Myit Sone Myanmar Co.,Ltd

Myit Sone Myanmar Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myit Sone Myanmar Co.,Ltd, Mandalay.

Mingalarpar
Ours,Myit Sone Myanmar company is one of the unique Fertilizers distribution company based on Mandalay city, Myanmar,2019.We offer Urea Fertilizer,Compound Fertilizer for rural Farmer with reasonable prices.

 #ဆက်တိုက်မိုးရွာမည် မန္တလာမြေက အမျိုးတို့ရေ။ အပင်ရေလောင်းမယ့်သူတွေ စိုက်ခင်း ရေသွင်းမယ့်သူတွေ ပူလို့အိုက်လို့ မိုးမျှော...
27/04/2026

#ဆက်တိုက်မိုးရွာမည်

မန္တလာမြေက အမျိုးတို့ရေ။ အပင်ရေလောင်းမယ့်သူတွေ စိုက်ခင်း ရေသွင်းမယ့်သူတွေ ပူလို့အိုက်လို့ မိုးမျှော်နေကြသူတွေ၊ ရင်ထဲကို အေးမြသွားစေမယ့် မိုးတွေ ထပ်လာပါပြီ။ လာမယ့် ဧပြီ ၂၈၊ ၂၉၊ ၃၀ ရက်တွေ၊ မေလ ၁၊ ၂၊ ၃ရက်တွေမှာ မန္တလေးတိုင်း တစ်တိုင်းလုံးမှာ နေရာလပ်မကျန် မိုးတွေရွာပြီး မိုးများမယ်။ နေရာကွက် မိုးကြီးမယ်။ သတင်းကောင်းလေး လာပြောတာ။ နေပြည်တော်နဲ့ မကွေးတိုင်းကအမျိုးတွေအတွက်လဲ သတင်းကောင်းလေး ရှိပါတယ်။ အမျိုးတွေ ဝမ်းသာလို့ရအောင် ပြန်ပြောလိုက်ပါ မိုးတွေရွာတော့မယ်လို့။ ကဆုန်လမှာ ညောင်ရေသွန်းပေးမယ့်မိုးတွေ လာပါပြီဗျာ။

#ရွှေအား
#ရွှေအားကွန်ပေါင်းမြေသြဇာ
#မြစ်ဆုံမြန်မာ
crd # Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မန္တလေး #မကွေးတိုင်း #နေပြည်တော် #မိုးလေဝသ

သီးနှံဈေးနှုန်းများ**(25/4/2026)****ရန်ကုန်မတ်ပဲဈေး (raw) -305500🔰*မန္တလေး ဈေးမတ်ပဲ (သုံးတင်းတစ်အိတ်)-295000(ကျောက်ရစ်)/...
25/04/2026

သီးနှံဈေးနှုန်းများ**(25/4/2026)***
*ရန်ကုန်မတ်ပဲဈေး (raw) -305500

🔰*မန္တလေး ဈေး
မတ်ပဲ (သုံးတင်းတစ်အိတ်)-295000(ကျောက်ရစ်)/287000/288000/(အသစ်)

မတ်ပဲ (ရေသွင်း)-သစ်-0000/0000
–-----------------------
#ကုလားပဲ
ကုလားပဲ V2 (သုံးတင်းတစ်အိတ်) -227000

ကုဖြူကြီး-(V7) - 57.25 /ပိဿာ-227000

ကုလားပဲ929(သုံးတင်းတစ်အိတ်) -221000/223000

#ကုလားပဲခြမ်း - ၁ ပိသာ စျေးနှုန်း
V2 ခြမ်း-5250/5300
V7 ခြမ်း -5200
929 ခြမ်း -5650
------------------------------
#ပဲထောပတ်
ပဲထောပတ်(ကြီး)-56.25ပိသာ-330000/340000

ပဲထောပတ်(လတ်)-56.25ပိသာ- 300000/310000

ပဲထောပတ်(သေး)-56.25ပိသာ(ယော)238000/249000
-------------------------------
#ပဲစင်းငုံ
ပဲစင်းငုံ(နီ)-60ပိသာ-285000

