LATT YAR

LATT YAR Sharing is Caring! Sharing is Caring. This is the page of sharing knowledge and resources. Also distribution of Vietnam products. https://t.me/bkfamilybusiness

Please find out in telegram link below for more information.

30/09/2025
သစ္စာတရားရှားပါးလာတဲ့ခေတ်မှာ လူဖြစ်လာကြရတဲ့ ဒုက္ခတွေ ဒီတလော အနီးအနား ပတ်ဝန်းကျင်မှာ မြင်နေ ကြားနေ တွေ့နေရတာတွေက စိတ်မချမ...
30/09/2025

သစ္စာတရားရှားပါးလာတဲ့ခေတ်မှာ လူဖြစ်လာကြရတဲ့ ဒုက္ခတွေ

ဒီတလော အနီးအနား ပတ်ဝန်းကျင်မှာ မြင်နေ ကြားနေ တွေ့နေရတာတွေက စိတ်မချမ်းသာရပါဘူး..

ပြုသူ အသစ် ဖြစ်သူအဟောင်း မို့လို့

🍁ခံရတဲ့သူများလဲ အကြွေးဆပ်လိုက်ရတယ်သဘောထားပေါ့၊ ကိုယ်ဘာသာ အေးချမ်းရာလေးရှာ ၊ အပူတွေ ဖက်တွယ်မထားကြနဲ့..

🍁 ပြုတဲ့သူတွေလဲ ကိုယ်လုပ်တာ ကိုယ့်နောက်လဲ ပြန်ကပ်ပါလာတယ်ဆိုတာ မေ့မထားကြနဲ့ပေါ့လေ .. ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ ကိုယ်ပြန်ရကြတာပါပဲ ..

🍁 6သရခါနီးမှ လုပ်ခဲ့သမျှ မကောင်းမှုတွေ၊ နောင်တတွေသက်သက်ပဲ သတိရသွားရင်တော့ ရှေ့ဆက်သွားရမယ့်အရပ်က မကောင်းဖို့များ ..

ပညာနဲ့ ယှဉ်တွဲသည့် ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်စေရန်****************************************************🙏🙏🙏ပါချုပ် ဆရာတော်ဘုရာ...
06/03/2024

ပညာနဲ့ ယှဉ်တွဲသည့် ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်စေရန်
****************************************************

🙏🙏🙏

ပါချုပ် ဆရာတော်ဘုရားကြီး

05/03/2024
05/03/2024

စင်ကာပူပညာရေးစနစ်

စင်ကာပူရဲ့ အခြေခံပညာအဆင့်ကို Primary နဲ့ Secondary ဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။ Primary ဟာ မတက်မနေရ ၆ နှစ်တက်ရမှာဖြစ်ပြီး ပထမ ၄ နှစ်ကို Foundation (အခြေခံအဆင့်) လို့ သတ်မှတ်ပါတယ်။ အဲဒီ ၄ နှစ်အတွင်းမှာ အင်္ဂလိပ်စာ၊ မိခင်ဘာသာစကား (တရုတ်၊ မလေး၊ တမီးလ်) နဲ့ သင်္ချာတို့ကို အဓိကထားပြီး သင်ကြားပါတယ်။

အခြားဘာသာရပ်တွေအနေနဲ့ စာရိတ္တ၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားကစား စတဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ သိပ္ပံဘာသာရပ်တွေကိုတော့ P3 လို့ခေါ်တဲ့ တတိယနှစ်ကစပြီး သင်ပေးပါတယ်။ Primary ၆ နှစ်ရဲ့ နောက်ဆုံး ၂ နှစ်ကိုတော့ Orientation (Secondary အတွက် မိတ်ဆက်အဆင့်) လို့သတ်မှတ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ပထမ ၄ နှစ်ပြီးရင် ကျောင်းသားတွေရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး သင့်တော်တဲ့ အတန်းတွေ ထပ်မံခွဲခြားလိုက်ပြီး လက်ကျန် ၂ နှစ်မှာ သင်ရိုးလည်း နည်းနည်းကွာသွားတာကို တွေ့ရပါတယ်။

EM1, EM2 နဲ့ EM3 (English and Mother Tongue at 1st, 2nd and 3rd language) ဆိုပြီး အဆင့် ၃ ခုခွဲပြီး သင်ကြားပေးပါတယ်။ ဒီ Primary ကလေးတွေရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ PSLE လို့ အတိုကောက်ခေါ်တဲ့ Primary School Leaving Examination ပဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ရလဒ်ကိုအခြေခံပြီး ကလေးတွေဟာ Secondary မှာ မတူညီတဲ့ သင်ရိုးတွေကို သင်ကြားရမှာဖြစ်လို့ ဒီစာမေးပွဲဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

