Travel Burma

Travel Burma ပျော်ရွှင်မှု့ကိုလိုချင်ရင် ခရီးသွ

16/09/2021
15/09/2021
အရင်လိုအေးချမ်းသွားတဲ့အချိန်ကြရင် အဲ့ဆိုင်လေးသွားထိုင်ဦးမယ် 😌😌
31/08/2021

အရင်လိုအေးချမ်းသွားတဲ့အချိန်ကြရင်

အဲ့ဆိုင်လေးသွားထိုင်ဦးမယ် 😌😌

17/01/2021
⛅️ မနက်စောစော အိပ်ယာထချိန်တောင်ထိပ်ပေါ်ကနေ Sunrise 🌅 ကြည့်ရတဲ့ခံစားချက်မျိုး မရတာအတော်တောင်ကြာနေပြီ ⛅️
16/12/2020

⛅️ မနက်စောစော အိပ်ယာထချိန်

တောင်ထိပ်ပေါ်ကနေ

Sunrise 🌅 ကြည့်ရတဲ့ခံစားချက်မျိုး

မရတာအတော်တောင်ကြာနေပြီ ⛅️

မြန်မာနိုင်ငံရဲ့ အလှဆုံး ရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ ဘန့်ဘွေးကျင်းရေတံခွန်ပြင်ဦးလွင်/နောင်ချို/မတ္တရာမြို့နယ် သုံးမြို့န...
06/12/2020

မြန်မာနိုင်ငံရဲ့ အလှဆုံး ရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ ဘန့်ဘွေးကျင်းရေတံခွန်

ပြင်ဦးလွင်/နောင်ချို/မတ္တရာမြို့နယ် သုံးမြို့နယ် ဆုံရာ ဆည်တော်ကြီးရေပြင်အနီး တောင်ကမ်းပါးယံထက်မှာ သဘာဝအတိုင်း အံ့မခန်းဖြစ်တည်နေတဲ့ အဖိုးမဖြတ်နိုင်တဲ့ သဘာဝ ပန်းချီကား ချပ်ကြီးတစ်ချပ်အလား ထင်မှတ်ရတဲ့ ရေတံခွန်ကြီးတစ်စင်းပဲ ဖြစ်ပါတယ်။
ဒေသအခေါ် ရှမ်းဘာသာ စကားနဲ့ နမ့်တန်း ရေတံခွန်ဟုခေါ်ဆိုပါတယ်။ မောင်နှံခုနစ်ဖော်ရေတံခွန်ဟုလည်း ခေါ်ဆိုပြီး တစ်ချို့က ဘန့်ဘွေးချင်း ရေတံခွန်ဟုလည်း ခေါ်ဆိုပါတယ်။ ပြင်ဦးလွင်နဲ့ မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ဆည်တော်ကြီးရဲ့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်း ကျေးရွာ ကိုင်းကြီး သစ်တောကြိုးဝိုင်းအတွင်းထဲမှာ တည်ရှိပြီး နောင်ချိုမြို့နယ် နမ့်ပါ့မွန် ချောင်းမှ စီးဆင်းလာတဲ့ရေများဖြစ်ပြီး ဘန့်ဘွေးကျင်းရွာအနီးမှာ ရေတံခွန်ကြီးဖြစ်တည်နေပါတယ်။ ရေတံခွန်က ဆင်းတဲ့ရေများဟာ ဆည်တော်ကြီး ဖက်သို့စီးဝင်သွားပါတယ်။
မြောက်လတ္တီကျူ့ 22° 24´ 29″ ? အရှေ့လောင်ဂျီကျူ့ 96° 22´ 48″ မှာတည်ရှိပါတယ်။ ရေတံခွန်စတင်စီးဆင်းတဲ့ ထိပ်ဆုံးအမြင့်ပေသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၂၄၈၆ ပေ ဖြစ်ပါတယ်။ ရေတံခွန်ထိပ်ပိုင်းရဲ့ ရေစီးကြောင်းသည် table top တောင်မျက်နှာပြင် တစ်ညီထဲကနေ 90° မျဉ်းမတ်ဖြင့် တစ်ရှိန်ထိုး တစ်ဖြောင့်ထဲ ပေ ၅၅၀ ခန့် ထိုးဆင်းပြီး တစ်နေရာအရောက်မှာ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားပါတယ်။ ထိုနေရာမှ တစ်ဆင့်ပြီး တစ်ဆင့် နိမ့်ဆင်းသွားပြီး ရေတံခွန်အဆင့် ၇၀ နီးပါးလောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
ပြင်ဦးလွင်မြို့နယ် မိုးကြိုးပြစ်ကျေးရွာမှ တစ်ဆင့် လမ်းခွဲသွားပြီး ပြင်ဦးလွင်~မိုးကုတ် လမ်းပိုင်း ၂၃ မိုင် ၅ ဖာလုံ မှ တစ်ဆင့် လွယ်လိတ်ရွာ သို့ ဝင်သွားရပါတယ်။ လွယ်လိတ် လမ်းခွဲအတိုင်း ဝင်လာရင် ၁ မိုင် အကျော်မှာ လွယ်လိတ်ရွာသို့ ရောက်ပါတယ်။ လွယ်လိတ်ရွာ မှ တစ်ဆင့် ၃ မိုင် ၅ ဖာလုံ အကွာမှာ သပြေဒိုးရွာ သို့ရောက်ရှိပါတယ်။ သပြေဒိုးရွာမှတစ်ဆင့် ၂ မိုင်အကွာမှာ ရေအားလျှပ်စစ်စီမံကိန်း သို့ရောက်ရှိပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၁ မိုင်ခွဲ အကွာ မှာ ရေတံခွန်တည်ရှိပါတယ်။
စွန့်စားခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက်တော့ သွားသင့်တဲ့ လမ်းပါ။ တစ်ခုတော့ အသိပေးလိုတာကတော့ တောင်တက် တောလမ်း အတွေ့အကြုံရှိပြီးသား လူတွေအတွက်တော့ ပိုအဆင်ပြေမှာပါ။

Crd: CENTRAL ONLINE NEWS
Photo : Original Uploader

ကြိုတင်ပြင်ဆင် ပြီးပြီ 😄😅
04/12/2020

ကြိုတင်ပြင်ဆင် ပြီးပြီ 😄😅

ချင်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရော ကိုပတ်ခဲ့တယ် 🤩🤩🤩
30/11/2020

ချင်းပြည်ကို တောင်ပိုင်းရော

မြောက်ပိုင်းရော ကိုပတ်ခဲ့တယ် 🤩🤩🤩

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959787787007

Website

Alerts

Be the first to know and let us send you an email when Travel Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share