SEEK Vung Tau Travel

SEEK Vung Tau Travel အာရှရဲ့ အကြီးမားဆုံး ယေရှုခရစ်တော်ရုပ်တုရှိရာ Ho Chi Minh - Vung Tau ခရီးစဥ် 🇻🇳

20/08/2026

ဝတ်ပြုခရီးစဉ်တစ်ခုဆိုတာ နေရာတစ်ခုကို သွားရောက်ခြင်းထက် ပိုမိုနက်ရှိုင်းတဲ့ ခရီးတစ်ခုပါ။ 🙏

Pilgrimage (ဝတ်ပြုခရီးစဉ်) ဆိုတာ သာမန်ခရီးသွားခြင်းတစ်ခုမဟုတ်ဘဲ ဘုရားသခင်နဲ့ ပိုမိုနီးကပ်လာစေရန်၊ မိမိရဲ့ ယုံကြည်ခြင်းကို ပြန်လည်သုံးသပ်ရန်နဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အားဖြည့်ရန် သွားရောက်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ဝတ်ပြုခရီးမစတင်ခင်မှာ နေရာသွားဖို့ ပြင်ဆင်ခြင်းထက် စိတ်နှလုံးကို ပြင်ဆင်ခြင်းက ပိုအရေးကြီးပါတယ်။

ခရီးစဉ်မစခင်...

✨ မိမိရဲ့ ရည်ရွယ်ချက်ကို ပြန်လည်စဉ်းစားခြင်း
✨ တိတ်ဆိတ်စွာ ဆုတောင်းခြင်းနဲ့ ဆင်ခြင်သုံးသပ်ခြင်း
✨ အခြားသူတွေအပေါ် နားလည်မှုနဲ့ မေတ္တာထားခြင်း
✨ ယုံကြည်ခြင်းနဲ့ ပွင့်လင်းတဲ့စိတ်ထားဖြင့် ခရီးစတင်ခြင်း တို့က ဝတ်ပြုခရီးစဉ်ရဲ့ အဓိပ္ပါယ်ကို ပိုမိုနက်ရှိုင်းစေပါတယ်။

အဆောက်အအုံ၊ ဘုရားကျောင်း ဒါမှမဟုတ် သန့်ရှင်းတဲ့နေရာတွေကို သွားရောက်ခြင်းထက် အရေးကြီးတာက အဲ့ဒီခရီးကနေ မိမိရဲ့ စိတ်နှလုံးမှာ ဘာတွေ ပြောင်းလဲလာမလဲဆိုတာပါ။

ခရစ်ယာန်သမိုင်းကြောင်းတွေ၊ ဘာသာရေးအမွေအနှစ်တွေနဲ့ သာယာလှပတဲ့ Vung Tau မြို့လေးဆီ ဝတ်ပြုဆင်ခြင်ခြင်းနဲ့အတူ ခရီးသွားလိုပါက SEEK Vung Tau Travel နဲ့အတူ အဓိပ္ပါယ်ရှိတဲ့ Pilgrimage Journey တစ်ခုကို စတင်လိုက်ပါ။ ✝️🇻🇳

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]








Vung Tau မြို့လေးရဲ့ ခရစ်ယာန်သမိုင်းအစကို သိပါသလား? 🇻🇳⛪ယနေ့မှာတော့ ပင်လယ်ကမ်းခြေ၊ တောင်တန်းနဲ့ လှပတဲ့ရှုခင်းတွေကြောင့် လ...
18/08/2026

Vung Tau မြို့လေးရဲ့ ခရစ်ယာန်သမိုင်းအစကို သိပါသလား? 🇻🇳⛪

ယနေ့မှာတော့ ပင်လယ်ကမ်းခြေ၊ တောင်တန်းနဲ့ လှပတဲ့ရှုခင်းတွေကြောင့် လူသိများတဲ့ Vung Tau မြို့လေးဟာ တစ်ချိန်က ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

၁၆ ရာစုနောက်ပိုင်းကာလတွေမှာ ဥရောပနိုင်ငံတွေက သာသနာပြုအဖွဲ့တွေဟာ အာရှဒေသများကို ရောက်ရှိလာခဲ့ကြပြီး Vietnam နိုင်ငံမှာလည်း ခရစ်ယာန်ဘာသာကို မိတ်ဆက်ပေးခဲ့ကြပါတယ်။

အထူးသဖြင့် ပြင်သစ်သာသနာပြုတွေဟာ Vietnam တောင်ပိုင်းဒေသတွေမှာ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံလူထုတွေနဲ့ ထိတွေ့ဆက်ဆံကာ ခရစ်ယာန်အသိုင်းအဝိုင်းတွေ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ပါတယ်။

Vung Tau ဟာ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တာကြောင့် နိုင်ငံခြားသားတွေ၊ ကုန်သွယ်ရေးသမားတွေနဲ့ သာသနာပြုတွေ ဝင်ရောက်လာရာ လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီကာလတွေကစပြီး မြို့အတွင်းမှာ ဘုရားကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ဆောက်လာခဲ့ကြပြီး ယနေ့အချိန်ထိ Vung Tau မြို့ရဲ့ သမိုင်းအစိတ်အပိုင်းတစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