Primary မှာ ၆ နှစ်သင်ကြားပြီးလို့ စာမေးပွဲကြီးပြီးတဲ့အခါမှာ Secondary ကို တက်ရောက်ခွင့်ရကြပါတယ်။ အခြေခံအားဖြင့် Secondary ကို Express (အထူးတန်း) ၊ Normal (Academic) (သာမန်ပညာရေး) နဲ့ Normal (Technical) (သာမန်အသက်မွေးဝမ်းကျောင်း) ဆိုပြီး ၃ ခုခွဲထားပါတယ်။

ဒီ ၃ ခုအပြင် Special ဆိုတဲ့အတန်းတစ်ခုလည်း ရှိပါသေးတယ်။ Special နဲ့ Express ရဲ့ အဓိကကွာခြားချက်က မိခင်ဘာသာစကားကို ပုံမှန်ပဲသင်မလား၊ အဆင့်မြင့်သင်မလားဆိုတာပဲကွာလို့ အသေးစိတ်မရှင်းပြတော့ပါဘူး။ စင်ကာပူ ပညာရေးကို လေ့လာမယ်ဆိုရင် ဒီ Secondary အဆင့်ဟာ အရှုပ်ထွေးဆုံးလို့ ပြောလို့ရပါတယ်။ ပထမဆုံး Express ကိုရှင်းပြပါမယ်။

Express အတန်းကို တက်ခွင့်ရသူတွေဟာ PSLE မှာ အမှတ်အကောင်းဆုံးနဲ့ အောင်ကြတဲ့ ကလေးတွေဖြစ်ပါတယ်။ Secondary (Express) ကို ၄ နှစ်တက်ရပြီး နောက်ဆုံးအတန်းတင်စာမေးပွဲကတော့ GCE 'O' Level စာမေးပွဲပဲဖြစ်ပါတယ်။

မသင်မနေရဘာသာတွေကတော့ အင်္ဂလိပ်စာ၊ သချာင်္နဲ့ မိခင်ဘာသာစကားတို့ပဲဖြစ်ပါတယ်။ တကယ်လို့ မိခင်ဘာသာစကားကို အဆင့်မြင့် (Higher Mother Tongue) မဟုတ်ဘဲ သာမန်ပဲသင်ယူခဲ့မယ်ဆိုရင် GCE 'O' Level ပြီးတဲ့အခါ Polytechnic ဒါမှမဟုတ် Junior College တို့မှာ မိခင်ဘာသာစကား တစ်နှစ်ထက်တက်ရမှာ ဖြစ်ပါတယ်။ Secondary ကျောင်းသားတွေဟာ မသင်မနေရဘာသာတွေအပြင် သိပ္ပံဘာသာတွဲကိုလည်း တက်ကြလေ့ရှိပါတယ်။

နောက်ထပ် Secondary တစ်မျိုးကတော့ Normal (Academic) ပဲဖြစ်ပါတယ်။ ဒီအတန်းကို တက်ကြတဲ့ ကျောင်းသားတွေဟာ Express ကျောင်းသားတွေလောက် အမှတ်မကောင်းခဲ့သူတွေ ဖြစ်ပါတယ်။ Normal (Academic) ကိုလည်း ၄ နှစ်တက်ရပြီး ဒီအဆင့်ရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ GCE 'N' Level ဖြစ်ပါတယ်။

တကယ်လို့ 'N' Level မှာ အမှတ်ကောင်းတယ်ဆိုရင်တော့ 'O' Level ကို တက်ခွင့်ရှိပါတယ်။ (ဒါကြောင့် တချို့က ၅ နှစ်တက်ရတယ်လို့ 'O' Level အထိမှန်းပြီး ပြောကြပါတယ်) အမှတ်မမီရင်တော့ ITE လို့ခေါ်တဲ့ အစိုးရအသိအမှတ်ပြု နည်းပညာအောင်လက်မှတ်တန်းတွေကို တက်ရမှာဖြစ်ပါတယ်။

နောက်ဆုံး Secondary တစ်မျိုးကတော့ Normal (Technical) ပဲဖြစ်ပါတယ်။ ဒီမှာလည်း ၄ နှစ်တက်ရပြီး နောက်ဆုံးစာမေးပွဲကြီးက GCE 'N' Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုင်းကအောင်လာတဲ့ ကျောင်းသားတွေဟာ 'O' Level ဖြေဆိုခွင့်မရှိဘဲ ITE ကိုသာ တက်ရပါတယ်။

