PUSH-Delivery Services

PUSH-Delivery Services မန္တလေးမှာ ဘာပဲလိုလို PUSHကို Hello

Rider တစ်ယောက်ရဲ့ဘဝကCustomer လို့သတ်မှတ်ရတဲ့သူနှစ်ဖက်ရှိတယ် အမြဲကိုယ့်ကို way ပေးတဲ့ ဆိုင်ရယ် ကိုယ်သွားပို့ရတဲ့ စားသုံးသ...
23/10/2024

Rider တစ်ယောက်ရဲ့ဘဝက
Customer လို့သတ်မှတ်ရတဲ့သူနှစ်ဖက်ရှိတယ် အမြဲကိုယ့်ကို way ပေးတဲ့ ဆိုင်ရယ် ကိုယ်သွားပို့ရတဲ့ စားသုံးသူရယ်
Customer တစ်ဖက်ကိုပဲဆက်ဆံရတဲ့ လုပ်ငန်းရှင်တွေတောင်မောနေအောင် Customer right ဆိုတဲ့စကားလုံးအတွက်ဖြည့်ဆည်းပေးနေရတာ

ကျွန်တော်တို့လို Rider လေးတွေဟာဆိုရင်ခါးကျိုးမတက်ယဥ်ကျေးသိမ်မွေ့ရတာတောင် ဆိုင်ဘက်ကသူတို့နောက်ကျလည်း လမ်းရှုပ်လို့လို့ပြောလိုက်ပါနော်လို့ခေါင်းရှောင်ကျတယ်
စားသုံးသူကကျပြန်တော့နောက်ကျလို့စူပုပ်နေပြန်ရောတောင်းပန်ပါတယ်ဗျလမ်းကျပ်နေလို့ပါဗျနောက်တခါမဖြစ်အောင်ပိုဂရုစိုက်ပေးပါ့မယ်ဗျဆိုပြီး ခါးတွေတောင်ကျိုးမတက်တောင်းပန်ရပြန်ပါလေရော

ဆိုင်ရှင်ထက်ကြောက်ရတဲ့သူရှိသေးသဗျ ဝန်ထမ်းမမတွေ ကျွန်တော်တို့ Rider ဘဝကိုမစာနာချင်နေပါဗျာ တန်းတူလေးတော့ဆက်ဆံပေးသင့်ပါတယ် အမ်းငွေပစ်ချပေးတာကတမျိုး ရေသန့်ကုန်နေလို့ရေသန့်ဘူးဖြည့်ပေးအုံးဆိုတာကတဖုံ မပြီးသေးဘူးစောရောက်နေတယ်ဆိုတာကတသွယ် နောက်ကျနေပြီအခုမှရောက်တာလားဆိုတာကတမျိုး ဝိုးဆူပုပ်တင်းတောင့်နေတဲ့မျက်နှာလေးတွေနဲ့ဗျာ ကျွန်တော်တို့ကဘာအဆင့်အတန်းမှမရှိတဲ့အကောင်တွေလားဗျာ

ငွေအကြွေဆောင်ရတဲ့ Rider ဘဝကလည်းတမျိုးဆန်းကြယ်သေးတာဗျ ဆိုင်ဘက်ကအကြွေမရှိလို့နော်နောက်ရက်မှယူတော့ဆိုပြောလိုက်တဲ့ ၅၀၀ ဆိုတာကျွန်တော်တို့ Rider တွေ way တစ်ခုမောင်းမှရတဲ့ ၂၅၀၀ / ၃၀၀၀ ထဲကလျှော့သွားရတာဗျ
တခါ Customer ဘက်ကနေ ၅၀၀ တော့လျှော့လိုက်တော့နော်ဆိုတာကခဏတိုင်းကြုံရတာ ၅၀၀ ဆယ်ဦးပေါင်းသွားရင် ၅၀၀၀ ဖြစ်သွားတဲ့အခါ အိမ်ကမိန်းမနဲ့ကလေးတွေမျက်နှာလေးမြင်ပြီးရင်ထဲမှာတိတ်တိတ်လေးနင့်​နေအောင်ခံစားရပါတယ်ဗျာ