ပဲစင်းငုံ(ဖြူ)-60ပိသာ-253000/255000
--------------------------------
#ပဲတီစိမ်း
ပဲတီစိမ်း-(ညာ)56.25 ပိဿာ-430000/435000
------------------------------
#နှမ်း
နှမ်းနက်(စမုန်) -45ပိဿာ-(သေး)630000
နှမ်းဖြူ -45ပိသာ-(ဗမာ)-400000

နှမ်းညို-45ပိသာ-(သစ်) -0000
-----------------------------
#စားတော်ပဲ
စားတော် - 59.25 ပိဿာ-(ကနေဒါ)-375000/380000(သစ်)

စားတော် - 59.25 ပိဿာ - (ကျွန်း) -620000/630000

စားတော်ပဲ-59.25ပိသာ-(ယူကရိန်း)-0000
-------------------------------
ပန်းနှမ်း-45ပိသာ-315000

S1လုံးဆံ -1 ပိဿာ-11200/11500

အနီလုံးဆံ-1 - ပိဿာ -10500/10800

အနီလုံးဆံ(ရှမ်း)-9850/10000

Mတွဲလုံးဆံ 1 ပိဿာ -8400/8700
---------------------------------
#ပဲယင်း
ပဲယင်း - 60 ပိဿာ - (ကြီး-သစ်)-240000

ပဲယင်း60ပိသာ-(သေး/သစ်)-235000

--------------------------------
ပဲယင်းနီ-60ပိသာ -260000/265000

ပဲနီပြား -55 . 25ပိဿာ .-(သစ်) -(တံတာဦး) -390000/400000/ (ကျွန်း) - 460000/480000

ပဲရာဇာခြမ်း-၁ပိသာ-00/000

ပဲကြား-56.25 ပိသာ-380000/3900000
------------------------
#ပဲလွန်း
ပဲလွန်းပြာ - 54.25 ပိဿာ -175000/180000

ပဲလွန်းဖြူ 60 ပိသာ -235000/238000
--------------------------
#ပဲကြီး
ပဲကြီး - 55.25 ပိဿာ -(အကြီး) -550000/560000

ပဲကြီး - 55.25 ပိဿာ - (အလတ်)-520000

ပဲကြီး - 55.25 ပိဿာ (အသေး)-490000/500000
------------------------------
#ပဲပုတ်
ပဲပုတ်(စက်ပဲ)-53.25 ပိဿာ-0000

ပဲပုတ် (ရှမ်း) - 53.25 ပိဿာ -420000/4250000

ပဲပုတ် (ဗမာ) -53.25 ပိဿာ-415000/420000
------------------------------
#စွန်တာပြာ
စွန်တာပြာ(လုံး) -58.25 ပိသာ-310000/315000

စွန်တာပြာ(ရိုးရိုး)-58.25ပိသာ- 290000/295000
------------------------------
မြေထောက်ပဲ-54 ပိသာ-240000(မုံရွာ)/300000/305000(ညာ)

နိုင်လွန်ပဲ-59.25ပိသာ-0000

ဘိုကိတ်ပဲ 52 ပိသာ-(ထိပ်စွပ်)-0000

ပဲဇီးကွက်58.25ပိသာ.(ဗမာ)-330000/340000
-------------------------------
#ပြောင်းဖူး
ပြောင်းဖူး- 54 ပိသာ (ဗမာ) -000

ပြောင်းဖူး- 54 ပိသာ (ရှမ်း) -79000/80000

ပြောင်းဖူး- 54 ပိသာ (CP)-80000/81000

အထွက်တိုးပြောင်းနီ(သစ်)-53 ပိသာ-150000
-----------------------------
နံနံစေ့- (1)တင်း -(သစ်)-70000 /75000

မုန့်ညှင်းစေ့ - 1 ပိဿာ-- 83000/85000

စမုန်နက် - 1 ပိဿာ -(သစ်) - 000/00
စမုန်စပါး- 1ပိသာ-00

ကြက်ဆူ-36ပိသာ-(ဗမာ)-160000
------------------------------
#စားသုံးဆီ
ပဲဆီ-၁ ပိသာ-18000/19000