Normal (Academic) နဲ့ Normal (Technical) တို့ဟာ 'N' Level ဖြေတာချင်းတူပေမယ့် သင်ရိုးတွေမတူပါဘူး။ Academic မှာ ပညာရေးနဲ့ ဘာသာရပ်ဆိုင်ရာတွေကို ဦးစားပေးသင်ကြားလေ့ရှိပြီး Technical မှာ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ့် ဘာသာရပ်တွေများပါတယ်။ Secondary ၃ မျိုးမှာ ထူးချွန်ရင် ထူးချွန်သလို အတန်း ကူးပြောင်းတက်ခွင့်ရှိပါတယ်။

Secondary ကျောင်းသားတွေဟာ သူတို့ရဲ့ GCE 'O' ဒါမှမဟုတ် 'N' Level အမှတ်ပေါ်မူတည်ပြီး Poly တက်မယ်၊ JC တက်မယ်၊ ဒါမှမဟုတ် GCE 'A' Level ဆက်တက်မယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီနေရာမှာ အမှတ်ပေးပုံစံလေးကိုလည်း တင်ပြချင်ပါတယ်။ စင်ကာပူရဲ့ GCE စာမေးပွဲတွေဟာ အင်္ဂလန်နိုင်ငံက Cambridge University နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံအခြေအနေနဲ့ အဖြေလွှာတွေကို ပြည်တွင်းမှာပဲ အမှတ်ခြစ်နိုင်ပေမယ့် ဘာသာအများစုကို အင်္ဂလန်ပို့ပြီး မိခင်တက္ကသိုလ်ကြီးမှာ ခြစ်စေပါတယ်။ ဒါကြောင့် စာမေးပွဲအောင်သူတွေဟာ အလွန်ပဲ ဂုဏ်ယူကြပါတယ်။ အမှတ်ပေးစနစ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

A1/A2 (Distinction)
B3/B4 (Merit)
C5/C6 (Credit/Pass)
D7 (Sub-Pass/fail, that is, passing at a lower standard in the exam or fail)
E8/F9 (Fail)

A,B,C တွေရဲ့ နောက်က ၁၊၂၊၃ တွေဟာ သူတို့ရဲ့ အမှတ်တွေဖြစ်ပါတယ်။ GCE စာမေးပွဲတွေပြီးလို့ Post-Secondary ကျောင်းတွေ (ဥပမာ။ Poly) တက်မယ်ဆိုရင် L1R5 ဒါမှမဟုတ် L1R4 စသည်ဖြင့်သတ်မှတ်ပြီး တောင်းပါတယ်။ L ဆိုတာက ဘာသာစကား (အင်္ဂလိပ် သို့မဟုတ် အခြားမိခင်ဘာသာစကား) ဖြစ်ပြီး R ကတော့ သက်ဆိုင်ရာ အခြားအကောင်းဆုံး ဘာသာရပ်များဖြစ်ပါတယ်။

တစ်ခု သိထားရမှာက အမှတ်ပေါင်းနည်းလေ၊ ကောင်းလေဖြစ်ပါတယ်။ ဥပမာ L1R4 ကို ၁၈ တောင်းတယ်ဆိုရင် ဘာသာစကားနဲ့ အခြား ဆက်စပ်ဘာသာတွေထဲက အကောင်းဆုံး ၄ ခုပေါင်းဟာ ၁၈ မှတ်ထက်ကျော်လို့မရပါဘူး။ အများဆုံး ၁၈ ဖြစ်ရမယ်လို့ဆိုလိုပါတယ်။

စာမေးပွဲတွေကို အစိုးရကျောင်းသားအနေနဲ့ တစ်ကြိမ်သာ ဖြေခွင့်ရှိပြီး အမှတ်မကောင်းလို့ နောက်တစ်ကြိမ်ဖြေခွင့်မရပါဘူး။ နောက်တစ်ကြိမ်ဖြေချင်သူတွေ၊ စာမေးပွဲ ၂ ခုခွဲဖြေချင်သူတွေကတော့ အပြင်ပုဂ္ဂလိက ကျောင်းတွေမှာ တက်ပြီး Private Candidate အနေနဲ့ ဖြေခွင့်ရှိပါတယ်။ အဲဒီကအမှတ်ကိုလည်း အစိုးရကျောင်းက အမှတ်လိုပဲ အသုံးချနိုင်ပါတယ်။