ဆီအများကြီးတန်းစရာမလိုတဲ့နေရာလေးနဲ့ကြုံရင်ပျော်ပြီးဆီဝင်တိုးရသေးတာ ကိုယ့်အလှည့်ရောက်ဖို့လည်ပင်းလေးရှည်ပြီးကြည့်ရတာအမော
ဟောကိုယ့်အလှည့်လည်းရောက်ရော ဆီပန့်ကိုင်တဲ့သူကဘယ်လောက်ဖိုးထည့်မလည်းအမေး ခက်တည်တည်နဲ့အပြည့်လို့ဖြေလိုက်ရော ဆီကန်းကပြေးနေတဲ့ပိုက်ဆံအမောင့်ကိုရင်တမမနဲ့ကြည့်နေရတာ ၅၀၀၀
၆၀၀၀ အမလေးလေးမြန်လိုက်တာ နောက်ဆုံး ၈၀၀၀ / ၉၀၀၀ မှာရပ်သွားရော ကိုယ့်အိတ်လေးထဲကပိုက်ဆံလေးထပ်ပြီးပေးအပြီးမှာ Customer ဆစ်လိုက်တဲ့ ၅၀၀ လေးတွေကိုလွမ်းလိုက်တာဗျာ ကျွန်တော်ထမင်းစားရတော့မယ်ဗျ

သူများတွေမှာစားကြတဲ့အရမ်းမွှေးနေတဲ့အစားအစာတွေပတ်ပို့နေရင်းကိုယ့်ဗိုက်ကအသံတွေဆူနေတာကိုနားမထောင်အားဘူး နောက်ကျလို့မရဘူးဘယ်လမ်းကိုမောင်းရမယ်ဆိုတာတွေနဲ့အလုပ်များအပြီးမှာ အရိပ်ရတဲ့နေရာလေးဆိုင်ကယ်ကပ်ရပ်ပါလာတဲ့မုန့်လေးထုတ်စားရေလေးသောက်ပြီး way တက်လာပြီဆိုပြေးရတာ တခါတလေရေကိုဆိုင်ကယ်မောင်းရင်းသောက်ရတဲ့ skill တွေတောင်တက်နေရော

ကိုယ့်အိမ်ပြန်ချိန်ကိုစောင့်နေတဲ့အိမ်သူသက်ထားလေးရှပြန်တော့မိုးချုပ်ထိအပြင်မှာမနေနိုင်အိမ်အရောက်ပြန် ပါလာတဲ့ငွေလေးထပ်ပြီးရေတွက်ရင်းမနက်အတွက်စျေးဖိုးလေးပေးလည်းပြီးရော
စျေးဖိုးကလေ အသားေစျးကဘယ်လောက်
ခရမ်းချည်သီးကဘယ်စျေး ဆီစျေးကလေဆိုတာတွေကိုနားထောင်ရင်းအိပ်ပျော်သွားရတဲ့အထိပင်ပန်းရပါတယ်ဗျ

နေ့တွက်ကိုက်ဖို့ပြေးနေရတဲ့ ဘဝငမား Rider လေးကျွန်တော်

For More Information
Push Delivery

Push ပြန်တွန်းတော့မယ်ချစ်တို့ရေ Deli သမားလေးတွေ အလုပ်ပြန်စပြီမို့ ဘာဘဲလိုလို HELLO 📞     လိုက်ပါနော်09784644453
21/10/2024

Push ပြန်တွန်းတော့မယ်
ချစ်တို့ရေ
Deli သမားလေးတွေ အလုပ်ပြန်စပြီမို့ ဘာဘဲလိုလို
HELLO 📞 လိုက်ပါနော်
09784644453


Strawberry လေးမှာကြအုံးမလားဗျကျွန်တော့်အိမ်က စားချင်လို့မှာရင်းပိုမှာပေးမလို့ပါတစ် ပိဿာ ၆၀၀၀ ကျပ်ပါမှာယူချင်ရင်ဖုန်းလေးတ...
19/03/2024

Strawberry လေးမှာကြအုံးမလားဗျ
ကျွန်တော့်အိမ်က စားချင်လို့မှာရင်းပိုမှာပေးမလို့ပါ
တစ် ပိဿာ ၆၀၀၀ ကျပ်ပါ
မှာယူချင်ရင်ဖုန်းလေးတော့ဆက်ပေးပါနော်
အသီးကချိုမွှေးနေလို့စားစေချင်တဲ့စေတနာသီးသန့်ပါနော်
မနက်ဖန်မနက်ပိုင်းအော်ဒါပိတ်ပါမယ်နော်
ကျေးဇူးပါဗျ
09456792025

ကျွန်တော့်ဆီကို နေ့တိုင်းဝင်နေကျ Ph no တွေရှိတယ်ဗျ 🥺 "မောင်လေး ဆိတ်ထမင်းမှာချင်လို့ " "မနက်ဖန်အတွက် ဆိတ်ထမင်းရသေးလား""ဆိ...
25/01/2024

ကျွန်တော့်ဆီကို နေ့တိုင်းဝင်နေကျ Ph no တွေ
ရှိတယ်ဗျ 🥺

"မောင်လေး ဆိတ်ထမင်းမှာချင်လို့ "
"မနက်ဖန်အတွက် ဆိတ်ထမင်းရသေးလား"
"ဆိုင်ဖွင့်လား"
"Deliခ ပိုပေးပါ့မယ် ပို့ပေးလို့ရမလား"

စတဲ့ ချစ်သော Customer တွေရဲ့ စကားသံတွေကြားရတိုင်း ကျွန်တော့်မှာ ဝမ်းနည်းမိတယ်ဗျ လွမ်းလည်းလွမ်းမိတယ် 😪

"ညီလေးနဲ့ပဲ ပို့ချင်တာ"
"ဘာလို့နားသွားတာလဲ" ဆိုတဲ့ အရင် Customerအဟောင်းတွေအတွက်လည်း ✌️
PUSH က အမြဲ အဆင်သင့်ပါပဲ💯

ဒါ့ကြောင့်၂နှစ်၃နှစ်လောက် လုပ်ခဲ့တဲ့ Delivery servicesလေးကို အသစ်အသစ်သော ဝန်ဆောင်မှု့တွေ✌️လူအင်အားတွေ💪 managementတွေနဲ့ အတူတစ်ဖန်ပြန်လည် လုပ်ဆောင်တော့မှာပဲ
ဖြစ်ပါတယ် 🙋‍♂️

နောက်အပတ် တနလ်ာနေ့ (29,1,2024)မှစတင်ပြီး

👉မနက် 9နာရီမှ ညနေ6နာရီအတွင်း
👉မန္တလေးမြို့တွင်း သီးသန့်👀
စတင်၍ ဝန်ဆောင်မှု့ပေးမှာပဲ ဖြစ်ပါတယ် 🖤

စကားမစပ် 🙄 ကိုဘဲကြီးကို လွမ်းနေကြတဲ့သူတွေ အတွက် PUSH-Delivery Servicesမှ 🤫

👉ကိုဘဲကြီး " ဆိတ်ထောင်းထမင်းနှင့်အကြော်စုံ" ကို မကြာခင်မှာ ပြန်လည်ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်ခင်ဗျာ 🫢🫢

ဈေးနှုန်းအပြောင်းအလဲလေးတွေရယ်📣
Delivery ထွက်ချိန်လေးတွေရယ် 📣

အသေးစိပ် ပြန်လည်ကြေငြာပေးပါ့မယ်ခင်ဗျာ 🤪

Stay tunedနော် 🫡

🏠PUSH-Delivery Services
43st:Bet63×64
📞09456792025
📞092058055
📞09969636399



Address

43-63×64 MaharAungMyay Township
Mandalay
NO

Telephone

+959969636399

Website

Alerts

Be the first to know and let us send you an email when PUSH-Delivery Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PUSH-Delivery Services:

Share