Ngwe Ya Mahar Logistics

Ngwe Ya Mahar Logistics We serve freight forwarding and logistics services for any cargos from China,Japan,Korea,Malaysia, Singapore and Thailand.

Logistics ဆိုတာဘာလဲကုန်ပစ္စည်းများကို ထုတ်လုပ်သူ မှ ဝယ်သူထံ သွားလာမှု အဆင်ပြေစေရန် • သယ်ယူပို့ဆောင်မှု • ဂိုထောင်သိုလှော...
15/07/2025

Logistics ဆိုတာဘာလဲ

ကုန်ပစ္စည်းများကို ထုတ်လုပ်သူ မှ ဝယ်သူထံ သွားလာမှု အဆင်ပြေစေရန်
• သယ်ယူပို့ဆောင်မှု
• ဂိုထောင်သိုလှောင်မှု
• ကုန်ပစ္စည်းစီမံခန့်ခွဲမှု
• Distribution/ Delivery
ကို ချုပ်ကိုင်လုပ်ဆောင်တဲ့ အလုပ်ဖြစ်ပါတယ်။

Freight Forwarding (ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု စီစဉ်သူ) ဆိုတာ

ကုန်ပို့သူနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြားမှာ စီစဉ်ပေးသူ
• လူကြီးမင်းရဲ့ကုန်ပစ္စည်းအတွက်
• ထုတ်ကုန်/တင်သွင်းလိုင်စင် စီစဉ်ပေးခြင်း
• ထုပ်ပိုးမှုနဲ့ သယ်ယူမှု စီစဉ်ခြင်း
• ဘဏ္ဍာရေးနှင့် အာမခံ စီစဉ်ပေးခြင်း
• အခွန်အခ စစ်ဆေးခြင်း
• ကုန်ပစ္စည်းလိုက်လံပို့ဆောင်မှု
ကို စနစ်တကျ စီစဉ်ပေးပါတယ်။



မြန်မာနိုင်ငံ Logistics နဲ့ Freight Forwarding လုပ်ငန်း အခြေအနေ
• နယ်စပ်ကုန်သွယ်ရေးဇုန်များ — မြဝတီ၊ မူဆယ်၊ တာချီလိတ်
• ရေကြောင်းဆိပ်ကမ်း — ရန်ကုန် Thilawa, MITT
• တင်သွင်း/ထုတ်လုပ်ကုန်များ — စားသောက်ကုန်၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်များ
• အခက်အခဲများ — အခွန်စစ်ဆေးချိန်ကြာမှု၊ လမ်းပန်းဆက်သွယ်ရေး အားနည်းမှု၊ ဥပဒေပြောင်းလဲမှုများ



အခွင့်အလမ်းများ
• မြဝတီ-မယ်ဆောက် နယ်စပ်ကုန်သွယ်ရေး တိုးတက်လာခြင်း
• ရန်ကုန်၊ မန္တလေး၊ မြဝတီမြို့များတွင် သယ်ယူပို့ဆောင်မှု လိုအပ်နေခြင်း
• E-Commerce နဲ့ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် Third Party Logistics (3PL)
• Door-to-Door Service & Customs Clearance ဝန်ဆောင်မှုများ လိုအပ်ချက်များ



သယ်ယူပို့ဆောင်ရေး လုပ်ငန်း တိုးတက်ဖို့ အကြံပြုချက်များ
• နယ်စပ် သို့မဟုတ် အခွန်ဌာနများနဲ့ ဆက်ဆံရေးကောင်းမွန်စေရန်
• သယ်ယူပို့ဆောင်မှု အခြေအနေ ကြည့်ရှုနိုင်သော Tracking System
• အလုံးစုံ ဝန်ဆောင်မှု (End-to-End Service) ပေးနိုင်ရန်
• ASEAN နဲ့ မြန်မာနိုင်ငံ ဥပဒေများ နောက်ဆုံးသတင်း သိရှိထားရန်

NYM LOGISTICS — သင့်ကုန်ပစ္စည်းများအတွက် ယုံကြည်စိတ်ချနိုင်သော သယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုများ

📦 မြန်မာနိုင်ငံတစ်ဝန်း Logistics & Freight Forwarding ဝန်ဆောင်မှု
🚛 နယ်စပ်ကုန်သွယ်ရေး၊ ဂိုထောင်သိုလှောင်မှု၊ ထုတ်ဝေရေး၊ Customs Clearance
📍 မြဝတီ၊ ရန်ကုန်၊ နယ်စပ်ဒေသများ

➡️ အချိန်မှန်၊ အခိုင်အမာ၊ ဝန်ဆောင်မှုအပြည့်အဝ
➡️ စျေးနှုန်းချိုသာ — Door-to-Door ဝန်ဆောင်မှု
➡️ အခွန်၊ အခ၊ Documentation အားလုံး စီစဉ်ပေးခြင်း