မြန်မာတွေနဲ့ မစိမ်းလှတဲ့ Polytechnic တွေ၊ Junior College တွေ စတာတွေကို Post-Secondary လို့ခေါ်ပါတယ်။ တက္ကသိုလ်မတက်ခင် တက်ကြရတာပါ။ မြန်မာ့ပညာရေးနဲ့ အဓိကကွာဟနေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ခွင့်ရပါတယ်။ Y.T.U (ယခင် Y.I.T ) ကို တက်ချင်ရင်တော့ G.T.C (ယခင် G.T.I) က တဆင့်ဝင်ရတာမျိုးတော့ ရှိတတ်ပါတယ်။ GCE 'O' Level မှာ Poly ဝင်ခွင့်အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီမှာ လိုအပ်တဲ့ အမှတ်တွေရရင် ၃ နှစ်တက်ရတဲ့ Poly Diploma Course ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာတွေ သိကြတဲ့အတိုင်း စင်ကာပူမှာ Poly ၅ ကျောင်းရှိပြီး Republic Poly ကတော့ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ကျောင်းပဲဖြစ်ပါတယ်။ Poly တွေမှာ ယခင်က Engineering တွေကိုပဲ အဓိကထားသင်ကြားခဲ့ကြပေမယ့် ခုတော့ Business, Art စတဲ့ ဘာသာရပ်တွေကိုလည်း ကမ္ဘာ့အဆင့်မီ သင်ကြားပေးနေပြီဖြစ်ပါတယ်။ Poly သင်ရိုးညွှန်းတမ်းတွေဟာ 'O' Level နဲ့ 'A' Level ကို အခြေခံထားတာဖြစ်ပါတယ်။

'O' Level အောင်ပြီးသူတွေအတွက် အခြားနည်းလမ်းတစ်ခုကတော့ Junior College နဲ့ Centralised Institute မှာ တက်ရောက်သင်ကြားခြင်းပဲ ဖြစ်ပါတယ်။ JC ဝင်ခွင့်ရဖို့အတွက် L1R5 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပြီး CI ဆိုရင် L1R4 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပါတယ်။ အဲဒီ ကျောင်းတွေမှာတော့ GCE 'A' နဲ့ ညီမျှတဲ့ ပညာရေးကို ၂ နှစ်ကြာသင်ကြားပါတယ်။ နောက်ဆုံး စာမေးပွဲကြီးကတော့ Cambridge ကစစ်တဲ့ GCE 'A' Level ပဲဖြစ်ပါတယ်။

'A' Level ဒါမှမဟုတ် Poly ပြီးသူတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြပါတယ်။ စင်ကာပူမှာ အဓိက တက္ကသိုလ်ကြီး ၄ ခုရှိပြီး ၂ ခုက အစိုးရပိုင်ဖြစ်ပြီး ၂ ခုက ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ အစိုးရပိုင် တက္ကသိုလ်ကြီး ၂ ခုဖြစ်တဲ့ National University of Singapore (NUS) နဲ့ Nanyang Technological University (NTU) တို့ဟာ နာမည်ကြီးသလောက် အဆင့်အတန်း၊ သင်ရိုး၊ ကျောင်းအဆောက်အဦး၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေဟာလည်း ကမ္ဘာ့အဆင့်မှာ ရှိပါတယ်။

ကျောင်းတစ်ကျောင်းစီကို တစ်နှစ် ကျောင်းသားအင်အား ၂ သောင်းလောက် လက်ခံသင်ကြားပေးနေပြီး ဒေါက်တာဘွဲ့အထိ သင်ကြားနိုင်ပါတယ်။ Resarch & Development အတွက်လည်း အများကြီး စီမံပေးထားပါတယ်။ NUS ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းဝင်တယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။

ဂုဏ်ယူစရာကောင်းတာက အဲဒီလို တက္ကသိုလ်ကြီးတွေမှာ မြန်မာအမြောက်အမြားဟာ ဘွဲ့အမျိုးမျိုးကို ဆွတ်ခူးခဲ့ကြပြီးသလို ဆက်လက်သင်ယူနေကြတုန်း ဖြစ်နေတာပါပဲ။ စင်ကာပူ တက္ကသိုလ်ကြီး ၄ ခု အနက်က ပုဂ္ဂလိကပိုင် ၂ ခုကတော့ Singapore Management University (SMU) နဲ့ Singapore Institute of Management (UniSIM) တို့ပဲ ဖြစ်ပါတယ်။

