Wint Yadi Hnin

Wint Yadi Hnin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wint Yadi Hnin, Mingaladon.

25/06/2019

Cherry Thin ( အိမ်မက်ဆုံရာ) ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်

သမီးလေးရဲ့ ၃နှစ်ပြည့်မွေးနေ့
04/04/2019

သမီးလေးရဲ့ ၃နှစ်ပြည့်မွေးနေ့

အပြုံး
07/11/2018

အပြုံး

မီးမီးကို သတိရကြ​သေးလား
07/11/2018

မီးမီးကို သတိရကြ​သေးလား

17/05/2018

သမီး​လေးရဲ့​ပေ့မှာ ​ဖေ​ဖေရယ်​ ​မေ​မေရယ်​က admin

08/05/2018

https://her.is/2rsnMsZ

Wint Yadi Hnin Myanmar - City, Town or Village. Drive, bike, walk, public transport directions on map to Wint Yadi Hnin - HERE WeGo

အာ့​လေ ချစ်​ချစ်​က
04/02/2018

အာ့​လေ ချစ်​ချစ်​က

07/01/2018

အုန်းသီးထဲက အရည်ချိုချို

# ဝတ္ထုတို မစန္ဒာ

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

ဝါ၀ါတို့၏အိမ်ရှေ့တွင် အုန်းပင်ပျိုနှစ်ပင် ရှိသည်။
စ၍သီးသည်မှာ မကြာသေးသဖြင့် အလွန်သီးအားကောင်းလှသည်။ ထိုအုန်းသီးများသည် အမေ၏ မီးဖိုချောင် စရိတ် ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးခဲ့လေသည်။

အုန်းသီးတစ်ခါချလျှင် အမေက ၀ါဝါတို့ မောင်နှမတစ်တွေအား အရည်သောက် တစ်လုံးစီ ဝေပုံကျပေးကာ သောက် ခွင့်ပေးတတ်ဖြစ်သဖြင့် အုန်းသီးချမည့်ရက်ကို မျှော်မိတတ်ကြမြဲ ဖြစ်သည်။
“အုန်းသီးထဲက အရည်တွေကို ဘယ်သူလာပြီးထည့်ထားတာလဲ ဟင်”
ဝါ၀ါ ငယ်ငယ်တုန်းက တအံ့တသြ မေးခဲ့ဖူးသည်။ အခွံ အထပ်ထပ်အုပ်ကာ ထူထဲလုံခြုံလှသော အုန်းသီး၏အတွင်း ဘက်ဆုံးတွင် ချိုမြမြအရည်တွေ အပြည့်ရှိနေသည်ကို ထူးဆန်းအံ့သြနေမိသည်။
“သမီးအတွက် မေမေ ထည့်ပေးထားတာပေါ့”
“ဟင် . . . တကယ်”
“ဟုတ်တယ် . . အဲဒီအုန်းသီးတွေဟာ မေမေရဲ့မေတ္တာရေတွေပဲ၊ သမီးလိမ္မာရင် အရည်ချိုချိုလေးတွေ ထည့်ပေး မယ်၊ ဆိုးရင် မိုက်ရင်တော့အရသာမရှိတဲ့ အရည်တွေကိုပဲ ထည့်ပေးမှာနော် သိလား သမီး”
မေမေက ပြုံးစစနှင့် ပြောသည်။ မမကြီးက ရယ်မောရင်း
“မမကြီးကတော့ လိမ္မာလို့ ရေချိုချိုတွေကိုပဲ အမြဲသောက်ရတယ် သိလား ညီမလေး”ဟု လှမ်းပြောလေသည်။ မမ ကြီးသည် ၀ါဝါ၏ ဒုတိယမိခင် ဖြစ်သည်။ ၀ါဝါသာမကပါ၊ တာတာနှင့်အပါလေးတို့အတွက်လည်း မမကြီးသည် ဒုတိယမိခင် ဖြစ်ခဲ့ရသည်သာ။ ညီအစ်မဟုဆိုသော်လည်း အမေတူအဖေကွဲ ညီအစ်မမို့ မမကြီးက ၀ါဝါထက် ၁၃ နှစ်နီးပါးကြီးလေသည်။ ထို့ကြောင့်လည်း ၀ါဝါ၏စိတ်ထဲတွင် မမကြီးကို မေမေ၏သမီးဟု မထင်ဘဲ ညီမဟုသာ မှတ်ယူနေမိတတ်လေသည်။
မမကြီးကတော့ သူ့ကိုယ်သူ အမေ၏အစ်မဟုများထင်နေသလား မပြောတတ်ပေ။
“မေမေ၊ သရက်သီးတွေ သိပ်မစားနဲ့လေ၊ အပါလေး ၀မ်းပျက်နေဦးမယ်” ဟူ၍ တစ်မျိုး၊
“မေမေ၊ ခေါင်းကိုက်နေရင် ဝေ ဈေးသွားပေးမယ်လေ၊ မေမေနားနေလိုက်တော့”ဟူ၍ တစ်ဖုံ ပြောတတ်သည်ကို မ ကြာခဏ ကြားရသည်။ အသက်ကသာ ၁၆ နှစ်ကျော်ကျော်ရှိသေးသော်လည်း သူက အမေ၏အစ်မနေရာဝင်ကာ ပူပူပင်ပင် ဖြစ်နေတတ်သည်။

မေမေကလည်း
“တာတာ ကိုယ်တွေပူနေပြန်ပြီ သမီးရေ”
“ဒီနေ့တော့ ခပ်လွယ်လွယ်ပဲ တွေ့တဲ့ကြက်ပဲ ကောက်ဝယ်လာတယ် သမီးရေ၊ ပြုတ်ကြော်လေးပဲ လုပ်လိုက်ကြရ အောင်၊ ခရမ်းချဉ်သီးငါးပိချက်လေးနဲ့ဆိုတော်ရောပေါ့နော်”၊
“ဝေေ၀၊ သမီးရေ၊ အိမ်ရှေ့မြောင်းတွေ ပိတ်နေပြန်ပြီကွယ်၊ မြောင်းထိုးတဲ့ ဦးဘထွန်းကြီးကို ခေါ်ချေဦးမှ ထင်တယ် နော်”စသည်စသည်ဖြင့် တိုင်တိုင်ပင်ပင် အားကိုးတကြီး ရှိလှလေသည်။
မေမေသာမက ဖေဖေကပါ “ဝေေ၀၊ ဒီမှာ ဦးလေးစိုး ပစ္စည်းစာရင်းတွေ မကိုက်လို့ ကူတွက်ပေးပါဦး၊ ဘယ်နား မှား နေလဲ မသိဘူး”ဟုပြောတတ်သည်ကို မကြာခဏ ကြားရတတ်သည်။ ဖေဖေသည် မမကြီး၏ ပထွေးဖြစ်သော်လည်း ၀ါဝါ၏ စိတ်ထဲတွင် အစ်ကိုကြီးဟုသာ ထင်မှတ်နေမိတတ်လေသည်။ ဖေဖေ၊ မေမေ၊ မမကြီးနှင့်ဝါ၀ါတို့ အငယ်သုံးဦး၊ စုစုပေါင်း မိ သားစုခြောက်ဦးသည် သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးနှင့်ပျော်ရွှင်ဖွယ်ကောင်းခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

