24/12/2024
လူတော်တော်များများကျောက်မီးသွေးအကြောင်းလေးမျှဝေတာနဲ့ဘယ်နေရာကလဲမီးပေါင်းဘယ်လောက်ရှိလဲ နေလိုနေရာတွေမှာအသုံးဝင်တာလဲစတာတွေသာမေးကြပြီး ကျောက်မီးသွေး ဘယ်ကစတွေ့တာလဲမြန်မာနိုင်ငံမှာထွက်တာရောဟုတ်ရဲ့လား မေးခွန်းများစွာဖြင့် ဗဟုသုတဘာတွေနားမလည်ဘူးပွဲဖြစ်တက်တာများပါတယ်ဗျာ
ဟုတ်ပြီလေ
ကမ္ဘာသမိုင်းကြောင်းနဲ့ မြန်မာ့ကျောက်မီး သွေးသမိုင်းလေ့လာကြည့်ရအောင်ဗျာ....
သမိုင်းအချက်အလက်များအရကမ္ဘာပေါ်တွင်ခေတ်သစ်မတိုင်မီကာလများကပင် တရုတ်က ၃၅၀ နှစ်ခန့်တိုင်အောင်အသုံးပြုခဲ့ပြီး ဂရိနှင့်ရောမတို့တော့ကျောက်မီးသွေးကို လျှပ်စစ်ထုတ်လုပ်မှုမတိုင်မီကာလများတွင်အပူပိုင်းဆိုင်ရာမျာအတွက် သုံးပြုခဲ့ကြတယ်။ ယနေ့ခေတ်သို့ရောက်လာတဲ့ အခါ မှာတော့ ကျောက်မီးသွေးဟာစက်မှုလက်မှုလုပ်ငန်းများတွင်အလွန်အရေးပါသည့်လောင်စာအဖြစ်အသုံးပြုလာခဲ့ပြီး စက်မှုတိုးတက်မှုကြီး၏ အစိတ်အပိုင်းအဖြစ်သတ်မှတ်လာကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၏ ပထမဆုံးအခြေစိုက်စခန်းများအနက််မှတစ်ခုအဖြစ်သမိုင်းဝင်သည့်ဒေသက မန္တလေးတိုင်း ပင်းလှမြို့နယ်အတွင်းတည်ရှိပြီး အင်္ဂလိပ်အင်ပါယာလက် အောက်ကျစဉ်၁၈၇၄ ခုနှစ်ဝန်းကျင်က စ တင်တူးဖော်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်လွတ် လပ်ရေးကြိုးပမ်းစဉ် ကာလလွတ်လပ်ပြီးနောက်ပင်းလှကျောက်မီးသွေးသိုက်ကို နိုင်ငံ့ပိုင်အဖြစ်ထားရှိကာ ပြန်လည်ဖွံ့ဖြိုးရန်ကြိုးပမ်းခဲ့ဘူးကြတယ် ပင်းလှသည်ပထမဆုံးစက်ရုံသုံး ကျောက်မီးသွေးထုတ်လုပ်ရာကိုအစပြုခဲ့သော သမိုင်းဝင်နေရာဖြစ်ပြီးမြန်မာ့စက်မှုထွန်းကားမှု၏ အခြေခံအချို့ကိုတည် ဆောက်ပေးခဲ့နေရာဟုပြောလျှင်မှားမည်မထင်ပါဘူး
မြန်မာနိုင်ငံတွင် ရွှေဘို၊ ကလေး နှင့် ဘားအံ စသည်တို့တွင် ကျောက်မီးသွေး အဓိထွက်ရှိခဲ့ပြီး ယခုအချိန်တွင် သာစည် မကွေးမင်းဘူး စလင်းစစ်ကိုင်း တိုင်းနဲ့ ရှမ်းပြည်နယ်တို့တွင်ထွက်ရှိလာခဲ့ပါတယ်
မြန်မာနိုင်ငံတွင်တွေ့ရှိရနိုင်သောကျောက်မီး သွေးအမျိုးအစားများ ၃ မျိုးရှိပါတယ်ဗျ
ဘာအမျိုးအစားတွေလဲဆိုတော့....
Lignite ၊ Sub-bituminous နှင့်Bitumin ous အမျိုးအစားများတွေ့ရပါတယ်
လီဂနိုက် (Lignite)အမျိုးအစားကတော့ ...
ကာဗွန်ပမာဏနည်းပြီး အစိုဓာတ်အတော်များပြီး အ ပူထုတ်စွမ်းအားက 4,000 kcal/kg အောက်အမျိုးအစားပါဘဲလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးတွင်အသုံးများပါတယ်။
Sub-bituminous အမျိုးအစားကတော့...
ကာဗွန် ပမာဏ ပိုများပြီး လီဂနိုက်ထက် စွမ်းအင်ထုတ် လုပ်မှုပိုမိုကောင်းမွန်ပါတယ် အပူထုတ်စွမ်း အား 4,000 -5,500 kcal/kg ရှိပြီးစက်ရုံ၊ ဓာတ် အားထုတ်လုပ်ရေးနှင့် အိမ်သုံးအပူပေးမှုတို့တွင်အ သုံးပြုကြတယ် ကလေး၊ ဘားအံနှင့် ထန်တလန်တွင် တွေ့ရှိနိုင်ပါတယ်
Bituminous အမျိုးအစားကတော့ .....