SMU ကို ၂၀၀၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုပေမယ့် အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့ပေးထားပြီး အဆင့်မီတက္ကသိုလ်ဖြစ်စေပါတယ်။ UniSIM ကတော့ Adult Learner လို့ခေါ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသူ၊ ကျောင်းသားအရွယ်ကို လွန်လာသူတွေကိုသာလက်ခံပါတယ်။

အထက်မှာ ဖော်ပြထားတာတွေကတော့ အစိုးရရဲ့ အခြေခံပညာကနေ ဘွဲ့ရတဲ့အထိပညာသင်ကြားရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားတက္ကသိုလ်တွေရဲ့ နိုင်ငံခြားကျောင်းခွဲတွေ၊ ပုဂ္ဂလိကကျောင်းနဲ့ အကယ်ဒမီတွေလည်း အများအပြားရှိပါတယ်။

MDIS, BMC, TMC, SAA, Kaplan စတဲ့ကျောင်းတွေဆို မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ Course တစ်ခုကို သင်ကြားပေးချင်တယ်ဆိုရင် MOE လို့ခေါ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ်လိုပါတယ်။

Diploma ပဲဖြစ်ဖြစ်၊ ၂ ရက်လောက်ပဲ တက်ရတဲ့ ရက်တိုသင်တန်းလေးဖြစ်ဖြစ် MOE မှာ မှတ်ပုံတင်ရပါတယ်။ အဲဒီအချက်ကလည်း စင်ကာပူပညာရေး အဆင့်အတန်းကို အကျမရှိအောင် ထိန်းထားစေပါတယ်။

နောက်ထပ်ဖော်ပြချင်တာကတော့ မြန်မာတွေအနေနဲ့ စင်ကာပူကျောင်းတွေကို ဘယ်လိုတက်ရောက်နိုင်တယ်ဆိုတာပါပဲ။ အရင်က မြန်မာတွေဟာ Poly တက်ဖို့သာ အဓိက အာရုံစိုက်နေခဲ့ကြပေမယ့် ၁၉၉၀ ပြည့်နှစ်များရဲ့ နှောင်းပိုင်းကစလို့ Secondary ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အပြင်ပုဂ္ဂလိကကျောင်းတွေမှာလည်း ပညာသင်ကြားလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လူခံကောင်းကောင်းရှိသူတွေက ကလေးငယ်တွေကို Secondary က စပြီး စင်ကာပူပညာရေးနဲ့ ရင်းနှီးစေခဲ့ကြပါတယ်။

တကယ်လို့ ကလေးငယ်တွေကို Primary ဒါမှမဟုတ် Secondary ကျောင်းလာတက်စေချင်တယ်ဆိုရင် AEIS ဆိုတဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေရမှာဖြစ်ပါတယ်။ Singapore MOE ကနေ စစ်တဲ့ ဒီစာမေးပွဲဟာ နှစ်စဥ် july လမှာ စာရငွးပေးသွင်းရပြီး september လကုန်ပိုင်းမှာ စာမေးပွဲ စစ်ပါတယ်။

AEIS အောင်မြင်တဲ့ ကလေးဟာ စင်္ကာပူရဲ့ အစိုးရ primary နဲ့ secondary ကျောင်းတွေကို လျှောက်ခွင့်ရမှာဖြစ်ပါတယ်။ ယခုအခါမှာ english စာကို AEIS စာမေးပွဲမှာ ထည့်မစစ်တော့ပဲ လျှောက်ထားတဲ့ ကျောင်းသားက CAE လို့ ခေါ်တဲ့ cambridge Assessment Exam ကို english ဘာသာ ဖြေဆိုအောင်မြင်ကြောင်းလက်မှတ်ပြရပါမယ်။ CAE (eng) အမှတ်ကို AEIS ဝင်ခွင့်လျှောက်လွှာတင်တဲ့ july လမှာ တပါတည်း တင်ပြရမှာမို့လို့ CAE ကို အရင် ကိုယ့်ဖာသာဖြေရမယ့်သဘောပါ။

AEIS ဖြေပြီးလို့ result ထွက်လာတဲ့အခါမှာ အဲဒီအဖြေပေါ်မူတည်ပြီး ဘယ်အဆင့်က စတက်ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ AEIS ဟာ P2 ကနေ P5 အထိ၊ secondary1 ကနေ 3 အထိ စစ်တဲ့ ဝင်ခွင့်စာမေးပွဲပါ။ P1 အဆင့် မပါပါဘူး။ ဥပမာ- primary 2 ဝင်ခွင့် ဖြေတဲ့ ကလေးဟာ AEIS exam မှာ primary 3 အဆင့် math ကိုဖြေရမှာ ဖြစ်ပါတယ်။