နှမ်းဆီ-၁ ပိသာ-17000

မုန့်ညှင်းဆီ- ၁ ပိသာ - 0000

နေကြာဆီ- ၁ ပိသာ - 000/000


မှာလည် တင်ထားပေးပါသည်။
https://t.me/shwearr

ရရှိနိုင်သော စိုက်ပျိုးရေး သုံး အရည်အသွေးကောင်းမြေသြဇာ
-----------------
*ရွှေအား N21% + S24%
*Farmer 10:7:17
*ရွှေအား ၁၆ ပတ်လည် (16:16:16)
*ရွှေအား ၁၇ ပတ်လည် (17:17:17)
*ရွှေအား ၁၅ ပတ်လည်(15:15:15)
*Farmer (10:10:5)
*ရွှေကွန်ပေါင်း 25:5:5
*ရွှေအိုးကြီး 10:5:5
*အခြားသော ပုလဲ မြေသြဇာ များ ရရှိနိုင်ပါတယ် ။

🔰ဖော်ပြပါ စျေးနှုန်းများသည် (ပွဲစား ကုန်သည် စက်ပိုင်း များ မဟာကထိန်အသင်း -မန္တလေးမြို့ ) မှ သတ်မှတ်ထားသော (သုံးတင်းဝင်အိတ်) ၏ စျေးနှုန်းမျာ ဖြစ်သည်။
*တောင်သူများအတွက် ဈေးကွက်သတင်း စုစည်းတင်ပြပေးချင်ဖြစ်ပါတယ်။
🔰စိုက်ခင်းအတွက်လိုအပ်သော ဓာတ်မြေသြဇာများ ဝယ်ယူနိုင်ပါတယ်။
#ရွှေအားကွန်ပေါင်းဓာတ်မြေသြဇာ
#မြစ်ဆုံမြန်မာကုမ္ပဏီ

 #ဈေးမကြီးတဲ့မြေဩဇာလာမည့် စိုက်ပျိုးရာသီမှာ ဈေးကြီးတာ မသုံးချင်တဲ့ မိတ်ဆွေတို့အတွက် ရွှေကွန်ပေါင်း ရှိပါတယ်ဗျ။ကုန်အကျစရိ...
22/04/2026

#ဈေးမကြီးတဲ့မြေဩဇာ
လာမည့် စိုက်ပျိုးရာသီမှာ ဈေးကြီးတာ မသုံးချင်တဲ့ မိတ်ဆွေတို့အတွက် ရွှေကွန်ပေါင်း ရှိပါတယ်ဗျ။

ကုန်အကျစရိတ် သက်သာစွာနဲ့ အရည်အသွေးမှန်မှန်ရစေချင်လို့ ထူးထူးခြားခြား ထုတ်ထားတဲ့ မြေဩဇာပါ။
ရွှေကွန်ပေါင်း မြေဩဇာသည် အပင်ကြီးထွားမှူ အားအလွန်ကောင်းစေပြီး အသီးအပွင့် များများရစေနိုင်တယ်။ အကိုင်း၊ အခက် ပွားများစေပြီ သီးနှံအားလုံး အထွက်တိုးဝေဆာ စေနိုင်ပါတယ်။

#သုံးပြုရန်လမ်းညွှန်း - မိတ်ဆွေတို့ စိုက်ပျိုးကြသည့် သီးနှံများအလိုက် တစ်ဧက မှာ ၂-၃ အိတ်အထိ သုံးပေးနိုင်ပါတယ်။ အစိုဓာတ်ရှိချိန် ကျွေးပေးပါက ပိုမိုကောင်းမွန်ပါတယ်ဗျ။ ယာသီးနှံများ ၊ ဥယျာဉ်ခြံသီးနှံများမှာ မြေဩဇာကျွေးပြီးပါက ချက်ခြင်း ရေလောင်းပေးပါ။ ပိုမိုထိရောက်စေပါတယ်။
မိတ်ဆွေတောင်သူများ စိုက်ပျိူးနည်းလမ်းမှန်ကန်ပြီ အထွက်နှုန်းကောင်း ၊ ဈေးကောင်းရကြပါစေ။

