16/07/2026
🇹🇭 ထိုင်းနိုင်ငံ ခရီးစဉ်မှာ သွားလည်လို့ရတဲ့ နေရာတွေကို လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်၊၊
🛫 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတေ့ 𝐒𝐮𝐯𝐚𝐫𝐧𝐚𝐛𝐡𝐮𝐦𝐢 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭 အပြည်ပြည်ဆိုင်ရာ သုဝဏ္ဏဘူမိလေဆိပ်နဲ့ Don Mueang International Airport ဒွန်မောင်းလေဆိပ် ဆိုပြီး လေဆိပ် (၂ခု)ရှိပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ လေဆိပ်ပေါ်မူတည်ပြီး ဒီလေဆိပ်တွေထဲက တခုကို ဆိုက်ရောက်မှာဖြစ်ပါတယ်။
1) သုဝဏ္ဏဘူမိလေဆိပ်ကနေ ဘန်ကောက်မြို့ထဲ ဘယ်လိုသွားရမလဲ ?
ဘန်ကောက်မြို့ထဲကို သွားမယ်ဆိုရင်တော့ လေဆိပ်အောက်ဆုံးအလွှာကို ဆင်းသွားပြီး Airport Rail-Link Train လိုင်းကို လက်မှတ်ဝယ် မိနစ် ၃၀ ခန့် စီးပြီး Phaya Thai ကို သွားပါ အဲ့ကမှ တဆင့် BTS မိုးပျံရထား စီးပြီး Siam မှာ ဆင်းရင် ဘန်ကောက်မြို့ထဲကို ရောက်မှာဖြစ်ပါတယ်။
2) ဒွန်မောင်းလေဆိပ်ကနေ ဘန်ကောက်မြို့ထဲ ဘယ်လိုသွားမလဲ ?
ဒွန်မောင်းလေဆိပ်ကနေ ဆိုရင်တော့ လေဆိပ်ကထွက်တာနဲ့ Bus ကားနံပါတ် A1, A2 ကို ၃၀ မိနစ်ခန့် စီးပြီး Mo-Chit မှတ်တိုင်မှာဆင်းပြီး အဲ့ကနေမှ တဆင့် BTS မိုးပျံရထား ၁၅ မိနစ်ခန့် စီးတာနဲ့ လူစည်ကားတဲ့ Siam ဘန်ကောက်မြို့ထဲ ရောက်အောင်သွားနိုင်မှာ ဖြစ်ပါတယ်။
BTS စီးဖို့ လက်မှတ်ဝယ်ဖို့ဆို လက်မှတ်ထုတ်တဲ့ စက်မှာ ဘာသာစကားကို Eng ပြောင်းပြီး “Siam” ဆိုတာကို နှိပ်ရင် တစ်ယောက်စာဆိုပြီး ကျသင့်ငွေကို ဖော်ပြပါတယ်။ စက်တွေမှာ အကြွေစေ့ပဲ ထည့်လို့ရတဲ့ စက်အမျိုးစားနဲ့ ငွေသားအရွက် ထည့်လို့ရတဲ့ စက်အမျိုးစား ဆိုပြီး (၂မျိုး) ရှိတဲ့အတွက် ရောက်ခါစ လူတွေအနေနဲ့ ကိုယ်အဆင်ပြေရာကို ရွေးချယ် ဝယ်ယူလို့ရပါတယ်။
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကို ရောက်တဲ့အခါမှာ ဘယ်နေရာတွေ သွားလို့ကောင်းမလဲ ?
Central World - ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဆုတောင်းပြည့် Erawan Shrine လေးမျက်နှာဘုရားကို သွားဖူးရင်းနဲ့ Pratunam Area, Big C တို့မှာ shopping ထွက်လို့ ရပါတယ်။
🚢 𝐂𝐡𝐚𝐨 𝐏𝐡𝐫𝐚𝐲𝐚 𝐏𝐫𝐢𝐧𝐜𝐞𝐬𝐬 𝐂𝐫𝐮𝐢𝐬𝐞
ခေတ်မီ ဇိမ်ခံ အပျော်စီးသင်္ဘောပေါ်မှာ ကျောက်ဖရားမြစ်ကြောင်း တစ်လျှောက် မြစ်ကမ်းနှစ်ဘက်မှာရှိတဲ့ ထိုင်းသမိုင်းဝင် အထင်ကရ အမွေအနှစ် နေရာတွေကို ကြည့်ရှုလေ့လာရင်း သင်္ဘောပေါ်မှာ အကောင်းဆုံး ပင်လယ်စာဘူဖေးနဲ့ နိုင်ငံတကာဘူဖေးများကို ရသာစုံလင်စွာ စားသောက်နိုင်မှာဖြစ်ပြီး မြူးကြွတဲ့ တီးဝိုင်းဖျော်ဖြေမှုနဲ့အတူ တေးဂီတကို အပန်းဖြေ နားဆင်ရင်း နှစ်နာရီကြာ ဘူဖေးကို ခံစားလိုက်ရယူနိုင်ပါတယ်။
🎢 𝐒𝐢𝐚𝐦 𝐏𝐚𝐫𝐤
Tripadvisor ရဲ့ဖော်ပြချက်တွေအရ ကမ္ဘာမှာ အကောင်းဆုံး Water boom ရေပန်းဥယျာဉ်ကြီးတခုဖြစ်ပြီး ထိုင်းဗိသုကာ လက်ရာများ၊ စိမ်းလန်းစိုပြေတဲ့ ရှုခင်းတွေနဲ့အတူ ရေကစားချင်တယ်ဆိုရင် မဖြစ်မနေ သွားသင့်တဲ့ နေရာတခု ဖြစ်ပြီး ဝင်ကြေးထဲမှာ တခါတည်း ပါဝင်တဲ့ နေ့လည်စာကိုပါ အရသာရှိစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