Vung Tau ကို လည်ပတ်တဲ့အခါ မြင်ရတဲ့ ပင်လယ်နဲ့ တောင်တန်းအလှတရားတွေအပြင် ဒီမြို့လေးရဲ့ နောက်ကွယ်က နှစ်ပေါင်းများစွာ ရှည်လျားတဲ့ သမိုင်းဇာတ်လမ်းတွေကိုလည်း တွေ့ရှိနိုင်မှာပါ။

ပင်လယ်ပြင်ရဲ့ ငြိမ်းချမ်းမှု၊ သမိုင်းဝင် ဗိသုကာအလှတရားတွေနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းကြီးမားလှစွာသော သာသနာပြုနယ်မြေအမွေအနှစ်များကို စိတ်အေးချမ်းသာစွာ ဖူးမြော်လေ့လာနိုင်ဖို့ SEEK Vung Tau Travel မှ Tour Packages များ စီစဥ်ပေးလျက်ရှိပါတယ်။

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]

11/07/2026

မုန်တိုင်းတွေကြားမှာ ဆယ်စုနှစ်များစွာ ကြံ့ကြံ့ခံရပ်တည်ခဲ့သည့် ယုံကြည်ခြင်းရဲ့ ပြယုဂ် Christ of Vung Tau ✝️🌊

၁၉၇၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ အာရှရဲ့ အကြီးမားဆုံး ခရစ်တော်ရုပ်တုကြီး Christ of Vung Tau" ဟာ ခေတ်ကာလစနစ်မျိုးစုံ၊ ပြောင်းလဲမှုမျိုးစုံနဲ့ ပင်လယ်ပြင်က လေပြင်းမုန်တိုင်းဒဏ်တွေကို အကြိမ်ကြိမ် အံတုရင်း ယနေ့တိုင် အခိုင်အမာ တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် "ဘယ်လိုလောကီမုန်တိုင်းတွေပဲ တိုက်ခတ်ပါစေ ကိုယ်တော်ရှင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မေတ္တာတော်ဟာ အစဉ်အမြဲ တည်တံ့နေတယ်" ဆိုတဲ့ ခွန်အားကို ပေးစွမ်းနေတာပါပဲ။ ✝️

ဒါ့အပြင် ရုပ်တုရှိရာကို တောင်ခြေကနေ လှေကားထစ် ၈၀၀ ကျော်ကို တစ်လှမ်းချင်း တက်လှမ်းရင်း ရုပ်တုကြီးရဲ့ ပခုံးထက်က အတွင်းလှေကားအတိုင်း တက်ရောက်ပြီးတဲ့အခါ အဆုံးမရှိကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးကို ငေးမောကာ ကိုယ်တော်ရဲ့ မေတ္တာနဲ့ ငြိမ်သက်ခြင်းကို စိတ်နှလုံးထဲ အပြည့်အဝ နှလုံးသွင်းနိုင်မှာ ဖြစ်ပါတယ်။

အခုလို ဆယ်စုနှစ်များစွာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ယုံကြည်ခြင်းသက်သေဖြစ်နေတဲ့ Christ of Vung Tau ဆီကို ကိုယ်တိုင်ဖြစ်စေ၊ မိသားစုနဲ့ အသင်းတော်များအလိုက်ဖြစ်စေ သွားရောက်လိုပါက အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 💙

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]







"တောင်ကြီးတို့သည် ယေရုရှလင်မြို့ကို ဝိုင်းရံသကဲ့သို့၊ ထာဝရဘုရားသည် ယခုမှစ၍ အစဉ်အမြဲ မိမိလူတို့ပတ်လည်၌ ရှိတော်မူ၏။" (ဆာလံ...
09/07/2026

"တောင်ကြီးတို့သည် ယေရုရှလင်မြို့ကို ဝိုင်းရံသကဲ့သို့၊ ထာဝရဘုရားသည် ယခုမှစ၍ အစဉ်အမြဲ မိမိလူတို့ပတ်လည်၌ ရှိတော်မူ၏။" (ဆာလံ ၁၂၅း၂)

ကျမ်းစာစောင်တွေကို ဖတ်ရှုတဲ့အခါ ယေရှုခရစ်တော် ဟောကြားခဲ့တဲ့ တောင်ကုန်းတွေ၊ ငြိမ်သက်ခြင်းကို ပေးစွမ်းတဲ့ ပင်လယ်ပြင်ရှုခင်းတွေကို စိတ်ကူးယဉ်ဖူးကြတယ်မလား?