#ရွှေအား ၁၅ ၁၅ ၁၅
မြစ်ဆုံမြန်မာကုမ္ပဏီ

https://t.me/shwearr

မန္တလာမိုးတွေ ရွာမည် 🌧စိုက်ပျိုးသူ မိတ်ဆွေတောင်သူများ ခင်ဗျလာမယ့် ဧပြီ ၂၅ရက်၊ ၂၆ရက်ထဲမှာ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ...
19/04/2026

မန္တလာမိုးတွေ ရွာမည် 🌧
စိုက်ပျိုးသူ မိတ်ဆွေတောင်သူများ ခင်ဗျ
လာမယ့် ဧပြီ ၂၅ရက်၊ ၂၆ရက်ထဲမှာ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ မြင်းမူ၊ အမရပူရ စတဲ့ ဒေသအနီးတစ်ဝိုက်မှာ လေမိုးလျှပ်စီးမိုးကြိုး ရှိပါတယ်။ နေရာကွက် မိုးများပါမယ်။ ကြိုတင်သတိပေးလိုက်ပါတယ်။ မိုးမျှော်နေတဲ့သူတွေ ဝမ်းသာနိုင်ကြပါပြီနော်။ 😁

#ဖျက်မိုး #ရွာမည်
#ရွှေအား #မြေသြဇာ
#မြစ်ဆုံမြန်မာ

Crd Dr. Sai Khun Arkar
#မိုးလေဝသ #ဖျက်မိုး #တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာi #မန္တလေး #မန္တလေးတိုင်း #စစ်ကိုင်းတိုင်း #မိုးလေဝသ

 #လေပြင်းအထူးသတိထားပါလာမယ့်ဧပြီလ ၉ရက်မှ ၁၂ရက်အတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ဒေသများမှာ လေတွေတိုက်ခတ်ပါ...
08/04/2026

#လေပြင်းအထူးသတိထားပါ

လာမယ့်ဧပြီလ ၉ရက်မှ ၁၂ရက်အတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ဒေသများမှာ လေတွေတိုက်ခတ်ပါမယ်။ အဲ့ရက်ပိုင်းအတွင်း တစ်နာရီ ၃၅ မိုင်အထက် လေပြင်းတွေလဲ နေရာကွက်ကျား တိုက်ခတ်နိုင်လို့ သီးနှံအခြောက်လှန်းတာတွေ လေနဲ့ပါမသွားအောင် သေချာသိမ်းဆည်းကြဖို့၊ လေပြင်းကြောင့် မိမိတို့အိမ်တွေ အမိုးအကာတွေ မပျက်စီးအောင် ခိုင်ခံ့အောင် လုပ်ထားကြဖို့၊ လေတိုက်ချိန်မှာ မီးဘေး အန္တရာယ် မဖြစ်အောင် ကြိုတင်သတိပြု ကာကွယ်နိုင်ဖို့ အချိန်မီ သတိပေးလိုက်ပါတယ်။ အထူးဂရုစိုက်ကြပါခင်ဗျာ။

#လေပြင်းသတိ
#ရွေအား


https://t.me/shwearr
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist

 #ရွှေအားပုလဲ အကြောင်းသိကောင်းစရာများ-----------------------ဒီနေ့မှာ  ပြောပြပေးမှာကတော့ ရွှေအားပုလဲ အကြောင်းပဲ ဖြစ်ပါတယ်...
02/04/2026

#ရွှေအားပုလဲ အကြောင်းသိကောင်းစရာများ
-----------------------
ဒီနေ့မှာ ပြောပြပေးမှာကတော့ ရွှေအားပုလဲ အကြောင်းပဲ ဖြစ်ပါတယ်.

