Shwe Bhone Sae Distribution

Shwe Bhone Sae Distribution ရွှေဘုန်းဆည်ကုန်မျိုးစုံရောင်းဝယ်ေ?

22/01/2021
****ကဲဂွတ်ရှယ် promotion လေးလာပါပြီ....😍😍😍စည်းကမ်းသတ်မှတ်ချက်အသေးစိတ်လေးကိုအောက်မှာကြည့်ပေးပါနော်....😊😊😊 MPT GSM/WCDMA P...
11/01/2021

****ကဲဂွတ်ရှယ် promotion လေးလာပါပြီ....😍😍😍
စည်းကမ်းသတ်မှတ်ချက်အသေးစိတ်လေးကိုအောက်မှာကြည့်ပေးပါနော်....😊😊😊

MPT GSM/WCDMA Prepaid/Postpaid အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါသည်။

New Year 10x package ကို *8992 # ကို ရိုက်နှိပ်ခေါ်ဆို၍ဖြစ်စေ၊ MPT4U မှတစ်ဆင့်ဖြစ်စေ၊ MPT Pay, DMS နှင့် SDP channel များမှတစ်ဆင့်ဖြစ်စေ ဝယ်ယူနိုင်ပါသည်။

Package သက်တမ်းမှာ (၄၈) နာရီ ဖြစ်ပါသည်။

ဝယ်ယူထားသော ဒေတာကို ဒေတာအသုံးပြုမှုအားလုံး အတွက် အသုံးပြုနိုင်ပါသည်။

ဒေတာပမာဏများနှင့် သက်တမ်းများသည် ပေါင်းစည်းခြင်း မရှိပါ။

Package တန်ဖိုးမှာ ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် ဖြစ်ပါသည်။

Gift Function သည် အကျုံးဝင်မည် ဖြစ်ပြီး အခြားသူများထံသို့ လက်ဆောင်ပေးနိုင်ပါသည်။

ဝယ်ယူရန် အကြိမ်ရေ ကန့်သတ်ထားခြင်းမရှိပါ။ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။
ပရိုမိုးရှင်းကာလမှာ ၂၀၂၁ ဇန်နဝါရီလ (၁၁) ရက် မှ ၂၀၂၁ ဇန်နဝါရီလ (၁၃) ရက် အထိ ဖြစ်ပါသည်။

နှစ်သစ်ရောက်တော့မယ်နော်! လေးစားချစ်ခင်ရတဲ့ MPTသုံးစွဲသူများအားလုံးအတွက် နှစ်သစ်ကို ပျော်ရွှင်စရာတွေ အပြည့်နဲ့ ဖြတ်သန်းနိ...
21/12/2020

နှစ်သစ်ရောက်တော့မယ်နော်!
လေးစားချစ်ခင်ရတဲ့ MPTသုံးစွဲသူများအားလုံးအတွက် နှစ်သစ်ကို ပျော်ရွှင်စရာတွေ အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ကံကောင်းခြင်းတွေယူဆောင်လာမယ့် "ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်" အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအစီအစဉ်လေးကတော့ ဖုန်းဘေလ်များများဖြည့်လေ ကံစမ်းခွင့်တွေပိုရပြီး အံဩစိတ်လှုပ်ရှားဖွယ် ဆုကြီးတွေကံထူးနိုင်လေ ပဲဖြစ်ပါတယ်။ ဘယ်လိုကံစမ်း ရမလဲနဲ့ ဘာဆုတွေရရှိနိုင်မှာလဲဆိုရင်တော့ ကြိုက်နှစ်သက်ရာ နည်းလမ်း အသုံးပြုပြီး ၁,၀၀၀ကျပ်နှင့်အထက် ဖုန်းငွေ ဖြည့်သွင်းလိုက်တာနဲ့ ၁,၀၀၀ကျပ်တိုင်း အတွက် "TopUp Hti Pauk" မှာ (၁)ကြိမ်ကံစမ်းခွင့် ရရှိမှာဖြစ်ပါတယ်။
- အဲ့ဒီကံစမ်းခွင့်နဲ့ MPT4U App မှာရှိတဲ့ "Top Up Hti Pauk" ကစားပြီး Lucky Draw ကံစမ်းနိုင်မည့် လက်မှတ်ကို ထပ်မံ ရရှိမှာဖြစ်ပါတယ်။
-Lucky Draw ကံစမ်းနိုင်မည့် လက်မှတ် ၁ခု ရရှိထားပါက 100GB (ရက် ၆၀) ကံထူးဆုများ အတွက် ကံစမ်းခွင့် ၊ ကံစမ်းနိုင်မည့် လက်မှတ် ၃ခု ရရှိထားပါက 100GB (ရက် ၆၀) နဲ့ iPhone 12 Pro+1,000GB (၃၆၅ ရက်) ကံထူးဆုများအတွက် ကံစမ်းခွင့်တွေ နှင့် ကံစမ်းနိုင်မည့် လက်မှတ် ၅ခု နဲ့အထက် ရရှိထားသူတွေကတော့ ဒေတာဆုကြီးများ, iPhone 12 Pro နှင့်အတူ "ငွေကျပ်သိန်း ၁၀၀" အပါအဝင် ဆုကြီး ၃ မျိုးစလုံး အတွက် ကံစမ်းခွင့် တွေရရှိမှာပါ။
ကဲ ပျော်ရွှင်စရာနှစ်သစ်မှာ ဖုန်းဘေလ်များများဖြည့် Ticket များများစုပြီး အံဩစိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်ကြီးများ ကံထူးနိုင်မည့် MPTရဲ့ "ကံထူးပျော်ရွှင် ၂၀၂၁အစီအစဉ်" လေးမှာ ပါဝင်ကံစမ်းလိုက်ကြရအောင်။
ကံစမ်းမဲကာလက ဒီဇင်ဘာ (၂၁) ရက်နေ့ကနေ (၂၇) ရက်နေ့အထိပဲနော်!