🇻🇳 ဗီယက်နမ်နိုင်ငံ Vung Tau မြို့ရဲ့ တောင်တန်းတွေပေါ်ကို တက်လှမ်းလိုက်တဲ့အခါ သမ္မာကျမ်းစာလာ နေရာဒေသတွေထဲ ရောက်ရှိသွားသလိုမျိုး ထူးခြားတဲ့ ဝိညာဉ်ရေးရာအာရုံကို ခံစားရစေပါတယ်။

အာရှတစ်ခွင် အကြီးမားဆုံးသော ခရစ်တော် ရုပ်တုကြီးရှိရာ Mount Nho အပါအဝင် Vung Tau ရဲ့ တောင်တန်းတွေဟာ ကျမ်းစာလာ သံလွင်တောင် (သို့) သိနာတောင်တို့လိုပဲ မြင့်မားငြိမ်သက်ပြီး ကိုယ်တော်ရှင်ရဲ့ ဘုန်းတန်ခိုးတော်နဲ့ ဖန်ဆင်းခြင်းအတိုင်း စိမ်းလန်းစိုပြည်လှပါတယ်။ 🏔️

တောင်ပေါ်ကနေ အောက်ကို ငေးမောကြည့်လိုက်ရင် မြင်တွေ့ရတဲ့ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးနဲ့ တိုက်ခတ်လာတဲ့ လေပြေအေးလေးတွေဟာ ကာလိလဲအိုင်နားမှာ သခင်ယေရှု တပည့်တော်တွေကို ငြိမ်သက်ခြင်းပေးခဲ့တဲ့ အခိုက်အတန့်ကို ပြန်လည်အောက်မေ့စေပါတယ်။ 🌊

ဒါ့အပြင် Christ of Vung Tau ခရစ်တော်ရုပ်တုရှိရာ တောင်ထိပ်ပေါ်သို့ ရောက်ရှိတဲ့အခါ မြို့ပြရဲ့ ဆူညံမှုတွေနဲ့ ဆုတောင်းဝတ်ပြုမှုတွေ လုပ်ဖို့အတွက် အကောင်းဆုံး၊ အေးချမ်းဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။

ဒီလို သမ္မာကျမ်းစာလာ လှပတဲ့ သဘာဝရှုခင်းတွေကြားမှာ မိသားစုတွေ၊ အသင်းသားတွေ စိတ်အေးချမ်းသာစွာနဲ့ ဝိညာဉ်ရေးရာ အားသစ်လောင်းနိုင်ဖို့ SEEK Vung Tau Travel မှ Vung Tau-Ho Chi Minh ခရီးစဥ်အစအဆုံးကို ပြင်ဆင်ပေးထားပါတယ်ရှင် 💙

ရာသီဥတု ကောင်းမွန်သာယာချိန် နှစ်ကုန်ပိုင်းတွေမှာ ကျမ်းစာလာအလှတရားတွေအတိုင်း ခံစားရမယ့် Vung Tau ဝတ်ပြုခရီးစဉ်ကို သွားရောက်ဖို့ အခုပဲ SEEK Vung Tau Travel မှာ စုံစမ်းမေးမြန်းလိုက်တော့နော်

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]








_____________________________________________________

မုန်တိုင်းတွေကြားမှာ ဆယ်စုနှစ်များစွာ ကြံ့ကြံ့ခံရပ်တည်ခဲ့သည့် ယုံကြည်ခြင်းရဲ့ ပြယုဂ် Christ of Vung Tau ✝️🌊

၁၉၇၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ အာရှရဲ့ အကြီးမားဆုံး ခရစ်တော်ရုပ်တုကြီး Christ of Vung Tau" ဟာ ခေတ်ကာလစနစ်မျိုးစုံ၊ ပြောင်းလဲမှုမျိုးစုံနဲ့ ပင်လယ်ပြင်က လေပြင်းမုန်တိုင်းဒဏ်တွေကို အကြိမ်ကြိမ် အံတုရင်း ယနေ့တိုင် အခိုင်အမာ တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် "ဘယ်လိုလောကီမုန်တိုင်းတွေပဲ တိုက်ခတ်ပါစေ ကိုယ်တော်ရှင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မေတ္တာတော်ဟာ အစဉ်အမြဲ တည်တံ့နေတယ်" ဆိုတဲ့ ခွန်အားကို ပေးစွမ်းနေတာပါပဲ။ ✝️

ဒါ့အပြင် ရုပ်တုရှိရာကို တောင်ခြေကနေ လှေကားထစ် ၈၀၀ ကျော်ကို တစ်လှမ်းချင်း တက်လှမ်းရင်း ရုပ်တုကြီးရဲ့ ပခုံးထက်က အတွင်းလှေကားအတိုင်း တက်ရောက်ပြီးတဲ့အခါ အဆုံးမရှိကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးကို ငေးမောကာ ကိုယ်တော်ရဲ့ မေတ္တာနဲ့ ငြိမ်သက်ခြင်းကို စိတ်နှလုံးထဲ အပြည့်အဝ နှလုံးသွင်းနိုင်မှာ ဖြစ်ပါတယ်။

အခုလို ဆယ်စုနှစ်များစွာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ယုံကြည်ခြင်းသက်သေဖြစ်နေတဲ့ Christ of Vung Tau ဆီကို ကိုယ်တိုင်ဖြစ်စေ၊ မိသားစုနဲ့ အသင်းတော်များအလိုက်ဖြစ်စေ သွားရောက်လိုပါက အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 💙

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]







ကမ္ဘာတစ်ဝန်းမှာ ခရစ်ယာန်ယဉ်ကျေးမှု ထွန်းကားရာ သန့်ရှင်းသောမြေ (Sacred Sites) တွေရဲ့ ဖြစ်တည်မှု သမိုင်းအကြောင်းကို သိပါသလ...
07/07/2026

ကမ္ဘာတစ်ဝန်းမှာ ခရစ်ယာန်ယဉ်ကျေးမှု ထွန်းကားရာ သန့်ရှင်းသောမြေ (Sacred Sites) တွေရဲ့ ဖြစ်တည်မှု သမိုင်းအကြောင်းကို သိပါသလား?

