Make it easy - Visa Services

Make it easy - Visa Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Make it easy - Visa Services, บริการท่องเที่ยว, Bangkok.

သံရုံးထောက်ခံစာကို (နေ့ချင်း)ပို့ခအခမဲ့ ပို့ပေးနေပါပြီနော်.သတ်မှတ်လမ်းကြောင်းတွေကတော့ 📍Saint Louis- Soi Sathorn 2📍 After...
19/11/2025

သံရုံးထောက်ခံစာကို (နေ့ချင်း)ပို့ခအခမဲ့ ပို့ပေးနေပါပြီနော်.
သတ်မှတ်လမ်းကြောင်းတွေကတော့
📍Saint Louis- Soi Sathorn 2
📍 After Witthayu Intersection - Hua Mak ထိ
bus stopတိုင်းကိုအခမဲ့ နှင့် ကျန်နီးစပ်ရာ နေရာများကို ပို့ခသက်သာစွာဖြင့် ပို့ပေးမှာဖြစ်ပါတယ်ရှင့်😇

#သံရုံးထောက်ခံစာ #ထိုင်းရောက်မြန်မာ

15/11/2025

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်-CI စာအုပ်မှ နိုင်ငံကူးလက်မှတ် ပြောင်းရန် ဆောင်ရွက်ပေးနေသည့် မဟာချိုင် TDCC ရုံးကို စစ်တပ်က အကြောင်းပြချက်မရှိဘဲ ပိတ်သိမ်းမှု ပိုမိုထိန်းချုပ်တင်းကျပ်လိုသည့်သဘောဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်-CI စာအုပ်မှ နိုင်ငံကူးလက်မှတ် ပြောင်းရန် ဆောင်ရွက်ပေးနေသည့် မဟာချိုင် TDCC ရုံးကို စစ်တပ်က အကြောင်းပြချက်မရှိဘဲ ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအတွင်း မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ကိုယ်ရေးအချက်အလက် ကောက်ယူရေးဆောင်ရွက်ပေးနေသည့် မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ TDCC ကို ခေတ္တပိတ်သိမ်းလိုက်ကြောင်း၊ ထိုင်းနိုင်ငံတွင်း ရောက်နေသည့် မြန်မာနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို ပို၍ တင်းတင်းကျပ်ကျပ် ကိုယ်တွယ်ရန် အချိန်ယူလုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

TDCC ရုံးကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ ခေတ္တရပ်ဆိုင်းသွားမည်ဟု ကြေညာထားပြီး ပြန်လည် ဖွင့်မည့် ရက်ကိုလည်း အတိအကျ မပြောဘဲ ပြန်လည် အသိပေးသွားမည်ဟု ကြေညာထားသည်။

“ပုံမှန်ဖွင့်ထားတဲ့ ရုံးတစ်ခုကို ပိတ်လိုက်ခြင်းက ထိုင်းထဲမှာ ရောက်နေတဲ့ လူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ဒီထက်ကို ပိုပြီးတော့ စနစ်တကျနဲ့ ပိုပြီးတော့ လိုချင်လို့ ပြန်လည် ပြင်ဆင်မှုပိုင်းတွေ လုပ်လိမ့်မယ်လို့ သုံးသပ်တယ်။ ပတ်စ်ပို့အနီ ထုတ်ပေးရေးကိစ္စကို ယခင်ထက်ပိုပြီး တင်းတင်းကျပ်ကျပ် ကိုယ်တွယ်မယ်လို့ ထင်တယ်။ မြန်မာသံရုံးလို ဧရိယာမှာပဲ ထုတ်ပေးလိမ့်မယ်ထင်တယ်။ ဒါကကျတော့ မြန်မာသံရုံးနဲ့ ဝေးတယ်။ မဟာချိုင်က ရုံးကို ပိတ်တာဆိုတော့” ဟု မြန်မာအလုပ်သမားအရေး ကူညီပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် CI စာအုပ်ဖြင့် ထိုင်းနိုင်ငံအတွင်း ၄ နှစ် နေထိုင်ခွင့်ရှိပြီး လက်ရှိအချိန်အထိ CI အဟောင်းမှ အသစ်သို့ လဲပေးနေဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုအနေနှင့် စာအုပ်အနီဟု ခေါ်သည့် Passport စာအုပ်ပြောင်း၍ ထိုင်းနိုင်ငံမှ အခြားနိုင်ငံသို့ ပြောင်းရွှေ့ချင်သူများကို ကန့်သတ် ထိန်းချုပ်လိုသည့် သဘောရှိကြောင်း သုံးသပ်ကြသည်။