“မေမေ နောက်အိမ်ထောင်ပြုမယ်ဆိုတော့ မမကြီး မေမေ့ကို စိတ်မဆိုးဘူးလားဟင်”
ဝါ၀ါ ကြီးပြီး အပျိုပေါက်အရွယ်ရောက်တော့ မမကြီးကို မေးကြည့်ခဲ့ဖူးသည်။ မမကြီးက အေးချမ်းစွာပြုံးရင်း
“ဦးလေး စိုးက မေမေ့ရဲ့အချစ်ဦးပဲလေ၊ မမကြီးရဲ့အဖေကို အမေက ချစ်ခဲ့တာမှ မဟုတ်တာပဲ၊နောက်ပြီး အဖေက အမေ့ထက်လည်း အများကြီး အသက်ကြီးတယ်၊အမေ့ကို ချစ်ပေမယ့် အရမ်းချုပ်ခြယ်တယ်၊ ဒါတွေကို သိထားတော့ မမကြီး
က ငယ်ငယ်လေးကတည်းက မေမေ့ကို သိပ်သနားတာ၊ အမေ့ကို ပျော်စေချင်တယ်၊ အမေပျော်မယ်ဆိုရင် ကျေနပ်တဲ့စိတ် က အပြည့်ပဲ၊ ကိုယ့်အမေကိုနှမြောတာတော့ နှမြောတာပေါ့၊ ဒါပေမဲ့ ပျော်စေချင်တဲ့စိတ်က ပိုများတယ်” ဟု ဖြေခဲ့သည်။ သူ့ အရွယ်လေးနှင့် မမျှအောင် အမေ့ကို နားလည်ခွင့်လွှတ်ပေးနိုင်စွမ်း ရှိခဲ့သူဖြစ်သည်။
မမကြီးက ပျော်စေချင်သော်လည်း အမေက အိမ်ထောင်ရေးကံ မကောင်းချေ။ ၀ါဝါ ခြောက်နှစ်သမီးအရွယ်တွင် အ ဖေက ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်ခဲ့ရသည်။ ကလေးတစ်ယောက်နှင့် မုဆိုးမတစ်ခါ ဖြစ်ခဲ့ရဖူးသော အမေသည် ယခုတစ်ခါတွင်တော့ နောက်ထပ်ကလေး သုံးယောက်တိုးကာ ကလေး လေးယောက်ပိုက်ပြီး ဒုတိယအကြိမ် မုဆိုးမ ဖြစ်ခဲ့ ရပြန်လေသည်။
အဖေ့အသုဘတုန်းက ၀ါဝါတို့မောင်နှမတစ်တွေမှာ ငိုရကောင်းမှန်း မသိပေ။
အိမ်တွင် မီးတွေ ထိန်ထိန်လင်းကာ လူ တွေတရုတ်ရုတ်ဖြစ်နေ၍ ပျော်လို့တောင် နေသေးသည်။ ဧည့်သည်တွေအတွက် ချထားသော ချိုချဉ်တွေ နှိုက်စားလိုက်၊ ကွာ စေ့တွေ ခွာစားလိုက်၊ ဖျော်ရည်တွေကောက်မော့လိုက်နှင့် ထင်တိုင်းကြဲနေတတ်သည်။
အဖေ့အခေါင်း မြေချတော့ အလဲလဲ အပြိုပြိုငိုကြွေးနေသောအမေ့အား မမကြီးက ဘေးမှနေ၍ တင်းတင်းဖက်ကာ ဖေးမထားသည်ကို ၀ါဝါ မှတ်မိသည်။ သစ်သားခေါင်းပေါ်သို့ မြေကြီးတွေ ဖို့ချလိုက်တော့မှအဖေ့ကို မြေကြီးထဲမှာ မြှုပ်ပစ် လိုက်ပြီဟုသိကာ ၀ါဝါနှင့်တာတာက တအားအော်ငိုကြသည်။ သေဆုံးခြင်းဟူသည်မှာ အစဉ်ထာဝရ ကွဲကွာခြင်း ဖြစ်သည် ကို ထိုအချိန်မှစ၍ ၀ါဝါ နားလည်ခဲ့ရလေသည်။

အဖေက စီးပွားရေးလုပ်ငန်းတွေများသော်လည်း ရင်းနှီးမြုပ်နှံငွေတွေများသော်လည်း ကိုယ်က ရိုးအသည်ရော၊ တစ် ဖက်သားက လှည့်ပတ်လောဘတက်သည်ရော ထိုအကြောင်းနှစ်ခုကြောင့် ငွေကြေးအတော်များများဆုံးရှုံးပြီးသော အခါမှ အမေသည် ဈေးထဲတွင်အထည်ဆိုင်လေး တစ်ဆိုင်ကိုအတည်တကျ ထိုင်ဖြစ်တော့သည်။ မိုးလင်းလျှင် အမေက အထည် ဆိုင်သို့သွားနှင့်ပြီး အသက် ၁၉ နှစ်ရှိပြီဖြစ်သော မမကြီးက ၀ါဝါတို့ မောင်နှမသုံးယောက်၊ အိမ်ဖော်နှစ်ယောက်တို့နှင့် ကျန်ခဲ့ သည်။
“၀ါဝါရေ ထတော့၊ တာတာရေ ... ကျောင်းချိန်နီးပြီ၊ အပါလေးနိုးပြီလား၊ မမကြီးကိုချစ်ရဲ့လား၊ အာဝါးပေးပါဦး သား ရဲ့၊ အာဝါး ...ဟာ... မွှေးလည်း မွှေးဘူး၊ ရှူရှူးစော်နံတယ်၊ ရှူရှူးတွေပေါက်တဲ့ ကောင်ကလေးလား၊ မမကြီးချစ်တဲ့ မောင်က လေးလား၊ ဟော ... နှိုးလိုက်၊ နှိုးလိုက်၊မမ၀ါ အိပ်ပုပ်ကြီးလို့ နှိုးလိုက်၊ ကြည့်စမ်း... မိတာက သူကပါ ကလေးနဲ့ရောပြီး သေး တွေ ပေါက်ထားတယ်၊ အို ...ကြည့်ပါဦး၊ ရွှဲလို့”
မမကြီးသည် ၀ါဝါ့ကိုဆွဲထူလိုက်၊ တာတာ့ကို ဆွဲထူလိုက်နှင့်တစ်ယောက်ထူပြီး နောက်တစ်ယောက်ထူနေစဉ် ကျန် တစ်ယောက်က ပြန်အိပ်လိုက်နှင့် လုံးလုံးထွေးထွေးဖြစ်နေရတတ်သည်။
“ကဲ ... မထဘူးလား၊ ထမှာလား၊ ငါရိုက်တော့မှာနော်၊ ချော့နေလို့ ဆိုးနေတာလား၊ မဖြူ ... ငါ့အခန်းထဲကပေတံ ပေးစမ်း၊ စားပွဲပေါ်မှာသစ်သားပေတံရှိတယ်”
ထိုသို့အော်ဟစ်သောအခါမှ ၀ါဝါတို့က အိပ်ရာမှ အလူးအလဲထ၊သွားတိုက်၊ လဲဖယ်ပြီး မမကြီး ကျွေးသမျှ စားသည်။ သူတို့စားနေချိန်တွင်မမကြီးကလည်း သူ့ကိုယ်သူ လဲဖယ်ပြင်ဆင်ကာ ညီအစ်မသုံးဦး ကျောင်းကိုတက်သုတ်ရိုက်ပြေးရသည် က နေ့စဉ်ပင်။ ထိုအချိန်တွင် အပါလေးကိုအိမ်ဖော်လေးနှစ်ဦးနှင့် အိမ်တွင်ထားခဲ့ရသည်။ သူတို့အိမ်မှထွက်လျှင် အပါလေး က အော်ငိုမြဲမို့ မမကြီးက စိတ်မကောင်းရှာပေ။