ကမ္ဘာတစ်ဝန်းမှာ ခရစ်ယာန်အသိုင်းအဝိုင်း ထွန်းကားရာ Sacred Sites တွေ၊ Pilgrimage Sites တွေ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းဟာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ရှေးယခင် ရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်သူတွေဟာ ယေရှုခရစ်တော်ရဲ့ တန်ခိုး သက်သေထူခဲ့တဲ့ နေရာတွေ၊ ကနဦးအသင်းတော်တွေရဲ့ သမိုင်းဝင်မြေတွေကို ရှာဖွေပြီး ဝတ်ပြုဆုတောင်းခြင်း အစဉ်အလာကို အသက်သွင်းခဲ့ကြတာ ဖြစ်ပါတယ်ရှင်။

📍 Middle East (ကနဦး သက်သေခံမြေ)

Jerusalem, Bethlehem နဲ့ Jordan River တစ်လျှောက် နေရာတွေဟာ သခင်ယေရှု လူသားအဖြစ် မွေးဖွားခြင်း၊ တရားဒေသနာဟောကြားခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့တဲ့ ခရစ်ယာန်ဘာသာရဲ့ အစပြုရာ အမွန်မြတ်ဆုံး နေရာတွေ ဖြစ်ပါတယ်။

📍 Europe (အသင်းတော် ထွန်းကားပြန့်ပွားရာမြေ)

Rome မြို့က Vatican, Spain နိုင်ငံက Santiago de Compostela အစရှိတဲ့ နေရာတွေဟာ တပည့်တော်ကြီးတွေရဲ့ သာသနာပြုလုပ်ငန်းတွေ၊ သက်သေခံချက်တွေနဲ့အတူ ခရစ်ယာန်အခြေခံ ယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာတွေ ကမ္ဘာကျော်အောင် ထွန်းကားပြန့်ပွားခဲ့တဲ့ သမိုင်းဝင်မြေတွေ ဖြစ်လာခဲ့ပါတယ်။

📍 Asia (ယုံကြည်ခြင်း ခံနိုင်ရည်ရှိရာမြေ)

Europe တင်မကဘဲ Asia တိုက်အတွင်းမှာလည်း သမိုင်းဝင် သန့်ရှင်းသောမြေတွေ ရှိနေပါတယ်။ အထူးသဖြင့် Vietnam နိုင်ငံက Vung Tau မြို့ဟာ ၁၉ ရာစုကတည်းက ပြင်သစ်သာသနာပြုတွေ အခြေစိုက်ပြီး Catholic အသင်းတော်တွေ အခိုင်အမာ ထွန်းကားခဲ့တဲ့ သမိုင်းဝင် ရေမြေတစ်ခု ဖြစ်ပါတယ်။

တောင်ထိပ်ထက်က Christ of Vung Tau ရုပ်တုကြီးနဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးတွေဟာ Asia တိုက်ရဲ့ အထင်ကရ သန့်ရှင်းသော ဝတ်ပြုရာဌာနတစ်ခုအဖြစ် ယနေ့ထက်ထိ တောက်ပနေတာ ဖြစ်ပါတယ်။

ယုံကြည်ခြင်းတူသူ မိတ်ဆွေများအတွက် သမိုင်းဝင် Sacred Sites တွေဆီ သွားရောက်ပြီး ဝိညာဉ်ရေးရာ ခွန်အားယူဖို့အတွက် အဝေးကြီးကို သွားနေစရာမလိုဘဲ Asia အတွင်းမှာတင် အမွန်မြတ်ဆုံး ခံစားမှုကို ရရှိနိုင်ဖို့ Vung Tau Pilgrimage Tour ကို SEEK က စီစဥ်ဖန်တီးပေးထားပါတယ်ရှင်။ ✝️

လာမယ့် နှစ်ကုန်ပိုင်း ခရီးသွားရာသီတွေအတွက် Tour Package များကို ကြိုတင်ဝယ်ယူကာ Booking လုပ်ထားနိုင်ပြီမို့ အခုပဲ SEEK Vung Tau Travel ကို ဆက်သွယ်စုံစမ်းလိုက်တော့နော် 🙌

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]







ခရစ်ယာန်မိသားစုများနှင့် အသင်းသားများအတွက် စိတ်နှလုံးငြိမ်သက်ခြင်းကို ပေးစွမ်းမည့် Vung Tau ဝတ်ပြုခရီးစဉ်အပြင်၊ Vietnam ...
05/07/2026

