Tropical Dubai

Call Directions Website Contact the business

Tropical Dubai 🇦🇪 UAE | 🇶🇦 Qatar | 🇲🇻 Maldives
✈️ Travel & Tour Packages
💼 Job Placement Consultancy
+971 564412879/+959 955438556(Whatsapp)

Tropical Dubai Travel Agency ရန်ကုန်ရုံးခွဲကို ဖွင့်လှစ်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ရှင် ✨ခရီးသွားလာရေး၊ ...
08/10/2026

Tropical Dubai Travel Agency
ရန်ကုန်ရုံးခွဲကို ဖွင့်လှစ်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ရှင် ✨
ခရီးသွားလာရေး၊ အလုပ်အကိုင်
အခွင့်အလမ်းများနှင့် Job Consulting များကို တစ်နေရာတည်းတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် Tropical Dubai ရဲ့ တရားဝင်မြန်မာရုံးခွဲကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ရှင်
ယခုအခါမှာတော့ နိုင်ငံခြားခရီးစဉ်များ၊ အလုပ်အကိုင်းများနှင့်ပတ်သက်ပြီးအကြံဉာဏ်တောင်းခံလိုသည်များအတွက် မြန်မာနိုင်ငံမှနေ၍ လူကိုယ်တိုင်
လာရောက်ဆွေးနွေးစုံစမ်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်
📍 ရုံးလိပ်စာနှင့်
ဆက်သွယ်ရန်အချက်အလက်များ

လိပ်စာ: Building No. (23), Room (103), (5) Street B Block, Yuzana Garden City, Dagon Seikkan Township, Yangon, Myanmar

🇲🇲 Phone : 09 406 50 60 70,
09 777 45 80 80
🇦🇪 Phone : +971 564412879

🇲🇲 Viber / WhatsApp: +959 406 506 070
🇦🇪 Viber / WhatsApp: +971 564412879,
+959 955438556

အီးမေးလ်: [email protected]
[email protected]

ရုံးဖွင့်ရက်နှင့် အချိန်: အပတ်စဉ်
တနင်္လာနေ့မှ သောကြာနေ့အထိ
(မနက် ၁၀:၃၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ)

ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုများကို အနီးကပ်ဝန်ဆောင်မှုပေးသွားမယ့် Tropical Dubai ရဲ့ မြန်မာရုံးခွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ✈️🤝

ဗီရိုထဲမှာ မဝတ်တော့ဘဲ အလကားဖြစ်နေတဲ့ အဝတ်ဟောင်းတွေက အမှိုက်မဟုတ်ဘဲ ငွေတွေဖြစ်လာနိုင်တယ်ဆိုတာ သင်သိပါသလား❓❓အဝတ်အစားတွေ လှ...
05/10/2026

ဗီရိုထဲမှာ မဝတ်တော့ဘဲ အလကားဖြစ်နေတဲ့ အဝတ်ဟောင်းတွေက အမှိုက်မဟုတ်ဘဲ
ငွေတွေဖြစ်လာနိုင်တယ်ဆိုတာ သင်သိပါသလား❓❓
အဝတ်အစားတွေ လှူရင်းနဲ့ ငွေသားပြန်ရနိုင်မယ့် အလွန်လွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်
ဒီစနစ်က အိမ်တိုင်ရာရောက် အခမဲ့လာယူပေးတာဖြစ်ပြီး လုပ်ဆောင်ရတာ အရမ်းကို ရိုးရှင်းပါတယ်
ပထမဆုံး ကိုယ့်ရဲ့ တည်နေရာနဲ့ အချိန်ကို WhatsApp ကနေ ပို့ပေးရပါမယ်
အဲ့ဒီနောက် သူတို့က ကိုယ့်အိမ်ရှေ့အထိ လာရောက်ပြီး အဝတ်တွေကို ချိန်တွယ်ပေးမှာ ဖြစ်ကာ ကီလိုဂရမ် (KG) အလိုက် ငွေပေးချေမှုကို ချက်ချင်းလက်ခံရရှိမှာ ဖြစ်ပါတယ်
အဝတ်အစား၊ ဖိနပ်နဲ့ အိတ်တွေဆိုရင်
တစ်ကီလိုဂရမ်ကို 2 AED အထိ ရရှိနိုင်ပြီး အရုပ်၊ စောင်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေအတွက်ဆိုရင် တစ်ကီလိုဂရမ်ကို 1 AED ရရှိပါတယ်
ဥပမာအားဖြင့် 5 KG ဆိုရင် -10 AED
10 KG ဆိုရင် -20 AED
20 KG ဆိုရင် -40 AED နဲ့
30 KG ဆိုရင် a60 AED အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်
ဒီလိုဝန်ဆောင်မှုပေးနေတဲ့ နေရာ (၅) ခုနဲ့ ဆက်သွယ်ရမယ့် WhatsApp နံပါတ်တွေကတော့ -
Kiswa - ⁠056 970 8000⁠
Al Kawthr - ⁠055 519 4244⁠
Malabsi - ⁠050 103 6060⁠
Give and Take - ⁠055 188 9057⁠
Lebas UAE - ⁠050 147 5941⁠

