားရမ်းခြင်း စျေးနှုန်းများ .....
4 seaters - 600 B / 700 B (10 hr)
7 Seaters - 900 B / 1000 B (10 hr)
12 Seaters - 2000 (10 hr)

🔸 Full Day - ၂၄ နာရီ ငှားရမ်းခြင်း စျေးနှုန်းများ .....
4 ယောက်စီး - 1000 B / 1100 B (24 hr)
7 ယောက်စီး - 1400 B / 1800 B (24 hr)
12 ယောက်စီး - 2700 B (24 hr)

ဒီအစီစဥ်လေးမှာ ဘာတွေ ထူးခြား သွားမလဲ ?

ကျေးဇူးရှင် customer များအတွက် ဘာတွေ ပိုပြီး အဆင်ပြေသွားမလဲ ဆိုတော့ ?

GET GOING မှာ ကားငှားရမ်းတဲ့အခါ လူကြီးမင်းတို့ရဲ့ Budget ကို အသက်သာဆုံးနဲ့ အဆင်ပြေဆုံးဖြစ်စေမှာပါ

ကားများ အားလုံး 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ပါ ဝင်တာကြောင့် စိတ်ချလက်ချ မောင်းနှင်နိုင်ပါတယ်

Customer ဆီ ကားမအပ်မှီ ကား ကြံ့ခိုင်မှုနှင့် သန့်ရှင်းမှုတို့ကို အလေးထား စစ်ဆေးပြီးမှ ငှားရမ်းပေးတာဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ ခရီးစဥ် တစ်လျှောက် စိတ်ချလက်ချ နဲ့ပျော်ရွှင်စွာ မောင်းနှင်နိုင်ပါတယ်

အကောင်းမွန်ဆုံး ဝန်ဆောင်မှုများနှင့် ငှားရမ်းဖူးသော customer များ၏ 🌟🌟🌟🌟🌟 Feedback ကောင်းများ ခိုင်မာစွာ ရရှိထားတာကြောင့် ထိုင်းနိုင်ငံတစ်ခွင် အလည်ပတ် သွားဖို့ ဖြစ်ဖြစ် / အလုပ်ကိစ္စနဲ့ သွားဖို့ ဖြစ်ဖြစ် ကိုယ်တိုင်မောင်းပြီး လည်ပတ်ချင်သူများအတွက်ဆို GET GOING မှ ကြိုဆိုပါတယ်ခင်ဗျာ ။

💰ငွေပေးချေရာတွင် Online Payment အနေဖြင့် Thai bank account / KBZ Pay ဖြင့် ပေးချေလို့ ရပါတယ်

▪️အသေးစိတ်သိရှိလိုပါက Page Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ …..

Contact Us -

📩 PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

💙 GET GOING Travel Services
“Your Journey, Our Priority.”




# 🚗✈️🌴

ထိုင်းလူမျိုးတွေရော မြန်မာလူမျိုးများကြားတွင်  ဆုတောင်းပြည့်တယ်လို့နာမည်ကြီးသော ဘန်ကောက်က လက်ချ်မီးမယ်တော် 🍀(Wat Phai Ng...
06/10/2026

ထိုင်းလူမျိုးတွေရော မြန်မာလူမျိုးများကြားတွင် ဆုတောင်းပြည့်တယ်လို့နာမည်ကြီးသော ဘန်ကောက်က လက်ချ်မီးမယ်တော် 🍀

(Wat Phai Ngoen Chotinaram) ခေါ်ပါတယ် ။

🌟 ဆုတောင်းတဲ့အခါ မိမိ ပိုက်ဆံအိတ် (သို့မဟုတ်) Bank Account လေးကို ဖွင့်ထားပြီး မယ်တော်ရဲ့ လက်ဖဝါးကို ထိတွေ့ရင်း ဆုတောင်းကြပါတယ် ငွေကြေး အများအပြား ဝင်လာစေဖို့ လာဘ်လာဘ များရွှင်လန်းစေဖို့လို့ ယုံကြည်ကြပါတယ် ။

Location ~
Wat Phai Ngoen Chotinaram (Map) : https://goo.gl/maps/fZHHpjigzDCR1moo9

ထိုင်းနိုင်ငံတစ်ခွင် အလည်ပတ် ခရီးစဥ် များ အတွက် ကားအငှားဝန်ဆောင်မှု များ/ ဝင်ခွင့်လက်မှတ်များ / လေယာဉ်လက်မှတ်နှင့် Hotel Booking ဝန်ဆောင်မှုများအတွက်ဆို GET GOING ကို သတိရလိုက်ပါခင်ဗျာ ...