MPT ချစ်သူများအတွက် သတင်းကောင်း !!!!!ပျော်ရွှင်စရာ တန်ဆောင်တိုင်ပွဲတော်အတွက် MPT မှ ရှယ်လက်ဆောင် ပေးထားပါတယ်......     S...
26/11/2020

MPT ချစ်သူများအတွက် သတင်းကောင်း !!!!!
ပျော်ရွှင်စရာ တန်ဆောင်တိုင်ပွဲတော်အတွက် MPT မှ ရှယ်လက်ဆောင် ပေးထားပါတယ်......
Super 10 times Data Pack
998 ကျပ်ထဲနဲ့ 10,000 MB ရမှာနော် !
*888*1 # ကို ခေါ်ဆိုပြီး ရယူလိုက်ပါ။
10 GB လောက်ကိုမှ 998 ကျပ်ထဲနဲ့ ရမှာဆိုတော့ အရမ်းတန်သွားပြီနော်...........

*** မိတ်ဟောင်း/မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံပါစေလို့ ရွှေဘုန်းဆည်ကုန်မျိုးစုံရောင်းဝယ်ရေး မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ***

ဒီနေ့ည ၇နာရီ မှာ မြန်မာ့စပါးအုံး အောင်လ အန်ဆန်း နှင့် နယ်သာလန်နိုင်ငံသား ရိုင်နီယာ ဒီ ရစ်ဒါ တို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ...
30/10/2020

ဒီနေ့ည ၇နာရီ မှာ မြန်မာ့စပါးအုံး အောင်လ အန်ဆန်း နှင့် နယ်သာလန်နိုင်ငံသား ရိုင်နီယာ ဒီ ရစ်ဒါ တို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ့် ပွဲစဉ် အပါအဝင် တခြားစိတ်ဝင်စားဖွယ် ထိုးသတ်ပွဲများလဲ ပါဝင်တဲ့ ONE Championship ရဲ့ INSIDE THE MATRIX ပြိုင်ပွဲကြီးကို ဒီလင့်ခ် https://bit.ly/3jx5DT3 နှိပ်ပြီး Video Recommended by MPT မှာ သီးသန့်ဝန်ဆောင်ခပေးစရာမလိုဘဲ တိုက်ရိုက် (Live) ကြည့်ရှုနိုင်ပါပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။
To watch the match between Burmese Python Aung La N Sang vs Dutchman Reinier De Ridder at 7 pm tonight and the ONE Championship's INSIDE THE MATRIX event, click this link https://bit.ly/3jx5DT3, Video Recommended by MPT where you can now watch live without having to pay a separate fee.

ဘားအံပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ဦးဝမ်ချိန်+ဒေါ်မြကြည်အားရည်စူး၍ ရွှေဘုန်းဆည်မိသားစုနှင့်ဝန်ထမ်းများမှ တန်ဖို...
21/10/2020

ဘားအံပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ဦးဝမ်ချိန်+ဒေါ်မြကြည်အားရည်စူး၍ ရွှေဘုန်းဆည်မိသားစုနှင့်ဝန်ထမ်းများမှ တန်ဖိုးငွေ (4,770,000/-)ကျပ်ရှိ AIRVO 2(High Flow Oxygen Therapy Machine with Optiflow - High Flow Nasal Cannula) စက်တစ်လုံးအား လှူဒါန်းခဲ့ပါတယ်ရှင်။
ယခုလို လှူဒါန်းရသော ကုသိုလ်ကို အားလုံးရကြပါစေရှင်။.........
ရောဂါကပ်ဆိုးကြီးမှလည်း အမြန်ဆုံးကျော်လွှားနိုင်ကြပါစေရှင်။.........

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက်ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။ မသေမသပ်လက်ရေးလ...
18/10/2020

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေး
တစ်ရွက်ကပ်ထားတာကိုတွေ့လို့
ဖတ်မိလိုက်တယ်။ မသေမသပ်
လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။
"ကျွန်မလမ်းသွားရင်း ဒေါ်လာ ၅၀
ကျပျောက်သွားလို့ပါ။
တစ်ယောက်ယောက်များတွေ့ခဲ့ရင်
ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍
လာပေးစေလိုပါတယ်။
ကျွန်မက မျက်စိလည်းကောင်းကောင်း
မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း
အဆင်မပြေလို့ပါ။
ကျွန်မကို ကူညီပြီးပြန်ရှာပေးပါနော်"
ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခု
ရေးထားတယ်။
ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့
စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။
အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်
နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။
အနားကိုကျွန်တော်ရောက်သွားမှ
အဖွားက "ဘယ်သူလဲ"လို့မေးတယ်။
"ကျွန်တော် အဖွားကျပျောက်သွားတဲ့
ဒေါ်လာ ၅၀ကို ကောက်ရထားလို့
လာပြန်ပေးတာပါ"လို့ပြောလိုက်တယ်။
ကျွန်တော့်စကားကိုကြားတာနဲ့
အဖွားကမျက်ရည်ကျပါတယ်။
"မင်းနဲ့ဆိုရင် အဖွားကို ဒေါ်လာ ၅၀
လာပေးတာ အယောက် ၄၀ကျော်သွားပြီ။
ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။
အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။
စာလည်းမရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း
အနားမှာ မရှိပါဘူးကွယ်"တဲ့။
အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို
ဒေါ်လာ ၅၀ ထည့်ပေးလိုက်ပါတယ်။
အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီးပေးတယ်။
ပြီးတော့
အဖွားက ကျွန်တော်မပြန်ခင်
ခုလိုမှာလိုက်ပါသေးတယ်။
"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်က
စာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကို
ဒုက္ခမရောက်စေချင်ဘူး"
ကျွန်တော် အဖွားဆီက ပြန်လာတော့
တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ။
အရင်လူတွေကိုလည်း အဖွား
ဒီလိုပဲပြောခဲ့မှာသေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။
အဖွားကိုဒါနပြုဖို့စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့
လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။
တဆက်တည်းမှာပဲ တခြားသူတွေကို
ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီး
ရှိပါလားဆိုတာကိုလည်း အသိတစ်ခု
ရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲလိုတာပါ။
ဒီလိုနဲ့ကိုယ်အတွေးနဲ့ကိုယ်
လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့
ခေါ်သံကြားမှအတွေးစပြတ်သွားတယ်။
သူက ကျွန်တော့်ကို အခုလိုမေးတယ်။
"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီလိပ်စာရှင်ရဲ့ဒေါ်လာ ၅၀ ကိုကျွန်တော်
ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ"
(ဆရာဗန်းမော်သိန်းရဲ့စာအုပ်ထဲက
ကျွန်တော့်ရင်ထဲရောက်လာတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာ...)
# Crd: ဇင်ယော်
မူရင်းတင်သူအား Credit ပေးပါသည်။

Address

No. (4/423) Thudanu Street
Hpa-an

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959402291001

Alerts

Be the first to know and let us send you an email when Shwe Bhone Sae Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Bhone Sae Distribution:

Share