📞 ဆက်သွယ်ရန် — +95 9 975 528 647
✅ Freight Forwarding • Logistics • Border Trade

NYM Logistics —အချိန်ကုန်သက်သာ ဈေးနှုန်းသက်သာ ငွေရမဟာ
#ငွေရမဟာသယ်ယူပို့ဆောင်ရေး #မြဝတီ_ရန်ကုန်_ကုန်စည်ပို့ဆောင်ရေး #ငွေရမဟာမြဝတီ

A freight forwarder is a company or person that helps businesses or individuals arrange the shipping of goods from one p...
13/07/2025

A freight forwarder is a company or person that helps businesses or individuals arrange the shipping of goods from one place to another, usually across countries.
They do not own the ships, planes, or trucks, but they organize everything for moving cargo.

What a Freight Forwarder Does:

1. Booking transport (sea, air, or land)

2. Customs clearance (helping with export/import documents)

3. Packing & warehousing

4. Insurance arrangement

5. Tracking shipments

6. Advising on best shipping routes and costs

✅ In short, they are like travel agents for cargo — they make sure your goods arrive safely, legally, and on time.

---

🔹 (မြန်မာ):

Freight Forwarder (ကုန်ပစ္စည်းပို့ဆောင်ရေးအကြံပေး) ဆိုတာက တစ်နိုင်ငံကနေ တစ်နိုင်ငံကို
ကုန်ပစ္စည်းပို့ရန်အတွက် စီစဉ်ပေးသူ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးယာဉ် (လေယာဉ်၊ ကုန်စိန်သင်္ဘော၊ ထရပ်ကား) ကို ကိုယ်ပိုင်မရှိတတ်ပါဘူး။
ဒါပေမယ့် ကုန်ပစ္စည်းပို့ဆောင်မှုအားလုံးကို စီမံပေးသူ ဖြစ်ပါတယ်။

Freight Forwarder လုပ်ဆောင်တာများကတော့

1. သယ်ယူရန် လေကြောင်း၊ ရေကြောင်း၊ ကုမ္ပဏီများကို စီစဉ်ခြင်း

2. အခွန်၊ သွင်းကုန်ထုတ်ကုန် စာရွက်စာတမ်း ပြင်ဆင်ခြင်း

3. ထုပ်ပိုးခြင်း၊ ဂိုဒေါင်အတွင်းသိုလှောင်ခြင်း

4. အာမခံပေးခြင်း (Insurance)

5. ကုန်ပစ္စည်းခရီးစဉ်ကို တိတိကျကျ ထောက်လှမ်းနိုင်ခြင်း

6. အချိန်တို၊ စျေးနည်းဆုံး သယ်ယူလမ်းကြောင်းရွေးပေးခြင်း

✅ တကယ်တော့ Freight Forwarder ဆိုတာ ကုန်ပစ္စည်းအတွက် ခရီးသွားအေးဂျင့် တစ်ဦးလိုပဲ ဖြစ်ပါတယ်။
ကုန်ပစ္စည်းများကို အချိန်မှန်၊ လုံခြုံစွာ၊ စည်းမျဉ်းနှင့်အညီ ပို့ဆောင်နိုင်အောင် ကူညီပေးပါတယ်။
#ငွေရမဟာသယ်ယူပို့ဆောင်ရေး

#မြဝတီ_ရန်ကုန်_သယ်ယူပို့ဆောင်ရေး

🇹🇭ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေ တင်သွင်းချင်သလား🇨🇳တရုတ်နိုင်ငံကတဆင့် သယ်ယူလိုပါသလား🤗အလုပ်ရှုပ်မခံချင်ဘူး အချိန်ကုန်လည်...
06/06/2025

🇹🇭ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေ တင်သွင်းချင်သလား
🇨🇳တရုတ်နိုင်ငံကတဆင့် သယ်ယူလိုပါသလား
🤗အလုပ်ရှုပ်မခံချင်ဘူး အချိန်ကုန်လည်းသက်သာချင်တယ် ဈေးနှုန်းလည်း သင့်တင့်ရမယ်ဆိုရင်တော့🤗
🚛ကျွန်တော်တို့ "ငွေရမဟာမြဝတီ" နဲ့သယ်ယူလိုက်ပါ🚛
🚨အချိန်ကုန်သက်သာ ဈေးနှုန်းသက်သာ ငွေရမဟာ🚨

01/06/2025

Master Bill Of Lading and House Bill Of Lading ဘာတွေကွာခြားမှုရှိလဲ❓

📄House Bill Of Lading ကို Freight Forwarder ကထုတ်ပေးတာဖြစ်ပီး Master Bill Of Lading ကို Shipping Line က ထုတ်ပေးတာဖြစ်ပါတယ်...