လတ်တလော ရုံးပိတ်ရန် စာထုတ်ထားသော်လည်း ပြန်လည် ဖွင့်လှစ်ချိန်တွင် မြန်မာသံရုံးလို နေရာမျိုးတွင်ပင်သာ ဖွင့်လှစ်၍ ကိုယ်ရေးအချက် အလက်များကို ပို၍ တင်းတင်းကျပ်ကျပ် ကိုယ်တွယ်ရန် အချိန်ယူလုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက သုံးသပ်သည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ CI ထုတ်ပေးရေးစခန်း။

10/11/2025
November 1,2,3,4 ဆက်တိုက် မြန်မာသံရုံးပိတ်မှာဖြစ်လို့Visa, Passport ,မိမိရဲ့ စာရွက်စာတမ်းအကုန် သက်တမ်းကုန်မကုန်စစ်ထားကြပ...
30/10/2025

November 1,2,3,4 ဆက်တိုက် မြန်မာသံရုံးပိတ်မှာဖြစ်လို့
Visa, Passport ,မိမိရဲ့ စာရွက်စာတမ်းအကုန် သက်တမ်းကုန်မကုန်စစ်ထားကြပြီး သံရုံးထောက်ခံစာယူစရာရှိရင်ယူထားကြပါနော်..

(နောက်မှ အစ်မရေ အစ်ကိုရေ ဆိုပြီး နောက်ကျသွားလို့ ဘလ်ုလုပ်ရမလဲဆို ငိုမှာ💔)

Adminတို့လည်း 300THB+deli fees အသက်သာဆုံးနဲ့ ပို့ပေးပါတယ်ရှင့်🩵🩵

TM30 ဆိုတာ…???TM.30 ဆိုတာကတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၃၈ အရ နိုင်ငံခြားသားတစ်ဦးရဲ့ နေထိုင်ရာလိပ်စာကို သက်ဆိ...
26/10/2025

TM30 ဆိုတာ…???

TM.30 ဆိုတာကတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၃၈ အရ နိုင်ငံခြားသားတစ်ဦးရဲ့ နေထိုင်ရာလိပ်စာကို သက်ဆိုင်ရာ အာဏာပိုင်တွေကို အသိပေးအကြောင်းကြားတာပဲ ဖြစ်ပါတယ်။

TM.30 ကို အဓိက အနေနဲ့ ဗီဇာတိုးမြှင့်ခြင်း၊ ယာဉ်မောင်းလ်ုင်စင် ပြုလုပ်ခြင်း၊ ရက် ၉၀ အစီရင်ခံခြင်း စတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ လုပ်စရာရှိတာတွေ လုပ်တဲ့အခါ TM.30 တင်ပြပြီးကြောင်း အထောက်အထား (လက်ခံဖြတ်ပိုင်း) ကို တောင်းခံလေ့ရှိပါတယ်။

အဲ့အတွက်တော့မပူပါနဲ့ admin တို့ မိနစ်ပိုင်းအတွင်း serviceပေးနေပြီနော်🩵🩵

*သတင်း*ဘတ်ရိုက်တာတွေ နားဦးမယ်တဲ့ဝေ့.. 😞
16/10/2025

*သတင်း*
ဘတ်ရိုက်တာတွေ နားဦးမယ်တဲ့ဝေ့.. 😞

ထိုင်းအစိုးရ ထုတ်ပေးတဲ့ တရားဝင်အလုပ်လုပ်ခွင့် ဘတ်အသစ်ရိုက်မယ့်သူတွေ ကို ယာယီရပ်ဆိုင်းထားတယ်လို့ ထိုင်းအလုပ်သမားခန့်အပ်ရေးဌာနက ကြေညာလိုက်ပါတယ်။

နယ်စပ်မှာ ထိလွယ်ရှလွယ်တဲ့ အခြေအနေတွေကြောင့် တရားဝင်ပြည်ပလုပ်သား မှတ်ပုံတင်မှု ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ အောက်တိုဘာ ၁၆ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cn7ey05y532t နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ဘတ်ရိုက် #ထိုင်း #မြန်မာ #အလုပ်သမား

