Magway up to date

Magway up to date Everything you want to know about Magway.
(594)

Magway Uptodate Page was established on August 7, 2012.

• First Post of Magway Uptodate Group, was established on August 6, 2012, described about stock exchange of fruits and cereals markets of Magway City.

• First Time Ever, Myanmar unicode version was added to every posts of Magway Uptodate Group on July 2015.

Mask တပ်ထားပြီး တတ်နိုင်သမျှ လူစုလူဝေး ရှောင်ကြပါ။
28/01/2021

Mask တပ်ထားပြီး တတ်နိုင်သမျှ လူစုလူဝေး ရှောင်ကြပါ။

မကွေးမြို့နယ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်စေ၊ အသိပေးအကြောင်းကြားလိုသည်ဖြစ်စေ ဆက်သွယ်နိုင်ရန်အတွက် –"အစိုးရပိုင်းဆိုင်ရ...
22/12/2020

မကွေးမြို့နယ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်စေ၊ အသိပေးအကြောင်းကြားလိုသည်ဖြစ်စေ ဆက်သွယ်နိုင်ရန်အတွက် –

"အစိုးရပိုင်းဆိုင်ရာများ"

• မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
09-401524017

• ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး
09-457965052

• မြို့နယ် ကျန်းမာရေးဦးစီးဌာန
063-2025155

• မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန
09-43156708

• မြို့နယ် မီးသတ်ဦးစီးဌာန
191
063-2025502
063-2025047
063-2023231
09-401615062

• မြို့နယ် ကြက်ခြေနီတပ်ဖွဲ့
09-440227052

• မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး
063-25009

========================
"လူမှုကူညီရေး အဖွဲ့အစည်းများ"

• ကရုဏာရှင်များ လူနာတင်ယာဉ် နှင့် နာရေးကူညီမှုအသင်း
09 5341900

• ပါရမီ သွေး
09401557915

• ဏဘယံ သွေးမေတ္တာကူညီရေး အသင်း
0943009791, 09427666857, 09253372133, 09769535758, 09422651855

• ဝေနေယျသုခ သွေးလှူအသင်း
09401560952

• KS Rescue Magway
09773411123

• ရောင်စုံမေတ္တာ ကယ်ဆယ်ရေးအသင်း
09265488244

• ခေမာလူမှုကယ်ဆယ်ရေး နှင့် သဒ္ဓါရှင် လူနာတင်ယာဉ် အသင်း
09442561599

• သဒ္ဓါရှင် ရှင်သန်မှုကူညီရေးအသင်း
09456222253

==========
"ဆေးရုံများ"

• ကောင်းမွန် ဆေးရုံ
063-23560
063-23479

• ပသာဒ ဆေးရုံ
063-2024066
063-2026670

• တော်ဝင်ကံ့ကော် ဆေးရုံ
09-753005881
09-753005882
09-953113555
063-2028838

*** ထပ်မံဖြည့်စွက်/ပြင်ဆင်ရန် လိုအပ်သည်များရှိပါက comment တွင်ဖြစ်စေ ဝင်ရောက်ရေးသားပေးသွားဖို့ မေတ္တာရပ်ခံပါတယ်

Credit

🌟 ဒီနေ့ မကွေးမြို့နယ် swab ယူ စစ်ဆေးတာ မနဲဘူး ၊ ကလေးငယ်လေးတွေလည်း ပါတယ် ......... မကွေး TTC Q Center မှာ အယောက် ၉၀ ကျော်...
17/12/2020

🌟 ဒီနေ့ မကွေးမြို့နယ် swab ယူ စစ်ဆေးတာ မနဲဘူး ၊ ကလေးငယ်လေးတွေလည်း ပါတယ် .........

မကွေး TTC Q Center မှာ အယောက် ၉၀ ကျော် ၊ မကွေးမြို့နယ် ကြောင်ပျောက် မှာ ၅ ဦး / လျှောင်းတော်ဦး က ၃ ဦး တို့ swab ယူ စစ်ဆေးပါတယ်။

မိချောင်းရဲကတော့ ဒီမနက် ၄၉ ယောက် Tset Kid နဲ့ စစ်တာ ၊ (၁၀) ဦး positive ထွက်ပါတယ် တဲ့ 😢

မကွေးလည်း ဒီနေ့ ညနေ test kid နဲ့ စစ်ဖို့ ရှိပါသေးတယ်

အားလုံး အဖြေ ရလဒ်ကောင်းများ ထွက်ကြပါစေ 🙏

မကွေး ကျန်းမာဦးစီးဌာန မှ ဆေးစစ်ချက်များ Swab ယူ ၍၊ ကျွန်တော်တို့ KS မှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