📄 Freight Forwarder ကိုအသုံးပြုတဲ့ Shipment တွေမှာ Master Bill Of Lading (MBL) ကိုရမှာမဟုတ်ပဲ House Bill Of Lading ကိုသာ အရင် လက်ခံ ရရှိမှာဖြစ်ပါတယ်..

📄House BL မှာက Actual Shipper Name and Address, Actual Consignee Name and address ကို ဖော်ပြရပါတယ်..

📄 House BL ရဲ့ Delivery Agent နေရာမှာတော့ ကုန်ချဆိပ်ကမ်းနိုင်ငံရဲ့ Release Order ထုတ်ပေးမယ့် ကိုယ်စားလှယ် Company Name and address ကိုဖော်ပြရပါတယ်..ဒါက များသောအားဖြင့် ကုန်ချနိုင်ငံရဲ့ Freight Forwarder ကိုဖော်ပြရတာဖြစ်ပါတယ်..

📄ဒီလိုဖော်ပြပေးခြင်းအားဖြင့် ကုန်ပစ္စည်း ရောက်ရှိလာတဲ့အခါ Carrier ကေနပီး ဦးစွာ အကြောင်းကြားပေးတဲ့ Arrival Notice ကို လက်ခံရရှိပါမယ်..

📄 ကိုယ်ကကုန်ပစ္စည်းတင်သွင်းသူဆိုရင်တော့ ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဘယ်နေ့ ဘယ်အချိန် ရောက်ရှိမယ်ဆိုတာကို Delivery Agent နေရာမှာ ရှိတဲ့ ကုန်ချဆိပ်ကမ်း Freight Forwarder မှ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်

📄 Master BL မှာ အမြဲတစေ ဖော်ပြရတာက Shipper name and address နေရာမှာ ကုန်တင်ပို့ နိုင်ငံက Export side Freight Forwarder name and address ကိုသာ ဖော်ပြပေးရပါတယ်..

📄MBL ရဲ့ ကုန်ပစ္စည်း လက်ခံသူဖြစ်တဲ့ Consignee name and address ကို ကုန်လက်ခံမယ့်နိုင်ငံရဲ့ Import Side Freight Forwarder name and address ကိုဖော်ပြရမှာ ဖြစ်ပါတယ်..

❗ ဒီမှာ သတိထားစရာရှိတာက မြန်မာနိုင်ငံထဲ လာမယ့် Shipment တွေအတွက်တော့ MBL Consignee and address မှာ Actual Consignee name and address ကို ဖော်ပြရတာပါ..ဒါက International မှာကျင့်သုံးတဲ့ပုံစံနဲ့ မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ ပုံစံကြားမှာ ကွဲပြားခြားနားမှုလေးရှိပါတယ်..

📄 Master BL Format (MBL ပုံစံ) ဟာ Shipping Line Format ပုံစံ အတိုင်းဖြစ်ပီး House BL Format (HBL ပုံစံ)ဟာလည်း Freight Forwarding Company ရဲ့ Format အတိုင်း ဖြစ်လေ့ရှိပါတယ်..

📄 Freight Forwarder က House Bill Of Lading မသုံးတဲ့ Shipment တွေမှာတော့ MBL မှာ Actual Shipper name and address နဲ့ Actual Consignee name and address ကိုဖော်ပြပေးရပါမယ်...

📄Delivery Agent နေရာမှာတော့ ကုန်ချဆိပ်ကမ်း Shipping Line ရဲ့ ကိုယ်စားလှယ် Company name and Address ထည့်ပေးရပါမယ်..

📄HBL ကိုသုံးတဲ့အခါ Booking လုပ်မယ်ဆိုရင် Freight Forwarder ကို Booking လုပ်ရပီး Freight Forwarder ကေန Shipping Line ကိုထပ်ဆင့် Booking ထပ်တင်ရပါတယ်..

📄HBL ထုတ်တဲ့အခါ BL ထုတ်ပေးမှု အမှားပြင်ဆင်မှု တွေမှာ မြန်ဆန်တဲ့အတွက် Certificate Of Origin လျှောက်ထားမှုမှာ အားသာခ်က္ကို ရရှိစေပါတယ်..

📄HBL ထုတ်တဲ့အခါ အားနည်းချက်ကတော့ Destination Side မှာ DO Fees ထပ်မံပေးရပါတယ်..

📄 Master BL ထုတ်တဲ့အခါမှာတော့ House BL DO Fees ကို Destination မှာပေးစရာ မလိုတော့ပါဘူး..

📄အားနည်းချက်အနေနဲ့ BL ထုတ်ယူမှုမှာ ကြာနိုင်သလို၊ အမှားပြင်ဆင်မှုမှာလည်း နှေးတဲ့အခါ Country Of Origin လျှောက်ထားမှုမှာ အခက်အခဲတွေ ဖြစ်စေပါတယ်..