မင်္ဂလာပါ “Make it easy” Visa serviceမှ ကြိုဆိုလိုက်ပါတယ်။ဒီ pageလေးရဲ့အဓိကရည်ရွယ်ချက်က adminတို့လို ထော်ကိုင်းမှာ နေထို...
16/10/2025

မင်္ဂလာပါ “Make it easy” Visa serviceမှ ကြိုဆိုလိုက်ပါတယ်။

ဒီ pageလေးရဲ့အဓိကရည်ရွယ်ချက်က adminတို့လို ထော်ကိုင်းမှာ နေထိုင်ပြီး (သို့) မရောက်ရှိခင် စာရွက်စာတမ်းများနဲ့ လုံးပန်းနေရတဲ့ မိတ်ဆွေများအတွက် နှုန်းထားသက်သာစွာ service ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်ထားချင်းဖြစ်ပါတယ်။

* ✅ TM30
* ✅ ဗီဇာသက်တမ်းတိုးခြင်း (Visa Extension)
* ✅ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း (Passport Extension)
* ✅ ရက် ၉၀ သတင်းပို့ခြင်း (90 Days Report)
* ✅ ထိုင်းယာဉ်မောင်းလိုင်စင် (ကား/ဆိုင်ကယ်)
* ✅ သံရုံးထောက်ခံစာ လျှောက်ထားခြင်း
* ✅ VIP Pass
အစရှိတဲ့ ဝန်ဆောင်မှုတွေအပြင်
* ✈️ လေယာဉ်လက်မှတ် ဘွတ်ကင် (Flights Booking)
* 🏨 ဟိုတယ် ဘွတ်ကင် (Hotel Booking) များလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။

ပြည်ပရောက် မြန်မာတွေအချင်းချင်း ကူညီရိုင်းပင်းကြဖို့ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ pageလေး ဖြစ်လို့ ယုံကြည်စိတ်ချစွာစုံစမ်းနိုင်ပါတယ်။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

Welcome to "Make it Easy" Visa Services!

The main goal of this page is to provide affordable services for our friends who are living in or planning to arrive in Thailand and are struggling with documentation and paperwork.

We aim to make your life easier by offering a wide range of services at the affordable service fees, including:
* ✅TM30 Reporting
* ✅ Visa Extension
* ✅ Passport Extension
* ✅ 90-Day Report
* ✅ Thai Driving License (both motorbikes and Cars)
* ✅ Embassy Letters
* ✅ VIP Pass

In addition to documentation, we also handle 🏨 Hotel Bookings and ✈️ Flight Bookings—all with minimal service charges.

This page was created with the intention of fostering mutual assistance and support within the community, focusing on low profit margins. You can inquire with confidence knowing you’ll receive reliable and honest service.

Your easy start in Thailand begins here!

မင်္ဂလာပါခင်ဗျာ📌Bangkok ကို ၁၄ ရက်နဲ့လာလာ Tourist Visa ၂ လနဲ့လာလာ နောက်ထပ်တိုးနေမယ်ဆိုရင် Extension ကို မဖြစ်မနေလုပ်ဖို့...
16/06/2025

မင်္ဂလာပါခင်ဗျာ

📌Bangkok ကို ၁၄ ရက်နဲ့လာလာ Tourist Visa ၂ လနဲ့လာလာ နောက်ထပ်တိုးနေမယ်ဆိုရင် Extension ကို မဖြစ်မနေလုပ်ဖို့ လိုအပ်ပါတယ်။
📌၁၄ ရက်နဲ့လာတဲ့လူတွေကတော့ IT Square Lak Si မှာရှိတဲ့ Immigration ကို သွားရမှာဖြစ်ပြီး tourist visa ၂လနဲ့ လာတဲ့လူတွေကတော့ Government Complex Immigration Division 1 ကို သွားရမှာဖြစ်ပါတယ်။
📌Visa Extension တိုးဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- Photo 4 x 6 cm 1 ပုံ (***နောက်ခံအဖြူ***)
- Passport မူရင်း
- TM 30
- TM 7 Form
- သံရုံးထောက်ခံစာ (***၁၄ ရက်နဲ့လာတဲ့လူများသာ***)
- Passport Bio Page Copy
- Passport Visa Page Copy
- Baht 1,900
⭐️For 14 Days Visa⭐️
1. IT Square Lak Si ကို သွားပါ။ မနက်စောစောသွားရင် ပိုကောင်းပါတယ်။ တိုကင်နံပါတ်ရဖို့ တန်းစီရတဲ့အတွက်ပါ။ ကိုယ်ရတဲ့ တိုကင်နံပါတ်ပေါ်မူတည်ပြီး ပြီးတဲ့အချိန်ကွာသွားပါတယ်။ ၁၄ ရက်နဲ့လာတဲ့လူတွေကတော့ သံရုံးထောက်ခံစာကို မဖြစ်မနေ ယူလာဖို့ လိုအပ်ပါတယ်။

