07/03/2026
🐘 ဆင်မိုမိုတို့ဆီ 𝐁𝐨𝐬𝐬 𝐓𝐫𝐚𝐯𝐞𝐥 နဲ့အတူ အလည်သွားကြမယ်
မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မဲ့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐃𝐚𝐲 ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီတစ်ခါမှာတော့ ချစ်စရာကောင်းတဲ့ ဆင်မိုမိုလေးတွေဆီ 𝐁𝐨𝐬𝐬 𝐓𝐫𝐚𝐯𝐞𝐥 နဲ့အတူ သွားရောက်နှုတ်ဆက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်။ 🇹🇭✨
ထိုင်းနိုင်ငံကိုရောက်ရင် သဘာဝအတိုင်း လွတ်လပ်ပျော်ရွှင်နေတဲ့ ဆင်လေးတွေကို အနီးကပ်တွေ့မြင်နိုင်မဲ့ နေရာကောင်းလေးတွေကို 𝐁𝐨𝐬𝐬 𝐓𝐫𝐚𝐯𝐞𝐥 က အခုပဲ လမ်းညွှန်ပေးလိုက်ပါတယ်။
📍 ဆင်ချစ်သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ နေရာ (၇) ခု
🔸𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐍𝐚𝐭𝐮𝐫𝐞 𝐏𝐚𝐫𝐤 (𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢)
ဒီနေရာကတော့ ဆင်တွေကို ကယ်ဆယ်စောင့်ရှောက်ရာမှာ ကမ္ဘာကျော်တဲ့ နေရာတစ်ခုပါ။ ဆင်တွေကို နှိပ်စက်တာမျိုး လုံးဝမရှိဘဲ သဘာဝအတိုင်း နေထိုင်တာကို ကြည့်ရှုနိုင်ပါတယ်။ အခုဆိုရင် ဆင်တွေအပြင် ကယ်ဆယ်ထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ပါ မိတ်ဖွဲ့နိုင်လို့ တိရစ္ဆာန်ချစ်သူတွေအတွက် ပရိုဂရမ်အသစ်တွေ အများကြီးရှိနေပါပြီ။
🔸𝐈𝐧𝐭𝐨 𝐓𝐡𝐞 𝐖𝐢𝐥𝐝 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐒𝐚𝐧𝐜𝐭𝐮𝐚𝐫𝐲 (𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢)
တောတောင်ရေမြေ အလှအပကြားမှာ ဆင်လေးတွေနဲ့အတူ လမ်းလျှောက်ချင်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဆင်လေးတွေအတွက် ဆေးဖက်ဝင် အစာကျွေးတာနဲ့ ရွှံ့ရေချိုးပေးတဲ့ အတွေ့အကြုံက တကယ်ကို ရင်ခုန်စရာကောင်းပါတယ်ရှင့်။
🔸𝐇𝐚𝐩𝐩𝐲 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐂𝐚𝐫𝐞 𝐕𝐚𝐥𝐥𝐞𝐲 (𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢)
နာမည်နဲ့လိုက်အောင် ဆင်လေးတွေရော လာလည်တဲ့သူတွေပါ တကယ်ကို ပျော်ရွှင်ရတဲ့နေရာပါ။ ဆင်လေးတွေနဲ့အတူ ရေကူးလို့ရတဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 က အခုထိ 𝐕𝐢𝐫𝐚𝐥 ဖြစ်နေတုန်းပါပဲ။
🔸𝐏𝐡𝐮𝐤𝐞𝐭 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐒𝐚𝐧𝐜𝐭𝐮𝐚𝐫𝐲 (𝐏𝐡𝐮𝐤𝐞𝐭)
