C & M Air Tickets Services

C & M Air Tickets Services Myanmar-Japan Air Tickets Services

ချောလို လေယာဉ်မမှီလို့ Airport ထဲမှာ အပြေးအလွှားဖြစ်ဖူးတဲ့သူ ရှိလား?🤣ဒီနေ့ အဖြစ်အပျက်က✈️ လေယာဉ်ထွက်ချိန် – 10:05 (ဂိတ်ပိ...
22/07/2026

ချောလို လေယာဉ်မမှီလို့ Airport ထဲမှာ အပြေးအလွှားဖြစ်ဖူးတဲ့သူ ရှိလား?🤣

ဒီနေ့ အဖြစ်အပျက်က

✈️ လေယာဉ်ထွက်ချိန် – 10:05 (ဂိတ်ပိတ်ချိန် 9:55)
🚉 ဘူတာရောက် – 9:42
🛂 Security Gate ဖြတ်ပြီး – 9:46

ဒီလောက်ပြေးနေရပြီး ၉မိနစ်ပဲကျန်တာကိုတောင်
ဂိတ်ဖြတ်ပြီးတော့ အေးဆေးနဲ့
"ကော်ဖီတစ်ခွက်ဝင်ဝယ်လိုက်ဦးမယ်" ဆိုပြီး ဂျိုသားလုပ်လိုက်တာ ... 🏃‍♀️💨

9:55 ကွက်တိမှ Boarding Gate ရောက်တယ်။

ဟိုလည်းရောက်ရော
Gate ကြီးပိတ်ထားတာမြင်တော့...
"ဒီတစ်ခါတော့ သွားပြီ..ကျန်ခဲ့ပြီ..." လို့ ထင်လိုက်တာ။

ကံကောင်းချင်တော့ လေယာဉ်နည်းနည်းနောက်ကျနေလို့
Boarding မစသေးတာပါတဲ့... 😂
အဲ့တော့မှ အသက်ရှူနိုင်တော့တယ်

---

📍Airport ကို စောစောမရောက်နိုင်တဲ့ အခြေအနေဖြစ်လာရင်
ချော ကြိုလုပ်ထားတဲ့ အချက်လေးတွေကတော့...

✅ Hand Carry ပဲယူသွားတယ်
✅ Online Check-in ကို ကြိုလုပ်ထားတယ်
✅ Security Gate ဘယ်လိုသွားရမလဲ ကြိုကြည့်ထားတယ် (south / north wing??)
✅ Security Gate မှာ ချွတ်ရမယ့် အပေါ်ထပ်အဝတ်၊ ထုတ်ရမယ့်ပစ္စည်းတွေ (Laptop, Phone, Pocket ထဲကပစ္စည်းတွေ) ကို ကြိုအဆင်သင့်လုပ်ထားတယ်
✅ Boarding Gate နံပါတ်ကို သေချာကြည့်ပြီးရင်တော့
✅ သုတ်ခြေတင် ပြေးတော့တာပဲ🤣

---
ချောက အလုပ်ကိစ္စနဲ့ တစ်လကို ၂-၃ ခါလောက် ပြည်တွင်းလေယာဉ်စီးရတာဆိုတော့ ကျွမ်းနေပြီလို့ ထင်ကြတာ
တကယ်က ခံနေရပေါင်း မနည်းတော့တာ... 😅

လေယာဉ်မမှီလို့ လက်မှတ် ထပ်ဝယ်ရတာလည်း ကြုံခဲ့ဖူးပြီ 💸

ကိုယ့်နာမည်ကို 🛫လေယာဉ်ကွင်းတစ်ခုလုံး ကြားအောင် အော်ခေါ်တာလည်း ကြုံဖူးပြီ 🤣

---
⚠️ Narita Terminal 3ဆိုရင်တော့ လုံးဝ မပေါ့ဆနဲ့နော်…

ဘူတာကနေ Security Gateအထိ လမ်းလျှောက်ရတာလည်းဝေး၊
Security Gate ဖြတ်ပြီး စီးမယ့် Gate အထိလည်း တော်တော်လျှောက်ရသေးတယ်။

ချောလို ဂျိုသားတောင် အဲ့ဒီ Terminal ရောက်ရင် ဂျိုမထောင်ရဲတော့ဘူး… 😅

အဲ့တော့ ပြည်တွင်းလေယာဉ်ဆိုပြီးလည်း အေးဆေးသွားလုပ်လို့ မရဘူးနော်။

✈️ ပြည်တွင်း – အနည်းဆုံး ၁ နာရီခွဲလောက် ကြိုရောက်တာ အကောင်းဆုံး။
🌍 ပြည်ပ – ၃〜၄ နာရီ ကြိုရောက်ပါ။

ကဲ…ယူတို့ရော လေယာဉ်နောက်ကျဖူးလား? 😅
ဒါမှမဟုတ် Airport ထဲမှာ အသက်လုပြေးဖူးတဲ့ အဖြစ်အပျက်ရှိရင် လာပြောပြဦး😂

ပုံကတော့ AI ပါ..
ခုတလော AI ကို အရမ်းစွဲလမ်းနေလို့




ထုံးစံအတိုင်း အလုပ်တွေရှုပ် အရှုပ်တွေ လုပ်နေတဲ့ မင်မင်က ပို့စ်တွေ များများ မတင်နိုင်ပေမယ့် 🙏ချစ်ရတဲ့ 🥰ကာကာလေးတွေရဲ့စာကို...
01/07/2026

ထုံးစံအတိုင်း အလုပ်တွေရှုပ်
အရှုပ်တွေ လုပ်နေတဲ့ မင်မင်က
ပို့စ်တွေ များများ မတင်နိုင်ပေမယ့် 🙏

