18/01/2021
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍
သတင်းထုတ်ပြန်ကြေညာခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပ
နေပြည်တော်
၁၈၊ ဇန်နဝါရီလ၊ ၂၀၂၁
ထားဝယ်အထူးစီးပွားရေးဇုန် ကနဉီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု လက်ရှိအခြေအနေအား အများပြည်သူသိရှိနိုင်ရန် သတင်းကြေညာချက်အား (၁၈-၁-၂၀၂၁) ရက်စွဲဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ခြင်းအခမ်းအနားနှင့်အတူ သတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)ရှိ ရတနာခန်းမ၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့် အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်း အနားသို့ ဖိတ်ကြားထားသည့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ပါသည်။
English Version;
Dawei SEZ Management Committee issued a media announcement on (18-1-2021) to publicize about the update of Dawei SEZ Initial Phase Development. A press conference together with the release of the announcement is also held at 10 am today at the Ministry of Electricity and Energy Office in Nay Pyi Taw in accordance with Covid-19 disease prevention and control measures and it is attended by reporters from invited media.