ပုလဲကတော့ တရားဝင်တင်သွင်းထားတဲ့ အရည်အသွေးမှန် ကုန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဆက်လက်ပြောပြရမယ်ဆိုရင် အသုံးပြုပုံဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ပမာဏကို လွန်လွန်ကဲကဲ အသုံးမပြုကြဖို့နှင့် ပုလဲ အသုံးများသွားရင်
သီးနှံအရည်အသွေးမကောင်းဘဲ ၊ ဆိုးကျိုး အနေဖြင့် တောင်သူဦးကြီးတို့ မိရိုးဖလာ စိုက်ပျိုးလာကြတဲ့ စိုက်ပျိုးမြေချဉ်လာပြီး နောက်ပိုင်း မြေကြီး လုံးဝ ပျက်စီးသွားကြမယ်. ထို့အခါ စိုက်ပျိုးမြေကိုပြုပြင်ဖို့လိုပါတယ်..

ကဲ ဘယ်လိုအသုံးပြုကြမလဲ. . . .

အသုံးပြုမဲ့အပိုင်းမှာ ဆွေးနွေးချင်တာကတော့
အတွေ့အကြုံအရ ဆွေးနွေးရရင် ပုလဲကို တောင်သူအချို့က စပါးစိုက်ပျိုးရာမှာ ပင်ပွားများဖို့အကြောင်းပြပြီး၊ တစ်ဧက (၅၀)Kg တစ်အိတ်နှုံး အသုံးပြုကြတာကို တွေ့ဖူးပါတယ်...

ရွှေအားပုလဲကတော့ နိုက်ထရိုဂျင် ၄၆% ပြည့်ပြည့်ဝဝ ပါတဲ့အပြင် ၊အရည်အသွေးကို ဦးစားပေး ထုတ်ထားလို့ ၊ ဘယ်သီးနှံဘဲစိုက်စိုက် တစ်ဧကကို တစ်အိတ်နူန်းအသုံးပြုစရာမလိုဘဲ ၊ ပုံမှန်အားဖြင့် တစ်ဧကတွင် သုံးပုံတစ်ပုံခန့် (သို့မဟုတ်) ၃ဧကတွင် (၂)အိတ်နူန်းဖြင့် အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ ။

#ရွှေအားပုလဲ ဟာဆိုရင်ဖြင့်
- အငွေ့ပျံနှုန်းနည်းပြီး အပင်မှကြာရှည်စွာစုပ်ယူစားသုံးနိုင်တယ်...
- ကြဲပက်တဲ့အခါ ပျံ့နှံ့လွယ်တယ်...
- မည်သည့်မြေဩဇာနဲ့မဆို ရောစပ် အသုံးပြုနိုင်တယ်
- အရည်အသွေးကို အပြည့်အ၀ အာမခံထားပါတယ်

ဖတ်ရန် Link
https://t.me/shwearr

# တန်ဆေးလွန်ဘေး
# အထူးသတိပြုပါ။
# မြေသြဇာအသုံးပြုရာတွင် ပမာဏနည်းနည်းဖြင့် အကြိမ်ကြိမ်ခွဲကျွေးကြဖို့ အကြံပြုပါရစေ။
# ရွှေအားဓာတ်မြေသြဇာ

 #နေအပူချိန်တိုးလာမည်မန္တလေးတိုင်းအလယ်ပိုင်းက ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်၊ မကွေးတိုင်းဒေသများက ဂန့်ဂ...
30/03/2026

#နေအပူချိန်တိုးလာမည်
မန္တလေးတိုင်းအလယ်ပိုင်းက ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်၊ မကွေးတိုင်းဒေသများက ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ ချောက်ခရိုင်၊ အောင်လံခရိုင်၊ သရက်ခရိုင်၊ မကွေးခရိုင်၊ စစ်ကိုင်းတိုင်း အောက်ပိုင်းက ကလေးခရိုင်၊ ယင်းမာပင်ခရိုင် စတဲ့ဒေသအားလုံး လာမယ့် ဧပြီလ ၃ ရက်၊ ၄ရက်၊ ၅ရက်၊ ၆ရက်တို့တွင် နေ့အပူချိန်ဒီဂရီများရော ခံစားရမယ့်အပူချိန်ဒီဂရီများရော ပိုမိုမြင့်တက်လာကာ ပိုပူလာမယ်။
crd #

