Joy’s Journey 🍴 Exploring flavors | ✈️ Discovering places | Sharing my foodie adventures and travel stories

မိုးတွင်းတောင်ပေါ်တက်ရင် အဲ့လိုပဲတိမ်တွေကြားထဲရောက်သွားတာ
10/07/2026

မိုးတွင်းတောင်ပေါ်တက်ရင် အဲ့လိုပဲ
တိမ်တွေကြားထဲရောက်သွားတာ

ချင်းမိုင်က ဘုရားဖြူတိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်နဲ့တောင်ပေါ်ရှုခင်းလှလှလေးတွေဝင်လိုက်တာနဲ့ စိတ်ထဲအေးချမ်းသွားမယ့်နေရာလ...
11/06/2026

ချင်းမိုင်က ဘုရားဖြူ
တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်နဲ့
တောင်ပေါ်ရှုခင်းလှလှလေးတွေ
ဝင်လိုက်တာနဲ့ စိတ်ထဲအေးချမ်းသွားမယ့်နေရာလေး

ချင်းမိုင်ကတော့ မီးခိုးကင်းစင်ပြီး ကြည်လင်လှပနေပါပြီ မြေပြင်တောင်တန်းနဲ့ မိုးတိမ်တောင်တွေ ထိတွေ့ကုန်ကြတဲ့ရာသီလည်း အစပျို...
18/05/2026

ချင်းမိုင်ကတော့ မီးခိုးကင်းစင်ပြီး ကြည်လင်လှပနေပါပြီ မြေပြင်တောင်တန်းနဲ့ မိုးတိမ်တောင်တွေ ထိတွေ့ကုန်ကြတဲ့ရာသီလည်း အစပျိုးလာပြီဆိုတော့
တောင်တွေပေါ်တက်ရင် တိမ်တွေကြားထဲကဖြတ်သွားရတဲ့ဖီလင်လေးလည်းရတော့မှာ
အဲ့ဒါနဲ့.........
ဧည့်သည်တွေလာရင် လည်ဖို့အသင့်ဖြစ်အောင်
ကားဆေးပြီး စောင့်နေပါကြောင်း

21/04/2026

ချင်းမိုင်မြို့နားက မယ့်ဝမ်ဆိုတဲ့နေရာလေးမှာ ဖောင်စီးကြမယ်
သင်္ကြန်အကြောင်းပြပြီး April တစ်လလုံးရေပက်ကြတဲ့နေရာပေါ့ ကျန်တဲ့အချိန်တွေကတော့ ဖောင်စီးသက်သက်ပါပဲ
ချောင်းလေးတလျှောက်ဖောင်စီးရင်း ရေပက်ခံလို့လည်းရသလို ချောင်းဘေးကဆိုင်လေးတွေမှာထိုင်ရင်း ဖောင်တွေကိုရေပက်လို့လည်းရတယ်
ချောင်းတလျှောက်ဆိုင်တွေမှာစားဖို့သောက်ဖို့ဝင်ဝယ်လို့ရတယ် တချို့ဆို ဖောင်ပေါ်ရေခဲပုံးတွေနဲ့ ဘီယာဗူးတွေတင်ပြီး ရေပက်ခံလိုက် ဖောင်အချင်းချင်းရေပက်လိုက် သောက်လိုက်စားလိုက်ပဲ
ဖောင်ကို ကိုယ့်ဘာသာထိုးချင်လည်းရသလို ဖောင်ထိုးသမားခေါ်လည်းရတယ် ဘတ် ၁၀၀ ပဲပိုပေးရတာ ကိုယ့်ဘာသာထိုးရင်တော့ ဟိုနားရပ်လိုက် ဒီနား နားလိုက်နဲ့အေးဆေးသွားလို့ရတာပေါ့
ဖောင်ထိုးသမားနဲ့သွားရင်တောင် ၄၅ မိနစ် ၁ နာရီကြာတာ ကိုယ့်ဘာသာသွားလို့ကတော့အေးဆေးအချိန်ယူလို့ရတယ် လမ်းမှာရှိတဲ့ဆင်စခန်းတွေက ဆင်တွေပါ အစာဝင်ကျွေးဦးအေးဆေး
ဒီချိန်မှာတော့ အကောင်းဆုံးပလန်က ချောင်းဘေးကဆိုင်မှာနေရာယူ စားသောက် ရေပက် ပျင်းလာရင် ဖောင်သွားစီးရေပက်ခံ ဆိုင်ရှေ့ပြန်ဆင်းပြီး ရေပက် တနေကုန်ကဲလို့ရတယ် နောက်လတွေဆိုရင်ရေမပက်ကြတော့ဘူး
ရေပက်ပက် မပက်ပက်သေချာတာကတော့ အဝတ်အစားအပိုယူခဲ့ ဖောင်စီးတာ အနည်းဆုံးဖင်စိုတယ်
#ချင်းမိုင် #ထိုင်း ゚