ချစ်ရတဲ့ 🥰ကာကာလေးတွေရဲ့စာကိုတော့ အမြန်ဆုံး စာပြန်ပေး
လက်မှတ်တွေလည်း ဝယ်ပေးနေပါတယ်နော်

ယုံယုံကြည်ကြည် နဲ့ လာပြီး အားပေးကြလို့
ကျေးဇူးအများကြီး တင်ပါတယ် 🙏🥰🥰

ကာစတန်မာတွေ လိုချင်တာတွေကိုလည်း လိုက်လျောသလို
ပိုပြီး ကောင်းမယ်ထင်တဲ့ လက်မှတ်လေးတွေလည်း ရှာပြီး
မိတ်ဆက်ပေးပါတယ် ..😉😉


#လေယာဉ်လက်မှတ်

29/03/2026

မင်မင်က သူများတွေကိုသာ လေဆိပ်ကို ဘယ်လောက်ကြိုသွားဘာညာ မှာတာ 😌
ကိုယ်တိုင်ကျ ever နောက်ကျတာ😆 ထပ်ပေးရပေါင်းလည်း မနည်းတော့ဘူး 😆

မင်မင်ပြောသလိုလုပ် မင်မင်လုပ်သလို မလုပ်ကြနဲ့နော် 😝😝….

မင်မင်က သဲလေးတို့အတွက် နောက်ကျရင် ဘယ်လိုဖြစ်တတ်တယ်ဆိုတာ လက်တွေ့တွေပါ ဆင်းပေးနေတာ🤪🤪

✈️ဒီနေ့လည်း ၈:၁၅ လေယာဉ်ထွက်မှာကို ၈:၀၀ မှ လေဆိပ်ရောက်..
အထုတ်စစ် ဘာညာနဲ့ဆိုတော့ ဂိတ်ကို ၈:၁၂ မှရောက်တယ်..

တတ်သိပညာလေးတွေ ထုတ်သုံးရင်း ပြေးလိုက်ရတာ ..
ဆောင်းတွင်းကြီး ချွေးပါတောက်တောက်ကျ..

အထုတ်အပ်ဖို့ မမှီလို့ hand carryအနေနဲ့ပဲ ယူသွားလိုက်တာ
ကီလိုကျော်လို့ အရေးထဲ ပိုက်ဆံပေးနေရသေး..
(သူတို့ရဖို့ကျတော့ စောင့်တယ်ရော် …😏)

လေယာဉ်တစ်စီးလုံးလည်း ကိုယ့်ကိုစောင့်နေရ ..

ဟူး… မောတယ် 😮‍💨😮‍💨

ဒီလထဲ အလုပ်မှာ😃 ဘောနပ်စ်တွေ ရကြတယ်နဲ့ တူတယ်နော် သွားနိုင်လိုက်ကြတာ 🥰🥰သူတို့လေးတွေဖို့ လက်မှတ်လိုက်ရှာပေးရတာ ကိုယ်တိုင်သွ...
14/03/2026

ဒီလထဲ အလုပ်မှာ😃 ဘောနပ်စ်တွေ ရကြတယ်နဲ့ တူတယ်နော်

သွားနိုင်လိုက်ကြတာ 🥰🥰

သူတို့လေးတွေဖို့ လက်မှတ်လိုက်ရှာပေးရတာ
ကိုယ်တိုင်သွားရသလိုပဲ 🛬🛬 ကိုယ်ပါ ကြည်နူး 😃😃

ပျော်စရာ ခရီးစဉ်လေးတွေ ဖြစ်ပါစေ…
ဘေးအန္တာရယ်ကင်းရှင်းပြီး လိုရာခရီးရောက်ရှိကြပါစေ…

အားပေးကြမ်းတဲ့ မင်မင့် အမျိုးတွေရေ ကျေးဇူးပါနော်….(စျေးနှုန်းတွေက သွားမယ့် ရက် ကီလို စတာတွေပေါ် မူတည်ပြီး ကွာပါမယ်…) ဒီန...
18/01/2026

အားပေးကြမ်းတဲ့ မင်မင့် အမျိုးတွေရေ
ကျေးဇူးပါနော်….
(စျေးနှုန်းတွေက သွားမယ့် ရက် ကီလို စတာတွေပေါ် မူတည်ပြီး ကွာပါမယ်…)

ဒီနှစ်ထဲမှာ လေယာဉ်လက်မှတ်နဲ့ ဟိုတယ် အပြင်
trip planner အနေနဲ့ မင်မင်ကိုယ်တိုင် သွားခဲ့ဖူးတဲ့ ခရီးစဉ်လေးတွေကိုလည်း စီစဉ်ပေးဖြစ်ပါတယ် …

တိုင်ဝမ်၊ ထိုင်း ၊ ဗီယက်နမ် ၊ ပြင်သစ် ၊ ဆွစ်ဇာလန် ၊ နယ်သာလန် နဲ့
europe ဘက် အလည် သွားချင်တဲ့ သူလေးရှိရင်
ဗီဇာ တင်တာ၊ ဘယ်တွေ လည်သင့်လဲ ၊ ဘယ်လို လည်ရမလဲ ဆိုတာ
သိချင်ရင် မင်မင့် ဆီ လာမေးနိုင်ပါတယ်နော် ….

住所

Shinjuku-ku, Tokyo
151-0051

電話番号

+817036224556

ウェブサイト

アラート

C & M Air Tickets Servicesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

C & M Air Tickets Servicesにメッセージを送信:

ショートカット

共有する

カテゴリー