Kimi clover

Kimi clover Let’s explore the world

05/07/2026

What do you want to do don’t over thinking Just Do it

တောင်တက်လို့ ဘာရလဲ ??  'သူမ' ကို ချစ်တုန်းကလည်း ဘာမှပြန်မရဘဲ ဇွတ်မှိတ်ချစ်ခဲ့ကြတာပဲမဟုတ်လား ခေါင်းကြီးတို့ရာ... အခုမှ လာ...
17/06/2026

တောင်တက်လို့ ဘာရလဲ ?? 'သူမ' ကို ချစ်တုန်းကလည်း ဘာမှပြန်မရဘဲ ဇွတ်မှိတ်ချစ်ခဲ့ကြတာပဲမဟုတ်လား ခေါင်းကြီးတို့ရာ... အခုမှ လာပြီး အကျိုးအမြတ် တွက်မနေနဲ့။ 🙄

14/06/2026

Saturday makes me happy 😃. A day to treat both nature and my heart ❤️.

陣馬さんတိုကျိုမှာအေးအေးဆေးဆေးနဲ့ Chillရင်းပေါ့ပေါ့ပါးပါးသွားချင်တဲ့သူတွေအတွက်တော့ recommend ပါရှင့်Kanagawaခရိုင်ထဲမှာရှိပြ...
13/06/2026

陣馬さん

တိုကျိုမှာအေးအေးဆေးဆေးနဲ့ Chillရင်းပေါ့ပေါ့ပါးပါးသွားချင်တဲ့သူတွေအတွက်တော့ recommend ပါရှင့်

Kanagawaခရိုင်ထဲမှာရှိပြီး အရမ်းလည်းမမြင့်ပါဘူး

Shinjyuku ကနေ JC ( Chuo Line ) စီးပြီး Fujino Staion ထိသွားပါ။ Fujino ရောက်ရင် Mon to Fri က Bus ရှိပါတယ်။

သတိထားရမှာလေးကတော့ Sat/Sun Bus 🚌 မရှိတာပါ။ Kimi တို့ 🚏 Bus stop ရောက်တော့ Bus 🚌 ကရှိပေမယ့် ကြိုတင်လက်မှတ်ဝယ်မှစီးလို့ရတယ်လို့ပြောလို့ Train Station 🚉 ကနေ စလမ်းစလျှောက်ခဲ့ရပါတယ်။ Sat /Sun သွားမယ်ဆိုရင်တော့ 🎟️ Bus Ticket ကြိုဝယ်ဖို့သတိပေးပါရစေ။

Bus 🚌 ရှိရင်တော့ No.8 စီးပြီး wada bus stop ကနေတတ်ရင်တော့ အမြင့် 800ကျော်ပဲရှိပြီး Beginner တွေအတွက် ပိုလွယ်နိုင်ပါတယ်။

Kimiတို့ကတော့ Train Station ကနေစခဲ့ရပြီး တောင်ထိပ်အထိ အတတ်၃နာရီလောက်ကြာခဲ့ပါတယ် ။

တောင်တတ်လမ်းကတော့ တောလမ်းလေးမလို့အေးအေးလေးနဲ့တကယ်အဆင်ပြေပေမယ့် တောင်ထိပ်ရောက်ခါနီးလေးမှာ လှေကားပုံစံဖြစ်ပြီး ခြေထောက်တိုတဲ့ကိုတွေအတွက် တော်တော်လေးတတ်ခဲ့ပါရတယ်။

တောက်ထိပ်မှာ Jinba soba 🍜 ဆိုင်လေးလည်းရှိပြီး 🍹 drink 💧 ရေ 🍺 Asahi ဘူးလေးတွေပါ ရောင်းပေးတဲ့ဆိုင်လေးပါ ထပ်ရှိလို့ တောင်ထိပ်ရောက်မှ အေးအေးလေးတွေသောက်ချင်တယ်ဆိုလည်း အဆင်ပြေနိုင်ပါသေးတယ်ရှင့်။

ရာသီဥတုကောင်းရင် Fujiတောင်ပါမြင်ရမှာဖြစ်ပေမယ့် Kimiတို့တောင်ထိပ်ရောက်တဲ့အချိန်မှာ တိမ်ထူနေလို့မမြင်ခဲ့ရပါဘူး။