မေးခွန်းဟာ P2 နဲ့ P3 အတွက် တစ်စုံတည်းဖြစ်လို့ပါ။ ရလာတဲ့ အမှတ်ပေါ်မူတည်ပြီး ကျရှုံး၊အောင်မှတ်အနည်း၊ အောင်မှတ်အများ ဆိုပြီးခွဲပါတယ်။ အောင်မှတ်အနည်းက P2 တက်ရပြီး အောင်မှတ်အများက P3 တက်ရမှာဖြစ်လို့ ကလေးတွေအတွက် အလွန်ခက်ပါတယ်။
အဲဒီနောက်တော့ Student Pass လျှောက်ထားပေးပါတယ်။ အဲဒီနောက်မှာတော့ စင်ကာပူ ပညာရေးရေစီးကြောင်းတလျှောက် တဆင့်ပြီး တဆင့်တက်သွားရုံပါပဲ။

Poly တက်ချင်သူတွေအတွက်ကတော့ လမ်းရိုးကြီးတွေဟာ အလုပ်ဖြစ်ဆဲလို့ ဆိုရမှာပါ။ မြန်မာပြည်က Poly အသိအမှတ်ပြု Agent တွေကနေ တဆင့် ဝင်ခွင့်ဖြေပြီး တက်ရောက်ခွင့်ရကြတာဟာ အသုံးဝင်နေဆဲပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်ပိုများတယ်ဆိုပေမယ့် အစစအရာရာ စီစဉ်သင်ပြပေးလို့ စင်ကာပူနဲ့ စိမ်းသေးရင် အဲဒီနည်းလမ်းက အလွယ်ဆုံးပါပဲ။

နောက်တမျိုးကတော့ Online ကနေလျှောက်လွှာတင်၊ ကျောင်းကလက်ခံရင် စင်ကာပူမှာ ဝင်ခွင့်လာဖြေလို့ရပါတယ်။ ဝင်ခွင့်ရဖို့အတွက် ဆယ်တန်းမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတွေမှာ အမှတ်ကောင်းဖို့ လိုပါတယ်။ ဝင်ခွင့်ရတဲ့အခါမှာလည်း အစိုးရ ပညာသင်စရိတ်ထောက်ပံ့တဲ့အတွက် ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကျောင်းသားကပေးရပါတယ်။

တကယ်တော့ အဲဒီအနည်းငယ်ဟာ မိဘတွေအတွက် မနည်းလှသေးပါဘူး။ ထောက်ပံ့ကြေးယူသူတွေဟာ Poly ပြီးတဲ့အခါ စင်ကာပူမှာ ၃ နှစ်ပြန်အလုပ်လုပ်ပေးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးရပါတယ်။ အလုပ်စဝင်တာနဲ့ ကျောင်းကနေ PR လျှောက်ထားခွင့်ပေးပါတယ်။ (အရင်ကတော့ အစိုးရကနေ ပေးပို့တဲ့ PR Offerletter လာပေမယ့် အခုတော့ မလာတော့ပါဘူး)။

ဒါပေမယ့် Poly လမ်းကြောင်းဟာ ဖြောင့်ဖြူးဆဲပဲလို့ ဆိုလို့ရပါတယ်။ poly graduate တွေကို အလုပ်ရတဲ့အခါမှာ s-pass or EP သေချာပေါက်ချပေးတဲ့အတွက် ကျောင်းပြီးသွားသူတွေအနေနဲ့ အလုပ်လုပ်လို့တော့ လွယ်လွယ်ကူကူဖြစ်နေဆဲပါပဲ။

Poly အပြင် အစိုးရကျောင်းတက်ချင်သူတွေ အနေနဲ့ မာစတာနဲ့ ဘွဲ့လွန်ဒီပလိုမာတန်းတွေ ရှိပါသေးတယ်။ ထင်ရှားတဲ့ ကျောင်း ၂ ခုကတော့ ISS လို့ခေါ်တဲ့ NUS လက်အောက်ခံ IT Diploma တန်းနဲ့ NTU က မာစတာဘွဲ့တန်းတွေပဲဖြစ်ပါတယ်။ ISS ကို Internet ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရေးဖြေဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့ သို့မဟုတ် ဖုံးအင်တာဗျူးဖြေရပါတယ်။