“မမကြီးမှာ ပိုက်ဆံတွေအများကြီးရှိရင် အမေ့ကို ဆိုင်မထိုင်ခိုင်းဘူး၊ အပါလေးနားမှာပဲ ထားမယ်” ဟု မကြာခဏ ပြောတတ်လေသည်။
ဝါ၀ါတို့ကို စာသင်ပေးရင်း၊ အပါလေးပုခက်ကိုလွှဲရင်း၊ အိမ်မှုကိစ္စတွေကို စီစဉ်ရင်း စာကျက်ရသော်လည်း မမကြီးက စာတော်လေသည်။
ဆယ်တန်းကို ဂုဏ်ထူးသုံးခုနှင့် အောင်လေသည်။ မမကြီး၏သူငယ်ချင်းများက အိမ်တွင်စုဝေးရင်း ဘယ်တက္ကသိုလ် ကို ဘယ်အမှတ်နဲ့ဆိုလျှင် မီကြောင်းပြောနေဆိုနေ တိုင်ပင်နေကြတော့ မမကြီးက ဘာမျှ ၀င်မပြောရှာချေ။
“နင့်အမှတ်က ဆေးကျောင်းမီတယ် မဟုတ်လား” ဟု မေးတော့လည်း
“ငါ ဆရာဝန် မဖြစ်ချင်တော့ပါဘူးဟာ၊ အမေ့ဘေးမှာ ငါမရှိလို့မဖြစ်ဘူး”ဟုသာ တိုးတိုးလေး ပြောလေသည်။
“ဝေေ၀ သမီး၊ ဒီလောက်အမှတ်ကောင်းနေတာ ဆရာဝန် ဖြစ်အောင် လုပ်၊ ဒါမှမဟုတ် အင်ဂျင်နီယာမကြီး ဖြစ် အောင်လုပ်၊ အမေ့ကိုစိတ် မပူနဲ့၊ အပါလေးကိုလည်း နောက်နှစ်ဆို မူကြိုပို့လို့ ရပြီ၊ ဒီမှာက ဒီလိုပဲ လုံးလည် ချာလည်နဲ့ တစ် ရက်ပြီး တစ်ရက် ကုန်သွားမှာပဲ”ဟု အမေကပြောသည်။ မမကြီးက အမေ့ကိုငေးကြည့်ကာ
“အဲဒီ လုံးလည်ချာလည်ကြီးကို စိတ်မချတာပေါ့ အမေရာ” ဟု ပြောလေသည်။ သို့သော် အမေ တိုက်တွန်းလွန်း တော့ မမကြီးလည်း ဆေးတက္ကသိုလ်သို့ လျှောက်ဖြစ်လေသည်။ ၀င်ခွင့်လည်း ရလေသည်။ သို့သော် မမကြီးက ထိုအခွင့်အ ရေးကို လက်လွှတ် ဆုံးရှုံးခံခဲ့ရှာလေသည်။