ခရစ်ယာန်မိသားစုများနှင့် အသင်းသားများအတွက် စိတ်နှလုံးငြိမ်သက်ခြင်းကို ပေးစွမ်းမည့် Vung Tau ဝတ်ပြုခရီးစဉ်အပြင်၊ Vietnam နိုင်ငံရဲ့ အစည်ကားဆုံး Ho Chi Minh မြို့ပြကိုပါ လည်ပတ်နိုင်မယ့် ခရီးစဉ်ကြီးကို SEEK Vung Tau Travel က အစအဆုံး ဖန်တီးပေးလိုက်ပြီဖြစ်ပါတယ်ရှင်။ ⛪✨

ဤခရီးစဉ်အတွင်း ရောက်ရှိမည့် အထင်ကရနေရာများ -

✨ Christ the King Statue (အာရှရဲ့ အကြီးမားဆုံး ခရစ်တော်ရုပ်တု)
Mount Nho တောင်ထိပ်ထက်မှာ ဆယ်စုနှစ်များစွာ ကြံ့ကြံ့ခံရပ်တည်နေတဲ့ သခင့်ထံ ယုံကြည်ခြင်းခြေလှမ်းများဖြင့် တက်လှမ်းဆုတောင်းခြင်း။

✨ Statue of Our Lady of Vung Tau (မယ်တော်မာရိရုပ်တု)
ပင်လယ်ပြင်ကို မျက်နှာမူကာ ငြိမ်သက်အေးချမ်းလှတဲ့ မယ်တော်ပင့်ဆောင်ရာတောင်ကုန်းပေါ်တွင် စိတ်နှလုံးကို သန့်ရှင်းစေခြင်း။

✨ Ky D**g Church
ဒေသခံ ကက်သလစ်အသင်းတော်ရဲ့ ဝတ်ပြုကိုးကွယ်မှု ဓလေ့စရိုက်တွေကို အနီးကပ် လေ့လာဆုတောင်းနိုင်မည့် နေရာ။

✨ Notre-Dame Cathedral Basilica of Saigon & Saigon Central Post Office
ပြင်သစ်ခေတ် လက်ရာ သက်တမ်းရင့် ကသီဒြယ်ဘုရားကျောင်းကြီးနှင့် ကမ္ဘာကျော် ရှေးဟောင်းစာတိုက်ကြီးအလှကို ငေးမောခြင်း။

✨ Saigon Opera House
ဥရောပဆန်ဆန် ဗိသုကာပညာရပ်တွေဖြင့် တည်ဆောက်ထားသည့် အထင်ကရ ပြဇာတ်ရုံကြီး။

✨ Binh Tay Market (Cholon)
အမှတ်တရလက်ဆောင်များနှင့် ဒေသထွက်ပစ္စည်းများကို စိတ်ကြိုက် Shopping ထွက်နိုင်မည့် ရိုးရာဈေးကြီး။

✨ Saigon River Cruise
ညဘက်တွင် ဆိုင်ဂုံမြစ်တစ်လျှောက် ဆွဲဆောင်မှုရှိတဲ့ မြို့ပြမီးရောင်စုံအလှကို ကြည့်ရှုရင်း ဇိမ်ကျကျ ညစာသုံးဆောင်ခြင်း။

လာမယ့် နှစ်ကုန်အားလပ်ရက်တွေမှာ မိသားစုဝင်အားလုံး စုပေါင်းပြီး ဝိညာဉ်ရေးရာခွန်အားရော၊ ပျော်ရွှင်စရာ အမှတ်တရတွေပါ တစ်ပြိုင်နက် ရယူနိုင်ဖို့ Ho Chi Minh - Vung Tau ခရီးစဉ် Package အကြောင်းကို အခုပဲ SEEK Vung Tau Travel မှာ လာရောက် ဆွေးနွေးတိုင်ပင်လိုက်တော့နော်။ 💙

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]








Vung Tau မြို့ရဲ့ Big Mountain တောင်စောင်းထက်မှာ တည်ရှိတဲ့ Statue of Our Lady of Vung Tau (မယ်တော်မာရိရုပ်တု) ဟာ ပင်လယ်ပ...
04/07/2026

Vung Tau မြို့ရဲ့ Big Mountain တောင်စောင်းထက်မှာ တည်ရှိတဲ့ Statue of Our Lady of Vung Tau (မယ်တော်မာရိရုပ်တု) ဟာ ပင်လယ်ပြင်ကို မျက်နှာမူပြီး ကမ္ဘာလှည့် ခရစ်ယာန်ဘုရားဖူးတွေကို အေးချမ်းခြင်းအငွေ့အသက်တွေနဲ့ ဆီးကြိုနေပါတယ်ရှင်။ ✝️💙

ဤနေရာရဲ့ အဓိက Highlight ကတော့ မယ်တော်မာရိရုပ်တုကြီးရဲ့ ပတ်ပတ်လည်မှာ ဝိုင်းရံတည်ရှိနေတဲ့ ဆုတောင်းဥယျာဉ်ပဲ ဖြစ်ပါတယ်။