#အပူချိန်တိုး
#ရွှေအား
#ရွှေအားမြေသြဇာ
#မြစ်ဆုံမြန်မာ


https://t.me/shwearr

 #မိုးထပ်ရွာမည့်မန္တလေးမန္တလာမိုးတွေ ထပ်ရွာမယ် 🌧 မန္တလေးတိုင်းထဲက မန္တလေး အပါအဝင် တံတားဦး စစ်ကိုင်း အမရပူရ မြစ်ငယ် ပုလိ...
25/03/2026

#မိုးထပ်ရွာမည့်မန္တလေး
မန္တလာမိုးတွေ ထပ်ရွာမယ် 🌧

မန္တလေးတိုင်းထဲက မန္တလေး အပါအဝင် တံတားဦး စစ်ကိုင်း အမရပူရ မြစ်ငယ် ပုလိပ် မြင်းခြံ မြောင် မြင်းမူ သပိတ်ကျင်း တကောင်း မိုးကုတ် စဉ့်ကူး မတ္တရာ ပုသိမ်ကြီး စတဲ့ဒေသအားလုံးမှာ မတ်လ ၂၇ ရက်မှ ၂၉ရက်အတွင်း ထစ်ချုန်းမိုးတွေ တဂျိန်းဂျိန်းနဲ့ ထပ်ရွာပါမယ်။ လေပြင်းနဲ့ မိုးကြိုး အထူးသတိပြုပါ။ နေရာကွက် မိုးများနိုင်လို့ မိုးရေထိမခံတဲ့ လုပ်ငန်းများ ကြိုတင်ကာကွယ်နိုင်ပါစေ။ ကျန်တဲ့ဒေသတွေလဲ ဒီလိုနွေကာလမှာ ရုတ်တရက် အပူပျံတက် တိမ်တိုက်တွေကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်လို့ ဆက်လက် တင်ပေးနေပါမယ်။
#စိုက်ပျိုးရေး လုပ်ငန်း အတွက် ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ထားကြပါ။
#ရွှေအား
#ရွှေအားပုလဲ
#ရွှေအားကွန်ပေါင်း
#ဖြန့်ဖြူးသူ #မြစ်ဆုံမြန်မာ

မှာ ဖတ်ဖို့
https://t.me/shwearr

Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#ဖျက်မိုး #တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မိုးလေဝသသတင်း

 #သာမန်ထက်အစွမ်းပိုရိုးရိုးမြေဩဇာသုံးနေခြင်းမှ စတင်ပြောင်းလဲဖို့အတွက် အခုပဲစတင်လိုက်ပါ။သာမန်မြေဩဇာ(၃)အိတ် နဲ့ အရည်အသွေးက...
23/03/2026

#သာမန်ထက်အစွမ်းပို
ရိုးရိုးမြေဩဇာသုံးနေခြင်းမှ စတင်ပြောင်းလဲဖို့အတွက် အခုပဲစတင်လိုက်ပါ။
သာမန်မြေဩဇာ(၃)အိတ် နဲ့ အရည်အသွေးကောင်း (၁) အိတ် ညီမျှပါတယ်။
သာမန်မြေဩဇာများသုံးခြင်းဟာ ငွေကုန် လူပန်း စေပါတယ်။
အရည်အသွေးကောင်းသုံးခြင်းသည် (၁) အိတ်ဆို တစ်အိတ် ထိထိမိမိကျစ်ကျစ်လစ်လစ် ရှိပြီး အထွက်တိုးစေပါတယ်။
သာမန်မြေဩဇာများထက် အစွမ်းပိုတဲ့ မြေဩဇာတစ်ခုက
#ရွှေအားကွန်ပေါင်း ၁၅း၁၅း၁၅ အချိုး မြေဩဇာပါ။

အာဟာရအချိုးအစား ညီမျှစွာ ပေါင်းစပ်ထားသည့် အာနိသင့်ကြောင့် အပင်အတွက် ဘက်ပေါင်းစုံမှ ကောင်းမွန်စေပြီး အကျိုးရှိပါတယ်။