အကြောင်းရင်းကတော့ ၀ါဝါတို့၏ဘ၀ထဲမှာ အမေသည် ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ဖြစ်လေသည်။
ရွှေဘိုဆိပ်ခွံဘက်သို့ အထည်ကောက်ရန်သွားသော အမေသည်ဝါ၀ါတို့ဆီသို့ ပြန်ရောက်မလာခဲ့တော့ပေ။ မမကြီးကလည်း မေမေ့ဆီကတိုက်ကရိုက် လိုက်သွားတော့ ၀ါဝါခမျာ အားမငယ်စဖူး အားတွေငယ်ကာ ငိုချင်နေခဲ့သည်။
“မမဖြူ . . . မမကြီး ဘယ်သွားတာလဲ”
“၀ါဝါတို့အမေ နေမကောင်းလို့ လိုက်သွားတာ”
“မေမေက ဘာလို့ နေမကောင်းတာလဲ”
“ကားနဲ့ကားချင်းတိုက်တော့ ကားထဲက လူတွေ နေမကောင်းဖြစ်တာပေါ့”
“ဘယ်တော့ ပြန်ကောင်းမှာလဲ”
“မသိပါဘူးဟယ်”
“ဘယ်တော့ပြန်လာမှာလဲ”
“မသိပါဘူးဆိုမှ ဟယ်၊ ကဲ ၀ါဝါ၊ သွား . . . မောင်လေးနဲ့သွားကစား၊ ဒီမှာ ၀ါဝါစကားများလို့ မမဖြူ မျက်စိထဲ ငရုတ် သီးဖတ်တောင်ဝင်နေပြီ၊ ရှူး . . . စပ်လိုက်တာ”
မမဖြူက နီကျင်နေသောမျက်လုံးကို ပွတ်နေသည်။ ၀ါဝါကထွက်ခဲ့ရသော်လည်း စိတ်ထဲတွင် မကျေလည်လှ။ တာ တာနှင့်မောင်လေးကတော့ အဆော့အကစား မပျက်လှပေ။ အသက် ခုနစ်နှစ်ကျော်ပြီဖြစ်သော ၀ါဝါကတော့ သူတို့ဘ၀ထဲမှ အဖေလည်း ပျောက်ကွယ်ခဲ့ဖူးသည်မို့ သေခြင်းတရားကို စိုးရွံ့ကြောက်ရွံ့နေခဲ့သည်။
တစ်ပတ်လောက်နေတော့ မမကြီး ပြန်လာသည်။ ၀ါဝါ စိုးရိမ်နေသည့်အတိုင်း မေမေကတော့ ပြန်ပြီး ပါမလာခဲ့ပေ။ အပါလေးက..
“မေမေရော... မေမေရော” နှင့် တစာစာမေးတော့ မမကြီးကမျက်ရည်စိမ့်ဝဲရင်း
“မေမေ နေမကောင်းလို့ ဆေးရုံတင်ထားရတယ် သားငယ်ရဲ့”ဟုဖြေသည်။
“မေမေ နေကောင်းပါစေလို့ဆုတောင်းပြီး အပါလေးက လိမ်လိမ်မာမာ နေနော်” ဟု ဆက်ပြောသည်။
ညကျတော့ ဇာခြင်ထောင်အကြီးကြီးကို ဖြန့်ထောင်ကာ ၀ါဝါတို့မောင်နှမလေးယောက် အတူတူအိပ်ကြရသည်။ ၀ါဝါ တစ်ရေးနိုးလာတော့ မမကြီးထံမှ ရှိုက်သံလေး ကြားရသည်။
“မမကြီး ... ငိုနေတာလား”
“မငိုပါဘူးကွယ်”
မမကြီးက ၀ါဝါကို တင်းတင်းဖက်ကာ ငိုသံလေးနှင့် ဖြေသည်။
“မေမေ သေပြီလားဟင် မမကြီး”
ဝါ၀ါက တိုးတိုးလေးမေးတော့ မမကြီးက ငြိမ်နေသည်။ အတန်ကြာသောအခါမှ သက်ပြင်းလေးရှိုက်ပြီး
“အဲဒီစကားကို တာတာတို့ရှေ့မှာ မပြောနဲ့နော်၊ မေမေက ဆေးရုံတက်နေရတာပဲဟာ၊ ဆေးရုံတက်တယ်လို့ပဲပြော” ဟုပြောသည်။
“အဟုတ်လားဟင် မမကြီး”
“အဟုတ်ပေါ့၊ နောက် လေးငါးရက်နေရင် အိမ်မှာ ဆွမ်းကျွေးမယ်၊ ဘုန်းကြီးတွေက မေမေနေကောင်းဖို့ ဆုတောင်း ပေးလိမ့်မယ်၊ အိမ်မှာလည်း မုန့်တွေ ကျွေးမယ်”
“ဒီလိုဆို မေမေ မသေဘူးပေါ့”
“မမကြီးတို့အတွက် မေမေက ဘယ်တော့မှမသေဘူးလေ၊ ညီမလေးတို့လည်း မေမေ့ဆီစာရေးထားကြ၊ မမကြီး အထည်ကောက်သွားရင် ဆေးရုံကိုဝင်ပို့ပေးမယ်လေ၊ အဲဒီစာတွေကို ဖတ်ပြပေးမယ်”
“မေမေက မဖတ်နိုင်လို့လား”
“နေမကောင်းတော့ စာလည်း မဖတ်နိုင်ဘူးပေါ့ ၀ါဝါရယ်၊ မမကြီးက ဖတ်ပြရမှာပေါ့”
မမကြီးက အသံတိမ်တိမ်လေးနှင့် ပြောရင်း ငြိမ်သွားသည်။ အသက်မှန်မှန်ရှူကာ အိပ်ချင်ဟန်ဆောင်နေသည်။ မမ ကြီး တကယ် အိပ်မပျော်သေးမှန်း သိသော်လည်း ၀ါဝါလည်း စကား ဆက်မပြောဖြစ်တော့ပေ။ မေမေ သေသွားပြီလိုလို၊ တ ကယ်ပဲ ဆေးရုံမှာရှိနေသလိုလို ဇဝေဇ၀ါဖြစ်နေခဲ့လေသည်။

မမကြီးသည် အမေ့၏ နေရာကို ချက်ချင်း အစားဝင်ခဲ့သည်။ အမေ့လိုပင် အထည်ကောက်ထွက်၊ အမေ့လိုပင်
“စာကြိုးစားကြနော်၊ စာကြိုးစားကြ”ဟု ခဏခဏ ရေရွတ်နေတတ်လေသည်။ ဘေးအိမ်က အန်တီနုတို့၊ အန်တီဝင်း တို့ကတော့ မမကြီးကို
“ကလေးသုံးယောက်နဲ့ အပျိုလေး”ဟု ခေါ်လေ့ရှိကြသည်။ အန်တီစန်းကမူ
“အပျိုလေးကို ကြိုက်တဲ့လူပျိုလေးတွေ ကတော့ တပုံတပင်ကြီးပဲ၊ ဒါပေမဲ့ ကလေးသုံးယောက်ကိုတော့ မကြိုက်ကြ ဘူးဟဲ့” ဟုပြောကာ ရယ်မောနေတတ်လေသည်။
နောက်တစ်ခါ မမကြီးအထည်ကောက်သွားတော့ ၀ါဝါက မေမေ့ဆီ စာရေးပေးလိုက်သည်။
“မေမေ ...နေမကောင်းသေးဘူးလား ဟင်၊ ဘာဖြစ်လို့ အကြာကြီး နေမကောင်း ဖြစ်နေတာလဲ၊ သမီးတို့ မေမေ့ကို အရမ်းသတိရတယ်။အခု သမီးတို့လေးယောက်လုံး အတူတူအိပ်ကြတယ်၊ အပါလေးက ဆိုးတယ် မေမေ၊ မမကြီးခေါင်းကို ခွ ပြီး ရှူရှူးတွေ ပန်းတယ်၊ မေမေပြန်လာရင် အပါလေးကို မေမေနဲ့ပဲ ပြန်ခေါ်သိပ်နော်”
တာတာကတော့ “မေမေ နေကောင်းပါစေ”ဟု ရွဲ့ရွဲ့စောင်းစောင်းတစ်ကြောင်းတည်း ရေးပေးလိုက်သည်။ အပါလေး ကပင်လျှင် မေမေ့ဆီစာရေးပါဆိုတော့ စာရွက်ဖြူပေါ်တွင် ၀လုံးလေးငါးလုံးကို မညီမညာ ရေးပေးလိုက်လေသည်။ မမကြီးက သူတို့၏စာလေးတွေကို စာအိတ်ထဲထည့်ကာ အသေအချာယူသွားသည်။
မမကြီး ပြန်လာတော့ အမေ့ဆီက စာပြန်ပါလာသည်။ အမေကသူတို့ကို သတိရကြောင်း၊ နေကောင်းလျှင် ချက်ချင်း ပြန်လာမည်ဖြစ်ကြောင်း၊ စာကြိုးစားရမည့် အကြောင်း၊ မမကြီး၏စကားကို နားထောင်ရမည့်အကြောင်းများကို ဝေေ၀ဆာဆာ စုံစုံလင်လင်ရေးထားသည်။ သူတို့အတွက်မုန့်တွေ၊ အင်္ကျီတွေလည်း ပေးလိုက်သေးသည်။ သြော် ..မေမေက အုန်းသီးထဲ တွင် အရည်ချိုချိုတွေ ထည့်ပေးထားကြောင်း၊ ထိုအရည်များကို အရသာပျက် မသွားအောင် လိမ်လိမ်မာမာ နေကြရမည့် အကြောင်းများကိုလည်းထည့်ရေးထားသေးသည်။ အိမ်ရှေ့အုန်းပင်မှ အုန်းသီးချတော့ မမကြီးက အမေ့လိုပင် သူတို့အား အ ရည်သောက်အုန်း တစ်လုံးစီပေးသည်။
အသက်ရှစ်နှစ်နီးပါးရှိနေပြီမို့ အုန်းသီးထဲမှ အုန်းရည်သည် သူ့သဘာဝအလျောက် သူ့ဟာသူ ပြည့်လာခြင်း ဖြစ်သည် ကို ၀ါဝါ သိခဲ့ပြီးဖြစ်သည်။ သို့သော် အုန်းသီးထဲမှ အရည်ချိုချိုကို အမေ ထည့်ပေးထားခြင်းဖြစ်သည်ဟုလည်း တစ်ဖက်မှ ယုံ ချင်နေပြန်သည်။ ယုံနေမိပြန်သည်။ မေမေသည် သူတို့တွေ အုန်းရည်သောက်နေကြသည်ကို တစ်နေရာရာမှ စောင့်ကြည့်နေ လိမ့်မည်ဟု အခိုင်အမာ ထင်နေမိပါသည်။ ထို့ကြောင့် သူ့အုန်းရည်က အချိုမလေးဘဲ အရသာ ပေါ့ပျက်နေမှာကိုလည်း ရင် တွေ ခုန်ကာစိုးရိမ်နေမိပြန်လေသည်။
အပါလေးက အုန်းရည်ကို ပိုက်ကလေးနှင့်စုပ်ကာသောက်ရင်း
“ဟား ... ချိုတယ်၊ တား လိမ္မာတယ်၊ မေ့ဂျကားကို နားထောင်တယ်” ဟုဝမ်းသာအားရ ထအော်တော့ အားလုံးရယ် ခဲ့ကြရလေသည်။