#

08/04/2026

ဒီတောင်ကြီးပါ မမြင်ရတော့လောက်အောင် ပြာမှုန်တွေလေထဲလွင့်နေတာ

06/04/2026

ချင်းမိုင်မြို့အထွက်နားလေးက Wat Sri Don Moon ဆိုတဲ့ဘုရားကို ဧည့်သည်တွေဖူးရအောင် ပို့ပေးဖြစ်တယ် ချင်းမိုင်မှာ ရှမ်းအငွေ့အသက်တွေ တွေ့ရတဲ့ ဘုရားတွေထဲက တဆူပေါ့

ချင်းမိုင်မြို့တွင်း မြို့ပြင်လည်ပတ်ချင်တယ်ဆို ၁-၂ ယောက်ကစပြီး ၁၀-၁၅ ယောက်ထိ လည်ပတ်လို့ရအောင် ကားအမျိုးမျိုးနဲ့ စီစဉ်ပေးပါတယ်ခင်ဗျ သင်္ကြန်တွင်း double cab ကားတွေနဲ့ ရေပက်ခံထွက်ချင်လည်း ရပါတယ်ခင်ဗျ
ဆီဈေးအပြောင်းအလဲကြောင့် ဈေးနှုန်းအနည်းငယ်ပြောင်းလဲထားပါတယ်ခင်ဗျာ
ခရီးစဉ်လမ်းကြောင်းတွေ ချင်းမိုင်မှာလည်ဖို့ သိလိုတာတွေ အချိန်မရွေးမေးမြန်းတိုင်ပင်နိုင်ပါတယ်ခင်ဗျ

#ချင်းမိုင် #အလည်အပတ် #ထိုင်း #ဘုရားဖူး

ကမ္ဘာ့တတိယနေရာကိုရောက်လာတဲ့ ချင်းမိုင်မြန်မာနဲ့ထိုင်းနယ်စပ်တဝိုက်မှာ တောမီးလောင်တာတွေရော လယ်မြေမီးရှို့ကြတာတွေရောကြောင့်...
26/03/2026

ကမ္ဘာ့တတိယနေရာကိုရောက်လာတဲ့ ချင်းမိုင်
မြန်မာနဲ့ထိုင်းနယ်စပ်တဝိုက်မှာ တောမီးလောင်တာတွေရော လယ်မြေမီးရှို့ကြတာတွေရောကြောင့် လေထုညစ်ညမ်းမှုအဆိုးဆုံးခြေနေကိုရောက်နေတာပါ
သင်္ကြန်မိုးလေးလာတော့မှပဲ ပြန်ကောင်းတော့မယ်ထင်ပါရဲ့
အပြင်ထွက်မယ့်သူတွေလည်း PM 2.5 Mask လေးတွေဆောင်ထားကြပါဗျာ

25/03/2026

ချင်းမိုင်ရဲ့လက်ရှိအခြေအနေကတော့
မနေ့ကပဲ လေထုညစ်ညမ်းမှုပြန်စနေလို့ အပြင်ထွက်လို့သိပ်မကောင်းပါဘူး
ဓါတ်ဆီရနေသေးလို့ဆီကားတွေတန်းမစီရပေမယ့်
ဒီဇယ်ကားတွေ တမျှော်တခေါ်စီနေတာတော့ တွေ့ရပါကြောင်း

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 19:00
อังคาร 09:00 - 19:00
พุธ 09:00 - 19:00
พฤหัสบดี 09:00 - 19:00
ศุกร์ 09:00 - 19:00
เสาร์ 09:00 - 19:00
อาทิตย์ 09:00 - 19:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Joy’s Journeyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์