ရောဂါပိုးမွှားကျရောက်မှု ကင်းစေပြီး အပင်သန်မာအားကောင်းစေဖို့ များစွာအကျိုးရှိစေပါတယ်။

ဆိုတော့ အချိန်မဖြုန်းပဲ အခုပဲ #ရွှေအားကွန်ပေါင်းမြေဩဇာကို စတင်သုံးစွဲကြည့်ပါနော်

မိတ်ဆွေတောင်သူများ စိုက်ပျိူးနည်းလမ်းမှန်ကန်ပြီ အထွက်နှုန်းကောင်း ၊ ဈေးကောင်းရကြပါစေ။

#ရွှေအား ၁၅ ၁၅ ၁၅
#မြစ်ဆုံမြန်မာကုမ္ပဏီ

 #မန္တလေးမှာ  #ရွာမယ့်  #မန္တလာမိုး မန္တလေးတိုင်းအရှေ့ခြမ်း ဒေသများဖြစ်တဲ့ မန္တလေး သပိတ်ကျင်း တကောင်း ပြင်ဦးလွင် ကျောက်...
20/03/2026

#မန္တလေးမှာ #ရွာမယ့် #မန္တလာမိုး

မန္တလေးတိုင်းအရှေ့ခြမ်း ဒေသများဖြစ်တဲ့ မန္တလေး သပိတ်ကျင်း တကောင်း ပြင်ဦးလွင် ကျောက်ဆည် စဉ့်ကိုင် မြစ်သား ကူမဲ ဝမ်းတွင်း သဲတော မိတ္ထီလာ ပျော်ဘွယ် ရမည်းသင်း သာစည် မတ္တရာ ပုသိမ်ကြီး စတဲ့ဒေသအားလုံးမှာ မတ်လ ၂၁-၂၂ရက်မှာ မိုးတွေရွာပါမယ်။ လေပြင်းနဲ့ မိုးကြိုး သတိပြုပါ။ နေရာကွက် မိုးများနိုင်ပါတယ်။ ကျန်တဲ့ဒေသတွေ ဆက်လက် တွက်ချက်ပြီး တင်ပေးနေပါတယ်နော်။ ကျနော့်အကောင့်ထဲ ဝင်ဖတ်နိုင်ပါတယ်။ မန္တလေးတိုင်း အနောက်ခြမ်းဒေသနဲ့ အောက်ပိုင်းဒေသတွေ လေနဲ့လျှပ်စီးကို ပိုသတိပြုကြပါ။ 🌧🌧

#ဖျက်မိုး #ရွာမည်
#ရွှေအား #မြေသြဇာ
#မြစ်ဆုံမြန်မာ

Crd Dr. Sai Khun Arkar
#မိုးလေဝသ #ဖျက်မိုး #တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ

စိတ်ချယုံကြည်ရွှေအားမြေဆီ🥗🥗အရည်အသွေးပြောင်းလဲထားခြင်းမရှိ၊ အမှန်အကန်အရည်အသွေးကို သုံးစွဲ သူတို့လက်ဝယ် ရောက်ရှိအောင် ဖြန်...
17/03/2026

စိတ်ချယုံကြည်ရွှေအားမြေဆီ🥗🥗
အရည်အသွေးပြောင်းလဲထားခြင်းမရှိ၊ အမှန်အကန်အရည်အသွေးကို သုံးစွဲ သူတို့လက်ဝယ် ရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။

သုံးစွဲသူတို့ သုံးနိုင်သော စျေးဖြစ်ရစေရမယ် ၊ သီးနှံအထွက်တိုး​ရေမယ် ၊ အရည်အသွေးပြည့်ပြည့်ဝဝ ရရှိစေရမယ် ၊

ပေးရတာနဲ့ ထိုက်တန်သော အကျိုးအမြတ်ကို ပိုင်စားစံစားဖို့
ရွှေအားတံဆိပ် ကို ယုံကြည်စွာ သုံးကြည့်စေချင်ပါတယ်။ ။