ကာဗွန်ပမာဏမြင့်မားပြီး သက်တမ်းအရှည်မီသော ကျောက်မီးသွေးဖြစ်ပြီး အပူထုတ်စွမ်းအားထုတ်လုပ်မှု 5,500-7,500 kcal/kg ဖြစ်ပြီး စွမ်းအင်ထုတ်လုပ်မှုမှာ အထူးကောင်းမွန်တာကြောင့်စက်မှုလုပ်ငန်း၊ ရေသွေးပူထုတ်စနစ်များ အထူးလိုအပ်သော စက်ရုံများတွင်တော်တော်အသုံးဝင်ပြီးတန့်ဆည်နှင့်နမ္မဒေသများတွင်တွေ့ရပါတယ်
စွမ်းအင်ထုတ်လုပ်မှုအတွက်ကျောက်မီး သွေးအမျိုးအစားနှင့် အသုံးပြုရာစက်ရုံများကိုသက်ဆိုင်ရစမ်း သပ်ကောက်ယူမှုများနှင့် အညီအဆင့်သတ်မှတ်သင့်ပြီး က လေးဝဆိုတိုင်းလဲ အပူထုတ်လုပ်မှုစွမ်းအားကောင်းမည်မဟုတ်ပါဘူးနားလည်ဖို့လိုပါတယ် ဘာလို့လဲဆိုတော့သတ္တူဖြစ်နေတဲ့အတွက်ပါ ပထဝီအနေအထားခန့်မှန်တာထက်မြေပြင်ဆောင်ရွက်တွေ့ရှိမှုရှိမှသာ ပကတိအခြေအနေကိုသိမြင်နိုင်ပြီးကိုယ် တိုင်သုံးစွဲကြည့်မှကောင်းမကောင်းသိတဲ့အမျိုးပါ. ဥပမာပြောရလျှင် ရွှေလိုဘဲမှတ် ကျောက်တင်ကြည့်မှစစ်မစစ်သိမှာလေ
ကျောက်မီးသွေးကိုဘယ်လိုရှာဖွေကြသလဲမေးခွန်းပါ....
ကျောက်မီးသွေးကိုရှာဖွေရာတွင် ပထဝီဗေဒဆိုင်ရာနည်းလမ်းများနှင့် နည်းပညာဆိုင်ရာတိုးတက်မှုများကို ပေါင်းစပ်ပြီးအ သုံးပြုသည်။ ထိုနည်းလမ်းများကိုထိရော က်စွာချိန်ညှိအသုံးပြုခြင်းဖြင့်ကျောက်မီးလသွေးရရှိမှုနှင့် အရည်အသွေးကိုတိုးတက်ကောင်း မွန်စွာသတ်မှတ်နိုင်မည်ဖြစ်တယ်
တကယ်ရောအသုံးဝင်လား...
နည်းပညာဆိုင်ရာတိုးတက်မှုများဖြင့်ပေါင်းစပ်၍ ထုတ်လုပ်မှုဆောင်ရွက်လျှင် အိမ်သုံးလောင်စာတာလုပ်လို့ရပါတယ်။
ဘာလို့ကျယ်ကျယ်ပြန့်ပြန့်မသုံးကြတာလဲ...
ဟုတ်ကဲ့ ရွှေကိုလူတိုင်းမြင်ဘူးကြပြီး မဲနေတဲ့မီးသွေးကိုမမြင်ဘူးသူများနည်းနေသေးလို့....
တချို့မိုင်းတွေကတော့ ဒီကောင်အာချောင်တယ်အပြစ်မြင်နေမှာဘဲလေ...ဟုတ်ကဲ့မသိတဲ့သူများကိုသိအောင်အမြင်ကျယ်အောင်လုပ်ရင်လဲကုသိုလ်ပါ.. ကျွန်တော်တို့လုပ်နေတာမြန်မာ့သတ္တူတွင်းထွက်မြန်မာပြည်သူတွေသုံးခွင့်မရှိဘူးလားမေးခွန်းထုတ်ပါရစေ....
စာရေးသူအနေဖြင့် မြေပြင်လက်တွေ့လုပ် ဆောင်ချက်ကိုသာ ဗဟုသုမျှဝေခြင်းသာဖြစ်ပါတယ် ...သိတက်ပညာရှင်များကိုလဲ ..တန်ဖိုးထားလျှက်ဗျာ
Tzl Coal Telegram Channel:
https://t.me/tzlcoal
Tzl Coal Youtube Channel:
https://www.youtube.com/
Tzl Coal Tiktok Channel:
https://www.tiktok.com/.mm
Google Maps is
https://maps.app.goo.gl/jpoLbPQZdZsaB8hLA
☎️ 09750204551, 09750202488
📧 [email protected]
#ကျောက်မီးသွေး
#ကျောက်မီးသွေမိုင်း
゚viralシfypシ゚viralシalシ