မမကြီးကတော့ အထည်ကောက်သွားရင်း အမေ့ဆေးရုံသို့ ၀င်နေဆဲပင် ဖြစ်သည်။ ၀ါဝါတို့၏ စာများကို အသေအ ချာ ယူသွားသလို အမေ ပြန်ပေးလိုက်သော အမေ့စာလေးကိုလည်း ပြန်ယူလာမြဲ ဖြစ်လေသည်။ တစ်ဦး တစ်ယောက်ချင်းကို အသေအချာ ဆုံးမထားသော အမေ၏ စာကို ဖတ်ပြမြဲ ဖြစ်လေသည်။ ထို့ကြောင့်လည်း သူတို့ မောင်နှမသုံးယောက်၏ စိတ်ထဲတွင် အမေသည် အိမ်ပြန်မလာသော်လည်း တစ်နေရာရာတွင် ရှိနေသည်၊ သူတို့တစ်တွေကိုလည်း အမြဲတမ်း စောင့် ကြည့်နေသည်ဟု ထင်မှတ်ယုံကြည်နေခဲ့ကြရလေသည်။
အပါလေး ရှစ်နှစ်သားလောက်တုန်းကတော့ အတန်ငယ်ဆိုးချင်သည်။ မမကြီး၏ပိုက်ဆံအိတ်ထဲမှ ဆယ်တန်တွေ၊ ငါးကျပ်တန်တွေ နှိုက်ကာ ထိုစဉ်က ခေတ်စားနေသော မဲကတ်ပြားတွေ ၀ယ်တတ်သည်။ တစ်ခါတစ်ရံလည်း ဂေါ်လီလုံးကို လောင်းကြေးထပ်ပြီး ရိုက်တတ်လာသည်။ တစ်နေ့ကျတော့ ပင်ကျအုန်းသီးများကို မမကြီးက ထုံးစံအတိုင်း တစ်ယောက် တစ်လုံးစီ ပေးသည်။ ထို့နောက် ကျောင်းအင်္ကျီတွေ မီးပူတိုက်ရင်းမသိမသာ စောင့်ကြည့်နေသည်။ အပါလေးက သူ့အုန်း ရည်ကိုသောက်ရင်းမျက်နှာပျက်သွားသည်ကို မသိချင်ဟန်ဆောင်ရင်း
“ချိုကြရဲ့လားဟင်” ဟု ဟန်မပျက် မေးသည်။ အပါလေးက ဘာမျှပြန်မပြောသော်လည်း မျက်နှာလေး ငယ်နေ သည်။ နောက်တစ်ခေါက် အမေ့ဆေးရုံသွားမည်ဆိုတော့ အပါလေးက
“သားလိမ္မာပါပြီမေမေ၊ အုန်းရည်ချိုချို ထည့်ပေးလိုက်ပါ” ဟု ရေးပေးလိုက်လေသည်။ မမကြီးကတော့ အပါ၏ဆံပင် လေးများကို ထိုးဖွကာ ကျေနပ်ပြုံးလေး ပြုံးနေသည်။ ထို့နောက်ပိုင်းတွင် မမကြီး၏ပိုက်ဆံအိတ်ကို စားပွဲပေါ်တွင် ဒီအတိုင်း တင်ထားသော်လည်း အပါလေးက မနှိုက်တော့ပေ။

