24/01/2020
ကူးစက်မြန် 𝗪𝘂𝗵𝗲𝗻 𝗩𝗶𝗿𝘂𝘀 (သို့မဟုတ်) 𝟮𝟬𝟭𝟵 𝗻𝗖𝗼𝗩
ကူးစက်မြန် Wuhen Virus (သို့မဟုတ်) 2019 nCoV
၂၃.၁.၂၀၂၀
ယခု တကမ္ဘာလုံးကစောင့်ကြည့်နေကြတဲ့ တရုတ်ပြည်မှ ပျံနှုန်းမြန် Corona Virus မှ ကာကွယ် နည်းများကိုပြောပြသွားပါမယ်။
😷 Virus နာမည်ကဘာပါသလဲ?
Novel Corona Virus လို့ခေါ်ပါတယ်။ Group IV အုပ်စုဝင် (+) ssRNA မျိူးနွယ်ဝင်ဖြစ်ပါတယ်။ 2019-nCoV ဆိုပြီးတော့ code name ပေးထားပါတယ်။ (ScienceAlert.com, 2020)
😷 Virus ဘယ်ကစပါသလဲ?
တရုတ်နိုင်ငံ အရှေ့ဘက် ဟူဘေး (Hubei) ပြည်နယ် ဝူဟန်မြို့ (Wuhan) မှ စတင်တွေ့ရှိရပါတယ်။ ဝူဟန်မြို့ ဟွာ့နန် ပင်လယ်စာစျေး (Huanan Seafood Market) မှ ပျံ့ပွားလာခြင်းပဲဖြစ်ပါတယ်။
😷Virsu ရင်းမြစ်က ဘာပါသလဲ?
လက်တလော သိရှိရတဲ့ သတင်းတွေအရတော့ ထိုစျေးမှရောင်းချတဲ့ "မြွေ" နှင့် "လင်းနို့" သားများကိုစားမိတဲ့ လူတွေကနေ စတာလို့သိရပါတယ်။ ဝူဟန်မြို့မှ လူအများစုက "မြွေကောင်လုံးကြော်" "မြွေဟောက်ဟင်း" နှင့် "လင်းနို့စွပ်ပြုတ်" ဟင်းတွေကို နှစ်သက်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
😷 လူလူချင်း ကူးစက်နိုင်ပါသလား?
ကူးဆက်နိုင်ပါတယ်။ ရောဂါရှိတဲ့ အသားများ မှ တဆင့် လည်းကောင်း၊ ရောဂါရှိသည့် လူနာမှတဆင့်လည်းကောင်း ကူးဆက်နိုင်ပါတယ်။
😷ဘယ်လိုကူးစက်နိုင်တာပါလဲ?
ရောဂါပိုးရှိတဲ့ အသားများကို စားမိရာမှ ကူးဆက်နိုင်ပါတယ်။ လူလူချင်း ဆိုလျှင်တော့ ချောင်းဆိုးမိသည့် လေမှတဆင့်လည်းကောင်း ချွဲ သို့မဟုတ် ခန္တာကိုယ်မှ ထွက်သည့် အရည်၊ ချွေးများမှတဆင့် လည်းကောင်း ကူးဆက်နိုင်ပါတယ်။
😷 Virus ရောဂါလက္ခဏာတွေက ဘာပါလဲ?
-အဖျားကြီးခြင်း
-နှာစေးခြင်း
-ချောင်းဆိုးခြင်း
-ချမ်းတုန်ခြင်း
-ခေါင်းကိုက်ခြင်း
-အသက်ရှုကြပ်ခြင်း၊ ခက်ခြင်း
-ခေါင်းကိုက်ခြင်း
-လည်ချောင်းနာခြင်း
-အချိန်ကြာ ဖျားခြင်း
-အလွန်မောပန်းခြင်း
-ကိုယ်ခံအားကျဆင်းလားခြင်း တို့ဖြစ်ပါတယ်။
Healthcare Myanmar မှဖော်ပြချက်အရ Wuhan virus ဟာ Coronavirus family ဖြစ်ပြီး Coronavirus များဟာ ဖျားနာခြင်း၊ အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ယောင်ရောဂါ(ဆားစ်ရောဂါ) များဖြစ်စေပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ် လို့ဖော်ပြထားပါတယ်။
😷ကာကွယ်ဆေး သို့မဟုတ် ကုသရန်ဆေး ရှိပြီလား?
မရှိသေးပါ။
😷မိမိကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ?
-လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာ ဆေးပေးပါ။
-မသန့်သော လက်ဖြင့် မိမိ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် များကို ထိတွေ့ခြင်းရှောင်ကြဉ်ပါ။
-ဖျားနာနေသောလူနာများဖြင့် ဝေးဝေးနေပါ။
-လူထူထပ်သော နေရာများကိုရှောင်ပါ။
-အပြင်သွားတိုင်း လုံခြုံစိတ်ချရသည့် နှာခေါင်းကာ (Mask) များတပ်ဆင်ထားပါ။
-ရေများများသောက်ပါ။ ရေနွေးဆိုပိုကောင်းပါတယ်။
-ရောဂါကူးဆက်ခံထားရသည့် လူနာ ထိတွေ့ထားသည့် အဝတ်များ၊ အိပ်ယာခင်းများ ခေါငအုံးများ လက်ကိုင်ပဝါ စသည့် ပစ္စည်းမျကို မီးရှိုဖျက်ဆီးပါ။
😷ကိုယ်ကိုယ် ကို သံသယရှိရင်ဘာလုပ်သင့်ပါသလဲ?
-ဆေးရုံးကြီးများသို့ သွားရောက်ကုသမှုခံယူပါ။
-ကိုယ့်ကိုယ်ကို သံသယရှိတယ်ထင်ရင် ဖျားပြီဆိုတာ နှင့် အိမ်မှာနေပါ။
-လူထူထပ်သည့် နေရာလုံးဝမသွားပါနှင့်။
-ချောင်းဆိုး နှာစေးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှုးသန့်သန့်ဖြင့် အသုံးပြုပါ။
-ကျန်သည့်လူများ မကူးဆက်မိအောင် သတိထားနေပါ။
😷ဘယ်လိုလူတွေကူးဆက် လွယ် နိုင်ပါသလဲ?
-ကလေးငယ်များ
-သက်ကြီးရွယ်အိုများ
-နာတာရှည်ရောဂါသည်များ
-ကိုယ်ခံအားနည်းတဲ့သူများ တို့ဖြစ်ပါတယ်။
😷Treatment ဘယ်လိုလုပ်ရမလဲ?
ကုသဆေးမရှိသေးပါ။
-အနာကျက်ဆေး
-အဖျားပျောက်ဆေး
-Antiviral Drugs များစမ်းသုံးနိုင်ပါတယ်။
ဒါ့အပြင်
-အခန်းပူချိန် Humidity ကိုထိန်းထားပါ။
-ရေနွေးပူပူဖြင့်ရေချိုးပါ။
-ရေ သို့မဟုတ် အရည်များ များသောက်ပေးပါ။
-နိုင်ငံတကာသတင်းစာမျက်နှာ အချို့မှာတော့ Alcohol က Virus ကို ရပ်တန့်နိုင်စွမ်းရှိတယ်လို့ တွေ့ရပါတယ်။
-အိမ်မှာပဲ တစ်ယောက်ထည်း အနားယူပါ။
-လုံခြုံစိတ်ချရသည့် Mask ကိုအချိန်ပြည့် တပ်ဆင်ထားပါ။
😷Virus က ဘယ်နိုင်ငံတွေဆီပျံ့နေပြီလဲ?
-ထိုင်း 🇹🇭
-ဂျပန် 🇯🇵
-တောင်ကိုရီးယား 🇰🇷
-ထိုင်ဝမ် 🇹🇼
-အမေရိကန် 🇺🇸 တို့မှာ Corona Virus ကူးဆက်ခံလူနာများရှိကြောင်း အတည်ပြုထားပါတယ်။
😷ကူးစက်မှုနှုန်း ကကော?
ယခု အချိန်ထိ လူပေါင်း ၅၇၀ ထိ ကူးဆက်ခံထားရပြီး ၁၇ယောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ (BusinessInsider,2020)
😷 မြန်မာမှာကော?
လေဆိပ် နှင့် နယ်စပ် ဝင်ပေါက်များ မှာ သေချာစွာ စစ်ဆေးနေတယ်လို့သိရပါတယ်။ ရောဂါလက္ခဏာကိုတော့ မတွေ့ရသေးပါဘူး။
💪 လုံခြုံစိတ်ချရသည့် Mask များ ဝတ်၍ အပြင်ကပြန်ရောက်တိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးခြင်းဖြင့် ဂရုစိုက်ကြပါလို့တိုက်တွန်းရင်း...။
Reference:
Business Insider
BBC News
Healthcare Myanmar
Hello ဆရာဝန်
EHS Institute Myanmar မှ Ko Kaung Htet Swan ရေးသားသည်။ (၂၃.၁.၂၀)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit : Environmental-Health-Safety Myanmar ကို Like ပြီး Share ပေးခြင်းဖြင့် ကူညီပေးပါ။
https://www.facebook.com/ehsmyanmar/