ဒီနည်းလမ်းကြောင့် အိမ်မှာ နေရာယူနေတဲ့ ပစ္စည်းဟောင်းတွေ ရှင်းသွားမယ့်အပြင်
အပိုဝင်ငွေလည်း တစ်ဖက်တစ်လမ်းက ရရှိသွားမှာ ဖြစ်တဲ့အတွက် အခုပဲ ကိုယ့်နားနီးရာကို ဆက်သွယ်ပြီး စမ်းကြည့်လိုက်ပါအုန်းနော်

ဒန်ပေါက် မြေပေါ် အေးချမ်းစွာ ရောက်တဲ့အထိ အနီးကပ် စောင့်ရှောက်ပေးမယ့် True Care Service မျိုးကို လိုချင်ပါသလား?နိုင်ငံခြာ...
30/09/2026

ဒန်ပေါက် မြေပေါ် အေးချမ်းစွာ ရောက်တဲ့အထိ အနီးကပ် စောင့်ရှောက်ပေးမယ့်
True Care Service မျိုးကို လိုချင်ပါသလား?
နိုင်ငံခြားကို တစ်ယောက်တည်း သွားရတော့မယ်ဆိုရင် လူတိုင်း စိုးရိမ်ပူပန်ကြတာက လေဆိပ်ရောက်ရင် ဘယ်လိုလုပ်ရမလဲ
Transit ချိန်တွေမှာ ဘာတွေဆက်လုပ်ရ
မလဲဆိုတဲ့ အချက်တွေပါပဲ
မင်တို့ရဲ့ Tropical Dubai Travel Service မှာတော့ ဗီဇာစတင်လျှောက်ထားချိန်ကစလို့
✅ ဗီဇာကျတာနဲ့ အသင့်တော်ဆုံး
စျေးအသက်သာဆုံးနဲ့ Comfortable
ဖြစ်မယ့်Flight Route တွေကို သေချာစွာ ရွေးချယ်စီစဉ်ပေးခြင်း
✅ လေဆိပ်မှာ Check-in ဝင်မယ့်အချိန်ကစလို့ Boarding Time တွေအထိ App ကနေ on-time လိုက်လံစစ်ဆေးပေးခြင်း
✅ Transit အချိန်တွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာမလိုအောင် 24/7 အနီးကပ် ချက်ချင်းအကြံပေး ကူညီဖြေရှင်းပေးခြင်း
✅ လေယာဉ်ပေါ်မတက်ခင်ထိ မိသားစုလို
နွေးထွေးစွာ အားပေးစောင့်ရှောက်ပေးမှုတွေကို ခံစားရမှာပါ
စျေးနှုန်း သက်သာစွာဖြင့်ကိုယ့် Client လေးတွေ UAE မြေပေါ် အေးအေးချမ်းချမ်း
ခြေချနိုင်တဲ့အထိ လက်တွဲခေါ်ဆောင်ပေးမယ့် ကျွန်ုပ်တို့ရဲ့ 24/7 Concierge & Flight Companion Service ကို ယုံကြည်စိတ်ချစွာ ရယူလိုက်ပါရှင် ✈️
Serviceလေးတွေကို
📩 အသေးစိတ်သိရှိလိုပါက
Page Messenger or
WhatsApp: ⁨056 441 2879⁩
+959 955438556
Viber မှတဆင့် ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါတယ်ရှင်