ဝါ၀ါလည်း မေမေ့ဆီကို စာမှန်မှန် ရေးခဲ့သည်။ စာရေးပျင်းသော တာတာပင် မေမေ့ဆီကိုတော့ မပျင်းမရိ စာရေးပြီး ရင်ဖွင့်တတ်လေသည်။
“မေမေ ...
ဒီနေ့ သင်္ချာ လပတ်စာမေးပွဲစစ်တယ်မေမေ၊ သမီးကို မဆူနဲ့နော်၊ တွက်တာ လျှမ်းသွားလို့ ပိုဒ်ခွဲတစ်ပိုဒ် မှားသွား တယ်၊ အမှတ် ၂၀ တောင် လျော့ပြီး ၈၀ ပဲရတော့တယ်။ ၈၀ လည်း မဆိုးပါဘူး မေမေရာ၊ အုန်းရည်ချိုချို ပေးပါနော်။
မေမေ ...ကျောင်းအပြန် မိုးမိလို့ သမီးဖျားတယ် မေမေ၊ မမကြီးက တစ်ညလုံး မအိပ်ဘဲ သမီးဘေးမှာ ထိုင်စောင့် တယ်၊ နဖူးပေါ်မှာ ရေခဲဝတ်တင်ပြီးဘုရားစာတွေ ရွတ်ပေးတယ်၊ အချိုဆုံး အုန်းရည်ကို မမကြီးအတွက် ပေးလိုက်ပါနော်။
မေမေ ...
မမကြီးက ပြောတယ်၊ ဒီနေ့ မေမေဆေးရုံတက်တာ ငါးနှစ်ပြည့်တဲ့နေ့တဲ့၊ သမီးတို့တွေ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့တယ်၊ ဘုရားစင်ရှင်းပြီး ဘုရားပန်းတွေဝေနေအောင် တင်တယ်၊ မေမေမြန်မြန် နေကောင်းပါစေလို့ ဆုတောင်းကြတယ်။
မေမေ ...
မမကြီးက ပြောတယ်၊ သမီး အရမ်းလှလာတယ်တဲ့၊ မေမေနဲ့တူတယ်တဲ့၊ မေမေ့လို ငယ်ငယ်လေးနဲ့ ရည်းစားမထား နဲ့ဦးတဲ့၊ သမီးအလှပြင်ပေမယ့် ရည်းစားမထားပါဘူး မေမေရာ၊ စာကြိုးစားပြီး ဆရာဝန်မကြီးဖြစ်အောင် လုပ်မှာပါ၊ မေမေ အုန်းရည်ချိုချိုလေး ထည့်ပေးနော်။
မေမေ ...
ဒီနေ့ သမီး ဆယ်တန်းအောင်တယ်၊ မမကြီးလိုပဲ ဂုဏ်ထူးသုံးခု ရတယ်၊ မမကြီးက ပြောတယ်၊ သမီးကို ဆရာဝန် မကြီးဖြစ်စေရမယ်တဲ့။
မေမေရယ် ... သမီးလေ မေမေ့ကို အရမ်းသတိရတာပဲ၊ မေမေမြန်မြန်နေကောင်းပါစေလို့လည်း အရင်တုန်းလို ဆုမ တောင်းချင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မေမေက နေကောင်းလာမှာမဟုတ်ဘူး၊ ပြန်လာမှာလည်း မဟုတ်တော့ဘူးဆို တာကို နားလည်နေလို့ပဲလေ၊ သမီးတို့ရဲ့ အမေနေရာမှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ မမကြီးရဲ့ကျေးဇူးတွေက သိပ် ကြီးတယ် မေမေ၊ မမကြီးကို သမီးချစ်တယ်၊ မမကြီးရဲ့ကျေးဇူးတွေကိုသမီး ဆပ်ချင်တယ်။”
မေမေ့ဆီမှ ပြန်စာထဲတွင်တော့
“မမကြီးက ကျေးဇူးဆပ်ခံချင်လို့ ကျေးဇူးပြုတာမှမဟုတ်တာဘဲ သမီးရယ် ... ကျေးဇူးစကားပြောပြီး ကျေးဇူး ဆပ် စရာမလိုပါဘူး”ဟုရေးထားသည်။
ဝါ၀ါက စာဖတ်ပြနေသော မမကြီးကို စိုက်ငေးပြီး ကြည့်နေတော့ မမကြီးက နူးညံ့ချိုသာစွာ ပြုံးပြလေသည်။
ဝါ၀ါတို့ ကျေးဇူးဆပ်မှာကို မလိုလားသော မမကြီးသည် ကျေးဇူးဆပ်ခွင့်ကိုလည်း မပေးခဲ့ချေ။ ၀ါဝါ ဆရာဝန်မကြီး ဖြစ်ပြီးအလုပ်သင်ဆင်းသောနှစ်၊တာတာအင်ဂျင်နီယာမကြီးဖြစ်သောနှစ်၊ အပါလေးလည်းပြင်ဦးလွင်စစ်တက္ကသိုလ်မှကျောင်း ဆင်းသောနှစ်မှာပင် မူးလိုက်တာဟုပြောရင်း လဲကျကာ အသက်ပါ ပါသွားခဲ့လေသည်။
ဝါ၀ါတို့ မောင်နှမ သုံးဦးလုံး တစ်ဦး ယောက်မျှပင် မမကြီး၏အသက်ကို မမီလိုက်ကြချေ။ ဆရာဝန်က နှလုံးရောဂါ ကြောင့်သေဆုံးရသည်ဟုပြောတော့ ၀ါဝါ့ခမျာ ယူကျုံးမရ ဖြစ်ခဲ့ရသည်။ တစ်သက်ပတ်လုံး အလုပ်ကို လောဘတကြီး လုပ် ကာ သူတို့မောင်နှမတစ်တွေအတွက် ငွေတွေ ကျုံးရုံးပြီး ရှာနေသောမမကြီးမှာ နှလုံးရောဂါ ရှိနေမှန်းလည်း မသိ၊ ကုလည်း မကုလိုက်ရသောကြောင့် ဖြစ်လေသည်။
မမကြီး၏သေတ္တာကို ရှင်းတော့ မေမေ့ဆီကို သူတို့ရေးပေးထားသော စာများကို တစ်ထပ်ကြီးတွေ့ရသည်။ စာတွေ ကို ရှေ့နောက်စဉ်ကာမုန့်သေတ္တာဘူးခွံနှစ်လုံးနှင့် အသေအချာထည့်ပြီး သိမ်းထားရှာသည်ကိုတွေ့ရတော့ သူတို့မောင်နှမသုံး ဦးမျက်ရည်မဆည်နိုင်။ အပေါ်ဆုံးတွင်တော့မေမေ့ဆီရေးထားသော မမကြီး၏စာကိုတွေ့ရသည်။
“မေမေ ...
မေမေမြင်စေချင်တဲ့ ဆရာဝန်မကြီးဘ၀ကို သမီးမရောက်ခဲ့ပါဘူးမေမေ၊ တိုင်းပြည်ရဲ့တာဝန်ကိုလည်း တစ်တပ်တစ် အား မထမ်းဆောင်ခဲ့ရပါဘူး၊ ဒါပေမဲ့ မေမေထားရစ်ခဲ့ရတဲ့ မေမေ့သား၊ မေမေ့သမီးလေးတွေကိုဆရာဝန်၊ အင်ဂျင်နီယာနဲ့ စစ် ဗိုလ်ကြီးတွေဖြစ်အောင် သမီးပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်၊ မေမေ ကျေနပ်ပါ၊ ၀မ်းသာပါနော်” ... တဲ့
အခုတော့ ၀ါဝါတို့အားလုံး အိမ်ထောင်ကိုယ်စီကျကာ ရာထူးရာခံသားသမီးတွေ စုံစုံညီညီနှင့် သာယာအောင်မြင် သောလမ်းကို လျှောက်လှမ်းနေကြရပြီဖြစ်သည်။
အိမ်ရှေ့မှအုန်းပင်နှစ်ပင်ကတော့ ပင်အိုကြီးတွေ ဖြစ်နေပြီး သီးအားလည်း မကောင်းလှတော့ပေ။ သူတို့မြို့က ဆေး ရုံတွင်ပင် ပြန်ပြီး တာဝန်ထမ်းဆောင်ရသော မြို့နယ်ဆရာဝန်မကြီး ဒေါက်တာဝါ၀ါက အုန်းပင်အိုကြီး နှစ်ပင်ကို အမြတ်တနိုး နှင့် အရိပ်ကြည့်နေတတ်သည်ကိုတော့ လူအများက သိပ်ပြီး နားမလည်လှချေ။
ဒီနေ့တော့ ရန်ကုန်မှ တာတာရော၊ မန္တလေးမှ အပါလေးရော တိုက်တိုက်ဆိုင်ဆိုင် ရောက်လာ၍ မောင်နှမသုံးဦး ဆုံသွားသည်။ သုံးဦးဆုံတော့လည်း ထုံးစံအတိုင်း မမကြီးကို သတိရမိကြလေသည်။
“ရော့ ... အုန်းရည်သောက်ကြဦး၊ မနေ့တုန်းကပဲ အပင်က ချထားတာ၊ အပင်အိုလို့ အလုံးတွေ သေးသွားပေမယ့် အရည်က ချိုတုန်းပါပဲ ဟယ်”
ဝါ၀ါက အုန်းသီးတစ်လုံးစီ ပေးသည်။ အပေါ်ယံ အခွံကို ရှပ်ပြီးခုတ်ထားပြီး ဖြစ်သဖြင့် သံဇွန်းလေးနှင့် ၀ိုက်ပြီးဖောက် လိုက်တော့ အတွင်းဆုံး အလွှာဖြူဖြူလေးပါ ပေါက်သွားသည်။ အကွင်းလိုက်ထွက်လာသောအုန်းသား ဖြူဖြူကို နှစ်သက်စွာ ၀ါးရင် အပါလေးက ပြုံးစစနှင့်ပြောသည်။
“ဒီလို အပေါ်ယံရှပ်ပြီး ခုတ်ထားတဲ့ အုန်းသီးထဲက အရည်တွေကိုဆေးထိုးအပ်ကြီးကြီးနဲ့ စုပ်ယူလို့ ရတာပဲ နော်၊ နောက်ပြီး ရေတွေ ပြန်ထိုးထည့်လို့လည်း ရတာပဲ”
“ငါ ကျောင်းမှာ ရန်ဖြစ်ပြီး ကောင်လေးတွေနဲ့ ဖက်သတ်လာခဲ့တုန်းကလည်း အုန်းရည်တွေ ပေါ့ပျက်ပျက် ဖြစ်ဖူး တယ်၊ ငါ့မှာဖြင့် ငါဆိုးတာအမေသိသွားပြီဆိုပြီး ကြောက်လိုက်ရတာ”
တာတာက သူ့နဖူး သူရိုက်ကာ တသောသော ရယ်နေလေသည်။
“အင်းလေ ... ကျွန်တော်လည်း နည်းနည်းဆိုးမယ် ကြံလိုက်တိုင်းအုန်းရည်တွေက မချိုဘဲ ရေဖြစ်သွားတတ်တော့ လန့်တာမှ အတော့်ကိုလန့်တာ”
တာတာနှင့်အပါလေးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တဟားဟား ရယ်နေကြသည်။
ဝါ၀ါကတော့ သူတို့ကို ရီဝေစွာငေးကြည့်ရင်း မမကြီးကို ပြင်းပြင်း ပြပြ သတိရပြီး လွမ်းဆွတ်လာမိသည်။ မမကြီး၏ မှန်တင်ခုံအံဆွဲတွင် အံဝှက်ကလေးတစ်ခု ရှိကြောင်း၊ ထိုအံဝှက်ကလေးထဲတွင် ပလတ်စတစ် အိတ်ကလေးနှင့်ထုပ်ထား သော ဆေးထိုးပြွန်ကြီးကြီးတစ်ခုကို တွေ့ခဲ့ဖူးကြောင်းကိုကား သူတို့အား ပြောပြမနေတော့ပေ။

