03/07/2025
#မန္တလေး က မနက်အစောပိုင်းငလျင် အင်အားပြင်းထန်ခံစားခဲ့ရတယ်လို့ဆိုကြ
မန္တလေး၊ ကျောက်ဆည်နဲ့ ပြင်ဦးလွင်(မေမြို့) မှာ ဒီကနေ့မနက်အစောပိုင်း ၇ နာရီ ၁၀ မိနစ်က အင်အားမဂ္ဂနီကျူ ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပါတယ်။
ဒီမနက်လှုပ်ခတ်တဲ့ငလျင်က အင်အားပြင်းပြင်းခံစားခဲ့ရတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
" #အုံးကနဲ ဆိုပြီး အသံပါကြားရတယ်။ လှုပ်တာလည်းအတော်ပြင်းတယ်။အကုန်လန့်ကုန်ကြတာ" လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
ပြင်ဦးလွင်က ဒေသခံတချို့ကလည်း အလားတူပြောဆိုကြပါတယ်။
ဒီကနေ့မနက်ပိုင်း မြို့ ၃ မြို့က ငလျင်လှုပ်ခတ်မှုအခြေအနေနဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၃ လကြာရှိလာတဲ့အထိ ကြုံနေရတဲ့ နောက်ဆက်တွဲငလျင်တွေရဲ့ အတွေ့အကြုံကို မှတ်ချက်ပေးမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ငလျင် #မန္တလေး #မေမြို့
ေးပါတယ်
#ဘေးကင်းကြပါစေ