27/09/2018
INDIA နိုင်ငံထုတ် YDM4 …i5 စက်ခေါင်းများ၏ MEP System အကြောင်း
India နိုင်ငံထုတ် i5 စက်ခေါင်းများတွင် အသုံးပြု ထားသော Control System မှာ MEP 660 mm ( Microcontroller Based Excitation &Propulsion ) Control System ဖြစ်ပါသည်။ System တခုလုံးကို MEP 660 ဟု ခေါ်၍ System တွင် သုံးထားသော Control Unit ကို MEP661 E ဟု
ခေါ်ပါသည်။ Control Unit တွင် Slot type Card 12 ခု ပါရှိပါသည်။ ၎င်းတို့မှာ
(1) MDIP 32 - Medha Digital In Put Card
(2) MDIP 32 - Medha Digital In Put Card
(3) MLDOP 16 - Medha Low Side OutPut
Card
(4) MLDOP 16 - Medha Low Side OutPut
Card
(5) MHYBDOP 16 - Medha Hybrid Digital
Out Put Card
(6) MRM - Medha Remote Monitorinng
Card
(7) MDMC - Medha Data Management
Computer Card
(8) MLCC - Medha Locomotive Control
Card
(9) MFIAO - Medha Frequency Input
Analog Output Card
(10) MAIP 16 -1 - Medha Analog In Put
Card
(11) MAIP 16 -2 - Medha Analog In Put
Card
(12) MFOP - Medha Frequency Out Put
Card တို့ဖြစ်ပါသည်။
၎င်း 12 card တွင် slot 8တွင် ရှိသော MLCC card သည် အဓိက main card ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် Digital input card မှ ပေးပို့သော signal များ Analog input card မှ ပေးပို့သော signal များ Frequency input card မှ ပေးပို့သော signal များ စသည့်တို့ကို လက်ခံ၍ Digital output များ Analog output များ frequency output များ ထုတ်ပေးနိုင်ရန် Control ပြုလုပ်ပေးရသော ကြောင့်ဖြစ်ပါသည်။
Slot 1 & 2 (MDIP 32)
digitl input card 1 နှင့် 2 သည် 32 Channel
input များဖြစ်ပြီး card တခု နှင့် တခု ပြောင်းလဲအသုံး ပြုလို့ရပါသည်။ စုစုပေါင်း 64 input အသုံးပြု၍ရပါသည်။
လက်ရှိတွင် 60 channel အသုံးပြုထားပါသည်။ 4 Channel မှာ Spareဖြစ်ပါသည်။ input တခု ချင်းစီ အလုပ် လုပ်နေပြီဆိုပါက LED မီး အစိမ်းရောင်းလင်းနေ ပါမည်။ active ဖြစ်နေသော Channel သာ လင်းမည်ဖြစ်
ပါသည်။ ထိုအတူ Driving Desk ရှိ TFT Screen တွင် လည်း active ဖြစ်နေသော channel ကို ကြည့်နိုင်
ပါသည်။ အမျိုးမျိုးသော Switch များ Braker များ Contactor များ Relay များ စသည်တို့မှ 72 V input signal များသည် MDIP Card သို့ရောက်ရှိလာပါသည်။
ရောက်ရှိလာသော 72V signal ကို 5 V Signal အဖြစ် ပြောင်းလဲကာ CAN Communication မှတဆင့် MLCC သို့ ပို့ဆောင်ပေးပါသည်။ အချုပ်ဆိုရသော(MDIP ၏ အဓိကလုပ် ဆောင်ချက် ဝင််လာသော 72 V Signal ကို 5 V Signal အဖြစ်ပြောင်း ကာ MLCC ကို ပို့ဆောင်ခြင်းဘဲဖြစ်ပါသည်)
Slot 3 & 4 (MLDOP 16)
Slot 3 နှင့် 4 တို့သည်16 Channel Digital Output Card တွေဖြစ်ပြီး တခု နှင့်တခု လဲလှယ်အသုံးပြု၍ရပါသည်။MLDOP ဆိုသည်မှာ low side drive output ကိုဆိုလိုခြင်းဖြစ်ပြီး
low side out ဆိုတာ negative output ကိုဆိုလိုခြင်းဖြစ် ဖြစ်ပါသည်။ Card ၏ အဓိက လုပ်ဆောင်ချက်မှာ Relays , Contactors, Solenoids, Indication lamps များ အစရှိသည်တို့ အတွက် လိုအပ်သော 72 V signal ကို 5V signal မှ ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ System တွင် Digital input တခု ပေးလိုက်သောအခါ MDIP Card မှ စအလုပ် လုပ်ပြီး MLCC card ကို သတင်းပို့ပါသည်။ ထိုမှတခါ MLCC cardမှ သက်ဆိုင်ရာ output signal ကို digtal output card မှ တဆင့် relay များ contactor များကို အလုပ် လုပ်စေပါသည်။
# # # ဥပမာ operator မှ start button အား နှိပ်လိုက်သောအခါ digtal input (Di 12) active ဖြစ်သွားပါသည်။ (Di 12) active signal သည် ဆက်လက်ပြီး MLCC card ကို signal ပို့ကာ MLCC card မှ တဆင့် Digital output card ရှိ (DO 04 )ကို active ဖြစ်စေကာ CKC (cranking control contactor ) ကို အလုပ်လုပ် စေပါသည်။ ထိုမှတဆင့်CK1 CK2 CK3 Contact များ အလုပ် လုပ်ပြီး auxiliary generator နှင့် excitor generator ကို stator motor အသွင်ဖြင့် လည်စေပြီး Main alternator အားလည်စေပါသည်။
main alternator နှင့် engine တို့မှာ shaft ဖြင့်ဆက်ထားသောကြောင့် Engine ကိုလည်စေပါသည်။
engine revolution rpm 200 ကျော်သော အခါ
engine မီးပေါက်၍ engine ကို နိုးစေပါသည်။ # # #
{active= on state}
{DO 04 = low side digtal output = Negative output}
[{(Active ဖြစ်နေသော Channelများအား MEP card များတွင် LED မီး အစိမ်း လင်းနေသလို TFT screen တွင်လည်း Active ဖြစ်နေသော channelများအား digital imput /output screen ဖော်၍ စစ်ဆေးနိုင်ပါသည်)}]