UAEရဲ့High Season မှာ ကိုယ့်ရဲ့ အိပ်မက်တွေကို စတင်ဖို့ အချိန်တန်ပြီလား ✨ဒီနှစ် High Season မှာ ဒူဘိုင်းကိုလာဖို့ စဉ်းစား...
29/09/2026

UAEရဲ့High Season မှာ ကိုယ့်ရဲ့
အိပ်မက်တွေကို စတင်ဖို့ အချိန်တန်ပြီလား ✨

ဒီနှစ် High Season မှာ ဒူဘိုင်းကိုလာဖို့ စဉ်းစားနေပေမယ့် စိုးရိမ်ပူပန်မှုတွေ ရှိနေပါသလား…
❓Hospitality Industry ထဲ ဝင်ချင်ပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေတာ
❓အလုပ်အကိုင် အခွင့်အလမ်းအတွက်
စိတ်ပူပြီး တစ်ယောက်တည်းယောင်လည်လည်ဖြစ်မှာကြောက်တာ
❓ကိုယ်ပိုင်ဘတ်ဂျက်နဲ့ ကိုက်ညီအောင် စရိတ်စကတွေကို အစအဆုံး သေချာမစီစဉ်တတ်သေးတာ
ဒါတွေအတွက် စိတ်မပူပါနဲ့တော့ရှင်
Tropical Dubai ကနေ လေယာဉ်လက်မှတ်
ဗီဇာကစလို့ Hospitality လောကထဲ
အမှန်တကယ် ဝင်ရောက်နိုင် အလုပ်အကိုင်ရရှိနိုင်သည်အထိ အနီးကပ် လမ်းညွှန်ကူညီပေးဖို့ အဆင်သင့်ရှိနေပါပြီ

အခုအချိန်က High Season အတွက် အစောဆုံးနဲ့ အသင့်တော်ဆုံး ပြင်ဆင်ရမယ့် အချိန်
ဖြစ်လို့ လက်လွှတ်မခံဘဲ အမြန်ဆုံး စတင်
လိုက်ပါတော့နော်

📩 အသေးစိတ်အချက်အလက်များနှင့် Packages များကို သိရှိလိုပါက Page Direct Message (သို့) WhatsApp မှတဆင့် "Details" လို့ ပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်




Tropical Dubai

✈️ Transit လေယာဉ် စီးတော့မယ်ဆို Visa လိုလား ဘယ်လိုစစ်ရမလဲ? နိုင်ငံတကာ ခရီးသွားတဲ့အခါ Direct Flight မဟုတ်ဘဲ Transit ခံပြီ...
23/09/2026

✈️ Transit လေယာဉ် စီးတော့မယ်ဆို Visa လိုလား ဘယ်လိုစစ်ရမလဲ?
နိုင်ငံတကာ ခရီးသွားတဲ့အခါ Direct Flight မဟုတ်ဘဲ Transit ခံပြီး သွားရတဲ့အခါတွေမှာ "ငါ့မှာ Visa လိုမလား?" ဆိုတဲ့ မေးခွန်းက ခေါင်းခဲစရာ အဖြစ်ရဆုံးပါ
ဒီကိစ္စကို ခေါင်းမစားရအောင် လေဆိပ်
ရောက်မှ စိတ်ညစ်စရာမလိုအောင် အလွယ်ဆုံးနဲ့ အသေချာဆုံး စစ်ဆေးနိုင် မယ့် နည်းလမ်းတွေကို မင်မျှဝေပေးလိုက်ပါတယ်နော်