ဒီလိုမျိုး Freight နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို June 7 ရက်မှာဖွင့်မယ့် Freight Master မှာ အသေးစိတ် သင်ကြားရမှာပဲဖြစ်ပါတယ်....

ဒီသင်တန်းမှာ Zoom ကနေ Face to Face သင်ရမှာဆိုတော့ အင်တာနက် ဖုန်းရှိရုံနဲ့ သင်နိုင်မယ့်အပြင် Video Record ပါ Telegram Group မှာပေးမှာဆိုတော့ အချိန် မရွေး ပြန်လေ့လာနိုင်ပါတယ်..

သင်တန်းစုံစမ်းလိုမယ်ဆိုရင်
Contact Phone ☎ 09965407661 ကိုဆက်သွယ်နိုင်ပါတယ်..




Myanmar Logistics Update News and Customs Clearance

22/03/2024

မြဝတီ ထို့ကော်ကိုးလမ်း မပိတ်ပါဘူးဗျာ
သတင်းအမှားတွေ မယုံကြပါနဲ့
ပုံမှန်အတိုင်း ကုန်စည်စီးဆင်းနေပါတယ်
#ငွေရမဟာ
#မြဝတီ

ဒါဟာ ဘဝ😥
30/01/2024

ဒါဟာ ဘဝ😥

မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှာ ပစ္စည်းပိတ်မိနေတဲ့ ကုန်သည်ကြီးများအတွက် သတင်းကောင်း📣📣📣မြဝတီ-ဘားအံကားလမ်းကြောင်းကို ယခင်က ...
27/12/2023

မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှာ ပစ္စည်းပိတ်မိနေတဲ့ ကုန်သည်ကြီးများအတွက် သတင်းကောင်း📣📣📣
မြဝတီ-ဘားအံကားလမ်းကြောင်းကို ယခင်က ၆ဘီးကားဖြင့်သာ သွားလာခွင့်ပြုထားပေမယ့် ယခုအခါမှာတော့ ၁၀ဘီးကား ၁၂ဘီးကားများဖြင့် ပြန်လည်ပြေးဆွဲခွင့်ပြုနေပါပြီခင်မျာ🤗🤗🤗
အသေးစိတ်သိရှိလိုပါက
(+95) 9 975 528 647, (+66) 8 361 362 43 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်
Email : [email protected]

လက်ရှိမြဝတီမှာ ၆ဘီးတွေကို ခွင့်ပြုပါတယ်ထို့ကော်ကိုးလမ်းကနေ ဆင်းလို့ရတယ်လို့ သိရပါတယ်အားလုံးအမြန်ဆုံး အဆင်ပြေချောမွေ့ကြပါ...
21/12/2023

လက်ရှိမြဝတီမှာ ၆ဘီးတွေကို ခွင့်ပြုပါတယ်
ထို့ကော်ကိုးလမ်းကနေ ဆင်းလို့ရတယ်လို့ သိရပါတယ်
အားလုံးအမြန်ဆုံး အဆင်ပြေချောမွေ့ကြပါစေ

13/12/2023

လက်ရှိမြဝတီအခြေအနေ
ဓာတ်အားခွဲရုံဗုံးကျ
မီးပြတ်😢
ဇုန်မဖွင့်သေး🥲

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဏ်အမြတ်နေ့ သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ အားလုံး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းတို့နဲ့ ပြည့်စ...
29/10/2023

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဏ်အမြတ်နေ့ သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ အားလုံး စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေရန် ကျွန်တော်တို့ ငွေရမဟာမြဝတီမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်🥰🥰🥰

20/10/2023

မြဝတီကနေ ပစ္စည်းတင်သွင်းဖို့ လိုင်စင်အခက်အခဲ ဖြစ်နေပါသလား🤔🤔🤔🤔
ကျနော်တို့ ငွေရမဟာမြဝတီကုမ္ပဏီမှ ကူညီ‌ဆောင်ရွက်ပေးပါရစေ☺️☺️☺️
မိတ်ဆွေရဲ့ ကုန်ပစ္စည်းအမျိုးအစား အရေအတွက် သိရရုံနဲ့ လိုင်စင်ကိစ္စအဝဝကို ကျနော်တို့ ငွေရမဟာမြဝတီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးပါတယ်ခင်ဗျာ
#ငွေရမဟာမြဝတီ
ဆက်သွယ်ရန် - +959975528647, +66836136243
Email - [email protected]

Address

No. 22, Annanda Thuriya Street
Myawadi
13051

Alerts

Be the first to know and let us send you an email when Ngwe Ya Mahar Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngwe Ya Mahar Logistics:

Shortcuts

Share