2. IT Square ကို ရောက်ပြီဆိုရင် 3rd floor ကို သွားပါ။ ကိုယ်တိုင်က စာရွက်စာတမ်းတွေ အကုန်စုံပြင်ဆင်ပြီးယူလာခဲ့ရင်တော့ တိုကင်ယူဖို့ တစ်ခါတည်း တန်းစီလိုက်လို့ရပါတယ်။ အကယ်၍ မပြင်ဆင်ရသေးဘူးဆိုရင်လဲ 3rd floor မှာပဲ copy ကူးတာတွေ၊ ဓာတ်ပုံရိုက်တာတွေ လုပ်လို့ရပါတယ်။ TM 7 Form ကိုလဲ ပေးထားတဲ့ခြင်းထဲကနေ ကိုယ်တိုင်ယူပြီးဖြည့်လို့ ရပါတယ်။ ဖြည့်နည်းကိုလဲ သူတို့ ပြပေးထားပါတယ်။ ပြီးသွားရင်တော့ တိုကင်ရဖို့တန်းစီးရပါတယ်။

3. တိုကင်ရပြီဆိုရင်တော့ တိုကင်အလှည့်ကျတာကိုစောင့်နေရုံပါပဲ။ ကိုယ့်တိုကင်အလှည့်ရောက်ရင် immigration office ထဲဝင်ပြီး passport ရယ် စာရွက်စာတမ်းတွေနဲ့ ဘတ် ၁,၉၀၀ ပေးလိုက်ရင် ရပါပြီ။ ပြီးရင် အပြင်ဘက်မှာ passport ရဖို့ ထိုင်စောင့်ရုံပါပဲ။ Officer က passport တွေယူလာပြီး နာမည်အော်ရင် ကိုယ့်နာမည်ပါရင် passport သွားယူလိုက်ရင် ပြီးသွားပါပြီ။

ဒါကတော့ IT Square ရဲ့ Location နဲ့ သွားလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်။
https://maps.app.goo.gl/q2nXbovm1vgQwNnt8
🚅ရထားနဲ့ဆိုရင်တော့ SRT Dark Red Line နဲ့ MRT Pink Line စီးပြီး Lak Si Station မှာ ဆင်းရင်ရောက်ပါတယ်။
🚍Bus နဲ့ဆိုရင်တော့ Victory Monument ကနေ 510/1-19 နဲ့ 510/1-20E စီးရင် တိုက်ရိုက်ရောက်ပါတယ်။ Lak Si ကိုရောက်တဲ့ တခြား bus no. တွေကတော့ (59/1-8, 114/1-21, 95ก/1-11, 185/1-16, 1-7E, 52/1-6/, 538/1-24E, 554/S2, 504/1-18E, 187/1-17, 29/1-1)

⭐️For Tourist Visa⭐️
1. Government Complex Building B ကို သွားပါ။ Building ထဲ ဝင်ဖို့အတွက် Passport ပြပြီးမှ ဝင်လို့ရပါတယ်။ ၈ နာရီလောက်ဆို office ထဲဝင်ဖို့ တိုကင်စပေးနေပါပြီ။ ၈ နာရီခွဲဆိုရင် ထပ်မပေးတော့ဘဲ တိုကင်နံပါတ်အလိုက် အရင်ဝင်ခိုင်းပါတယ်။ ပြီးမှ နောက်လူတွေကို ဝင်ခိုင်းပါတယ်။ TR Visa နဲ့လာတဲ့လူတွေတော့ သံရုံးထောက်ခံစာယူဖို့ မလိုအပ်ပါဘူး။