နိုင်ငံအလိုက် Visa Exemption ကို အရင်စစ်ပါ
ကိုယ် Transit လုပ်မယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လုံးဝမလိုတဲ့ နိုင်ငံတွေ (ဥပမာ- ထိုင်း၊ စင်ကာပူ) ဆိုရင်တော့ ပြဿနာမရှိပါဘူး လေဆိပ်ပြောင်းတာ Terminal ကူးတာတွေ ဘာပဲဖြစ်ဖြစ် အေးဆေးသွားလို့ရပါတယ်
Visa မရတဲ့နိုင်ငံတွေ (ဥပမာ- အိန္ဒိယ၊ တရုတ် စသည်တို့) မှာ Transit လုပ်ရင်
ဒီလိုနိုင်ငံတွေမှာ Layovers ချတော့မယ်ဆိုရင် လက်မှတ်ဝယ်ပုံဝယ်နည်းပေါ်မူတည်ပြီး အချက် ၃ ချက် ကွဲပြားသွားပါတယ်
(၁) PNR နဲ့ Airline တူညီရပါမယ်
Booking Reference / PNR တစ်ခုတည်းနဲ့ Airline လည်းတူမယ်ဆိုရင် အများအားဖြင့် Visa မလိုပါဘူး
Luggage ကလည်း Final Destination ထိ အလိုအလျောက် ရောက်သွားပြီး Gate ပြောင်းစီးရုံပါပဲ
(၂) Multiple Airlines / Terminal တူညီတယ် လက်မှတ်ကို သီးခြားစီ ၂ စောင်ဝယ်ထားမိလို့ Airline မတူတော့ပေမဲ့ Terminal က တစ်ခုတည်း ဖြစ်နေမယ်လေဆိပ်အပြင်ကို ထွက်စရာမလိုဘူးဆိုရင်လည်း များသောအားဖြင့် Transit Visa မလိုအပ်ပါဘူး
(၃)Separate Tickets / Different Terminalsဆို သတိထားရပါတော့မယ်
လက်မှတ်က ၂ စောင် သီးသန့် ဖြစ်နေမယ်
ဝင်မယ့် Terminal နဲ့ ထွက်မယ့် Terminal က
မတူဘူးဆိုရင်တော့ ကြီးကြီးမားမား သတိထားရပါပြီ
Immigration ကို မဖြစ်မနေ ဖြတ်ပြီး အပြင်ထွက် Luggage ကို ပြန်ထုတ် Check-in အသစ်ပြန်ဝင်ရမှာ ဖြစ်တဲ့အတွက် Transit Visa (သို့မဟုတ်) Entry Visa လိုအပ်ပါတော့မယ်
အထက်ပါ အချက်တွေအပြင်
တကယ့်လက်တွေ့ခရီးသွားတဲ့အခါ အောက်ပါအချက်တွေကိုပါ သေချာစွာ ထပ်မံ
ကြိုတင်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်
အချို့သော Booking App တွေ က Airline မတူတာတွေကို ပေါင်းပြီး လက်မှတ်ရောင်းတတ်ကြပါတယ်
ဒါမျိုးက Self-Transfer လို့ခေါ်ပြီး ပထမလေယာဉ် နောက်ကျရင် ဒုတိယလေယာဉ် လွတ်သွားနိုင်သလို လေဆိပ်အပြင်ထွက်ပြီး Baggage ပြန်ဆွဲရတာမို့ Visa မဖြစ်မနေ လိုအပ်တတ်ပါတယ်လက်မှတ်ဝယ်တဲ့အခါ Self-Transfer ဆိုတဲ့ စာသားပါလား သေချာကြည့်ပါ Luggage Check Through ဖြစ်မဖြစ် သေချာမေးပါ
လက်မှတ် ၂ စောင်သီးသန့်ဖြစ်နေရင် Interline Agreement ရှိမှသာ အိတ်ကို တစ်ခါတည်း လိုက်ပို့ပေးပါတယ်
မရှိရင် Terminal တူနေရင်တောင် အိတ်ထုတ်ဖို့ Immigration ဖြတ်ရတာမို့ Visa လိုသွားနိုင်ပါတယ်
Terminal ပြောင်းတဲ့အခါ တချို့လေဆိပ်ကြီးတွေမှာ Terminal တွေဟာ လေဆိပ်ရဲ့ Airside ထဲမှာ မဆက်သွယ်ဘဲ Landside ကနေ လမ်းလျှောက် သို့မဟုတ် Bus စီးပြီး ကူးရတာမျိုးရှိပါတယ်
အဲဒီလို Airside Shuttle Bus မရှိဘဲ အပြင်ကပတ်ရရင် Visa မရှိဘဲနဲ့ လုံးဝဖြတ်လို့မရပါဘူး
တချို့နိုင်ငံတွေမှာ Transit Time ကန့်သတ်ချက် ရှိပါတယ်
Visa မလိုဘဲ နေခွင့်ပေးတဲ့ အချိန်ကာလ (ဥပမာ- ၈ နာရီ၊ ၂၄ နာရီ စသည်ဖြင့်) က
နိုင်ငံနဲ့ လေဆိပ်ပေါ်မူတည်ပြီး ကွာခြားပါတယ်
ဥပမာ- တချို့လေဆိပ်တွေမှာ 24 နာရီထက်ကျော်ရင် လေဆိပ်ထဲမှာ ဆက်နေခွင့်မရှိဘဲ Visa လိုအပ်ပါတယ်
ဘယ်လိုပဲ ဖြစ်ဖြစ်လေယာဉ်လက်မှတ်
မဝယ်ခင်မှာ ကိုယ်ဖြတ်မယ့် လေဆိပ်ရဲ့ Official Website မှာ မိမိရဲ့ Passport အမျိုးအစားနဲ့ Transit လိုအပ်ချက်တွေကို ၁၀၀% သေချာအောင် ကြိုတင်စစ်ဆေးဖို့ အကြံပြုချင်ပါတယ်
ခရီးသွားတိုင်း ဘေးကင်းလုံခြုံပြီး
အဆင်ပြေချောမွေ့ကြပါစေရှင် 🧳✈️