“အုန်းသီးထဲက အရည်တွေကို ဘယ်သူထည့်ထားတာလဲဟင် ... မေမေ”

သူတို့နားရောက်လာသော ၀ါဝါ၏သားငယ်လေးက မေးတော့သူတို့အားလုံး ငြိမ်သွားကြသည်။

ခုနတုန်းက ရယ်နေ သော တာတာကလည်း သူ့လက်ထဲမှ အုန်းသီးကို တယုတယပိုက်ကာ ငေးသွားသည်။
“အုန်းသီးထဲက အရည်ချိုချိုတွေကိုလေ

ဦးလေးပါတို့ရဲ့မမကြီး၊ သားတို့ရဲ့ ကြီးကြီးဝေ ထည့်ပေးတာပေါ့”

“မေမေ ခဏခဏပြောတဲ့ ကြီးကြီးဝေလား၊ ဟိုဓာတ်ပုံထဲကကြီးကြီးဝေလား”
သားငယ်က နံရံပေါ်တွင် ချိတ်ထားသော မမကြီး၏ဓာတ်ပုံကိုအုန်းသီးထဲက အရည်ချိုချို လက်ညှိုးလေး ထိုးပြသည်။

“ဟုတ်တယ်၊ အဲဒါ ကြီးကြီးဝေပဲ၊ သူက ဟိုး ကောင်းကင်ပေါ်ကနေပြီး ဦးလေးပါတို့ သားတို့ကို အမြဲစောင့်ကြည့်နေ တာ၊ ကောင်းရင် လိမ္မာရင် အရည်ချိုချိုတွေ ထည့်ပေးပြီး ဆိုးရင် မိုက်ရင်တော့ အရသာမရှိတဲ့ရေတွေကိုပဲ ထည့်ပေးလိမ့် မယ်”
အပါလေးက သားငယ်၏ပခုံးကို ကြင်ကြင်နာနာဖက်ရင်း ခိုင်မာလေးနက်စွာ ပြောသည်။

သူ၏နှုတ်ခမ်းများက ပြုံး ရယ်နေသော်လည်းမျက်လုံးအိမ်တွင်တော့ မျက်ရည်ကြည်တွေ စိမ့်ဝဲနေလေသည်။
“အုန်းရည်ချိုချိုတွေကို အရသာ ပျက်သွားအောင် မလုပ်မိစေနဲ့နော်”

“ဟုတ်ကဲ့”

သားက ခေါင်းညိတ်သည်။ ဓာတ်ပုံထဲမှ မမကြီးကတော့ နူးညံ့ချိုသာစွာပြုံးရင်း သူတို့ကို လှမ်းကြည့်နေလေသည်။