17.12.2020

🚨 KS Rescue Magway (လူမှုကယ်ဆယ်ရေးအသင်း)
🚨 KoSi & Sibling Foundation Magway
🚨 09661001002 / 09661001003
🚨 09773411123 / 09790710798

 #ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထပ်တိုးတွေ့ရှိမှု များလာသည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၀၀၀)နီးပါးထိ ရှိလ...
14/12/2020

#ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထပ်တိုးတွေ့ရှိမှု များလာသည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၀၀၀)နီးပါးထိ ရှိလာ

#မကွေး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၆၂)ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၀၀၀)နီးပါးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

#ပြီးခဲ့တဲ့(၂၄) နာရီအတွင်း တိုင်းဒေသကြီးမှာ ကိုဗစ်ပိုးတွေ့ အရေအတွက်(၁၀၃) ဦးအထိ ရှိခဲ့တာပါ၊ အဲဒီ်ထဲက NHL PCR စစ်ဆေးတွေ့သူ(၈၁) ဦး၊ RDT အမြန်စစ်နဲ့ ပိုးတွေ့သူ( ၂၂) ဦး ရှိပါတယ်။ အထူးသတိပြုစေလိုတဲ့အချက်က အဲဒီပိုးတွေ့ထဲမှာ ဒေသတွင်းထိစပ်ကူးစက်သူ(၃၀)အထိ ပါဝင်လာတာပါ(အောင်လံ၊ စလင်း၊ မကွေး၊ ဂန့်ဂေါ၊ နတ်မောက်၊ မင်းဘူး၊ တောင်တွင်းကြီး)တို့ ဖြစ်ပါတယ်၊ (တောင်တွင်းကြီး၊ အောင်လံ၊ နတ်မောက်၊ မင်းလှ) အနံ့ပျောက်လက္ခဏာရှိတာ (၆) ဦး နဲ့ (ဂန့်ဂေါ၊ တောင်တွင်းကြီး၊ အောင်လံ၊ ချောက်)တို့က ယာဉ်မောင်း ယာဉ်နောက်လိုက် (၇) ဦး အထိ ပါဝင်လာတာပါဟု ဒီကနေ့ မနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ပြောကြားသည်။

#တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုများလာပါတယ်၊ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးဆောင်ရွက်ခဲ့မှု များအရ (၆၂)ဦးမှာတွေ့ရှိခဲ့တာဖြစ်ပြီး၊အောင်လံက(၂၁)ယောက်၊နတ်မောက်(၁၀)ယောက်၊မင်းဘူး(၉)ယောက်၊မကွေးက(၈)ယောက်၊ ချောက်က(၅)ယောက်၊ စလင်းက(၄)ယောက်၊ ပခုက္ကူက(၂)ယောက်နဲ့ဂန့်ဂေါ၊ ပေါက်နဲ့ မြိုင်တို့က(၁)ယောက်စီ ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေက ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိသူတွေ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ယာဉ်မောင်း/ယာဉ်နောက် လိုက်တွေနဲ့ ခရီးသွားရာဇဝင်ရှိ (Quarantine Centre)တွေက ဖြစ်ပါတယ်။ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသ ကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၁၈၈၂)ဦးရှိပြီ ဖြစ်ပါတယ်ဟု တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။

#မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၈၈၂)ဦးထိရှိလာပြီး၊ တိုင်းဒေသကြီးအတွင်း၌ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P Contact)များထဲမှ ပိုးတွေ့လူနာများ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများအနေဖြင့် အထူး သတိပြုဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ကြဖို့ တိုင်းဒေသကြီးပြည့်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက် ရှိသည်။

#သန်းနိုင်ဦး(ငဖဲ)

07/12/2020

မကွေး
Masks တပ်ကြပါ။
တတ်နိုင်သမျှ လူစုလူဝေး ရှောင်ကြပါ။
ကျန်းမာရေး အထူးဂရုစိုက်ကြပါ၊

27/11/2020
24/11/2020
မကွေးမြို့၊နတ်မောက်လမ်း တွင် ကားတစ်စီးသည် ဆိုင်ကယ်ရှောင်ရင်း မတော်တဆ ဓာတ်တိုင်အားဝင်တိုက် မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရ...
24/11/2020

မကွေးမြို့၊နတ်မောက်လမ်း တွင် ကားတစ်စီးသည် ဆိုင်ကယ်ရှောင်ရင်း မတော်တဆ ဓာတ်တိုင်အားဝင်တိုက် မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းသိရပါသည်။
photo- crd

19/11/2020

Address

Magway
14000

Alerts

Be the first to know and let us send you an email when Magway up to date posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Magway up to date:

Share

Category