သင်တန်းကာလတစ်နှစ်ဖြစ်ပြီး Poly လိုပဲ ကျောင်းပြီးတဲ့အခါ PR လျောက်ဖို့ offer letter ရခဲ့ပါတယ်။အခုတော့ poly လိုပဲ ကျောင်းပြီးတဲ့အခါမှာ s-pass or EP လျောက်ပြီး အလုပ်လုပ်ရမှာဖြစ်ပါတယ်။ NTU က ပေးတဲ့ မာစတာဘွဲ့ သင်တန်းတွေမှာ IT နဲ့ ဆက်စပ်နေတဲ့ ဘာသာခွဲပေါင်းများစွာအပြင် အင်ဂျင်နီယာ၊ ဒီဇိုင်းနဲ့ သိပ္ပံဘာသာရပ်များစွာကို လျှောက်ထားနိုင်ပါတယ်။ အစိုးရက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေ ပေးတဲ့အတွက် အဆင်ပြေပါတယ်။ အစိုးရကျောင်းတွေဖြစ်တဲ့အတွက် Student Pass အတွက် ပူစရာမလိုပါဘူး။ ပူစရာလိုတာက ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ပါတယ်။

ပုဂ္ဂလိကကျောင်းတော်တော်များများဟာ အစိုးရရဲ့ နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကို ရထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးရှိတာကို သတိပြုသင့်ပါတယ်။ အဓိကက Security Deposit လို့ခေါ်တဲ့ စင်ကာပူအစိုးရကို ပေးထားရတဲ့ အာမခံကြေးကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ Singapore Quality Class (SQC) လက်မှတ်ကို အစိုးရအသိအမှတ်ပြု အဆင့်အတန်းရှိတဲ့ Industry အမျိုးမျိုးကို ချီးမြှင့်ပါတယ်။

အဲဒီ SQC လက်မှတ်ရပြီးသားကျောင်းတွေမှာ နိုင်ငံတကာကျောင်းသားတွေ Student Pass နဲ့ ကျောင်းလာတက်ရင် Deposit တင်စရာမလိုပါဘူး။ မရှိရင်တော့ မြန်မာကျောင်းသားတွေအနေနဲ့ စင်ကာပူဒေါ်လာ ၅ ထောင်လောက်တင်ရပါလိမ့်မယ်။ Student Pass ပြန်အပ်တာနဲ့ ၁၀၀% ပြန်ပေးပါတယ်။ ကျောင်းတချို့နဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ထားတဲ့ Agent တချို့က အဲဒီကိစ္စကို နောက်ဆုံး Student Pass ကျမှ ဖွင့်ပြောတတ်ကြတဲ့အတွက် သတိထားပြီး မေးသင့်ပါတယ်။

နောက်တစ်ခု အရေးကြီးတာက တကယ်လို့ Student Pass အဆင်မပြေရင် ဘယ်လောက်ပေးရမလဲ၊ ဒါမှမဟုတ် ဘယ်လောက်ပြန်အမ်းမလဲဆိုတာလည်း အစကတည်းက ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ Part Time အလုပ်ထွက်လုပ်ခြင်းပဲဖြစ်ပါတယ်။ အစိုးရကျောင်းသားတွေဟာ သတ်မှတ်တဲ့ နာရီအကန့်အသတ်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကကျောင်းသားတွေ အနေနဲ့ လုံးဝအလုပ်လုပ်ခွင့်မရှိတဲ့အပြင် ကျောင်းခေါ်ချိန်ပြည့်ဖို့ လိုပါတယ်။ တကယ်လို့ တရားမဝင် အလုပ်ထွက်လုပ်နေတာ တွေ့ရင် ဒဏ်ကြေး ၅ ထောင်လောက်ဆောင်ရတတ်ပြီး မိခင်နိုင်ငံကိုတောင် ပြန်ပို့တတ်ပါတယ်။

Crd

https://www.facebook.com/share/p/rNR7XYzypfPQP8pS/?mibextid=oFDknk
04/03/2024

https://www.facebook.com/share/p/rNR7XYzypfPQP8pS/?mibextid=oFDknk

မဂ်လာပါရှင်။

ကနေဒါဘက် စိုက်ပျိုးရေးဝန်ထမ်း နဲ့ လာချင်တဲ့သူများအတွက်

ဒီနေ့ မိုးတို့ နဲ့ အလုပ်အတူတူလုပ်တဲ့ လိုင်စင်ရ immigration consultant နဲ့ investment program နဲ့ တခြားကိစ္စများအတွက် သွားတွေ့ရင်း စပ်စပ်စုစု လုပ်ခဲ့လို့ရတဲ့ အကြောင်းလေးပြောပြပါရစေ။

