19/07/2026
🧧 ATTENTION PLEASE 🧧
ဒီနှစ်ပိုင်းထဲမှာ ဗီယက်နမ်ရောက် နိုင်ငံခြားသားတွေအတွက် #ပေါ်လစီတွေ မျိုးစုံထုတ်ပြီး
ကြပ်မတ်နေတဲ့ ဗီယက်နမ်အစိုးရဟာဆိုရင်
ဧည့်စာရင်း ကိစ္စကို အထူး အလေးထားဆောင်ရွက်နေတာ တွေ့ရပါတယ်။
ပထမဆုံး ငှားဖူးတဲ့ အိမ်လုံးခြင်းတွေ ဖြစ်မယ်ဆိုရင်
အိမ်အထိ လာရောက်စစ်ဆေးပြီးမှ လူစေ့ တွေ့ဆုံပြီးမှသာ Websites မှာ Confirmed ဖြစ်ပေးတာမျိုး ဖြစ်ပါတယ်။
ကွန်ဒိုလိုမျိုး နေတဲ့သူတွေဆိုရင် ကွန်ဒိုက Management Office ကို သူတို့ကိုယ်တိုင် အကြောင်းကြားပြီး Security တွေကနေတဆင့်
ပြန်လည် အတည်ပြုပြီး စစ်ဆေးပါတယ်။
🔸လုပ်ငန်းလုပ်နေတဲ့သူတွေအတွက်ကတော့
ဧည့်စာရင်းနဲ့ လုပ်ငန်းလုပ်ကိုင်ခြင်းဟာ
ဆက်စပ်နေပါတယ်။
👉 လာရောက်စစ်ဆေးရင်
လုပ်ငန်းလိုင်စင်
မီးသတ်ဆေးဘူးများ
သတ်မှတ်ထားတဲ့ စာရွက်စာတမ်းနဲ့
လူအရေအတွက် စစ်ဆေးပြီး မှတ်တမ်းယူထားပါတယ်။
♻️ကေအေကွန်ရဲ့Food ရောင်းချခြင်း၊ ဗီဇာလုပ်ငန်းများနဲ့ အတူ
ကာဂိုလုပ်ငန်းတွေ အားလုံးကို
တရား၀င် လုပ်ငန်းလိုင်စင်နဲ့အတူ
ပုံမှန်အခွန်ဆောင်ပီး
ဗီယက်နမ် Audit မှာ Accountant နဲ့
Quarterly စာရင်းရှင်းထားပြီးသားဖြစ်ပါတယ်။
Vietnam Staff တွေ မြန်မာ Staff ပါ ခန့်ထားပြီး တရားဝင် Labour Contract နဲ့ tax ဆောင်ပြီး လုပ်ငန်းလုပ်ကိုင်ပါတယ်။
((( လုပ်ငန်းလိုင်စင်မရှိပဲလုပ်ကိုင်နေတဲ့သူတွေအတွက် ကတော့ နောက်ပိုင်း တော်တော်လေး သိုသိုသိပ်သိပ် လုပ်ကိုင်မှပဲ အဆင်ပြေလောက်မယ် ထင်ပါတယ်။
ဖြစ်နိုင်ရင် တရား၀င် ဖြစ်အောင်
အလုပ်လုပ်ဖို့ ကြိုးစားကြတာ ပိုကောင်းပါတယ်။ )))
လာရောက် နေထိုင်သူများအတွက်ကတော့
တစ်ကယ့်ကိုရိုးရှင်းတဲ့ Process ဖြစ်တဲ့
အိမ်ထောင်စု ဧည့်စာရင်းတိုင်တာကို
လူတိုင်းနီးပါး လွယ်လွယ်ကူကူ လုပ်လို့ ရတာမို့
ဒါလေးကို သတိတရ လုပ်ပေးးလိုက်တယ််ဆိုရင်ကို စိတ်ပူစရာ ဘာမှမရှိပဲ နေလို့ရမှာပါနော်..
Residence Registration Website 🍀
https://tbltkbtt.bocongan.gov.vn/auth/
အိမ်စာချုပ်ချုပ်တာနဲ့ အိမ်ရှင်ကို
မှတ်ပုံတင် ID ရှေ့ + နောက် ပို့ခိုင်းပြီး
မိမိကိုယ်တိုင် အကောင့်ဖွင့်ပြီး တင်လို့ရပါပြီနော်..
၃ လ ဗီဇာနဲ့ နေထိုင်သူများကတော့
၃ လ တစ်ကြိမ် RENEW လုပ်ပေးးဖို့ လိုအပ်ပါတယ်နော်...