ဖူးခတ်ကိုရောက်ရင် ကမ်းခြေတင်မကဘဲ ဒီ 𝐒𝐚𝐧𝐜𝐭𝐮𝐚𝐫𝐲 ကိုလည်း သွားသင့်ပါတယ်။ ဆင်အိုကြီးတွေကို အေးအေးဆေးဆေး စောင့်ရှောက်ထားတဲ့ နေရာဖြစ်ပါတယ်။ သူတို့မှာ 𝐂𝐚𝐧𝐨𝐩𝐲 𝐖𝐚𝐥𝐤𝐰𝐚𝐲 လို့ခေါ်တဲ့ အမြင့်ကနေ ဆင်လေးတွေကို လေ့လာနိုင်တဲ့ လမ်းလျှောက်တံတားအသစ် ရှိနေပြီမလို့ အမြင်သစ်နဲ့ ကြည့်နိုင်မှာပါ။
🔸𝐓𝐫𝐞𝐞 𝐓𝐨𝐩𝐬 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐑𝐞𝐬𝐞𝐫𝐯𝐞 (𝐏𝐡𝐮𝐤𝐞𝐭)
𝐄𝐭𝐡𝐢𝐜𝐬 ကို အမြင့်ဆုံးထားတဲ့နေရာတစ်ခုဖြစ်ပြီး ဆင်တွေကို အနှောင့်အယှက်မပေးဘဲ အဝေးကနေ ကြည့်ရှုရတာမျိုးပါ။ ဆင်လေးတွေရဲ့ နေ့စဉ်ဘဝကို ဘာအကန့်အသတ်မှမရှိဘဲ သဘာဝအတိုင်း တွေ့မြင်ရတာက စိတ်ကို အေးချမ်းစေပါတယ်။
🔸𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭𝐬 𝐖𝐨𝐫𝐥𝐝 (𝐊𝐚𝐧𝐜𝐡𝐚𝐧𝐚𝐛𝐮𝐫𝐢)
𝐖𝐞 𝐰𝐨𝐫𝐤 𝐟𝐨𝐫 𝐭𝐡𝐞 𝐞𝐥𝐞𝐩𝐡𝐚𝐧𝐭𝐬, 𝐚𝐧𝐝 𝐭𝐡𝐞 𝐞𝐥𝐞𝐩𝐡𝐚𝐧𝐭𝐬 𝐝𝐨𝐧❜𝐭 𝐰𝐨𝐫𝐤 𝐟𝐨𝐫 𝐮𝐬 ဆိုတဲ့အတိုင်း ဆင်လေးတွေအတွက် ကိုယ်တိုင် အစာချက်ပြုတ်ပေးရတဲ့ ဒီနေရာရဲ့အစီအစဉ်က အရမ်းထူးခြားပါတယ်။ ကန်ချနာပူရီရဲ့ လှပတဲ့ မြစ်ကမ်းဘေးမှာ ဆင်လေးတွေကို ရေချိုးပေးရင်း အပန်းဖြေနိုင်ပါတယ်။
🔸𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐇𝐢𝐥𝐥𝐬 (𝐊𝐡𝐚𝐨 𝐒𝐨𝐤)
ဒါကတော့ 𝐋𝐮𝐱𝐮𝐫𝐲 ဆန်ဆန် 𝐄𝐥𝐞𝐩𝐡𝐚𝐧𝐭 𝐒𝐚𝐟𝐚𝐫𝐢 လုပ်ချင်သူတွေအတွက်ပါ။ တောထဲမှာ 𝐆𝐥𝐚𝐦𝐩𝐢𝐧𝐠 နဲ့ အိပ်စက်ရင်း ဆင်လေးတွေနဲ့ အနီးကပ် ထိတွေ့နိုင်တာကြောင့် 𝐂𝐨𝐮𝐩𝐥𝐞 တွေနဲ့ မိသားစုတွေကြားမှာ ရေပန်းစားနေတဲ့နေရာဖြစ်ပါတယ်။
🚐 𝐁𝐨𝐬𝐬 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 မှာဆိုရင် ဆင်မိုမိုတို့ဆီအရောက်သွားဖို့ ကားသီးသန့်ရော ယာဥ်မောင်းကအပါအဝင်ပါငှားရမ်းနိုင်တဲ့အပြင် တည်းခိုဖို့အတွက် 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကိုလည်း ဆောင်ရွက်ပေးနေပါတယ်ရှင့်။
🐘 ဆင်မိုမိုတို့ဆီ 𝐁𝐨𝐬𝐬 𝐓𝐫𝐚𝐯𝐞𝐥 နဲ့အတူ အလည်သွားဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။
🌟 𝐁𝐎𝐒𝐒 𝐓𝐫𝐚𝐯𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 - 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐲𝐨𝐮 𝐧𝐞𝐞𝐝 𝐨𝐧 𝐚 𝐁𝐮𝐝𝐠𝐞𝐭. 🌟
📌 အသေးစိတ်စုံစမ်းရန်
☎️ Phone/Viber/Whatsapp: +66 620831291
📱 Line ID : tonythailand22
📩 Email: [email protected]