#ရွှေအား
#မြစ်ဆုံမြန်မာ
#ရွှေအားအမှတ်တံဆိပ်မြေသြဇာများ

👇👇👇
https://t.me/shwearr

☎09898111575
☎09952005231

 #မိုးရွာနိုင်သည့်ဒေသများစစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေက မတ်လ ၁၇ရက်ထိ မိုးဆက်ရွာမယ်။ စစ်ကိုင်းတိုင်း အထက်ဖျားပိုင်းဖြစ...
16/03/2026

#မိုးရွာနိုင်သည့်ဒေသများ

စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေက မတ်လ ၁၇ရက်ထိ မိုးဆက်ရွာမယ်။ စစ်ကိုင်းတိုင်း အထက်ဖျားပိုင်းဖြစ်တဲ့ နာဂဒေသတွေကတော့ ၁၉ရက်ထိ မိုးဆက်ရွာပါမယ်။ ကချင်ပြည် အောက်ပိုင်းက ၁၆ရက်ထိ နေရာအချို့မှာ မိုးဆက်ရွာနိုင်ပြီး ကချင်ပြည် အထက်ပိုင်းက ၁၉ရက်ထိ မိုးဆက်ရွာပါမယ်။ ၂၁ရက်နောက်ပိုင်း ၂၄ရက်အတွင်း၊ ၂၇ရက်မှ ၃၀ရက်အတွင်း ကချင်အထက်ပိုင်း ဒေသများနဲ့ နာဂဒေသတွေမှာ မိုးထပ်ရွာနိုင်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ နေ့နဲ့ည ပုံမှန်အပူချိန်မှာ ရှိပါမယ်။

ရှမ်းပြည်မြောက်ပိုင်းက ၁၆ရက်ထိ နယ်စပ်ဒေသတွေ မိုးဆက်ရွာမယ်။ ရှမ်းပြည်အရှေ့ပိုင်းက ၁၆ရက်ထိ နေရာအချို့မှာ မိုးဆက်ရွာနိုင်ပါသေးတယ်။ ၁၆ရက်နောက်ပိုင်း လကုန်အထိ မိုးရွာနိုင်ခြေ အလွန့်အလွန် နည်းသွားပြီး နေပူမယ့်ရက်တွေပဲ ရှိပါတော့တယ်။ ရှမ်းပြည်မှာ နေ့နဲ့ည ပုံမှန်အပူချိန်မှာ ရှိပါမယ်။

နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်း၊ ရခိုင်၊ ရှမ်းတောင်၊ ကယား၊ ကရင်မွန်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသတွေက မတ်လ ဒုတိယလဝက်မှာ နေပူပါမယ်။ နေ့နဲ့ည အပူချိန်တွေ အနည်းငယ် တိုးလာနိုင်ပါတယ်။ အပူချိန်ခန့်မှန်းချက်ကို သီးသန့်ထပ်တင်ပေးပါမယ်။

တနင်္သာရီတိုင်းဒေသများမှာ မတ်လ ၁၇ မှ ၂၂ရက်အတွင်း မိုးရွာနိုင်ပါသေးတယ်။ အဲ့နောက်ပိုင်းရက်တွေမှာလဲ ကွက်ကျားမိုးလေးတွေ ရွာနိုင်ပါသေးတယ်။ ဘင်္ဂလားပင်လယ် တောင်ပိုင်းမှာ အသေးစား လေပွေလှိုင်းလေးတွေ ဖြစ်ဖို့ရှိပါတယ်။ ရက်နီးခန့်မှန်းချက်တွေကို စောင့်ကြည့်ပေးကြပါဗျ။ အချိန်နဲ့တပြေးညီ ပြောင်းလဲနေတဲ့ မိုးလေဝသ >
#ရွှေအား #ရွှေအားကွန်ပေါင်းမြေသြဇာ
#မြစ်ဆုံမြန်မာ
#စိုက်ပျိုးရေး
#မိုးလေဝသ
#မြေသြဇာ
Crd:Dr. Sai Khun Arkar

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959952005232

Alerts

Be the first to know and let us send you an email when Myit Sone Myanmar Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myit Sone Myanmar Co.,Ltd:

Share