💃 𝐌𝐚𝐝𝐚𝐦𝐞 𝐓𝐮𝐬𝐬𝐚𝐮𝐝𝐬
နာမည်ကျော်နှင့် သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ ဖယောင်းရုပ်ထုများကို ပြသထားပြီး နာမည်ကြီး သရုပ်ဆောင်တွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေကို ပြသထားတဲ့အတွက် ကိုယ့်ရဲ့ role model ရုပ်ထုတွေကို တသားတည်း အနီးကပ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တဆက်ထဲအနေနဲ့ အနီးနားမှာရှိတဲ့ SEA LIFE, Ocean World တို့ကိုလဲ သွားရောက်လည်ပတ်နိုင်ပါတယ်။
🎡 𝐌𝐚𝐫𝐢𝐧𝐞 𝐏𝐚𝐫𝐤
သွားလည်မယ်ဆိုရင်တော့ (Monkey Boxing show, Sea Lion show, Dolphin show) အစရှိတဲ့ ချစ်စရာအကောင်လေးတွေရဲ့ ပြပွဲတွေကို ရင်သပ်ရှုမော ကြည့်ရှုရင်း စိတ်အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Safari World မှာလဲ သွားရောက်လည်ပတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
🏨 𝐁𝐚𝐢𝐲𝐨𝐤𝐞 𝐒𝐤𝐲 𝐇𝐨𝐭𝐞𝐥
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အထပ်မြင့် မိုးမျှော် ဟိုတယ်တခုဖြစ်တဲ့ Baiyoke Sky Hotel မှာ တည်းခိုရင်း ဟိုတယ်ရဲ့ 81st Floor မှာ ရှိတဲ့ Dinner Buffet ဟာဆိုရင်လဲ ဘန်ကောက်မြို့ရဲ့ လှပတဲ့ မြင်ကွင်းတွေကို မိုးမျှော်အမြင့်ကနေ ရင်သပ်ရှုမော ကြည့်ရှုရုံသာမက အရသာရှိလှတဲ့ အစားစာ အစုံလင်ကို Buffet စားရမှာဆိုတော့ မင်မင်ကတော့ recommended ပေးပါတယ်။
🌊 𝐏𝐚𝐭𝐭𝐚𝐲𝐚
နာမည်ကျော် ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားကတော့ လူသွားများတဲ့ နေရာတွေ အများကြီးရှိပြီး
ကမ်းခြေမှာလဲ Parasilling, Jet ski, Sea Walking, Banana Boat အစရှိတဲ့ water sport မျိုးစုံကို လုပ်နိုင်မှာဖြစ်ပါတယ်။ ပတ္တရား ကမ်းခြေကနေ (7.5 km) အကွာဝေးမှာလဲ သဲဖြူကျွန်း Coral island ကို သွားရောက်လည်ပတ် အပန်းဖြေနိုင်ပါတယ်။
🪷 𝐋𝐚𝐬𝐞𝐫 𝐁𝐮𝐝𝐝𝐡𝐚
ထိုင်းနိုင်ငံရဲ့ အထင်ကရ ထုံးကျောက်တောင်ပေါ်မှာ ထွင်းထုထားတဲ့ 109 m (358 ft) အကျယ် 70 m (230 ft) အမြင့်ရှိတဲ့ ရွှေရောင်ဗုဒ္ဓ လေဆာဘုရားဖြစ်ပြီး မဖြစ်မနေ သွားရမယ့် နာမည်ကြီးနေရာ တခုလဲ ဖြစ်ပါတယ်။
👨🌾 𝐍𝐨𝐧𝐠 𝐍𝐨𝐨𝐜𝐡 𝐆𝐚𝐫𝐝𝐞𝐧
သာယာလှပတဲ့ Nong Nooch ဥယျာဥ်ကြီးကို သွားရောက်လည်ပတ်ပြီး ထိုင်းရိုးရာ အကအလှများနဲ့ ဆင်လိမ္မာပြပွဲများကိုပါ ကြည့်ရှု့နိုင်ပြီး ဝင်ကြေးထဲမှာ တခါတည်း ပါဝင်တဲ့ Buffet ကိုပါ အရသာရှိစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
🎪 𝐀𝐥𝐜𝐚𝐳𝐚𝐫 𝐒𝐡𝐨𝐰
ထိုင်းနိုင်ငံရဲ့နံမည်ကြီး Show ပွဲဖြစ်ပြီး Model မိန်းခလေးတယောက်လို အလွန်လှပလွန်းတဲ့ Ladyboy လေးများရဲ့ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ သွားလည်ချင်တဲ့ 여러분 လူကြီးမင်းတို့အတွက် Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ ခရီးစဉ် အသေးစိတ်ကို ဆက်သွယ် စုံစမ်းလိုလျင်…
☎️ ဖုန်းနံပါတ် - 010-2497-1478, 010-7935-1478, 010-9992-1478, 010-7675-8498
🏡 လိပ်စာ-အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11
See less