မြို့ပြရဲ့ ဆူညံမှုတွေနဲ့ ဝေးကွာပြီး သဘာဝသစ်ပင်စိမ်းစိမ်းတွေ၊ လှပတဲ့ ပန်းမန်တွေနဲ့ စီမံဖန်တီးထားတဲ့ ဤဆုတောင်းဥယျာဉ်ဟာ မိသားစုဝင်တွေနဲ့ အသင်းသားတွေ စိတ်ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းဖို့ အကောင်းဆုံးနေရာတစ်ခုပါ။

🍃 ဥယျာဉ်အတွင်းမှာ သခင်ယေရှု ခံထမ်းခဲ့ရတဲ့ ဒုက္ခစရိယာလမ်းစဉ် (၁၄) ဌာနကို ဖော်ညွှန်းထားတဲ့ အနုပညာမြောက် ရုပ်တုထုဆစ်ချက်တွေ...
🍃 ဥယျာဉ်ရဲ့ ထောင့်တိုင်းမှာ အေးရိပ်ရစေမည့် သစ်ပင်ကြီးတွေနဲ့ ထိုင်ခုံလေးတွေ...
🍃 သမ္မာကျမ်းစာ ဖတ်ရှုခြင်း၊ ဓမ္မသီချင်းများကို တိုးတိုးညင်သာစွာ ချီးမွမ်းခြင်းနဲ့ ခရစ်တော်ထံ တိုးဝင်ရင်ဖွင့် ဆုတောင်းခြင်းတို့ လွှမ်းခြုံနေမှုတွေ...

ဒီလို အမွန်မြတ်ဆုံး ခံစားမှုကို ပေးစွမ်းမည့် မယ်တော်မာရိရုပ်တုကြီးနဲ့ ဆုတောင်းဥယျာဉ်ဆီမှာ မိသားစုလိုက်ဖြစ်စေ၊ အသင်းတော်အဖွဲ့လိုက်ဖြစ်စေ စိတ်အေးချမ်းသာစွာ ဝတ်ပြုခွန်အားယူနိုင်ဖို့ SEEK Vung Tau Travel မှ အစအဆုံးကို တာဝန်ယူ စီစဉ်ပေးလျက်ရှိပါတယ်ရှင် 💙

အေးချမ်းလှတဲ့ ဆုတောင်းဥယျာဉ်ဆီ သွားရောက်ဖို့ ခရီးစဉ် Package အကြောင်းကို အသေးစိတ် သိရှိလိုပါက အခုပဲ ဆက်သွယ်စုံစမ်း မေးမြန်းလိုက်ပါနော် 👇

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]








ခရစ်ယာန်အသင်းတော်များအတွက် အစအဆုံး တာဝန်ယူပြင်ဆင်ပေးမယ့် SEEK Vung Tau Travel ရဲ့ အထူးဝတ်ပြုခရီးစဉ် ⛪✨အသင်းတော်အလိုက် အဖ...
02/07/2026

ခရစ်ယာန်အသင်းတော်များအတွက် အစအဆုံး တာဝန်ယူပြင်ဆင်ပေးမယ့် SEEK Vung Tau Travel ရဲ့ အထူးဝတ်ပြုခရီးစဉ် ⛪✨

အသင်းတော်အလိုက် အဖွဲ့ဝင်အမြောက်အမြားနဲ့ Vung Tau ဝတ်ပြုခရီးစဉ်ထွက်ဖို့ ပြင်ဆင်နေလား?

လူဦးရေများလို့ လေယာဉ်လက်မှတ်၊ ဗီဇာ၊ ဟိုတယ်နဲ့ သွားလာရေးတွေအတွက် အခက်အခဲမရှိဘဲ စိတ်အေးချမ်းသာယာစွာ ဝတ်ပြုနိုင်အောင် SEEK Vung Tau Travel က အစအဆုံး တာဝန်ယူ စီစဉ်ပေးနေပါတယ်ရှင်။

🗺️ ဝတ်ပြုခြင်းဦးတည်လမ်းကြောင်းများ
အာရှတစ်ခွင် အကြီးမားဆုံး ခရစ်တော်ရုပ်တုနှင့် မယ်တော်မာရိရုပ်တုများဆီသို့ အခက်အခဲမရှိ ချောမွေ့စွာ ပို့ဆောင်ပေးခြင်း။

🤝 Fellowship ပြုလုပ်ရန် နေရာများ
အဖွဲ့လိုက် ဓမ္မသီချင်းချီးမွမ်းခြင်း၊ နှုတ်ကပတ်တော်ဝေငှခြင်းများ ပြုလုပ်နိုင်ရန် နေရာများ စီစဉ်ပေးခြင်း။

🚌 အုပ်စုလိုက် သက်တောင့်သက်သာရှိမှု
သက်ကြီးဝါကြီး အမှုဆောင်များပါ အဆင်ပြေစေမယ့် အနီးကပ်ဆုံးဟိုတယ်များနှင့် သီးသန့် Express ကားကြီးများ အသုံးပြုပေးခြင်း။

🛂 စာရွက်စာတမ်း အစအဆုံးတာဝန်ယူမှု
အဖွဲ့လိုက် လေယာဉ်လက်မှတ်၊ ဗီဇာနှင့် စားသောက်ရေးလုပ်ငန်းစဉ်အားလုံးကို လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ပေးခြင်း။

