14/05/2024
ဒူဘိုင်းမှာ အလုပ်ရဖို့ ကြာနေတာ ဘာကြောင့်လဲ။ အပိုင်း ( ၁ )
ရောက်နေတာလည်းကြာပြီ အလုပ်ကလည်း မရသေးဘူးဆိုရင် တစ်ခုခုကတော့ မှားနေပါပြီ။ ဒါကြောင့် မှားနေတာတွေကို ပြန်သုံးသပ်ရပါလိမ့်မယ်။ ဒီလို သုံးသပ်ဖို့ဆိုရင် ဘယ်နေရာမှာ မှားလည်းဆိုတာကို အရင်ဆုံး သုံးသပ်ဖို့လိုပါလိမ့်မယ်။
ဒီအတွက် အကြမ်းဖျင်း အဆင့် ၆ ဆင့် ရှိတယ်လို့ မှတ်ထားပေးပါ။ ဒါတွေကတော့ –
အဆင့် ( ၁ ) ပြင်ဆင်တဲ့ အဆင့်
အဆင့် ( ၂ ) အလုပ်ရှာတဲ့ အဆင့်
အဆင့် ( ၃ ) အလုပ်လျှောက်တဲ့ အဆင့်
အဆင့် ( ၄ ) Interview လက်ခံတဲ့ အဆင့်
အဆင့် ( ၅ ) interview ဖြေကြားတဲ့ အဆင့်
အဆင့် ( ၆ ) ညှိနှိုင်းတဲ့ အဆင့်
ဆိုပြီး ၆ ဆင့်ရှိပါလိမ့်မယ်။ ဒီ အဆင့် ၆ ဆင့် လုံးရဲ့ တစ်ခုစီ အတွက် သီးသန့် Content တွေလည်း တင်ပေးဖို့ ကြိုးစားပေးပါမယ်။
*******
ကိုယ်လျှောက်တဲ့ အလုပ်၊ နယ်ပယ် အကြောင်းကိုအပြည့်အစုံ မဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ သိထားရပါမယ်။ ဒါကိုမှ မသိဘူးဆိုရင် အဆင့် ( ၁ ) မှာ ကတည်းက မှားနေပါပြီ။
အဆင့် ( ၁ ) ပြင်ဆင်တဲ့ အဆင့်မှာ ကိုယ်လျှောက်မယ့် နယ်ပယ်၊ အလုပ်အကြောင်းကို သေချာ လေ့လာရပါမယ်။ ဒါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ လိုအပ်ချက်တွေကိုလည်း ဖြည့်ထားဖို့ လိုပါလိမ့်မယ်။ အခြေခံလိုအပ်ချက်တွေကတော့ မဖြစ်မနေရှိထားမှရမှာပါ။ ဒါတွေကို လုပ်ထားနိုင်ခဲ့ရင် အဆင့် ( ၁ ) အောင်ပါတယ်။
*******
အဆင့် ( ၂ ) အလုပ်ရှာတဲ့ အဆင့်မှာတော့ ကိုယ်လျှောက်တဲ့ နယ်ပယ်ရဲ့ Market အသွားအလာက စကားပြောပါတယ်။ ဒါကိုတော့ အကျယ်မပြောတော့ပဲ ကိုယ်လျောက်တဲ့ လုပ်ငန်းရဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါများမှု အပေါ်မှာ မူတည်တယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရပါတယ်။
အဆင့် ( ၂ ) မှာ ထွေထွေ ထူးထူးမရှိပါဘူး။ Networking, Communication နဲ့ ကျွမ်းကျင်လိမ္မာမှုက အခရာ ပါပဲ။ အလုပ်လျှောက်ဖို့ Job Vacancyတွေ၊ အလုပ်ခေါ်စာတွေ မတွေ့ဘူး၊ အပြင်ကိုလည်း မထွက်ဖြစ်ဘူး၊ Online မှာလဲ ဘယ်လိုရှာရမှန်းမသိဘူး။ အကူအညီတောင်းဖို့လဲ ဝန်လေးနေတယ်ဆိုရင် အဆင့် (၂ ) မှာ မှားနေပါတယ်။
******
အမြဲတမ်းအတွက် အဆင်သင့်ဖြစ်နေဖို့ စံ ပြည့်မှီတဲ့ CV ကောင်းကောင်းတစ်ခုရှိဖို့လိုပါမယ်။ သက်ဆိုင်ရာ အလုပ်ခေါ်စာတွေ အလိုက်လည်း CV / Resume တွေကို အလိုက်သင့်ပြင်ဖို့လိုပါလိမ့်မယ်။ ကုမ္ပဏီ/ အလုပ်နေရာကို လိုက်ပြီးလည်း ပါးပါးနပ်နပ် အလုပ်လျှောက်တက်ဖို့ လိုပါလိမ့်မယ်။ Cover Letter ကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။
အဆင်သင့်ဖြစ်နေရမယ့် CV ဟာလဲ ATS scanner အတွက်ရော Manually အတွက်ပါ အဆင်ပြေမယ့် CV တစ်စောင်ဖြစ်နေရပါမယ်။ Online ကနေ လျှောက်တဲ့အခါ E mail ကိုလဲ စနစ်တကျရေးပြီး လျှောက်ဖို့လိုပါသေးတယ်။ ဒါအပြင် Follow-up တွေကိုလည်း မမေ့လျော့ဖို့လိုပါသေးတယ်။ အလုပ်လျှောက်ဖို့အတွက် CV/Resume အဆင်သင့်မဖြစ်ဘူး၊ တစ်နေ့မှာ အလုပ်ကို ၁၀ ခုလောက်မှ မလျှောက်ဘူး ( နယ်ပယ်ပေါ်မူတည်ပါတယ် ) ဆိုရင် အဆင့် ( ၃ ) ကျပါတယ်။
CV အတွက် သီးသန့် Content တစ်ပုဒ်ရေးပါဦးမယ်၊ ကျွန်တော်တို့ဆီမှာလည်း CV ဝန်ဆောင်မှု ရယူနိုင်ပါတယ်။
အပိုင်း ( ၂ ) ဆက်ပါဦးမယ်။
#ဒူဘိုင်း