2. စာရွက်စာတမ်းတွေ copy မကူးရသေးတာ၊ ဓာတ်ပုံမရိုက်ရသေးတဲ့လူတွေကတော့ အောက်ထပ်ကိုသွားပြီးတော့ လုပ်လို့ရပါတယ်။ TM 7 form ကိုလဲ office ထဲဝင်ပြီး ညာဘက်ခြမ်းကကောင်တာမှာ တောင်းလို့ရပါတယ်။ Form ဖြည့်ပြီးသွားရင် အထဲဝင်ပြီး Queue No. ပေးတဲ့ကောင်တာမှာ Passport နဲ့ စာရွက်စာတမ်းတွေပြလိုက်ရင် သူတို့စစ်ပြီး Queue No. ပေးပါတယ်။

3. ပြီးရင်တော့ Queue No. ထဲမှာ ရေးထားတဲ့ ကောင်တာကို သွားပါ။ ကောင်တာရှေ့မှာ စာရွက်စာတမ်းတွေစစ်ပေးတဲ့ စားပွဲရှိပါတယ်။ အဲ့စားပွဲကိုသွားပြီးတော့ ပြန်စစ်ပေးပြီး တစ်ရွက်ချင်း တံဆိပ်တုံးထုပေးပြီး လက်မှတ်ထိုးရပါလိမ့်မယ်။ ပြီးသွားရင်တော့ ကောင်တာရှေ့က ထိုင်ခုံမှာ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ရုံပါပဲ။

4. ကိုယ့်တိုကင်အလှည့်ရောက်ရင် immigration office ထဲဝင်ပြီး passport ရယ် စာရွက်စာတမ်းတွေနဲ့ ဘတ် ၁,၉၀၀ ပေးလိုက်ရင် ရပါပြီ။ ပြီးရင် အပြင်ဘက်မှာ passport ရဖို့ ထိုင်စောင့်ရုံပါပဲ။ Officer က passport တွေယူလာပြီး နာမည်အော်ရင် ကိုယ့်နာမည်ပါရင် passport သွားယူလိုက်ရင် ပြီးသွားပါပြီ။

ဒါကတော့ Government Complex ရဲ့ Location နဲ့ သွားလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်။
https://maps.app.goo.gl/P238fLmTEBYMfHHp6
Government Complex ထဲကိုတော့ တိုက်ရိုက်ရောက်တာတော့ မရှိပါဘူး။
🚅ရထားနဲ့ဆိုရင်တော့ MRT Pink Line စီးပြီး Government Complex Station မှာ ဆင်းရပါမယ်။ Station အောက်က ကားမှတ်တိုင်မှာ ခဏစောင့်နေရင် Government Complex ထဲကိုသွားတဲ့ Free Shuttle Bus တွေရောက်လာပါလိမ့်မယ်။ အဲ့ကားတွေစီးသွားပြီး Building B ရှေ့မှာရပ်ရင် ဆင်းပြီးဝင်သွားရင် ရောက်ပါပြီ။
🚍Bus နဲ့ဆိုရင်တော့ Victory Monument ကနေ 166(Government Complex) လို့ရေးထားတဲ့ကား စီးမှရပါတယ်။ တစ်စီးနဲ့တစ်စီးထွက်ချိန်ကြာလို့ တော်တော်တော့စောင့်ရပါလိမ့်မယ်။ ViaBus App ကနေ 166 (Gov Complex) ဆိုတဲ့ကားကိုထောက်ကြည့်ပြီး ဘယ်နားရောက်နေလဲကြည့်ပြီး သွားရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ Government Complex ရောက်လို့ ဂိတ်ဆုံးမှာ ဆင်းပြီးရင်တော့ Vayupak Convention Centre ထဲကိုဖြတ်ပြီး Building B ကို သွားရင် ရောက်ပါပြီ။

📍အကယ်၍ ကိုယ်တိုင်မလုပ်တတ်လို့ပဲဖြစ်ဖြစ်၊ မလုပ်ချင်လို့ပဲဖြစ်ဖြစ် Visa Extension Service ကို ကျွန်တော်တို့ Join Us မှာလဲ ဝန်ဆောင်မှုရယူနိုင်ပါတယ်။

⭐️Join Us မှာ ရနိုင်သော ဝန်ဆောင်မှုများ⭐️
- သံရုံးထောက်ခံစာ (300 + 150 THB)
- TM 30 (200 THB)
- Visa Extension (14 Days Visa, TR Visa – အပြီးအစီး 2900 THB)
- Hotels Booking
- Flight Ticket
Contact Us - 061 337 9434, 065 764 7159
“Our team is on the way to help you get where you want to go & stay where you want”



#သံရုံးထောက်ခံစာ

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Make it easy - Visa Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์