ခရီးစဉ်အတွက် ခေါင်းခဲစရာ စီစဉ်မှုအားလုံးကို SEEK ဘက်က တာဝန်ယူပေးထားမှာဖြစ်လို့ အသင်းသားများအားလုံး စိတ်နှလုံးငြိမ်သက်စွာဖြင့် ယေရှုခရစ်တော်ထံ ဆုတောင်းဝတ်ပြုခြင်းအပေါ်၌သာ ရာနှုန်းပြည့် အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

လာမယ့် နှစ်ကုန်အားလပ်ရက်များတွင် အသင်းတော်အလိုက် ယုံကြည်ခြင်းခရီးစဉ် စတင်နိုင်ရန် Vung Tau Tour Package ကို အခုပဲ SEEK Vung Tau Travel မှာ လာရောက် စုံစမ်းတိုင်ပင်လိုက်တော့နော်။ 💙

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]







Vietnam, Vung Tau မြို့က ဒေသခံခရစ်ယာန်အသိုင်းအဝိုင်းရဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆင်နွှဲပုံ ဓလေ့စရိုက်များ ⛪ဗီယက်နမ်နိုင်ငံ တေ...
28/06/2026

Vietnam, Vung Tau မြို့က ဒေသခံခရစ်ယာန်အသိုင်းအဝိုင်းရဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆင်နွှဲပုံ ဓလေ့စရိုက်များ ⛪

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းက ကမ်းခြေမြို့လေးဖြစ်တဲ့ Vung Tau ဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အပန်းဖြေစခန်းတစ်ခု ဖြစ်ရုံသာမကဘဲ ရှေးကျပြီး သက်တမ်းရင့်လှတဲ့ ခရစ်ယာန်ဘာသာဝင် အသိုင်းအဝိုင်း အခိုင်အမာ အခြေစိုက်ရာ မြို့တစ်မြို့လည်း ဖြစ်ပါတယ်ရှင်။ ✝️

အထူးသဖြင့် တနင်္ဂနွေနေ့ရက်တွေ ရောက်လာတဲ့အခါ ဒေသခံတွေရဲ့ ဝတ်ပြုကိုးကွယ်ပုံ ဓလေ့စရိုက်တွေဟာ မြို့လေးကို ထူးခြားတဲ့ သန့်ရှင်းခြင်းအငွေ့အသက်တွေနဲ့ လွှမ်းခြုံသွားစေပါတယ်။

ဒေသခံ ခရစ်ယာန်အသိုင်းအဝိုင်းဟာ တနင်္ဂနွေနေ့ မနက်ခင်း လင်းအားကြီးအချိန်တွေမှာတင် ဝတ်ပြုကိုးကွယ်ဖို့အတွက် မနက်စောစော လေညင်းအေးအေးအောက်မှာ Mount Nho တောင်ထိပ်ပေါ်က ခရစ်တော်ရုပ်တုကြီး (Christ of Vung Tau) ရှိရာဆီသို့ ယုံကြည်ခြင်းခြေလှမ်းများဖြင့် တက်လှမ်းရင်း၊ ပင်လယ်ပြင်က နေထွက်ချိန်အလှကို ငေးမောကာ ကိုယ်တော်ရှင် ဖန်ဆင်းထားတဲ့ သဘာဝတရားကြီးအတွက် အတူတကွ ဆုတောင်းကျေးဇူးတော် ချီးမွမ်းကြပါတယ်။ 💙

ဝတ်ပြုကိုးကွယ်ခြင်း အချိန်နီးလာတာနဲ့အမျှ မြို့ထဲက Vung Tau Cathedral နဲ့ Vung Tau Parish Church အစရှိတဲ့ ဘုရားကျောင်းကြီးတွေဆီကို သွားရောက်ကြပါတယ်။ ဘုရားကျောင်း ခေါင်းလောင်းသံတွေ မြို့တစ်ခွင် ပျံ့လွင့်သွားတဲ့အချိန်ဟာ ဒေသခံတွေအတွက် အမွန်မြတ်ဆုံး အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။

ဝတ်ပြုကိုးကွယ်ခြင်း အပြီးမှာတော့ ဘုရားကျောင်းဝန်းထဲမှာတင် မိသားစုတွေ၊ အသင်းတော်အဖွဲ့ဝင်တွေအချင်းချင်း နှုတ်ဆက်ကြပါတယ်။ ဒေသခံတွေဟာ အရသာရှိတဲ့ ဗီယက်နမ်ကော်ဖီ ပူပူနွေးနွေးလေးကို အတူတူသောက်ရင်း တစ်ပတ်တာ ကြုံတွေ့ရတဲ့ အခြေအနေတွေကို မေတ္တာဖြင့် အားပေးစကားပြောကြားကာ ခရစ်တော်ရဲ့ မေတ္တာကို အတူတကွ သက်သေခံလေ့ ရှိကြပါတယ်။