Tropical Dubai



Dubai မှာ K-Pop နဲ့ K-Culture ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ပွဲကြီးလာပါပြီ  🇰🇷ဒူဘိုင်းမှာ ကိုရီးယားရဲ့ အရသာနဲ့ ဖက်ရှင်...
20/09/2026

Dubai မှာ K-Pop နဲ့ K-Culture ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ပွဲကြီးလာပါပြီ 🇰🇷
ဒူဘိုင်းမှာ ကိုရီးယားရဲ့ အရသာနဲ့ ဖက်ရှင်အလှအပတွေကို တဝကြီး ခံစားလို့ရမယ့် "Dubai K-Fest" ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မယ်နော်
စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ (၁၀ ရက် တိုင်တိုင်) ကျင်းပ
ပြုလုပ်သွားမှာ ဖြစ်ပါတယ်
ကိုရီးယား BBQ တွေ Ramyeon ခေါက်ဆွဲစပ်စပ်လေးတွေနဲ့ တခြား ကိုရီးယား စားစရာကောင်းကောင်းလေးတွေ နာမည်ကြီး ကိုရီးယား အလှကုန်တွေနဲ့ Skincare အမှတ်တံဆိပ်တွေ
K-Pop သီချင်းတွေနဲ့အတူ ကိုရီးယား ယဉ်ကျေးမှုအငွေ့အသက်တွေကို
တစ်နေရာထဲမှာ အပြည့်အဝ ခံစားရတော့မှာပါ
playlist ထဲမှာ K-Pop တွေချည်းပဲ ထည့်ထားတဲ့သူတွေ ကိုရီးယားကား ဘယ်နှစ်ကားတောင် ကြည့်ပြီးပြီလဲ ရေတောင်မရေတတ်တော့တဲ့
K-Drama addicted ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက်တော့ ဒါ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲပါပဲ
ကဲ... ဘယ်သူတွေဒီပွဲအတွက် Ready ဖြစ်နေကြပြီလဲ👀