အဆင်းကတော့ Takao ဘက်ပြန်ဆင်းရင် ၅နာရီလောက်ကြာနိုင်ပြီး ကြားထဲမှာ

陣馬山 → 景信山→ 小仏城山→ 高尾山 → 高尾山口駅
ဆိုပြီးသွားလို့ရပါတယ်။ Kimiတို့ကတော့ အပြန်မှာ ရာသီဥတုလည်းမကောင်းတာနဲ့ ဆက်မသွားတော့ပဲ Fujino Station ထိပဲပြန်လာခဲ့ပါတယ်။ တောင်ထိပ်ကနေ ပြန်ဆင်းချိန် ဘူတာအထိ ၂နာရီပါရှင်။

တောင်တတ်ဖို့စိတ်ဝင်စားတဲ့တိုကျိုတစ်ဝိုက်က ကိုကို၊မမ၊မောင်လေး၊ညီမလေးတို့လည်း စိတ်ဝင်စားရင် သွားတတ်ကြည့်သင့်ပါတယ်။ Kimiလည်း Beginner မလို့ အတူသွားချင်ရင်လည်း ဆက်သွယ်လို့ရပါတယ်ရှင့် 🥰🥰

13/06/2026

ကို့ဖြစ်တည်မှုလေးနဲ့ပဲ 🥰🥰

01/06/2026

တကူးတက အပင်ပန်းခံပြီးမှ ရတဲ့result ကိုကြိုက်လို့ hiking နေတဲ့ကို့ကို မြင်မြင်ချင်းကြွေတာပါလောက်နဲ့ကြတော့ စားတာပေါ့ဟာ 🙄🙄

ဘဝမှာ ရွေးချယ်မှု မှားတာ ရည်းစားတင် မဟုတ်ပါဘူး... ဒီတောင်လမ်းတွေလည်း ပါတာပဲ။ နှစ်ခုလုံးက ရှေ့ဆက်တက်ရင်လည်း မောတယ်၊ နောက်...
30/05/2026

ဘဝမှာ ရွေးချယ်မှု မှားတာ ရည်းစားတင် မဟုတ်ပါဘူး... ဒီတောင်လမ်းတွေလည်း ပါတာပဲ။ နှစ်ခုလုံးက ရှေ့ဆက်တက်ရင်လည်း မောတယ်၊ နောက်ပြန်လှည့်ဖို့ကျတော့လည်း အဝေးကြီး ရောက်နေပြီ။
ပြန်အဆင်းလည်းကျရော ပြုတ်ကျရော 😬😬

30/05/2026

ဒီနေရာမှာတော့ အားလုံးက ရိုးသားတယ်။ သစ်ပင်တွေ၊ ကောင်းကင်ပြာပြာနဲ့ တောင်တန်းတွေက ကိုယ့်ကို ဘာအတုအယောင်မှ ပြမှာမဟုတ်ဘူး။🥰🥰

18/05/2026

အစစ်အမှန်တွေနဲ့ဆုံချင်တယ် ဟန်ဆောင်မှုကင်းတဲ့ရပ်ဝန်းမှာပဲ ရှင်သန်ချင်တယ်ဆို တောင်တန်းတွေဆီခရီးထွက်ပါ။ 🥰🥰

အကယ်၍ လက်ထပ်ဖြစ်ခဲ့ရင်တောင်တက်တဲ့သူပဲယူမယ် 😌⛰️ဘာလို့လဲဆိုတော့…Life မှာ problem တက်လာတိုင်း“မတက်နိုင်ဘူး” မပြောဘဲ“နည်းနည်...
17/05/2026

အကယ်၍ လက်ထပ်ဖြစ်ခဲ့ရင်
တောင်တက်တဲ့သူပဲယူမယ် 😌⛰️

ဘာလို့လဲဆိုတော့…
Life မှာ problem တက်လာတိုင်း
“မတက်နိုင်ဘူး” မပြောဘဲ
“နည်းနည်းနားပြီး ဆက်တက်မယ်” ဆိုတဲ့ mindset ရှိတဲ့သူတွေမို့ 🤣

ပြီးတော့…
Date လုပ်တိုင်း café မဟုတ်ဘဲ
တောင်ပေါ်မှာ instant noodle စားရတာ romantic ဆန်တယ်လေ 🍜😂

住所

Nago-shi, Okinawa

ウェブサイト

アラート

Kimi cloverがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー