Summer D. Scents

Summer D. Scents Summer D. Scents is a Mawlamyine -based platform dedicated to sharing honest perfume reviews, selling authentic perfumes, and offering decants.

Authenticity is our top priority.

Perfume Review: Un Jardin Sur Le Nil by Hermes Parisအီဂျစ်ပြည်၊ Aswan ရဲ့ Nine မြစ်ရိုးတစ်လျှောက်က Island - Garden တွေဆီ...
28/05/2026

Perfume Review: Un Jardin Sur Le Nil by Hermes Paris

အီဂျစ်ပြည်၊ Aswan ရဲ့ Nine မြစ်ရိုးတစ်လျှောက်က Island - Garden တွေဆီခေါ် ဆောင်သွားပေးမဲ့ Un Jardin Sur Le Nil ဟာ Perfumer Jean-Claude Elena ရဲ့ လက်ရာဖြစ်ပါတယ်။ 💚

Un Jardin လိုင်းထဲ Sur Le Nil က နာမည်အကြီးဆုံးလို့ပြောလို့ရပါတယ်။
နိုင်ငံတကာ Reviewer တွေကြားရော User တွေကြားမှာရော တော်တော်လေး လူပြောများပြီး Hype ကြတယ်။ ကိုယ့်ဆီမှာလည်း Full Bottle တော်တော်လာမှာကြတဲ့အထဲပါတယ်။ အဲ့ဒါကို အခုမှပဲ Review ရေးဖြစ်တော့တယ်။

Minimalist ဆန်ပြီး လန်းဆန်းကြည်လင်တဲ့ ရနံ့ကို နှစ်သက်သူများ အကြိုက်တွေ့ကြမဲ့ ရေမွှေးပါ။ ဘယ်လို vibe လဲဆို ဂရိတ်ဖရုပင်၊ သရက်ပင်၊ ခရမ်းချဉ်ပင်တွေရှိတဲ့ ဥယျာဉ်ထဲက ကြာပန်းလေးတွေဖူးပွင့်နေတဲ့ ရေကန်လေးနံဘေး တစ်ယောက်တည်းအေးအေးချမ်းချမ်း သီချင်းလေးနားထောင်၊ စာအုပ်လေးဖတ်နေရတဲ့ခံစားချက်ပါ။ ရှုပ်ရှုပ်ထွေးထွေး ဆူဆူညံညံဖြစ်တာတွေမပါဘူး။ 🍅🪷🪻🥭

သူ့ရဲ့ Green Mango Note ကြောင့် ဒီကောင်လေးကို လူတအားစိတ်ဝင်စားကြတာထင်တယ်။ ကိုယ်တိုင်အပါအဝင်ပေါ့။

စမ်းကြည့်တဲ့အချိန်မှာ ကိုယ့်အတွက်တော့ Mango Note ကို သိသိသာသာကြီးမခံစားရဘူး။ Citrusy ဖြစ်တဲ့ Grapefruit နံ့ကို ပိုပြီး မြင်ရတယ်။ သူ့နောက်မှာမှ တိုးတိုးလေး ကပ်ပါနေတဲ့ သရက်သီးစိမ်းနံ့လေး။

အနံ့တစ်ခုလုံးကို ခြုံပြောရရင် တော့ Grapefruit နံ့ လွင်လွင်လေးရယ်၊ တအားအချဉ်မစူးတဲ့ သရက်သီးစိမ်းအနံ့ရယ်၊ အရွက်လေး တစ်ခက်နှစ်ခက်ပါနေတဲ့ ခရမ်းချဉ်သီးနံ့ ခပ်စိမ်းစိမ်းလေးရယ်၊ Sycamore ရဲ့ စိမ်းအေးမှုလေးရယ်၊ကြာပန်းရဲ့ Watery Touch ကြည်ကြည်လေးရယ် ဒါတွေကို ခံစားရမှာပါ။

လတ်ဆတ်ကြည်စင်မှုကို အပြည့်အဝရရှိနိုင်မဲ့ ရနံ့ပါ။ Spring တို့ Summertime တို့နဲ့ လိုက်ဖက်တယ်။ Citrusy, Watery & Green ဖြစ်တာကိုမှ Soapy လေးနည်းနည်းဖြစ်တယ်။ ရေချိုးပြီးကာစ ကိုယ်မှာစွဲကျန်နေတဲ့ ဆပ်ပြာနံ့လိုမျိုးလေး သင်းသင်းအေးအေးလေး စွဲကျန်နေတာ။

Longevity, Projection, Silage အကုန်အသင့်အတင့်ပဲ။ သူက တအားကြီးကောင်းလား မဖြစ်မနေစမ်းသင့်လားဆိုရင်တော့ ကိုယ်လက်ရှိတအားကြိုက်နေတဲ့ YSL ရဲ့ Saharienne လို အကုန်လုံးကို ညွှန်းပေးရလောက်တဲ့အထိတော့ မဟုတ်ဘူး။ ကောင်းပေမဲ့ အနံ့ပုံစံကရိုးရှင်းတာမို့ လူတိုင်းက သိပ်ကြိုက်တာပဲ‌ဆိုပြီး ဖြစ်ချင်မှဖြစ်မှာမို့ပါ။

ဒါပေမဲ့ …။ကိုယ့်အမြင်အရ ဒီကောင်လေးနဲ့ ပတ်သက်ပြီး လူနှစ်မျိူးပဲရှိမယ်ထင်တယ်။ အနံ့လေးက မဆိုးပါဘူးဆိုတဲ့သူနဲ့ သိပ်ကြိုက်ပါတယ်ဆိုတဲ့သူ။ မုန်းတဲ့သူတော့ မရှိလောက်ဘူး။ သိပ်ကြိုက်ပါတယ်ဆိုတဲ့သူတွေကတော့ Simplicity is the ultimate beauty ဆိုတာကို လက်ခံထားကြတဲ့ Minimalist သမားတွေ ဖြစ်ဖို့များပါတယ်ရှင်။ 🌿

ဒါနဲ့လေ Replica ရဲ့ From The Garden နဲ့ဆင်လား လာမေးတတ်ကြလို့ နည်းနည်းလေးမှ မတူပါဘူးနော်။ From the Garden ကျ Tomato Leaf ကတအားထင်းပြီး စိမ်းစိမ်းဖန့်ဖန့် တော်တော်လေး ဖြစ်တယ်။ ဒီကောင်လေးကျ ရိတ်ပြီးကာစ မြက်ခင်းရဲ့ စိမ်းလန်းမှုလို စိမ်းတာ။ Green ဖြစ်တဲ့ အနံ့ကို ကြောက်တတ်သူတွေတောင် လက်ခံနိုင်လောက်ပါမယ်။

In-Stock Full Bottles!! JHAG ထဲက ဒီကောင်လေးတွေ in-stock ရပါမယ်ရှင်။ 🤍Not A Perfume 100ml Retail - 43**** KsNot A Perfume...
27/05/2026

In-Stock Full Bottles!!

JHAG ထဲက ဒီကောင်လေးတွေ in-stock ရပါမယ်ရှင်။ 🤍

Not A Perfume 100ml Retail - 43**** Ks
Not A Perfume Superdose 100ml Retail - 48**** Ks
Pear Inc. 100ml Retail - 43**** Ks
Miami Shake 100ml Tester - 36**** Ks
Moscow Mule 100ml Tester - 35**** Ks
Sunny Side Up 100ml Tester - 43**** Ks

Decant လိုချင်သူများအတွက်လည်း Decant ရပါမယ်နော်။ ဘာလေးတွေစိတ်ဝင်စားကြလဲ။ ကိုယ်ကတော့ Miami Shake လေး အသစ်စမ်းချင်တယ်။ အရင်တည်းကစမ်းဖူးပြီးကြိုက်တာကတော့ Not A Perfume, Not A Perfume Superdose, Pear Inc. နဲ့ Sunny Side Up တို့ကိုကြိုက်ပါတယ်။ တကယ်တော့ အကုန်လုံးပါပဲရှင်။ 😂

JHAG ထဲကစမ်းဖူးတာ ၇မျိုးလောက်တော့ရှိပြီထင်တယ်။ အားလုံးနီးပါးကိုကြိုက်တယ်ရယ်။ 💚🌿

Hola! JHAG ထဲ ဒီကောင်လေးတွေ decant ရမယ်ဆို ဝယ်ချင်ကြလားဟင်။ In-Stock ပုလင်းတွေရှိနေတာမို့ လိုချင်တဲ့သူများရင် ဖောက်ပြီး ...
27/05/2026

Hola!

JHAG ထဲ ဒီကောင်လေးတွေ decant ရမယ်ဆို ဝယ်ချင်ကြလားဟင်။ In-Stock ပုလင်းတွေရှိနေတာမို့ လိုချင်တဲ့သူများရင် ဖောက်ပြီး Decant ရောင်းပေးမလို့ပါ။ တကယ်ကတော့ ကိုယ်တိုင်စမ်းချင်နေတာကို ဇွတ်မလုပ်ရဲလို့ ယူတို့အားကိုးလာရှာတာပါ။ 😂

အရင်လို ဝယ်ချင်တဲ့ပုလင်းဝယ်၊ ရောင်းချင်တာရောင်းနိုင်တဲ့ ဆမ်းမားမဟုတ်တော့‌ဘူးလေ။ အလုပ်မရှိ အကိုင်မရှိ ဝင်ငွေမရှိ ဘာမှမရှိတော့တဲ့ ဆမ်းမားဖြစ်သွားပြီဆိုတော့။ ဟီးဟီး
MacBook ကအစ ထုတ်ရောင်းထားရတာရယ်။ အထဲကို တစ်နှစ်လေး သွားနေလိုက်ရတာ ဘဝကအဲ့လိုတွေဖြစ်ရော။ ဒါကတော့ ဒွမ်မာတစ်ဖြတ်။ xD

လိုချင်တဲ့သူများရင် Decant ထားပေးပါမယ်။
Decant မလိုချင်ဘူး Full Bottle ပဲလိုချင်တယ်ဆိုရင်လည်း အားလုံး in-stock ရှိပါမယ်ရှင်။ 🤍💚

ဟယ်လို Tik Tok Platform ပေါ်  Summer D. Scents ရောက်ပါပြီနော်။ Follow ရမဲ့ account လေးပါရှင်။ 💚🌿https://www.tiktok.com/?...
26/05/2026

ဟယ်လို Tik Tok Platform ပေါ် Summer D. Scents ရောက်ပါပြီနော်။

Follow ရမဲ့ account လေးပါရှင်။ 💚🌿
https://www.tiktok.com/?_r=1&_t=ZS-96gTqX5VFfp

Video Content လေးတွေ ကြည့်ရတာ သဘောကျသူများ follow ထားလို့ရပါတယ်။

အခုမှပေါ့ပေါ့ပါးပါးစတုန်းဆိုပေမဲ့ တဖြည်းဖြည်းနဲ့ quality content တွေဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ဒီရက်ပိုင်းတော့ နှစ်ယောက်သား ရေမွှေးပုလင်းတွေသယ်ပြီး တစ်နေကုန် ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွား ဓာတ်ပုံနဲ့ video လေးတွေ လျှောက်ရိုက်လုပ်နေကြတာပဲ။ 😂

Summer D. Scents ရဲ့ အေးအေးချမ်းချမ်း Vibe လေးကိုတော့ ပျက်မသွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။ ကိုယ်ကစာရေးရတာပဲ အားသန်တဲ့ သူဆိုတော့လေ။

Delphinus လေးဆွတ်ပြီး မိုးအေးအေးနဲ့ စောင်ခြုံထဲ ကွေးရတာက တအားအရသာရှိတာပဲ။ 🧡🌧️🌫️သူ့ရဲ့ Ambery Accord က နွေးနွေးထွေးထွေးနဲ...
25/05/2026

Delphinus လေးဆွတ်ပြီး မိုးအေးအေးနဲ့ စောင်ခြုံထဲ ကွေးရတာက တအားအရသာရှိတာပဲ။ 🧡🌧️🌫️

သူ့ရဲ့ Ambery Accord က နွေးနွေးထွေးထွေးနဲ့ တကယ်ကို ရှူမဝဘူး။ ဆွတ်ထားတဲ့ လက်ကောက်ဝတ်နေရာကို အထပ်ထပ်အခါအခါ နမ်းနေမိတာ။ Vanilla+ Amber + Almond+ Iris combo ကြီးက so smooth and sexy ပါရှင်။

Delphinus က သိပ်လှတဲ့ Oriental Floral Fragrance ဆိုတာ ယုံကြည်ချက်အပြည့်နဲ့ ခေါင်းမော့ရင်ကော့ပြီး ပြောနိုင်သွားပြီ။ တကယ်ဆို မိုးအေးအေးလေးပဲ လိုခဲ့တာ။
ပုလင်းလိုက်ပြန်ထုတ်မယ်ဆိုတဲ့ စိတ်ကူးကိုလည်း ရုပ်သိမ်းလိုက်ပါပြီ။ ဒီလိုရနံ့ကတော့ ကော်လက်ရှင်ထဲရှိကိုရှိသင့်တယ်လေ။ ဟီးဟီး။ ^^ 🧡

The One for Men EDP လေး Preorder မှာလို့ရပါမယ်ရှင်။ 100ml Tester - 28**** Ks ကြာချိန်နှစ်ပတ်ဖြစ်ပြီး ကြိုတင်ငွေ တစ်ဝက်ယူ...
25/05/2026

The One for Men EDP လေး Preorder မှာလို့ရပါမယ်ရှင်။

100ml Tester - 28**** Ks
ကြာချိန်နှစ်ပတ်ဖြစ်ပြီး ကြိုတင်ငွေ တစ်ဝက်ယူပါမယ်နော်။ 🤎

Perfume Review: Wood Sage & Sea Salt by Jo Malone London သဲသောင်ဖွဖွ ကမ်းခြေမှာ လမ်းလျှောက်နေတုန်း တိုးဝှေ့တိုက်ခတ်လာတဲ့...
24/05/2026

Perfume Review: Wood Sage & Sea Salt by Jo Malone London

သဲသောင်ဖွဖွ ကမ်းခြေမှာ လမ်းလျှောက်နေတုန်း တိုးဝှေ့တိုက်ခတ်လာတဲ့ ဆားပွင့်ရနံ့သင်းသင်း လေပြည်ညင်းကြောင့် ချမ်းမြေ့ရဖူးလား။ ☁️🌊

Wood Sage & Sea Salt ရနံ့မှာ အဲ့ဒီလိုချမ်းမြေ့မှုတွေ ရှိပါတယ်။ ပူပင်ဆင်းရဲစရာဟူသမျှတွေကို တဒင်္ဂလောက်ပဲဖြစ်ဖြစ် အေးချမ်းသက်သာရာရသွားစေတဲ့ ချမ်းမြေ့မှုပေါ့။

ကိုယ့်အတွက်တော့ ဒီကောင်လေးရဲ့ အလှဟာ ဆားငန်ရနံ့အငွေ့အသက်ပေါ်မှာ အဓိကတည်မှီးနေတယ်လို့ မြင်ပါတယ်။ ပင်လယ်ရေလို ငန်ကျိကျိလည်းမဟုတ်ဘူး။ ဆားပွင့်လေးတွေပါနေတဲ့ လေညင်းအနံ့။ တိုးတိတ်ငြင်သာပြီး နူးညံ့မှုရှိတဲ့ အငန်ဓာတ်။ အနံ့ခံအာရုံက အရသာအာရုံကိုပါ သွားပြီး လှုံ့ဆော်ပေးနေတာ။ ဒါက သင်တင့်မျှတပြီး သိပ်အရသာရှိတဲ့ အငန်ဓာတ်တစ်ခုပဲ ဆိုပြီးလေ။

အများအားဖြင့် ပင်လယ်နံ့ကို ရေညှိ၊ အုန်းသီးတို့နဲ့ ပုံဖော်တတ်ကြတဲ့ ရနံ့တွေအကြား ဒီကောင်လေးရဲ့ salty aspect က တော်တော်လေး unique ဖြစ်ပြီး နှစ်လိုဖွယ်ရာ ကောင်းပါတယ်။ အဲ့ဒါလေးကိုမှ Sage ရဲ့ စိမ်းလန်းမှုနဲ့ပေါင်းစပ်ထားတော့ အရာရာ ချမ်းမြေ့ရခြင်းတွေပါပဲ။ Sage ရဲ့ အနံ့ကို မသိသူများအတွက် အနီးစပ်ဆုံးပေါ်ဖော်နိုင်အောင် ပြောပြရရင် သူ့အနံ့ပုံစံက အချိုပွဲနဲ့ဟင်းပွဲတွေမှာ အလှဆင်ဖို့ သုံးတတ်ကြတဲ့ Rosemary လိုမျိုးပါ။ Herbal Green Touch ပါးပါးနဲ့ Earthy, Woody ဖြစ်တာပေါ့။

Salty Aspect + Earthy/Woody Touch
နှစ်ခုပေါင်းတာကို Ambrette Seeds ရဲ့ Musky Nuance ထပ်ပေါင်းတော့ ကိုယ်သင်းနံ့လှလှလေး တစ်ခု ဖြစ်သွားတော့တာပဲ။ ပျံ့လွင့်အားငြိမ်ဝပ်ဝပ်နဲ့ တကယ်ကို သင်းပျံ့ပျံ့ကလေး မွှေးတာ။ ဒါပေမဲ့ ဖျတ်ခနဲ လေအသင့်တွေမှာတော့ ဘေးဝန်းကျင်ကသူကို ကမ်းခြေကို လမ်းလျှောက်လေညင်းခံထွက်ဖို့ ပို့ဆောင်ပေးနိုင်ပါတယ်။ ကြာရှည်ခံမှုကတော့ များများပိုဖြန်းလေ အနံ့ပိုခံလေပါပဲ။

ဒါနဲ့လေ ကိုယ် Fragrance Review တွေရေးတဲ့အခါ မြင်ယောင်ခံစားမိတဲ့ အခိုက်အတံ့ အခြေအနေလေးတွေ ထည့်ရေးတာကို သတိထားမိကြတယ်ဟုတ်။ အဲ့ဒါတွေကလေ ဖတ်လို့ကောင်းရုံ စာသားလှလှလေးတွေကို လျှောက်ရွှီးဖြန်းပြီး ရေးတာမဟုတ်ဘဲ လက်တွေ့ဘဝမှာ တကယ်တွေ့ကြုံလိုက်ရသလိုမျိုး သက်ဝင်ခံစားပြီး ရေးတာပါ။ အဲ့ဒါက ရနံ့တွေဆီက ရနိုင်တဲ့ အကောင်းဆုံး လက်ဆောင်မွန်တစ်ခုလို့ ယုံကြည်ပါတယ်။

အားလုံးကိုလည်း ရေမွှေးဆွတ်တဲ့အခါ မွှေးတယ် မမွှေးဘူး ကြိုက်တယ် မကြိုက်ဘူးဆိုတာထက်ပိုပြီး ရနံ့တွေရဲ့ ခေါ်ဆောင်သွားရာကို လိုက်ပါခံစားကြည့်စေချင်ပါတယ်။ သူတို့ပေးသမျှ အရာရာဟာ အနံ့မွှေးတယ် မမွှေးဘူးဆိုတာထက်ကို ပိုပါတယ်။ ရေမွှေးဆိုတာ အနုပညာလက်ရာတစ်ခုပဲ မဟုတ်လားရှင်။ 🤍

Bois D'Iris ရဲ့ Iris ကလေ Fleur De Peau ရဲ့ Iris နဲ့သွားဆင်တယ်။ စဖြန်းတာနဲ့ ကိုယ့်ရဲ့အသည်းအသက် Fleur ကိုတန်းသတိရတာပဲ။ဘာကွ...
23/05/2026

Bois D'Iris ရဲ့ Iris ကလေ Fleur De Peau ရဲ့ Iris နဲ့သွားဆင်တယ်။ စဖြန်းတာနဲ့ ကိုယ့်ရဲ့အသည်းအသက် Fleur ကိုတန်းသတိရတာပဲ။

ဘာကွာလဲဆို Bois ရဲ့Iris က Fleur လောက် Depth မရှိဘူး။ ဟိုကောင်က Earthy တအားဖြစ် လုံးဝပျစ်နှစ် လေးပင်တာမျိုး။ မကြိုက်တဲ့သူအချို့က တိုင်းရင်းဆေးနံ့မျိုးလို့ ပြောတတ်ကြတယ်။ ကိုယ့်အတွက်တော့ Soothing ဖြစ်တာပဲသိတယ်။

Bois ကျအဲ့လိုမဟုတ်ဘူး။
ဒါပေမဲ့ သစ်နံ့က တအားထင်းတယ်။ ရိုးရိုးသစ်သားနံ့မဟုတ်သလို နံ့သာဖြူ၊ သစ်ကတိုးနံ့လည်းမဟုတ်ဘူး။ ကရမက်တို့ ဘာတို့လို ဆေးဖက်ဝင်သစ်သားနံ့မျိုး။ ကရမက်နံ့မဟုတ်ပါနော်။ Rich ဖြစ်ပြီး သူလည်း Soothing ဖြစ်တာပဲ။

ပြောရမယ်ဆို Bois D' Iris က ပေါ့ပါ့ပါးပါးလက်ခံနိုင်တဲ့ Iris ရယ်၊ သစ်နံ့ထင်းထင်းရယ်၊ Another 13 ထဲက Ambroxan အငွေ့အသက်ရယ် ပေါင်းထားတာ။ နောက်ပိုင်းတဖြည်းဖြည်း ဖျော့တော့သွားတော့ ကိုယ်သင်းနံ့ပုံစံလေးဖြစ်သွားတယ်။ Skin Scent ပုံစံကိုမှ Iris ပန်းနံ့ ပေါ်ပေါ်လွင်လွင်၊ သစ်နံ့ထင်းထင်းနဲ့ အလစ်တဲလေး complex ဖြစ်တဲ့ အနံ့မျိုး။ သူ့အထာနဲ့သူ တော်တော်လေးတော့ မိုက်တယ်။

သေချာပေါက် woody ဖြစ်တာကြိုက်တတ်မှ အိုကေပါမယ်။ စမ်းချင်ရင်တော့ 9ml တစ်ဘူးရပါမယ်ရှင်။ အဲ့ဒါကုန်ရင်တော့ မရှိတော့ပါဘူး။

9ml - 85,000 Ks

Summer in a bottle! 💚🌞ပုလင်းထဲရောက်နေတဲ့ ဆမ်းမားပေါ့ xD တအားကိုမှ စင်ကြယ်ရှင်းသန့် လန်းဆန်း‌ အေးချမ်းသောပဲ။ ခေါင်းနောက် ...
22/05/2026

Summer in a bottle! 💚🌞
ပုလင်းထဲရောက်နေတဲ့ ဆမ်းမားပေါ့ xD

တအားကိုမှ စင်ကြယ်ရှင်းသန့် လန်းဆန်း‌ အေးချမ်းသောပဲ။
ခေါင်းနောက် အမူးအမော်ပြေအောင် အဘထတောင်ရှူစရာမလိုဘူး။ ကိုယ့်အတွက်တော့ သူနဲ့တင် အလုပ်ဖြစ်နေတာ။ 😂
ဖြန်းလိုက်ရတာနဲ့ ကိုယ်ရောစိတ်ရော ကြည်လင်သွားတာရယ်။

ဒီကောင်လေးက Light Blue EDT 2025 version ပါ။ သိကြတဲ့အတိုင်း ကိုယ်က Light Blue တွေကို အရမ်းကိုမှရူးသွပ်စွဲလမ်းတယ်။ အထူးသဖြင့် Eau Intense ကိုပဲ။ ပြန်လိုက်ဝယ်တော့ Discontinued ဖြစ်သွားပြီး EDP 2026 version အသစ်ပဲရတော့မယ် လောလောဆယ်တော့ offer မရှိသေးဘူး ဆိုတာနဲ့ အသစ်ထွက်ထားတဲ့ ဒီ EDT 2025 version ကို ဝယ်ဖြစ်သွားတယ်။ ဝယ်တုန်းကတော့ ဘာရယ်မဟုတ်ဘူး Eau Intense မရသေးလို့ ဒါဝယ်တာပဲ။

စမ်းဆွတ်ကြည့်တဲ့အခါမှ ဘယ့်နှယ် သူက ကိုယ့်အချစ်လေး Eau Intense အနံ့နဲ့ သွားဆင်နေတာ။ reformulated လုပ်ထားမှန်း မသိတော့ အစက ကိုယ့်နှာခေါင်းပဲ error ဖြစ်နေတာလား ဘယ်လိုဖြစ်ပြီး Eau Intense နဲ့သွားတူနေတာလဲဆိုပြီး နည်းနည်းကြောင်သွားသေးတယ်။ နောက်မှ အခြားသူလိုက်မေးကြည့်တော့ သူတို့အတွက်လည်း Eau Intense အနံ့မျိုးရ‌တယ်တဲ့။ တော်ပါသေးတယ်။ အနံ့ခံအာရုံလေး ကောင်းနေသေးတယ်။ 😂😂

ဆိုတော့ သေချာ fully review က လာတော့လာမယ်။ ခဏတော့စောင့်ရပါဦးမယ်။ လောလောဆယ် 10% off sale ထဲ ဝယ်ချင်လို့ အနံ့‌ပုံစံသိချင်တယ်ဆို ကိုယ်အများကြီးရေးဖူးတဲ့ Eau Intense Review တွေပြန်ဖတ်လို့ရပါတယ်။

ချွတ်စွပ်ကြီး မဟုတ်ပေမဲ့ Opening တွေဘာတွေက တော်တော်ကြီးမှတူတာမို့။ 🩵

Perfume Review: Musk Therapy by Initio Parfums Prives ရနံ့တစ်ခုကို ပထမအကြိမ်စမ်းတာနဲ့ ဒုတိယအကြိမ်ထပ်စမ်းတာမှာ ရရှိလိုက်တ...
19/05/2026

Perfume Review: Musk Therapy by Initio Parfums Prives

ရနံ့တစ်ခုကို ပထမအကြိမ်စမ်းတာနဲ့ ဒုတိယအကြိမ်ထပ်စမ်းတာမှာ ရရှိလိုက်တဲ့အနံ့ပုံစံနဲ့ ခံစားရပုံချင်း တစ်ကြိမ်နဲ့တစ်ကြိမ် ထပ်တူမကျတတ်ပါဘူး။ အချိန်တွေကြာလာလေ အဲ့ရနံ့အပေါ် အမြင်တွေ ပြောင်းလဲလာလေပါပဲ။ ဆင့်ကဲတိုးတက်လာတဲ့ အနံ့အာရုံကြောင့်လည်း ပါသလို ပြောင်းလဲလာတဲ့ အကြိုက်ပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒီနေ့မှာတော့ Musk Therapy ကို 2026 version Summer က ဘယ်လိုခံစားရလဲဆိုတာလေးကို ဝေမျှပေးချင်ပါတယ်။

ရှူရှိုက်လိုက်ရုံနဲ့ အိစက်ငြိမ့်ညောင်းပြီးသက်တောင့်သက်သာရှိတဲ့၊ ပင်ပန်းနွမ်းလျစရာတွေကို မေ့လျော့သွားစေပြီး မြင်သမျှ စဉ်းစားတွေးထင်သမျှ အရာအားလုံးဟာချစ်ခင်နှစ်လိုဖွယ်ရာကောင်းနေတဲ့ နွေးထွေးရာရပ်ဝန်းတစ်ခုကို ခေါ်ဆောင်သွားပေးမဲ့ သူ့ရဲ့ Creaminess ဟာ Musk Therapy ရဲ့ အလှဆုံး အစိတ်အပိုင်းတစ်ခုပါ။ ☁️☁️

စမ်းဖူးသမျှ Cozy and Comfy ဖြစ်တဲ့ ခံစားချက်ကို ပေးနိုင်တဲ့ Creamy Scent တွေထဲ ဒီကောင်လေးရဲ့ Creamy ဖြစ်ပုံက မြတ်နိုးစရာအကောင်းဆုံးပဲ။ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကိုမှ ဆိမ့်ဆိမ့်လေး။ သိပ်လှတယ်။

မိုးအေးအေး နံနက်ခင်းမှာ မလိုင်အပြည့်ပါတဲ့
နွားနို့နွေးနွေးလေး တစ်ခွက်သောက်နေရသလို၊ တိမ်စိုင်တွေလို အိစက်ညက်ညောပြီး ဇိမ်ရှိလှတဲ့ မွေ့ယာပေါ် ကြည်ကြည်လင်လင်နိုးထလာရတဲ့ တနင်္ဂနွေနေ့နံနက်ခင်းလို၊ Magnolia ပွင့်ဖတ်လေးတွေကျဲထားပြီး နွားနို့နွေးနွေးဖြည့်ထားတဲ့ Bath Tub ထဲ စိမ်ရင်း စပျစ်သီးလေးမြုံ့လိုက် လိုင်ချီးသီးလေးစားလိုက် cheese လေးတစ်ကိုက်ခဲလိုက် ဝိုင်လေးတစ်ကျိုက်ငုံလိုက်လုပ်နေရသလို ကျေနပ်နှစ်သိမ့်မှုမျိုးနဲ့
စိတ်ရောကိုယ်ရော အပြည့်အဝအနားရသွားစေတဲ့ ရနံ့မျိုးပါ။ ကိုယ့်အတွက်တော့ သူက တကယ်ကို Therapy တစ်ခု ပေးစွမ်းနိုင်တယ်။

Bergamot, Mandarin Orange တို့ကြောင့် အဖွင့်ဟာ Citrusy ဖြစ်တာကိုမှ လိမ္မော်သီးနံ့နည်းနည်းဆန်ပါတယ်။ ပြီးရင်တော့ Black Currant ရဲ့ ချိုချိုချဉ်ချဉ်ရနံ့လေးကို အရသာရှိရှိခံစားရပါမယ်။ သူနဲ့အတူတူ ယှဉ်တွဲပါလာတာကတော့ ပင်လယ်
ကမ်းစပ်က လှိုင်းလုံးကြီးတွေလို တလိမ့်လိမ့်နဲ့ တငြိမ့်ငြိမ့်တက်လာတဲ့ ဆိမ့်ဆိမ့်နွေးနွေး creaminess ပါ။ အဲ့ဒီ creaminess ထဲမှာတော့ Musks ရဲ့ ရှင်းသန့်အေးချမ်းပြီး ဆွဲဆောင်နိုင််စွမ်းနဲ့ Magnolia, Hedione တို့ရဲ့ နူးညံ့လှပမှုတို့ ပေါင်းစပ်ပျော်ဝင်နေပါတယ်။ 🫐🍊

သူ့ရနံ့ရဲ့ စလယ်ဆုံး ကူးပြောင်းမှုဖြစ်စဉ်တိုင်းဟာ တအားကိုမှ smooth ဖြစ်ပြီး at its finest ဆိုတဲ့ statement တစ်ခုကို ဖော်ညွှန်းနေတဲ့ luxurious fragrance ပါ။ ရနံ့နဲ့ ဆွတ်တဲ့သူရဲ့ ကိုယ်သင်းရနံ့ရောယှက်သွားချိန်မှာတော့ Musk Therapy ရဲ့ အလှဟာ ဘယ်ပန်းချီရေးလို့မမီဖြစ်သွားတော့တာပဲရှင်။ ကိုယ်ပြောရင် ပိုတယ်ထင်နေဦးမှာ။
မယုံရင် ကိုယ်တိုင်ဆွတ်ပြီး ခံစားကြည့်နော်။ ^^

Performance ကောင်းပါတယ်။ တစ်ဦးနဲ့တစ်ဦးကွာဟနိုင်ပေမဲ့ ကိုယ့်အတွက်တော့ ခုနှစ်နာရီဝန်းကျင် အနံ့စွဲပါတယ်။ အဝတ်ပေါ်မှာတော့ နောက်ရက်အထိစွဲတယ်။ ပျံ့လွင့်အားလေးလည်းမဆိုးဘူး။ အထူးသဖြင့် သူအနံ့ပျံ့တဲ့ပုံစံက သိပ်လှလွန်းလို့ ကိုယ်တိုင်ရော ဘေးလူရောကို ရှူမဝ နမ်းမဝဖြစ်စေတယ်။

ဆိုတော့ ခြွင်းချက်မရှိ Musk Therapy ဟာ 2026 မှာလည်း ကိုယ်အကြိုက်ဆုံးရနံ့တစ်ခုဖြစ်နေဆဲပါပဲ။ 🤍🦢

Anyway, ကိုယ်ကချစ်တဲ့စိတ်နဲ့မို့ အရာရာကို အပြစ်ပြောရက်စရာမရှိဘဲ အလှအပ အနုအရွတွေချည်း ခံစားမိပေမဲ့ အလွန့်အလွန်ရာခိုင်နှုန်းနည်းသော သူတွေအတွက်တော့ နို့လိမ္မော်သကြားလုံး၊ ဘလူးဘယ်ရီနို့သကြားလုံးအနံ့မျိုးကို ဘာတွေ အဲ့လောက် Hype နေတာလဲဆိုပြီး ဖြစ်နိုင်ပါတယ်နော်။


Maison Margiela ရဲ့ Replica Perfume Buying Guide ပြန်ဖတ်ချင်သူများအတွက် 💚🍃ဒီကောင်တွေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်နေတဲ့ ရယ...
19/05/2026

Maison Margiela ရဲ့ Replica Perfume Buying Guide ပြန်ဖတ်ချင်သူများအတွက် 💚🍃

ဒီကောင်တွေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်နေတဲ့ ရယ်စရာတစ်ခုကိုပြောပြရရင် ပြီးခဲ့တဲ့နှစ် ကိုယ့်ကိစ္စဖြစ်ချိန်မှာ သူငယ်ချင်းတွေက ကိုယ် Long Stay နေခဲ့တဲ့ ‌နေရာကနေ ရေမွှေးပုလင်းတွေနဲ့ ပစ္စည်းတွေကို ကူသိမ်းပေးရတာပေါ့။ အဲ့ဒီမှာ သူငယ်ချင်းတစ်ယောက်က Replica Perfumes တွေကို မြင်တော့ ဟိုတယောက် ဘာလို့ ရေမွှေးအတုတွေကို ဝယ်စုထားတာလဲဆိုပြီး အံ့ဩသွားတာတဲ့။ နာမည်က Replica ကိုး။ 🤣🤣

Address

Mawlamyine
Kalaw

Telephone

+959253062303

Website

Alerts

Be the first to know and let us send you an email when Summer D. Scents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share