SEEK Vung Tau Travel ရဲ့ Pilgrimage Tour မှာ သာမန်လည်ပတ်ရုံသက်သက်မဟုတ်ဘဲ Vung Tau ရှိ ဒေသခံ ခရစ်ယာန်အသိုင်းအဝိုင်းရဲ့ စစ်မှန်တဲ့ ဝတ်ပြုခြင်းဓလေ့စရိုက်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရမယ့်အပြင် အာရှရဲ့ အကြီးမားဆုံး ခရစ်တော်ရုပ်တုကြီးဆီကိုပါ သွားရောက်ဆုတောင်းနိုင်မှာဖြစ်သလို သမိုင်းဝင် ဘုရားကျောင်းကြီးတွေမှာ စိတ်ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းနိုင်ဖို့ပါ ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ခရီးစဥ်အတွက် အစအဆုံးကို SEEK Vung Tau Travel ဘက်က တာဝန်ယူ စီစဉ်ပေးထားလို့ ခရီးသည်တို့အနေဖြင့် ဆုတောင်းဝတ်ပြုခြင်းအပေါ် ရာနှုန်းပြည့် အာရုံစိုက်နိုင်မှာပါ။

လာမယ့် နှစ်ကုန်အားလပ်ရက်တွေမှာ ဝိညာဉ်ရေးရာ ခွန်အားသစ်တွေ ရယူနိုင်မည့် Vung Tau ဝတ်ပြုခရီးစဉ် Package အကြောင်းကို အသေးစိတ် သိရှိလိုပါက အခုပဲ လာရောက်ဆွေးနွေးတိုင်ပင်လိုက်တော့နော်။ 💙

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]







"ထာဝရဘုရားသည် ငါ့ကိုထိန်းကျောင်းတော်မူသောသူ ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ ကိုယ်တော်သည် ငါ့ကို စိမ်းလန်းသောကျက်စားရာ အရပ...
23/06/2026

"ထာဝရဘုရားသည် ငါ့ကိုထိန်းကျောင်းတော်မူသောသူ ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ ကိုယ်တော်သည် ငါ့ကို စိမ်းလန်းသောကျက်စားရာ အရပ်၌ အိပ်စက်စေတော်မူ၏။ သာယာသော ရေနားသို့ လမ်းပြတော်မူ၏။" (ဆာလံ ၂၃း၁-၂)

ခရစ်ယာန်မိသားစုများနဲ့ အသင်းတော်အဖွဲ့အစည်းများအတွက် နေ့စဉ်ဘဝရဲ့ ပူပန်မှုတွေကို ဘေးဖယ်ထားပြီး ဝိညာဉ်ရေးရာ ခွန်အားသစ်ယူနိုင်ရန် SEEK Vung Tau Travel က ဝတ်ပြုခရီးစဉ်ကို ဖန်တီးပေးထားပါတယ်ရှင် ✝️💙

ဒီခရီးစဥ်မှာ သွားရောက်မယ့် နေရာကတော့ အာရှတစ်ခွင်အကြီးမားဆုံးသော ယေရှုခရစ်တော် ရုပ်တုကြီးရှိရာ Vung Tau မြို့သို့ပဲ ဖြစ်ပါတယ်..

Vung Tau မြို့ရဲ့ လှပတိတ်ဆိတ်လှတဲ့ ပင်လယ်ပြာပြာ မြင်ကွင်းကျယ်နှင့် တောင်ပေါ်က လေညင်းအေးအေးဟာ ဆာလံကျမ်းလာ ကတိတော်အတိုင်း စိတ်နှလုံးကို အမှန်တကယ် ငြိမ်သက်ခြင်း ပေးစွမ်းနိုင်မည့် နေရာတစ်ခုပါ။

Mount Nho တောင်ထိပ်ထက်ရှိ Christ of Vung Tau ရဲ့ ခြေတော်ရင်းကို ရောက်ရှိသည့်အခါ ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်များကို ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် ခရစ်တော်ရုပ်တုရဲ့ အတွင်းသို့ ဝင်ရောက်ပြီး ပုခုံးတော်ထက်ကနေလည်း ရင်သပ်ရှုမောစရာ အကောင်းဆုံး မြင်ကွင်းကို မြင်ရဦးမှာပါ။

အဲ့ဒီအတွေ့အကြုံကို Psalm 23 ရဲ့ စကားလုံးနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် “ကိုယ်တော်သည် ငါ့ကို လမ်းပြတော်မူ၏” ဆိုတဲ့အတိုင်း ခရီးလမ်းကြောင်းတစ်လျှောက်မှာပဲ မဟုတ်ဘဲ ကိုယ့်ဘဝလမ်းကြောင်းတစ်ခုလုံးကိုလည်း လမ်းပြနေတယ်ဆိုတဲ့ ခံစားချက်ပါ။

လာမယ့် အားလပ်ရက်တွေမှာ SEEK Vung Tau Travel ရဲ့ ဝတ်ပြုခရီးစဉ် Vung Tau Tour Package အကြောင်းကို အသေးစိတ် သိရှိလိုပါက အခုပဲ လာရောက် ဆွေးနွေးတိုင်ပင်လိုက်တော့နော်။ 💙

☎️ 09 780 60 3344
☎️ +66 6-5750-5796
📧 [email protected]








Address

Lovely Banks, VIC

Website

Alerts

Be the first to know and let us send you an email when SEEK Vung Tau Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share