📩PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

#ဘန်ကောက် #မယ်တော်ကျောင်း

🚗📱 Bangkok မှာ ကားမောင်းမယ်ဆိုရင် ဒီ App လေးကို သိထားသင့်ပါ တယ် !အထူးသဖြင့် အခုလို မိုးရာသီ ရေကြီးတတ်ချိန်မှာ ဘယ်နေရာတွေ...
03/10/2026

🚗📱 Bangkok မှာ ကားမောင်းမယ်ဆိုရင် ဒီ App လေးကို သိထားသင့်ပါ တယ် !

အထူးသဖြင့် အခုလို မိုးရာသီ ရေကြီးတတ်ချိန်မှာ ဘယ်နေရာတွေမှာ ရေကြီးနေလဲ CCTV Camera များမှ တစ်ဆင့် သိရှိနိုင်ပါတယ် ။

Traffic

BMA Traffic Application က Bangkok Metropolitan Administration (BMA) ရဲ့ Traffic Information Service ဖြစ်ပြီး—

📍 Bangkok ရဲ့ Traffic အခြေအနေများကို ကြည့်ရှုနိုင်ခြင်း

📹 CCTV Camera များမှ တစ်ဆင့် လမ်းအခြေအနေကို စောင့်ကြည့်နိုင်ခြင်း

🚧 Traffic Incident / လမ်းပိတ်မှုများကို သိနိုင်ခြင်း

🗺️ ခရီးမထွက်ခင် လမ်းကြောင်းအခြေအနေကို ကြိုတင်စစ်ဆေးနိုင်ခြင်း

စသဖြင့် အသုံးပြုနိုင်ပါတယ်။

အထူးသဖြင့် မိုးရာသီ၊ မိုးသည်းထန်တဲ့နေ့တွေမှာ ခရီးမထွက်ခင် လမ်းအခြေအနေကို ကြိုစစ်ထားတာက အချိန်ကုန်သက်သာပြီး ခရီးစဉ်ကို ပိုမို၍စိတ်ချစွာ စီစဉ်နိုင်စေပါတယ်။ 🌧️🚗

For Android -
https://play.google.com/store/apps/details?id=com.amrasia.app.bma&hl=en

For IOS -
https://apps.apple.com/th/app/bma-traffic/id902870134

ထိုင်းနိုင်ငံတစ်ခွင် အလည်ပတ် ခရီးစဥ် များ အတွက် ကားအငှားဝန်ဆောင်မှု များ/ ဝင်ခွင့်လက်မှတ်များ / လေယာဉ်လက်မှတ်နှင့် Hotel Booking ဝန်ဆောင်မှုများအတွက်ဆို GET GOING ကို သတိရလိုက်ပါခင်ဗျာ ...

📩PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

🚨 Siam Amazing Park ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ယခင်က Siam Park City ဟု လူသိများခဲ့သည့် Siam Amazing Park သ...
30/09/2026

🚨 Siam Amazing Park ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

ယခင်က Siam Park City ဟု လူသိများခဲ့သည့် Siam Amazing Park သည် ဘန်ကောက်မြို့ ရေကြီးမှုအတွင်း ၅ ရက်ကြာ ရေလွှမ်းမိုးခံခဲ့ရပြီး နောက် ပန်းခြံတစ်ခုလုံးနီးပါး ရေလွှမ်းမိုးခဲ့ပါတယ်။ ခန့်မှန်းချက်များ အရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် သန်း ၁၀၀ ကျော် ရှိနိုင်ကြောင်း သိရပါတယ်။

Siam Amazing Park ၏ CEO ဖြစ်သူ Wutthichai Luangamornlerd ၏ ပြောကြားချက်အရ ရေကြီးမှုကြောင့် စစ်ဆေးပြုပြင်ရန်အတွက် ပန်းခြံကို ၆ လကြာ ယာယီပိတ်ထားရန် ဆုံးဖြတ်ထားသည်။

ယခုရေကြီးမှုသည် ၂၀၂၁ ခုနှစ် ရေကြီးမှုထက် ပိုမိုပြင်းထန် ကြောင်း သိရပြီး၊ ၂၀၂၁ ခုနှစ်တွင် ပန်းခြံဧရိယာ၏ ၃၀% ခန့်သာ ရေကြီးမှုဒဏ်ခံခဲ့ရသည်။

ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်ရန်အတွက် အနည်းဆုံး ၃ လမှ ၄ လအထိ ကြာမြင့်နိုင်သောကြောင့် သင်္ကြန်မတိုင်မီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါတယ်။

ရေများပြန်လည်ကျဆင်းသွားပြီးနောက် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အသေးစိတ်ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်။

Source - Khaosod English

#น้ำท่วม

🌧️⚠️ BANGKOK FLOOD UPDATE 🇹🇭Bangkok မှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး နေရာအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပ...
26/09/2026

🌧️⚠️ BANGKOK FLOOD UPDATE 🇹🇭

Bangkok မှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး နေရာအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

🇹🇭 Thai Meteorological Department (TMD) ကလည်း 26–27 September အတွင်း Bangkok နဲ့ အနီးဝန်းကျင်မှာ မိုးသည်းထန်နိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်နိုင်တာကြောင့် သတိထားဖို့ ထုတ်ပြန်ထားပါတယ်။

📍 အထူးသဖြင့် ရေမြောင်း/คลอง အနီး၊ မြေနိမ့်ပိုင်းနဲ့ ရေကြီးလေ့ရှိတဲ့ လမ်းတွေမှာ သတိထားပေးကြပါနော်။

🚗 ကားမောင်းသူများအတွက်
• ရေတက်နေတဲ့လမ်းတွေကို မဖြတ်သန်းပါနဲ့
• မထွက်ခင် လမ်းအခြေအနေကို စစ်ဆေးပါ
• ရေမြင့်တက်လာရင် ကားကို မြင့်တဲ့နေရာသို့ ရွှေ့ထားပါ
• မိုးသည်းထန်နေချိန်မှာ မလိုအပ်တဲ့ ခရီးစဉ်တွေကို ခဏရွှေ့ဆိုင်းထားပါ 🙏

💙 Bangkok မှာ ရောက်ရှိနေတဲ့ မိတ်ဆွေများအားလုံး
ကိုယ့်ရဲ့ လုံခြုံရေးကို ဦးစားပေးပြီး ခရီးသွားကြပါနော်။

📌 GET GOING Team မှလည်း Bangkok ခရီးသွားမယ့် Customer များအတွက် လမ်းအခြေအနေနဲ့ ရာသီဥတုအခြေအနေများကို အတတ်နိုင်ဆုံး Update ပေးသွားပါမယ် ခင်ဗျာ။

Stay Safe in Bangkok! 🌧️❤️

🌿⛰️ Kanchanaburi ရောက်ရင် ဒီ Cafe လေးကို လဲ လည်ပတ်ကြည့်ပါနော်! ☕️🤎🏡 “Move to Mountain Garden Cafe” 🌿တောင်တန်းတွေနဲ့ စိမ်...
24/09/2026

🌿⛰️ Kanchanaburi ရောက်ရင် ဒီ Cafe လေးကို လဲ လည်ပတ်ကြည့်ပါနော်! ☕️🤎

🏡 “Move to Mountain Garden Cafe” 🌿

တောင်တန်းတွေနဲ့ စိမ်းလန်းတဲ့သဘာဝအလှတွေကြားမှာ
ကော်ဖီလေးသောက်ရင်း 🍵
အေးအေးဆေးဆေး Chill လို့ရတဲ့နေရာလေးပါ 🥰

📸 Photo ရိုက်ဖို့လည်း View ကလှ
🌳 Nature Vibe လေးကလည်း အေးချမ်း
☕️ Coffee & Cafe Time လေးနဲ့ Relax လုပ်ဖို့လည်း အဆင်ပြေပါတယ်။

Kanchanaburi Trip သွားမယ်ဆိုရင်
“Move to Mountain Garden Cafe” ကို Travel List ထဲ ထည့်ထားလိုက်တော့နော်! 💚😉

🚗 ကိုယ်တိုင်ကားမောင်းပြီး Kanchanaburi မြို့လေးကိုလည်ပတ်ချင်သူတွေအတွက်
GET GOING မှာ Self-Drive ကားလေးတွေ Pre-booking လုပ်လို့ရပါတယ် ခင်ဗျ ❤️

Driver နဲ့ အေးဆေးသွား မယ်ဆိုလဲ GET GOING team ရဲ့ စိတ်ရှည် သဘောကောင်းသော မြန်မာကားဆရာများမှ အသင့်ကြိုဆိုလျက်ပါ

📩 Booking & Details —

PH - (+66) 9277 91971
Viber | WhatsApp - (+66) 9277 91971
Line ID - getgoing2024

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Get Going Travel Services โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์