07/08/2026
📢 ရွှေကချင်မှ ပြန်လည်ရှင်းလင်းချက်‼️
လတ်တလော လူမှုကွန်ရက်ပေါ်တွင် "Gift Skin Care & Cosmetics" မှ မျှဝေထားသော ပို့ဆောင်ခနှင့်ပတ်သက်သည့် အကြောင်းအရာများအပေါ် အများပြည်သူ နားလည်မှုလွဲမှားမှု မဖြစ်ပေါ်စေရန်နှင့် အချက်အလက်မှန်များကို သိရှိနိုင်စေရန် ရွှေကချင်ဂိတ်မှ အောက်ပါအတိုင်း လေးစားစွာ ပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်။
📦 (22.07.2026) ရက်နေ့တွင် ရွှေကချင်ဂိတ်၌ ပစ္စည်းလက်ခံစဉ် ပစ္စည်းပို့သူရှေ့တွင်ပင် ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်အရ အလှကုန် (တင်းတိပ်ပျောက်ဆေး) စုစုပေါင်း (247) ဗူးရှိပြီး၊ ကာလတန်ဖိုးဆိုင် Voucher အရ ကာလတန်ဖိုးမှာ ကျပ် (49) သိန်းဖြစ်ကြောင်း ပစ္စည်းပို့သူမှ အသိပေးခဲ့ပါသည်။
ရွှေကချင်ဂိတ်မှ ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုးတို့ကို စိစစ်ပြီးနောက် သတ်မှတ်နှုန်းထားအရ ပို့ဆောင်ခ (တန်ဆာခ) ကျပ် (200,000) ကျသင့်မည်ဖြစ်ကြောင်း ပစ္စည်းပို့သူအား ရှင်းလင်းအသိပေးခဲ့ပါသည်။
ထို့နောက် ပစ္စည်းပို့သူမှ ပစ္စည်းလက်ခံသူဘက်သို့ ဆက်သွယ်ညှိနှိုင်းခဲ့ပြီး ပို့ဆောင်ခကို သဘောတူလက်ခံကြောင်း ပြန်လည်အကြောင်းကြားခဲ့သဖြင့် ရွှေကချင်ဂိတ်မှ ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ရွှေကချင်ဂိတ်အနေဖြင့် ပို့ဆောင်ခကို ပစ္စည်း၏ အမျိုးအစား၊ အရေအတွက်၊ တန်ဖိုး ၊ လမ်းခရီးအခြေအနေ နှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ တာဝန်ယူရမှုအပေါ် အခြေခံ၍ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ကောက်ခံလျက်ရှိပြီး၊ ဖောက်သည်တစ်ဦးချင်းအပေါ် မူတည်၍ နှုန်းထားကွာခြားစွာ ကောက်ခံခြင်းမျိုး လုံးဝမရှိပါ။
ထို့အပြင် ရွှေကချင်ဂိတ်သည် လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ်ကျော်ရှိပြီး ဖောက်သည်များ၏ ယုံကြည်မှုဖြင့် ရပ်တည်လာသော ပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ပစ္စည်းများကို ဂိတ်တွင် ဖွင့်ဖောက်စစ်ဆေး၍ လက်ခံပြီးနောက် ပို့ဆောင်မှုအတွင်း ရွှေကချင်ဂိတ်၏ တာဝန်ကြောင့် ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း ဖြစ်ပေါ်ပါက သတ်မှတ်စည်းမျဉ်းများနှင့်အညီ ပစ္စည်းတန်ဖိုးအတိုင်း တာဝန်ယူပေးလျက်ရှိပြီး ဖောက်သည်များ၏ ယုံကြည်မှုကို အစဉ်အမြဲ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
ရွှေကချင်ဂိတ်အနေဖြင့် ဖောက်သည်တိုင်းကို မျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ ဖြစ်ပေါ်လာသော ကိစ္စရပ်များကိုလည်း နှစ်ဖက်အဆင်ပြေစေရန် ဦးစားပေး ညှိနှိုင်းဖြေရှင်းလိုသည့် ရည်ရွယ်ချက်ဖြင့် အမြဲဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အခြားလုပ်ငန်းရှင်များ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို အပြန်အလှန် လေးစားတန်ဖိုးထားသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဖြစ်စဉ်တစ်ခုကို လူမှုကွန်ရက်ပေါ်တွင် မျှဝေဖော်ပြမည်ဆိုပါက အချက်အလက်များကို ပြည့်စုံစွာ စိစစ်ပြီး နှစ်ဖက်စလုံး၏ ရှင်းလင်းချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ အချက်အလက်မပြည့်စုံဘဲ တစ်ဖက်သတ် ရေးသားဖော်ပြခြင်းသည် အများပြည်သူအနေဖြင့် နားလည်မှုလွဲမှားစေနိုင်သလို၊ အခြားလုပ်ငန်းတစ်ခု၏ ဂုဏ်သိက္ခာ၊ ယုံကြည်မှုနှင့် စီးပွားရေးလုပ်ငန်းအပေါ် မလိုလားအပ်သော ထိခိုက်မှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် လုပ်ငန်းရှင်အချင်းချင်း အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံပြီး၊ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကို ဦးစွာတိုက်ရိုက် ညှိနှိုင်းဖြေရှင်းသွားခြင်းသည် နှစ်ဖက်စလုံး၏ ဂုဏ်သိက္ခာနှင့် ဖောက်သည်များ၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ရွှေကချင်ဂိတ်သည် ယခင်ကကဲ့သို့ပင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ အကောင်းဆုံးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
အမြဲတမ်း ယုံကြည်အားပေးကြသော ဖောက်သည်များအားလုံးကို ရွှေကချင် မိသားစုမှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏
#ရွှေကချင်ဂိတ်
#ပြန်လည်ရှင်းလင်းချက်
#တာဝန်ယူမှု_တာဝန်ခံမှု
#ဖောက်သည်ယုံကြည်မှု
#ပွင့်လင်းမြင်သာသောဝန်ဆောင်မှု
#ယုံကြည်စိတ်ချရသောပို့ဆောင်ရေး