-

🇨🇦ကနေဒါ BC ပြည်နယ်မှာ စိုက်ပျိူးရေး ဝန်ထမ်း အဖြစ်အလုပ်လုပ်ပြီး ၂ နှစ်အတွင်း ကနေဒါ PR ရဖို့ စိတ်ဝင်စားပါက

-

🇨🇦ဘာတွေလိုအပ်သလဲ။

🍁IELTS reading 5, writing 5.5, listening 5.5 and speaking 5.5 ရှိရမည်။ အနည်းဆုံး ရှိကိုရှိရမည်။ မရှိရငိ Work Permit လျှောက်မရပါ။

🍁လယ်ယာလုပ်ငန်း အနည်းဆုံး ၂-၃ နှစ် လုပ်ကိုင်ဖူးတဲ့ အထောက်အထားရှိရမည်။

🍁လစာ တနာရီ ဒေါ်လာ ၁၇ ရမည်။ နာရီ ၄၀ အနည်းဆုံးလုပ်ရ။

🍁အသက်က ၂၃ -၃၅ အထိ

-

🇨🇦PR ရနိုင်သလား ။

🍁တနှစ်ပြည့်လျှင် PR လျှောက်နိုင်သည်။

🍁 PR လျှောက်ပြီးလက်ထဲ ရောက်တာ တာ ၁ နှစ်
လောက်ကြာသည်။

🍁ထို့ကြောင့် အနည်းဆုံး ၂ နှစ်ပြည့် အောင်လုပ်ရမည်။

🍁PR လျှောက်တဲ့ အခါ IELTS က အပေါ်က ပါတ်ခြာလည်လောက်ရှိရင်ရပြီ။

🍁PR ရပြီးမှ မိသားစု ကို Spouse Sponsor နဲ့ခေါ်နိုင်မည်။

-

🇨🇦တခြား information

🍁licensed Employment Agency ကို Fee ပေးရမည်။

🍁နေရာက ၂၄ နေရာ ခေါ်တာ အခု ၆ နေရာပဲ ကျန်တော့သည်။

🍁လယ်ယာ စိုက်ပျိူးရေးလုပ်ရမည်။

🍁Accommodations ပေးချင်လဲပေးမည်။ မသေချာ

🍁MSP ( medical insurance ) တလ ကနေဒါ ဒေါ်လာ ၇၅ ပေးရမည်။

🍁BC လယ်ယာမြေ တွင်လုပ်ရမည်။

🍁အလုပ်က တကယ်လုပ်ရမည်။

🍁ရာသီဉတု အေးသည်။

🍁 WP က ၂ နှစ် ရမည်။

🍁 မြန်မာပြည်ဘက် ကားမောင်းလိုင်စင်ရှိက ပိုကောင်း၏

-

🇨🇦ဘယ်လိုဆက်သွယ်ရမလဲ။

🍁ရန်ကုန်ရုံး Win Education က လုပ်တာမဟုတ်တဲ့အတွက် ရန်ကုန်ရုံးကို ဖုန်းဆက်မေးရင် ရန်ကုန်ရုံးက မဖြေနိုင်ပါ။

🍁C box မှာ/ comment မှာမေးရင် အကုန်ဖြေနိုင်မယ်မထင်လို့ ကိုယ့် လုပ်နိုငိတယ်ထင်ရင် မေးစရာမေးခွန်းများရှိရင် email နဲ့မေးပါ။

-

ကျေးဇူးတင်ပါသည်။
ဆက်သွယ်ရန် email
ဒါက Farm အလုပ်အကိုင်အတွက် email ပါ။
ဒီemail ကိုပဲ ပို့မေးပါနော်
မေးစရာရှိရင်
ဆက်သွယ်ချင်ရင်။
၂၄ နာရီ အတွင်း စာပြန်ပေါ့မယ်။

👇👇👇👇👇👇👇👇

[email protected]

22/02/2024

ကြက်သားကို မုန့်နှစ်ကပ်ကြော် ...
အပေါ် က cheese sauce လေးဆမ်းစားကြည့် ..
အရသာက oishii ...
😋😋😋

https://t.me/bkfamilybusiness/453


Address

Hanoi
10000

Website

Alerts

Be the first to know and let us send you an email when LATT YAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share