16/09/2026

Dubai မှာ 99 AED နဲ့ Korea BBQ Unlimited ရတယ်ဆိုရင် ယုံကြမလား 👀🇰🇷
Korean BBQ ကြိုက်တတ်တဲ့ မင်မင့်လို လူတွေ ဒီဆိုင်လေးကို သွားtry ကြည့်ဖို့ မမေ့ကြပါနဲ့အုန်းနော်🤍


Tropical Dubai နှင့် Passport အမြန် Service အပ်ထားသူများ စာအုပ်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🌷📢 P...
15/09/2026

Tropical Dubai နှင့် Passport အမြန် Service အပ်ထားသူများ စာအုပ်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🌷
📢 Passport သက်တမ်းတိုးရန်
📌 လိုအပ်သောစာရွက်စာတမ်းများ

• မူရင်း Passport စာအုပ်
• မှတ်ပုံတင် (NRC) မိတ္တူ
• အိမ်ထောင်စုစာရင်း မိတ္တူ
•Passport ဓာတ်ပုံ(၂ပုံ)
(35 mm x 45 mm, 600 Resolutions နောက်ခံအဖြူမျက်နှာပုံစံ 80% ပါရှိရမည်
(၆) လအတွင်း ရိုက်ကူးထားသောပုံဖြစ်ရမည်)
•Salary Certificate သို့မဟုတ် Offer Letter
•Emirates ID (ရှေ့/နောက်) မိတ္တူ

📩 Passport သက်တမ်းတိုး ဝန်ဆောင်မှု အတွက် အသေးစိတ်သိရှိလိုပါက Page Messenger or WhatsApp 056 441 2879
+959 955438556 တွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

📞 အခက်အခဲမရှိဘဲ အဆင်ပြေစွာ လျှောက်ထားနိုင်ရန် Tropical Dubai မှ
အမြဲ အဆင်သင့်ရှိနေပါတယ်ရှင်

Tropical Dubai ရဲ့ All-in-One Package နဲ့ မြန်မာပြည်ကနေ UAE ကို အဆင်ပြေချောမွေ့စွာနဲ့ ခြေချနိုင်ခဲ့တဲ့ Client လေးတွေပါ ✈...
11/09/2026

Tropical Dubai ရဲ့ All-in-One Package နဲ့ မြန်မာပြည်ကနေ UAE ကို အဆင်ပြေချောမွေ့စွာနဲ့ ခြေချနိုင်ခဲ့တဲ့ Client လေးတွေပါ ✈️
လက်ရှိ UAE မှာ အလုပ်အကိုင်
အခွင့်အလမ်းတွေ ရှာဖွေဖို့ လိုအပ်တဲ့ Training တွေနဲ့ လမ်းကြောင်းမှန်ကန်ဖို့ စဉ်းစားနေကြတဲ့ သူငယ်ချင်းတွေအတွက် Tropical Dubai က အစစအရာရာ အနီးကပ် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်
ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု
မှန်ကန်တိကျတဲ့ လမ်းညွှန်မှုတွေနဲ့အတူ ကိုယ့်ရဲ့ အိပ်မက်လမ်းကြောင်းကို အတူတူ စတင်လိုက်ရအောင်ပါ 💪
Tropical Dubai Services:
Travel Consulting
Career Guidance
Resume Preparation
All-in-One Package Serviceကို
📩 အသေးစိတ်သိရှိလိုပါက
Page Messenger or
WhatsApp: 056 441 2879
+959 955438556
Viber မှတဆင့် ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါတယ်ရှင်

08/09/2026

Al Rigga မှာ မြန်မာတွေ အတွက် မထင်မှတ်ထားတဲ့ food spot လေးတစ်ခု ✨

Address

No. (23), Room (103), (5) Street B Block, Yuzana Garden City, Dagon Seikkan Township
Dubai

Alerts

Be the first to know and let us send you an email when Tropical Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tropical Dubai:

Shortcuts

Share

Category