မစန္ဒာ
(အမျိုးသမီးရေးရာမဂ္ဂဇင်း ၂၀၀၂ ခုနှစ် ဇူလိုင်)

of school

02/01/2018

သူငယ်ချင်း
လူ့ဘဝဆိုတာ ခဏလေးပါ
တွေ့ဆုံခြင်းရှိသလို ခွဲခွါခြင်းလည်းရှိကြပါတယ်
ပျော်ရွှင်စရာ နေ့ရက်များရှိသလို
ဝမ်းနည်းစရာ နေ့ရက်တွေလည်း
ကြုံရတတ်တာ သဘာဝပဲလေ
ဘယ်သူမှ ကိုယ့်အနားမှမရှိတဲ့အခါ
တစ်ယောက်တည်းလည်း နေတတ်အောင်နေပါ
အထီးကျန်ခြင်းဟာ
ဝမ်းနည်းခြင်းမဟုတ်သလို အားငယ်စရာလဲမဟုတ်ပါဘူး
ကိုယ့်ဘဝကို
တစ်ယောက်တည်း လျှောက်လှမ်းတတ်အောင်
စိတ်ဓာတ်ကို မြှင့်တင်လိုက်တဲ့သဘောပါ
တစ်ယောက်တည်းနေရလေ
ပိုပြီးရင့်ကျက်လေးပါပဲ

ဘဝမှာ
ကိုယ့်ကိုချစ်တဲ့သူရှိသလို မုန်းတဲ့သူလဲရှိပါတယ်
ခင်တဲ့သူရှိသလို မေးသွားတတ်ကြတဲ့
အပေါင်းအသင်းတွေလဲ ရှိပါတယ်
ဘယ်သူတွေ ဘယ်လိုမုန်းမုန်း
ကိုယ့်ကိုယ်ကို ပြုံးနိုင်အောင်ကြိုးစားပါ
ဘယ်လောက်ပဲခင်ခင်
အားနာမှုနဲ့ မလိုက်လျောပါနဲ့
လူတစ်ချို့က အားနာမှုကို မသိဟန်ဆောင်ကာ
အခွင့်အရေး ယူတတ်ကြလို့ပါ

ဘဝမှာ
ကိုယ်ကဘယ်လောက်ပဲ စိတ်ထားကောင်းပါစေ
မနာလိုသူတွေက တိုက်ခိုက်ကြလိမ့်မယ်
အပြစ်ပဲမြင်တတ်တဲ့သူတွေက ကဲ့ရဲ့ကြလိမ့်မယ်
အောက်တန်းကျတဲ့သူတွေက သိက္ခာချလိမ့်မယ်
မနာလိုလို့ တိုက်ခိုက်တာကို တုန့်ပြန်မနေပါနဲ့
ကိုယ့်ထက်သာရင် မနာလိုတာ လူ့သဘာဝမို့ပါ
အပြစ်မြင်ပြီး ကဲ့ရဲ့တတ်သူတွေကို
အပြစ်မတင်ပါနဲ့
အမြင်ကျဉ်းမြှောင်းတဲ့ သူတွေက
ကဲ့ရဲ့တတ်တာ ဗီဇပါနေလို့ပါ
ကိုယ့်တန်ဖိုးကို ဘယ်သူတွေ ဘယ်လောက်သိက္ခာချချ
ကျမသွားပါဘူး
ကိုယ့်သိက္ခာကို ကိုယ်တိုင်ချမှ ကျတာပါ
အောက်တန်းကျပြီး ကိုယ့်သိက္ခာချတဲ့သူဟာ
သူ့သိက္ခာ အလိုလိုကျပြီးသားပါ

ကိုယ့်ဘဝကို
အားငယ်ခြင်း ဝမ်းနည်းခြင်းတွေနဲ့
ရပ်တန့်မနေပါနဲ့
ဘဝကို အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းပါ
အချိန်တွေကို ကိုယ်ကအသုံးချပါ
အချိန်တွေက ကိုယ့်ကိုအသုံးမချခံရစေနဲ့…?

31/12/2017

သမီး....
ကြွေကျတဲ့ပန်းကို
အကိုင်းမှာ ပြန်တပ်လို့ မရသလို
ဘဝမှာ အမှားကြီး မှားခဲ့မယ်ဆိုရင်
အဲ့ဒီအမှားကို အမှန်ဖြစ်အောင်
ပြန်လုပ်လို့ မရနိုင်ဘူးဆိုတာ
သမီးလေးကို ကြိုတင်သိစေချင်ပါတယ်ကွယ်
#​ဖေ​ဖေ

ဒီ Post လေးတွေကို သဘောကျတယ်ဆိုရင် သမီးတို့ သူငယ်ချင်းတွေဖတ်ရအောင် ပြန် Share ပေးကြနော်...
Please Like &Share

30/12/2017

သမီး...
ကိုယ့်လက်ထဲမှာ ကိုင်ထားတဲ့
ကိုယ်တန်ဖိုးအထားဆုံး ပန်းတစ်ပွင့်ကို
သနားလို့ပဲ ဖြစ်ဖြစ်
ကြောက်ရွံ့ရလို့ပဲ ဖြစ်ဖြစ်
ဘယ်သူ့ကိုမှ အလွယ်တကူ
မပေးလိုက်ပါနဲ့ ။
ကိုယ်အမြတ်နိုးဆုံး လူကိုပေးဖို့
အသက်နဲ့ထပ်တူ
ထိန်းသိမ်းစောင့်ရှောက် ထားစေချင်တယ် ။
ဘာကြောင့်လဲဆိုတော့
ကိုယ် တန်ဖိုးအထားဆုံး ပန်းတစ်ပွင့်ဟာ
ကိုယ် အမြတ်နိုးဆုံးလူနဲ့သာ ထိုက်တန်လို့ပါပဲ ။
ဖေဖေ

ချစ်စဖွယ်သမီးငယ်ပုံလေးများ message box မှ ပေးပို့နိုင်ပါသည် ။

ဒီ Post လေးတွေကို သဘောကျတယ်ဆိုရင် သမီးတို့ သူငယ်ချင်းတွေဖတ်ရအောင် ပြန် Share ပေးကြနော်...
Please like & share

29/12/2017

သမီး....
Desire is the
Root of all pain.
လိုချင်တပ်မက်မှုဟာ
ဆင်းရဲဒုက္ခရဲ့ အရင်းခံ
ဖြစ်တယ်တဲ့ ။
လိုချင်မှု
တပ်မက်မှုတွေ
များလာလေလေ
စိတ်ဆင်းရဲမှု
သောကဒုက္ခတွေ
များလေလေပဲ...သမီး ။
#ဖေဖေ

ဒီ Post လေးတွေကို သဘောကျတယ်ဆိုရင် သမီးတို့ သူငယ်ချင်းတွေဖတ်ရအောင် ပြန် Share ပေးကြနော်...
Please Like &Share

Address

Mingaladon
11371

Telephone

+959797791753

Website

Alerts

Be the first to know and let us send you an email when Wint Yadi Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share